Showing posts with label သင်္ကြန်. Show all posts
Showing posts with label သင်္ကြန်. Show all posts

Wednesday, 16 April 2008

အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၂)

“ဟာ…မင်္ဂလာ မရှိလိုက်တာ”

ဒီလို ဒီလို မတွေ့မကြုံ မခံစားရစေဖို့….



ဒေဝါနံပိယ ပိယဒသီမင်းသည် ဤသို့ မိန့်ကြား၏။ ဤလောက၌ လူတို့သည် မင်္ဂလာကြီးငယ် ပြုလုပ်နေကြ၏။ အနာရောဂါ ဖြစ်သောအခါ ထိမ်းမြားသောအခါ သားသမီးရသောအခါ ခရီးထွက်သောအခါနှင့် အခြားအခါတို့၌ မင်္ဂလာကြီးငယ် ပြုလုပ်လေ့ရှိကြ၏။ ထိုမှတပါး သားသမီးရသော မိန်းမများသည် အထူးထူးအထွေထွေ အကျိုးမရှိ သိမ်ဖျင်းသော မင်္ဂလာများကို ပြုလုပ်တတ်ကြ၏။ စင်စစ် ထိုမင်္ဂလာများကို ပြုလုပ်သော်လည်း အကျိုး ကျေးဇူးမရှိ။
တရားမင်္ဂလာသာ အကျိုးကြီး၏။ ယင်းတို့မှာ ကျေးကျွန်-သူခစားတို့အား ကောင်းစွာ ကြည့်ရှုခြင်း, ဆရာသမားတို့အား ကောင်းစွာ ဆည်းကပ်ခြင်း, သတ္တဝါတို့အား ကောင်းစွာ စောင့်ရှောက်ခြင်း, ရဟန်းပုဏ္ဏားတို့အား ကောင်းစွာပူဇော်ခြင်းတို့ ဖြစ်၏။ ဤနည်းတူစွာ အခြားအလားတူ ပြုလုပ်ခြင်းတို့သည်လည်း တရားမင်္ဂလာမည်၏။ “ဤတရားမင်္ဂလာသည် ကောင်းမြတ်၏။ အလိုရှိသော အကျိုးကို ပြီးမြောက်စေ၏”ဟု အဖ,သား, ညီအကို, အရှင်, သခင်, အဆွေ, ခင်ပွန်း, အိမ်နီးချင်းတို့သည် ဟောပြောကြရမည်။
ထို့ပြင် အလှူဒါနဟူသည် ကောင်းမြတ်၏။ ဤလောက၌ တရားအလှူ, တရားချီးမြှောက်ခြင်းကဲသို့သော လှူဒါန်းချီးမြှောက်ခြင်းမျိုးမရှိ”ဟု အဆွေ, ခင်ပွန်း, အသိ, အကျွမ်း, ဆွေမျိုး, ဉာတကာ, အပေါင်းအသင်းတို့သည် မပြတ်မလပ် ဟောပြောကြရမည်။ “ဤတရားမင်္ဂလာ, တရားအလှူ, တရားချီးမြှောက်ခြင်းတို့ကို ပြုသဖြင့် နတ်ရွာရောက်နိုင်၏။ ယင်းသို့ နတ်ရွာရောက်ကြောင်း အထူးချီးမြှောက်ခြင်းမျိုး တစုံတရာမရှိ” ဟုု ဟောပြောကြရမည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


Thus saith His Sacred and Gracious Majesty the King: People perform various ceremonies. In troubles, marriages of sons and daughters, birth of children, departures from home on these and other (occasions) people perform many different ceremonies. But in such (cases) mothers and wives perform numerous and diverse, petty and worthless ceremonies.
Now ceremonies should certainly be performed. But these bear little fruit. That, however, is productive of great fruit which is connected with Dharma. Herein are these: Proper treatment of slaves and employees, reverence to teachers, restraint of violence towards living creatures and liberality to Brahman and Sramana ascetics. These and such others are called Dharma-mamgalas.
Therefore should it be said by a father, or a son, or a brother, or a master, or a friend, a companion, and even a neighbour: “This is commendable; this is the ceremony to be performed until the purpose thereof is fulfilled; this shall I perform." For those ceremonies that are other than these they are all of doubtful effect. It may achieve that purpose or may not. And it is only for this world. But this ceremonial of Dharma is not of time. Even if one does not achieve that object in this world, in the world beyond is produced endless merit. But if one achieves that purpose in this world, the gain of both results from it that object in this world, and endless merit is produced in the other world by this Dharma-mangala.
(Asoka-R.K. Mookerji)


