Sunday, 31 August 2008

ပထဝီထဲက သမိုင်း

၂၀၀၇ နှစ်ဆန်းပိုင်းတုန်းက ရာဇဂြိုလ်နဲ့ သာဝတ္ထိကို သွားဖြစ်တယ်။ အဲဒီကို ရောက်တော့ ဖတ်ထားမှတ်ထားသမျှ ပါဠိစာပေတွေထဲက သတိရမိတဲ့ အကြောင်းတွေ အများကြီး။ ပါဠိစာပေသင်ခါစက ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ကိုတော့ မှတ်မှတ်ရရ သတိရမိတယ်။ ဒေ၀ဒတ်အကြောင်းပါ။ ဇတ်လမ်းကတော့ အားလုံး သိပြီးသားပါပဲ။

devadatta


၀ရာနုဘာ၀သဉ္ဇာတ-ဝမ္မိနောပိ ၀ဓတ္ထိက။
၀သုဓာ ဝိ၀ဋာ အတ္တ-၀ဓာယ ဒေ၀ဒတ္တ တေ။

မဟာကရုဏာတော်ဝတ်ရုံ ဆင်မြန်းထားသော မြတ်ဗုဒ္ဓကိုမှ
အသေသတ်ဖို့ ကြိုးစားသည့် အို…ဒေ၀ဒတ်
သင့်အတွက်တော့
မြေအပြင်သည်
ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့
ဟင်းလင်းပွင့်ခဲ့ပြီ…။

ဒီလို စင်္ကြာဂါထာလေးတွေကို အမြဲတမ်း မရေးဖြစ်ဘူး။ တကယ့်ကို အကြောင်းညီညွတ်မှ။ ဒီဂါထာလေးကို ရေးဖြစ်တဲ့ အဓိကအကြောင်းကတော့ ပါဠိစာလုံးလေး တစ်လုံးကို တွေ့မိလို့ပါ။ “အတ္တ၀ဓ”တဲ့။ အတ္တ=မိမိကိုယ်။ ၀ဓ=သတ်ခြင်း။ Pali Test Society ပါဠိအဘိဓာန်က self-destructionလို့ ဖွင့်တယ်။
၀ဓမှာ “၀”အက္ခရတစ်လုံးပါတယ်။ ဒီတော့ ဒီအက္ခရာကို အသုံးပြုပြီး ဒီဂါထာလေးကို စပြီး ပုံဖော်ရတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းမှာ ပါတဲ့ သူကလဲ ဒေ၀ဒတ္တ။ ဒီမှာလဲ “၀”အက္ခရာတစ်လုံးပါပြန်ရော။ နည်းနည်း ရုပ်လုံးပေါ်လာတာပေါ့။ ပြီးတော့ ၀ဓတ္ထိက=သတ်ဖြတ်ဖို့ လိုလားသူ။ “၀” ၃လုံး ရှိသွားရော။ ပြီးတော့ ၀သုဓာ=မြေပြင်။ ဝိ၀ဋာ=ဟင်းလင်းပွင့်။ “၀” ၅လုံး ဖြစ်သွားပြီ။ ဒါတွေက ဒေ၀ဒတ်နဲ့ ပတ်သက်တဲ့ အက္ခရာတွေ။
မြတ်ဗုဒ္ဓနဲ့ ဆိုင်တဲ့ စကားရပ်ကတော့ တစ်ခုထဲ။ ၀ရာနုဘာ၀သဉ္ဇာတဝမ္မီ=ထူးမြတ်သော အာနုဘော်ကြောင့်ဖြစ်သော ချပ်ဝတ်တန်ဆာရှိသူ။ ဒါက တိုက်ရိုက် ဘာသာပြန်တာ။ “မဟာကရုဏာတော်ဝတ်ရုံနဲ့ မြတ်ဗုဒ္ဓ”ကတော့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါ။ ဒီဝေါဟာရမှာ “၀”အက္ခရာ ၃လုံးပါတယ်။
ဒီတော့ အားလုံးပေါင်း “၀” ၈လုံး။ ဒီဂါထာ ဖွဲ့စပ်နည်းအရ “၀” ၈လုံး ပါကိုပါရမယ်။ သူ့နေရာနဲ့သူ ထားရတယ်။ ဒီလို ဇတ်လမ်းနဲ့ သက်ဆိုင်ရာ အက္ခရာတွေကို စုစည်းပြီး ဒီိလို စင်္ကြာဂါထာလေးတွေ ရေးဖြစ်ခဲ့တာပါပဲ။ အခုတော့ မရေးဖြစ်တာ ကြာနေပြီ။ အင်း...အက္ခရာတွေလဲ ပထဝီဝင်ဖြစ်ကုန်ပြီလားမသိ။