Thus speaks the Beloved of the Gods, the king Piyadassi: People practice various ceremonies. In illness, at the marriage of sons and daughters, at the birth of children, when going on a journey-on these and on other similar occasions people perform many ceremonies. Women especially perform a variety of ceremonies, which are trivial and useless. If such ceremonies must be performed they have but small results. But the one ceremony which has great value is that of Dhamma. This ceremony includes, regard for slaves and servants, respect for teachers, restrained behavior towards living beings, and donations to sramanas and brahmans---these and similar practices are called the ceremony of Dhamma. So father, son, brother, master, friends, acquaintance, and neighbor should think, “This is virtuous, this is the ceremony I should practice, until my object is achieved.
Or else they should say to themselves: Other ceremonies are doubtful in their effectiveness. They may achieve their objects or they may not, and they are only effective in temporal matters. But the ceremony of Dhamma is effective for all the time, for even if its object is not attained in this life, endless merit is produced for the life to come. But if the object is attained in this life, there is a gain in both respects. For in this life the object is attained, and in the next life, endless merit is produced through that ceremony of Dhamma.
More over, they say: “Giving is good.” But there is no gift on favor comparable to the gift of Dhamma or the favor of Dhamma. So it is essential that a friend, companion, relative, or colleague should advice on all occasions, saying, “This should be done. Through this one can gain heaven”-and what can be more important than to gain heaven?
(Asoka and the decline of the Mauryas- Romila Thapar)



King Piyadarsi, the Beloved of the Gods, said: People observed many rites in sickness, at marriages, on the birth of children and before resuming journey. On these and other similar occasions people observe many rites. On these occasions, women observe many ordinary and useless rites of various nature. Rites should be performed. But rites of this nature are productive of very meager result. That rites, however, is of considerable value which is Dharma-mangala. This includes proper treatment of servants and employees, respect to teachers, non-violence towards living beings and liberality towards Brahmanas and Sramanas. These and other of this type are called Dharma-mingalas. Therefore, it should be said by a father, a son, a brother, a master, a friend or a companion, and even by a neighbors “this is good, this rite should be performed till the aim is achieved, this shall I perform.”
And it has been said, “Gift is good.” But there is no obligation compared to that of Dharma. Therefore, a friend, a well wisher, a relative or a companion out to convince (one another) on these occasions, saying: “it is a duty, it is good, it is possible to gain heaven with it.” And what is more important of attainment through this than the attainment of heaven?
For those ceremonies other than these are all of dubious effect. It may attain success or it may not attain. And it (Dharma-mangala) is not intended for if one does not attain the intended object in the material world, it produces endless merit in the other world. But if the intended object is achieved in this world, the results of both are gained, that object in this world and endless merit in the other world through this Dharma-mangala.
(Inscriptions of Asoka- N. P. Rastogi)


အသောကရဲ့ အက္ခရာများ-၉ (အပိုင်း၁)

အတာကူးတဲ့ တန်ခူးလ အခါသမယမှာ စိတ်ရောကိုယ်ပါ အေးမြကြည်သာစွာဖြင့် ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ရေသဘင် ဆင်ယဉ်နွှဲပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်သစ်ဖြစ်ပါစေကြောင်း….



မင်္ဂလာရှိကြစေဖို့…။ ရာစုဟောင်းများက မင်္ဂလာ နှစ်မျိုး….

ဥစာ၀စမင်္ဂလာ…အပေါစားမင်္ဂလာ
ဓမ္မမင်္ဂလာ…တရားမင်္ဂလာ

မင်္ဂလာဆောင်နိုင်ကြပါစေဗျာ…။


ဒေဝါနံ ပိယော ပိယဒသိ ရာဇာ ဧဝံ အာဟ, အထိ ဇနော ဥစာ’ဝစံ မံဂလံ ကရောတိ, အာဗာဓေသု ဝါ အာဝါဟ-ဝိဝါဟေသု ဝါ ပဇောပဒါယေ ဝါ ပဝါသမှိ ဝါ, ဧတာယေ စ အံနာယေ စ ဧဒိသာယေ ဇနော ဥစာ’၀စံ မံဂလံ ကရောတိ၊ အတြ တု အဝကဇနိယော ဗဟူကံ စ ဗဟုဝိဓံ စ ခုဒကံ စ နိလထိယံ စ မံဂလံ ကလောတိ၊ သေ ကဋဝိယေ စေ၀ ခေါ မံဂလေ အပ-ဖလကေ စ ခေါ၊ အယံ တု ခေါ မဟာဖလေ မံဂလေ, ယေ ဓံမမံဂလေ၊ အတြ အယံ ဒါသ ဘဋကမှိ သမျာပဋိ ပတိ, ဂုရူနံ အပစိတိ, ပါဏေသု သံယမော, သမဏဗြဟ္မဏာနံ ဒါနံ, ဧသေ စ အံနေ စ ဧတာရိသေ ဓံမမံဂလေ နာမ။
သေ ၀တဝိယေ ပိတုနာပိ, ပုတေနပိ, ဘာတိနာပိ, သုဝါမိကေနပိ, မိတသံထုတေန, အာ၀ ပဋိဝိသိယေနပိ၊ အယံ သာဓု, ဣဒံ ကဋဝိယေ မံဂလေ အာ၀တသ အထသ နိဖတိယာ, ‘ဣမံ ကထ‘မိထိ၊ ယေ ဟိ ကေ၀လေ မံဂလေ သံသယိကေ သေ သိယာ ၀ တံ အဌ နိ၀ဋေယ, သိယာ ပုန နော ဣဟ လောကိကေ စ ၀…သေ၊ အယံ ပုန ဓံမမံဂလေ အကာလိကေ၊ ဟံ စေ ဝိ တံ အထံ န နိ၀ဋေတိ ဟိဒ အထံ, ပရတ အနံတံ ပုနံ ပသ၀တိ၊ ဟံ စေ ပုန တံ အထံ နိ၀ဋေတိ, ဟိဒ တတော ဥဘယေ လဓေ ဟောတိ၊ ဣဟ စ စေ အဌေ ပရတ စ အနံတံ ပုံဥံ ပသ၀တိ တေန ဓံမမံဂလေနေ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး ဤသို့ မိန့်မြွက်တော်မူပြီ-- ဤလောက၌ အမြတ် အယုတ် မင်္ဂလာစွဲးယူသူ အစားစား ရှိကြ၏။ ထိုသူများသည် အနာရောဂါ ကပ်ငြိရာ, လက်ထပ်ထိမ်းမြားရာ, သားသမီးမွေးဖွားရာ, အရပ်တပါးသို့ ခရီးယာယီ သွားလာရာ, ဤသို့သော အရာအခါကာလများနှင့် ဤနှင့်အလားတူ အခြားသော အရာအခါကာလများ၌ အမြတ်အယုတ်အားဖြင့် အစားစားသော မင်္ဂလာတို့ကို ပြုလုပ်ကြ၏။ အထူးတလည် မှတ်ဖွယ်ကား ဤမင်္ဂလာအစားစားကို ပြုလုပ်ကြရာ၌ အောက်တန်းစား ကျရောက်သည့် (မိန်းမများ, သားသယ်မအေများ, မိုက်မဲးသော) သူများသည် အထူးထူးအပြားပြား များစွာသော သေးသိမ်၍့ အကျိုးမထူးလှသော မင်္ဂလာများကို ပြုလုပ်တတ်ကြလေသည်။
ထိုသို့သော မင်္ဂလာတို့ကား ပြုလုပ်ထုိုက်သည်ပင် ဖြစ်စေ, အကျိုးသွား နည်းပါသော မင်္ဂလာတို့သာ ဖြစ်ကုန်၏။ စင်စစ်အားဖြင့် တရားတော်ဆို်င်ရာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့သည်သာ အကျိုးစီးပွား ကြီးမားထွန်းကားသော မင်္ဂလာတို့ ဖြစ်ကြကုန်သည်။ ဤမင်္ဂလာမှု ပြုလုပ်ရေး အရပ်ရပ်စကား၌ ဤတရားတော်ဆိုင်ရာ မင်္ဂလာကား ကျေးကျွန်အစေအပါးတို့အပေါ်၌ ကောင်းမွန်ဖြောင့်မှန်စွာ ကျင့်ဆောင်ခြင်း, ဆရာမိဘ ကြီးရင့်သူတို့အား ကျိုးနွံရိုးသေခြင်း, သတ္တဝါတို့ကို သတ်ဖြတ် ညှင်းပန်းရေးမှ စောင့်စည်းခြင်း, ရဟန်းပုဏ္ဏား သူတော်သူမြတ်တို့အား လှူဒါန်းပေးကမ်းခြင်း, ဤဆိုခဲ့ပြီးတို့သည်၎င်း, ဤမှတပါး ဤနှင့် အလားတူ အခြားပြုလုပ်ဖွယ် တရားနာခြင်း, တရားဆွေးနွေးခြင်း စသည်တို့သည်၎င်း မင်္ဂလာ မည်ကုန်၏။
ထိုသို့သော မင်္ဂလာတို့ကို အမိအဘ၌၎င်း, သားသမီး၌၎င်း, ညီအစ်ကို မောင်နှမ၌၎င်း, အသျှင်သခင်နှင့် ကျေးကျွန်တို့၌၎င်း, အဆွေခင်ပွန်း ချစ်ကျွမ်းဝင်သူတို၌၎င်း, အိမ်နီးပါးချင်းအထိ၎င်း, အချင်းချင်း ပြုကျင့်ကြသင့်လေသည်။ ဤညွှန်ပြခဲ့သည့် မင်္ဂလာများကား ပစ္စုပ် တမလွန်ကျိုး, ကိုယ့်သူ့ကျိုးအတွက် ကောင်းမွန်လေသဖြင့် ဤသို့သော တရားတော်ဆိုင်ရာ မင်္ဂလာများကို မည်သည့်မင်္ဂလာမှ မည်သည့်အကျိုးထွက်ပေါ်သည်ဟု ထိုထို မင်္ဂလာ၏့ ကိစ္စပြီးစီးသည်တိုင်အောင် ပြုကျင့်လိုက်နာသင့်ကြ၏။ အထူးတလည်မှတ်ဖွယ်ကား, လောကတွင် မင်္ဂလာဟု သမုတ်ကြသမျှ အကြွင်းမဲ့ရှိသမျှ မင်္ဂလာမျိုးတို့မှာ ယုံမှားဖွယ်နှင့်တကွ ဖြစ်ကြကုန်၏။ ၎င်းတို့သည် ထိုညွှန်ကြား ရည်ဆောင်ချက် အကျိုး မပြီးစီးပဲးသော် ဖြစ်ရာ၏။ စင်စစ်ကား ၎င်းတို့သည် (ပြီးစီးသည်ဖြစ်စေ, မပြီးစီးသည်ဖြစ်စေ) ဤပစ္စက္ခ လောကီကျိုးအတွက်မျှ ဖြစ်ကြကုန်၏။
ထို့ပြင် ဤတရားတော်ဆိုင်ရာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတို့ကား အခါကာလမလင့် အခွင့်သင့်တိုင်း ကောင်းကျိုးစီးပွားကို ဖြစ်စေကုန်လေသည်။ အကယ်၍ ထိုတရားတော်ဆိုင်ရာ မင်္ဂလာသည် ဤပစ္စက္ခဘဝ၌ ခံစားရနိုင်အောင် အကျိုးမပြီး ရှိပြန်စေကာ, တမလွန်လောက ထိုထိုဘဝ၌ အနန္တကောင်းကျိုးကို တိုးပွားကြီးကျယ်စေလေသည်။ ထိုသို့မဟုတ်ပဲး အကယ်စင်စစ် ပစ္စက္ခကျိုးကို ပြီးစီးစေပြန်မူကား, ထိုမင်္ဂလာမှ ပစ္စက္ခတမလွန် ၂တန်သော ကောင်းကျိုးကို ရသည်ဖြစ်၍့ ထိုတရားတော်လာ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာအတွက် ဤဘဝမှာလည်း ကောင်းမြတ်၍, နောင်ဘဝမှာလည်း အနန္တကောင်းကျိုး တိုးပွားလေသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)