Saturday, 23 August 2008

အပေးအယူ



၀ဟနေ္တာ စီ၀ရံ ဘဒ္ဒံ၊
၀ဉ္စစိတ္တော ၀ဓာဇီဝေါ။
၀ရသတ္တံ ၀ရံ ယာစိ၊
၀ရဒေါယေ၀ ဆဒ္ဒနေ္တာ။

မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…။


ကြာပြီ။ ဒီဂါထာလေးကို ရေးခဲ့တာ ၁ဝနှစ်ကျော်ပြီ။ ဘာကြောင့်ရေးခဲ့လဲဆိုတာတောင် ဝါးတာတားဖြစ်နေပြီ။ အခု ပြန်ဖတ်မိတော့ ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ လိုတာ ရလို့ ပျော်မြူးနေသလား။ ရတာ မလိုလို့ ညည်းညူနေသလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ သေချာတာကတော့ “ယူကားယူ၏…မရ” ဖြစ်နေတာပါပဲ။

Thursday, 21 August 2008

ခြေရာလဲပျောက် ရေလဲနောက်

ဥမ္မုဇ္ဇန္တော နိမုဇ္ဇန္တော၊
သော လောကဓမ္မသာဂရေ။
ပ္လဝန္တော ဂတော ခေဒံ၊
ကထံ ပါရံ ဂမိဿတိ။



လောကဓံပင်လယ်ထဲ
မြုတ်လိုက် ပေါ်လိုက် မြောလိုက်
ပင်ပမ်းလို့ နွမ်းနယ်လို့
ကမ်းမမြင် လမ်းမမြင်ပြီကော…။

Thursday, 14 August 2008

အလင်္ကာငှက်သို့ အလွမ်းတေး

သစ္စာယတနနီဠမှိ၊
သစ္စပက္ခီ နိလီယတု။
သစ္စာဓိပတိနိဒ္ဒိဋ္ဌံ၊
သစ္စဂီတံ နိကူဇတု။




သစ္စာသိုက်မြုံထဲမှာ
သစ္စာငှက်ငယ် ကွန်းခိုပါတော့…။
သစ္စာသခင် ဖွဲ့သီခဲ့တဲ့
သစ္စာတေးကို သီကျူးပါတော့…။

Wednesday, 13 August 2008

တွင်းနက်


လောကေ ဇိဃစ္ဆာ ပရမာဝ ရောဂါ၊
ကိစ္ဆေန ဘိက္ခါပိ ဂဝေသိတဗ္ဗာ။
အဿာသကာ နေဝ မယံ အဟုမှာ၊
ပစ္ဆာ ဘဝိဿာမ နု ပီတိဘက္ခါ။

ငတ်မွတ်မှုဟာ တကယ့် ရောဂါ၊
အစာရေစာလဲ ရှားပါး။
အသက်ရှူလဲ အရမ်းကြပ်။
ပီတိကိုမှ စားရပါ့မလား…။

Tuesday, 12 August 2008

သြဝါဒအက္ခရာ

ဗြဟ္မဏီအက္ခရာနဲ့ ပါဠိဂါထာလေး ပထမဆုံးအကြိမ် ရေးဖြစ်တယ်။ ဂါထာကတော့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမပါ။ အသွင်သဏ္ဍာန်အနေနဲ့ ချောမွေ့ပြေပြစ်ပြီး အနှစ်သာရအနေနဲ့ သိမ်မွေ့နက်နဲတဲ့ ဒီဂါထာကို မြတ်ဗုဒ္ဓပုံတော်နဲ့အတူ ဖော်ကျူးခွင့်ရလိုက်တာ မင်္ဂလာပါပဲဗျာ။ ပါဠိဂါထာက ဒီလိုပါ…

သဗ္ဗပါပဿ အကရဏံ၊
ကုသလဿူပသမ္ပဒါ။
သစိတ္တပရိယောဒါပနံ။
ဧတံ ဗုဒ္ဓါန သာသနံ။



ပုံတော်မှာ ဂုဏ်တော် ဖော်ကျူးဖို့ အားပေးတဲ့ သူငယ်ချင်းတစ်ယောက်ကို ကျေးဇူးတင်ရမှာပဲ။

Friday, 8 August 2008

အဋ္ဌ အဋ္ဌ အဋ္ဌ အဋ္ဌ

ယေသံ ပန အန္ဓကာရသင်္ဂါမတလေ သစ္စာဝုဓံ,
တေသံ အနုပမောဒလောဟိတာနိ အဝဿုသန္တိ,
တထာပိ တေသံ သန္တိဝါဒါ နေ၀ ဝိနဿန္တိ,
ပရိစဇနဇီဝိတံ န ပရိဘိဇ္ဇတိ,
အဟော ၀တ သူရမောရာ။

အမိုက်တိုက်စစ်မြေပြင်မှာ
သူတို့…
သစ္စာလက်နက်ကို စွဲကိုင်လို့
ပျော်ရွှင်ခြင်းသွေးတွေ ခန်းခြောက်လို့
ငြိမ်းချမ်းရေးစကားတွေတော့ မပျက်သုန်းလို့
စွန့်လွှတ်မှုဇီဝိန် မကြွေပဲ့လို့
အော်…ရဲရဲနီဒေါင်းတို့…