Thus saith His Sacred and Gracious Majesty the King: ' People perform various ceremonies. In sickness, at the weddings of sons, the weddings of daughters, the birth of children, departure on journeys on those and other similar occasions people perform many ceremonies. Nay, the womankind perform many, manifold, trivial, and worthless ceremonies. Ceremonies, however, have to be performed, although that kind bears little fruit. This sort, on the other hand, to wit, the ceremonial of piety, bears great fruit. In it are included proper treatment of slaves and "servants, honour to teachers, gentleness towards living creatures, and liberality towards ascetics and Brahmans. These things and others of the same kind are called the Ceremonial of Piety.
Therefore ought a father, son, brother, master, friend, or comrade, or even a neighbour to say: “This is excellent, this is the ceremonial to be performed until the attainment of the desired end."
This I will perform, for the ceremonial of this world is of doubtful efficacy; perchance it may accomplish the desired end, perchance it may not, and it remains a thing of this world. This Ceremonial of Piety, on the contrary, is not temporal; because, even if it fails to attain the desired end in this world, it certainly produces endless merit in the world beyond. If it happens to attain the desired end here, then both gains are assured, namely, in this world the desired end, and in the world beyond endless merit is produced by that Ceremonial of Piety.'
(Asoka, the Buddhist Emperor of India- V. A. Smith)


နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး မိန့်တော်မူသည်မှာ--
လူတို့သည် မင်္ဂလာကြီးငယ်တို့ကို ပြုလေ့ရှိကြကုန်၏။ ဖျားနားသောအခါ၊ သားသမီးများကို ထိမ်းမြားသောအခါ၊ သားသမီး ဖွားမြင်သောအခါ၊ ခရီးထွက်ခါနီးအခါ၊ ဤအခါတို့နှင့်၊ အခြား အလားတူ အခါတို့၌၊ လူတို့သည် များစွာသော မင်္ဂလာတို့ကို ပြုလေ့ရှိကြကုန်၏၊ ထိုမှတပါး သားသမီးရှိသော မိန်းမတို့သည်လည်း အထူးထူးအပြားပြား မြောက်မြားလှ၍ သေးနုပ်အကျိုးမဲ့သော မင်္ဂလာတို့ကို ပြုလေ့ရှိကြကုန်သေး၏။
ဤမင်္ဂလာများကို စင်စစ် ပြုအပ်ပါပေ၏။ သို့ရာတွင် ၎င်းတို့သည် အကျိုးမများလှချေ။ တရားမင်္ဂလာသည်သာလျှင် အကယ် အကျိုးများချေ၏။ တရားမင်္ဂလာဆိုသည်မှာ ကျေးကျွန်အစေခံတို့အား ကောင်းစွာ ပြုစုသိမ်းမြန်းခြင်း၊ ဆရာအရှင်တို့အား ရိုသေမြတ်နိုးခြင်း၊ သတ္တဝါတို့အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ရဟန်းပုဏ္ဏားတို့အား ပေးလှူခြင်းတို့ပေတည်း။ ဤဆိုခဲ့ပြီးသည်တို့နှင့် အခြားအလားတူ (ပြုမူဆောင်ရွက်ခြင်း)တို့သည် တရားမင်္ဂလာမည်ကုန်၏။ ထိုမင်္ဂလာအကြောင်းကို အဖသည်၎င်း၊ သားသည်၎င်း၊ ညီအစ်ကိုတို့သည်၎င်း၊ အသျှင်သည်၎င်း၊ မိတ်ဆွေအသိအကျွမ်းသည်၎င်း၊ အိမ်နီးချင်းသည်၎င်း၊ ဤသို့ ပြောဟောသင့်၏။
ဤတရားမင်္ဂလာသည် ကောင်း၏။ ဤတရားမင်္ဂလာကို လိုအပ်သော အကျိုးပြီးမြောက်စိမ့်သောငှာ ဆောင်ရွက်အပ်၏။
မည်သည့်အကျိုးကို အဘယ်သို့ ပြီးမြောက်စေပါသနည်းဆိုသော်၊ ယခု ဆောင်ရွက်လျက်ရှိသော (လောကီ) မင်္ဂလာတို့သည် လိုရာအကျိုးကို ပြီးမြောက်စေမည်၊ မပြီးမြောက်စေမည်ကို သံသယဖြစ်ဖွယ်ရှိ၏။ အကျိုးပြီးမြောက်စေကာမူ ဤလောက အဖို့သာလျှင် ဖြစ်၏။ ဤတရားမင်္ဂလာသည်ကား အခါမရွေး အကျိုးပေး၏။ ဤလောက၌ အကျိုးမပေးစေကာမူ တမနွန်လောကက၌ အတိုင်းမသိသော ကုသိုလ်အကျိုးကို ပေး၏။ ဤလောက၌လည်း အကျိုးပြီးမြောက်သော် ဤလောက၏ အကျိုး တမနွန်လောက၏ အတိုင်းမသိသော ကုသို်လ်အကျိုးဟုဆိုအပ်သော အကျိုးနှစ်ပါးစလုံးကိုပင် ဤတရားမင်္ဂလာဖြင့် ရရှိခံစားရချေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

Tuesday, 15 April 2008

အသောကရဲ့ အက္ခရာများ-၈

ပျော်ခဲ့ဖူးပါသည်။ မြူးခဲ့ဖူူးပါသည်။ စိုခဲ့ဖူးပါသည်။ ရွှဲခဲ့ဖူးပါသည်။ ပိတောက်ရနံ့များနဲ့ ယစ်မူးခဲ့ဖူးပါသည်။ တချိန်တခါဆီက သင်္ကြန်များ…။



ငြိမ်းခဲ့ဖူးပါသည်။ အေးခဲ့ဖူးပါသည်။ ကြည်ခဲ့ဖူးပါသည်။ ရွှင်ခဲ့ဖူးပါသည်။ ညောင်ညိုပင်ရိပ်မှာ ချွေးသိပ်ခဲ့ဖူးပါသည်။ တရံတခါဆီက သင်္ကြန်များ…။



အပျော်လမ်း…
အငြိမ်းလမ်း…
လျှောက်…လှမ်း…မဆုံးနိုင်သော သင်္ကြန်ခရီး တစ်နှစ်ပြီးတစ်နှစ်…။

ဒီကျောက်စာမှာလဲ ခရီး နှစ်မျိုး..
ဝိဟာရယာတ..ပျော်ပွဲစားထွက်ခြင်း၊
ဓမ္မယာတ…တရားခရီးထွက်ခြင်း၊
မြန်မြန်သွားရင် မြန်မြန်ရောက်မှာပါပဲ…။


အတိကံတံ အံတလံ ရာဇာနော ဝိဟာရ-ယာတံ နာမ နိခမိသု၊ ဣဟ မိဂဝိယာ အံနာနိ စ ဧဒိသာနိ အဘိရမာနိ အဟံသု၊ သေ ဒေဝါနံ ပိယော ပိယ-ဒသိရာဇာ ဒသ၀သာ’ဘိသိတော သံတော နိခမိ သံဗောဓိံ၊ တေ ‘နေသာ ဓံမ ယာတာ အတြ (အယံ) ဟောတိ၊ သမဏဗြာဟ္မဏာနံ ဒသနေ စ ဒါနေ စ ထေရာနံ ဒသနေ စ ဟိရံဏ-ပဋိဝိဓာနေ စ ဇန-ပဒသဇနသ ဒသနေစ ဓံမ’နုသဌိ စ ဓံမ ပရိပုဆာ စ တတော’ ပယာ ဧသာ ဘူယ ရတိ (အဘိရာမော) ဟောတိ၊ ဒေဝါနံ ပိယသ ပိယဒသိနော ရဉော ဘာဂေ အံဉေ ။

ရှည်လျားစွာသော ကာလပတ်လုံး ဘုရင်မင်းမြတ်တို့သည် ကျောင်းကန် ဘုရားသို့ ထွက်စံ ဖူးမျှော်ခြင်းမည်သည်ကို ပြုတော်မူလေ့ ရှိကြကုန်ပြီ၊ ဤသို့ ထွက်စံတော်မူရာ၌ သားသမင် လိုက်လံပစ်ခတ် ပျော်ပါးခြင်း, ထိုမှတပါး ဤနှင့် အလားတူ ပျော်ပါးမြူးထူးခြင်းတို့လည်း ပါဝင်ကြကုန်ပြီ၊ ထိုသို့သော မင်းတို့ ခရီးထွက်စံ ကြွမြန်းခြင်း အလေ့များအတိုင်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် အဘိသိက်သွန်း၍ ဆယ်နှစ်မြောက်အခါ ဘုရားလျာတို့၏ သစ္စာပန်း လေးဆင့် ဖြစ်ပွင့် သိမြင်ကြရာ မဟာဗောဓိပင်သို့ ခရီးလှည့်လည် ထွက်စံခြင်း ပြုလေပြီ၊ ထို့ကြောင့် ဤနေရာ၌ တရားအခွင့် သင့်မြတ်သော ထွက်စံကြွရောက်ခြင်း ဖြစ်လေသည်။
ထိုကဲ့သို့ ထွက်စံတော်မူရာ ဤအရပ်ဋ္ဌာန၌ ရဟန်းပုဏ္ဏားတို့ကို ကြည့်ရှုဖူးမျှော်ရခြင်း, ၎င်းတို့အား လှူဒါန်းရခြင်း, အသက်အရွယ် အိုမင်းသူ, သီလစသော ဂုဏ် မြောက်များသူတို့အား တွေ့မြင်ဖူးမျှော်ရခြင်း, ရွှေပြားစသည် (စေတီဗုဒ္ဓိုးတို့၌) မွန်းမံရခြင်း, ဇနပုဒ်သူ, ဇနပုဒ်သားတို့နှင့် တွေ့ဆုံဆွေးနွေးရခြင်း, တရားစကား ဟောညွှန်ဆုံးမရခြင်း, တရားစကား ပြောကြား ဆွေးနွေးရခြင်းများ ဖြစ်ပွားလေပြီ၊ ထိုအားလုံးသည်ကား ကျောင်းကန်ဘုရားသို့ ထွက်ကြွလှည့်လည်ခြင်းမှ စင်စစ် တိုးပွားသည့် မွေ့လျော ပျော်ပါးဖွယ်များ ဖြစ်လေသည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်၏့ ဤသို့သော ကုသိုလ်အဖို့တို့ကို ငါဘုရင်မှတပါး အခြားသော နတ်လူဗြဟ္မာတို့အား အမျှညီစွာ ပတ္တိဒါန ပြုပါသတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


ရှေးလွန်လေပြီး ကာလတို့၌ နတ်တို့ချစ်မြတ်နိုးသူခေါ် (မင်း)တို့သည် အပျော်အပါး (တောကစား)ထွက်ခြင်းဟုခေါ်သော ခရီးထွက်ခြင်းကို ပြုလေ့ရှိကြ၏၊ ဤသို့ခရီးထွက်ရာ၌ အမဲလိုက်ခြင်းနှင့် အခြားနည်းတူ အပျော်အပါးတို့ ရှိကုန်၏။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံသည်၏ ဆယ်နှစ်မြောက်၌ မဟာဗောဓိသို့ ခရီးထွက်တော်မူ၏။ ထိုသို့ထွက်ခြင်းကား တရားခရီးထွက်ခြင်းဖြစ်၏။ ဤသို့ထွက်ရာ၌ ရဟန်းပုဏ္ဏားတို့အား ဖူးမြော်ခြင်း ရွှေအသပြာတို့ကို ခွဲဝေပေးကမ်းခြင်း၊ ဇနပုဒ်တို့၌ နေကုန်သော ဇနပုဒ်သားတို့အား တွေ့မြင်ခြင်း၊ တရားတော်၌ ဆုမ္မသြဝါဒပေးခြင်း၊ တရားတော်နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းခြင်းတို့ကို ပြုပိ၏။ ဤသည်တို့သည် အမဲလိုက်ခြင်းစသော အပျော်အပါးတို့ထက် မင်းကြီးအား ပို၍ နှစ်သက်စေ၏။ ဤကား နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ ထူးခြားသော ကံပေတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ရှေးအခါက ဒေဝနံ ပိယတို့သည် အပျော်အပါးထွက်ကြရာ၌ တောကစားခြင်းနှင့် အခြားပျော်မွေ့ဖွယ်တို့ကို ပြုလုပ်ကြ၏။ ဒေဝါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၁ဝနှစ်မြောက်၌ မဟာဗောဓိသို့ သွား၏။ ယင်းသို့ သွားခြင်းကား တရားခရီးထွက်ခြင်းပင် ဖြစ်၏။ ရဟန်းပုဏ္ဏားတို့အား ဖူးမျှော်ခြင်း, ပေးကမ်းလှူဒါန်းခြင်း, လူကြီးများနှင့် တွေ့ဆုုံခြင်း, ရွှေတို့ကို ဝေဖန်ခြင်း, ဇနပုဒ်တို့ကို ကြည့်ရှုခြင်း, လူအများနှင့် တွေ့ဆုံခြင်း, တရားအဆုံအမပေးခြင်း, တရားဆွေးနွေးခြင်းတို့ကို ပြုလုပ်၏။ ဤတရားခရီးသည် တောကစားခြင်းစသော အပျော်ခရီးထွက်ခြင်းထက် သာလွန်နှစ်သက်ဖွယ်ကောင်း၏။ ဤကား ဒေဝါနံပိယ ပိယဒသီမင်း၏ အဘို့တပါးတည်း။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'In times past Their Sacred Majesties used to go out on so-called “tours of pleasure." In those tours hunting and other similar amusements used to be practiced.
His Sacred and Gracious Majesty the present King, after he had been consecrated ten years went out to Bodh Gaya or "towards supreme knowledge”).
Thence arose “tours of piety.” In them this is the practice-- visiting ascetics and Brahmans, with liberality to them; visiting elders, with largess of gold; visiting the people of the country, with instruction in the Law of Piety, and discussion of that Law.
Consequently, since that time a different portion constitutes the pleasuring of His Sacred and Gracious Majesty the King.'
(Asoka, the Buddhist Emperor of India- V. A. Smith)


In past periods, Their Sacred Majesties used to go out on so-called Viharayatras (excursions for enjoyment). In these were hunting and other similar diversions. But His Sacred and Gracious Majesty the present King, when he had been consecrated ten years, went out to the place of Sambodhi, whence these Dharmayatras as in which are the following: visits and gifts to Brahmans and Sramanas ; visits and gifts of gold to the elders; visits to the people of the country, instructing them in morality, and discussions with them on same as suitable thereto.
This becomes a great delight, an additional portion, of His Sacred and Gracious Majesty the King. (Asoka-R.K. Mookerji)


In the past, kings went on pleasure tours, which consisted of hunts and other similar amusements. The Beloved of the Gods, the king Piyadassi, when he had been consecrated ten years, went to the tree of Enlightenment. From that time arose the practice of tours connected with Dhamma, during which meeting are held with ascetics and brahmans, gifts are bestowed, meeting are arranged with aged folk, gold is distributed, meetings with the people of the countryside are held, instruction in Dhamma is given, and questions on Dhamma are answered. The Beloved of the Gods, the king Piyadassi, derives more pleasure from this, than from any other enjoyments.
(Asoka and the decline of the Mauryas- Romila Thapar)


In the times gone by, kings used to go out on pleasure tours. It included hunting and other similar diversions. But now, king Priyadarsi, the Beloved of the Gods, went to Sambodhi when he had been consecrated ten years. Hence this Dhamma-Yatra. This includes visits and charity to Brahmanas and Srmanas; visits and gold gifts to the aged; visits to the people of the empire instructing them in Dharma and holding discussions on it. This great delight produced from it is the extraordinary luck of king Priyadarsi, the Beloved of the Gods.
(Inscriptions of Asoka- N. P. Rastogi)


Monday, 14 April 2008

အသောကရဲ့ အက္ခရာများ-၇

အဝေးရောက်နေသူတွေကတော့ ဟိုတွေးး ဒီတွေးနဲ့ သင်္ကြန်အခါကို ဖြတ်သန်းနေရတာပဲဗျာ။ ဒီအချိန်ဆိုရင်တော့ ဖြူနီဝါပြာ ရောင်စုံဖြာနေမှာ သေချာနေပေမယ့် ဆွတ်ဆွတ်ပျံ့ပျံ့ ပိတောက်ရနံ့ကို လွတ်လွတ်လပ်လပ် ခံစားနိုင်ဖို့ အခွင့်အလမ်းတွေကလဲ ရှားမှရှား။ ဒီလိုနဲ့ပဲ ရွှေဝါရောင် ပိတောက်တွေ နွမ်းတချို့ ကြွေတချို့…။


ဘာပဲပြောပြော multicolorအချိန်အခါမှာ multicultureအစအနလေးကို ဒီကျောက်စာထဲမှာ တွေ့လိုက်ရတော့ reconciliationဆိုတာ နွေလယ်အိပ်မက် မဟုတ်ပါဘူးလို့ နှစ်သစ်ကူးမှာ ပိတောက်ဝါတွေကို တိုင်တည်လိုက်ချင်တယ်…။

ဒေဝါနံ ပိယော ပိယဒသိ ရာဇာ သဝတြ ဣဆတိ သဝေ ပါသံဍာ ၀သေယုံတိ၊ သဝေ ဟိတေ သံယဓံ စ ဘဝသုဓိံ စ ဣဆံတိ၊ ဇနော စ ဥစာ’၀စ-ရာဂေါ၊ တေ သဝံ ဝါ ကရိသံတိ, ဧကဒေသံ ဝါ ပိ ကသံတိ, ဝိပုလေ ပိ စ ဒါနေ၊ ယသ နထိ သံယမော, ဘဝသုဓိ, ကတံ ဉ တာ, ဒါဠ ဘတိတာ ဝါ နိစာ ဗာဠံ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် မိမိနိုင်ငံတော် အရပ်ရပ် ထက်ဝန်းကျင်၌ ကိုယ်တော့် အယူဘာသာနှင့် မတူ ထူးခြားများပြား ထူးထွေသော အယူရှိသူတို့ကိုပင် မိမိ၏့ တိုင်းနိုင်ငံတော် ထက်ဝန်းကျင်၌ နေထိုင်ရန် လိုလားနှစ်သက်တော်မူ၏၊ ထိုသို့လိုလားတော်မူကြောင်းကား, ထိုအယူရှိသူ အာလုံးတို့သည်ပင် မကောင်းမှုကို မပြုရန် စောင့်စည်းခြင်းကို၎င်း, ဘဝ၏ စင်ကြယ်ရေးကို၎င်း လိုလားနှစ်သက်ကြကုန်၏၊ စင်စစ်ဆိုသော်ကား, ဤကပ္ပါလောကကြီး၌ လူတို့မည်သည် အလိုဆန္ဒ နိမ့်မြင့် အစားစားရှိ၍့ နိမ့်မြင့်ယုတ်မြတ် တသ်မက်ခြင်းလည်း အမျိိုးမျိုး ရှိ၏၊ ထို့ကြောင့် ထိုထို အယူရှိကုန်သူတို့သည် ကုသိုလ်ရေးဆိုင်ရာ, ဘဝစင်ကြယ်ကြောင်းကိစ္စ အားလုံးကိုဖြစ်စေ, အချို့အဝက်ကိုဖြစ်စေ, မြောက်မြားပြန့်စည်သော လှူဒါန်းရေးတို့ကို ဖြစ်စေ ပြုလုပ်လုံးပမ်းကြကုန်လိမ့်သတည်း၊ ကိုယ်နှုတ်စောင့်စည်းခြင်း, ဘဝစင်ကြယ်ရန် လိုလားခြင်းမျှ မရှိသူအား ပြုစုထောက်ပံ့သောသူ၏ ကျေးဇူးကို သိတတ်ခြင်း, မြဲးမြံစွာ ကိုးစားဆည်းကပ်ခြင်းမည်သည် မဖြစ်နိုင်ရာသောကြောင့် များစွာ နိမ့်ယုတ် အောက်ကျလေတော့ရာ၏။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


ခပ်သိမ်းသော အရပ်တို့၌ ခပ်သိမ်းသော အယူဝါဒကွဲ ဂိုဏ်းသားတို့သည် (သင့်တင့်ညီညွတ်စွာ) နေခြင်းငှာ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး အလိုရှိတော်မူ၏။
လူတို့သည် အလိုဆန္ဒတို့၌ဖြစ်စေ ကြိုက်နှစ်သက်ခြင်းတို့၌ဖြစ်စေ အနိမ့်အမြင့်အားဖြင့် ကွဲပြားကြစေကာ ကိုနှုတ်နှစ်လုံး စောင့်စည်းခြင်းနှင့် စိတ်သဘောဖြူစင်ခြင်းကို စင်စစ် အလိုရှိကြသည်ချည်းဖြစ်၏။ ထိုတရားတို့အား အကုန်အစင်သော်၎င်း တစိတ် တဒေသမျှသော်၎င်း ကျင့်ဆောင် ကုန်ရာသည်။
ခမ်းနားသော အလှူကြီးကို မပေးနိုင်စေကာ ကိုနှုတ်နှလုံး စောင့်စည်းခြင်း၊ စိတ်သဘောဖြူစင်ခြင်း၊ ကျေးဇူးသိတတ်ခြင်း၊ စွဲမြဲစွာ ကြည်ညိုခြင်းတို့၌ မပြတ် ထက်သန် ကုန်ရာသည်။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေဝါနံ ပိယ ပိယဒသီမင်းသည် ဂိုဏ်းဂဏအားလုံး ညီညွတ်စွာ နေရန်အလိုရှိ၏။ အကြောင်းကား လူအားလုံးသည် စောင့်စည်းခြင်း, သဘောဖြူစင်ခြင်းတို့ကို လိုလားကြ၏။ လူတို့သည် အလိုဆန္ဒနှင့် နှစ်သက်ခြင်း၊ အနိမ့်အမြင့်ကွဲပြားသော်လည်း အနည်းအများ ကျင့်ဆောင်ကြ၏။ အကြီးအကျယ် မပေးလှူနိုင်သော်လည်း စောင့်စည်းခြင်း, သဘောဖြူစင်ခြင်း, ကျေးဇူးသိတတ်ခြင်း, မပြတ်ကိုးကွယ်ခြင်းတို့၌ စင်စစ် စွဲမြဲကြ၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


‘His Sacred and Gracious Majesty the King desires that in all places men of every denomination (or “sect ") may abide, for they all desire mastery over their senses and purity of mind. Man, however, is various in his wishes and various in his passions. They (sciL the denominations) will perform either the whole or only a part of the commandments. Even for a person to whom lavish liberality is impossible, mastery over the senses, purity of mind, gratitude, and steady devotion are altogether indispensable.'
(Asoka, the Buddhist Emperor of India- V. A. Smith)

His Sacred and Gracious Majesty desires that in all places should reside people of diverse sects. For they all desire restraint of passions and purity of heart. But men are of various inclinations and of various passions. They may thus perform the whole or a part (of their duties). But of him whose liberality is, too, not great, restraint of passion, inner purity, gratitude and constancy of devotion should be indispensable and commendable.
(Asoka-R.K. Mookerji)

The Beloved of the Gods, the king Piyadassi, wishes that all sects may dwell in all places, for all seek self-control and purity of mind. But men have varying desires and varying passions. They will either practice all that is required or else only a part. But even he who is generous, yet has no self-control, purity of mind, gratitude, and firm faith, is regarded as mean.
(Asoka and the decline of the Mauryas- Romila Thapar)


King Priyadarsi, the Beloved of the Gods, desires that all religious orders may live at all places; for they all desire self-restraint and mental purity. Men, however, are of various likings and passions. They perform thus either a whole or a part (of their duties). If one even does not practice lavish liberality; self-control, purity of heart, sense of gratitude and firm devotion are invariably (person in him).
(Inscriptions of Asoka- N. P. Rastogi)