Showing posts with label ရင်ဖွင့်သံ. Show all posts
Showing posts with label ရင်ဖွင့်သံ. Show all posts
Tuesday, 13 September 2011
Monday, 18 July 2011
အဝင်အထွက်
ဂါထာဟောင်းတစ်ပုဒ် reviewပါ။ ဒီဂါထာလေးတွေကို ခဏခဏ ပိုစ့်လွန်းလို့ မျက်စိနောက်စရာတော့ ဖြစ်နေပြီ။ ဒါပေမယ့် အခုတလော တိုက်ဆိုင်မှုလေးတွေ ဖြစ်လာတော့ ပြန်ပြောချင်လာတာနဲ့...။
ဝဟန္တော စီဝရံ ဘဒ္ဒံ၊
ဝဉ္စစိတ္တော ဝဓာဇီဝေါ။
ဝရသတ္တံ ဝရံ ယာစိ၊
ဝရဒေါယေဝ ဆဒ္ဒန္တော။
ဝဉ္စစိတ္တော ဝဓာဇီဝေါ။
ဝရသတ္တံ ဝရံ ယာစိ၊
ဝရဒေါယေဝ ဆဒ္ဒန္တော။
မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…
ဒီမြန်မာပြန်က “အပေးအယူ” ပိုစ့်တင်မယ်ဆိုမှ ရေးလိုက်တာ။ ဒီဂါထာလေး ရေးပြီးခါစက ဘာသာပြန်က ဒီလို…ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…
မြတ်ဆုတောင်းဆို သောနုတ္တိုရ်ထံ
မြတ်ပျိုစွယ်ရင်း စွန့်လွှတ်နှင်းအပ်
မြတ်မင်းသခင် ဆဒ္ဒန်ဆင်မော်
မြတ်ရှင်ဉာဏ်တော် ရည်မှန်းမျှော်လျှက်…။
အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဒဟိဿတိ်
အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ။
ယော စ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝမရဟတိ။
ဘာသာပြန်က မေဓာဝီ တင်ဆက်တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲမှာ ပါတယ်။ ဒီဇာတ်တော် ဖတ်ဖြစ်ပြီးမှ စကြာဂါထာလေးနဲ့ ဒီဂါထာ ၂ပုဒ်နဲ့ အဆက်အစပ်ကို ပြန်တွေးမိနေတယ်။
“ကော ဇာနာတိ ကိံ ဘဝိဿတိ”
“ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ”
ဆဒ္ဒန်ဆင်မင်းဇာတကအဋ္ဌကထာထဲက ဆဒ္ဒန်ဆင်မင်းရဲ့ အတွေးတစ်စပါ။ ဒီအတွေးလေးကို အခြေခံပြီး ထပ်တွေးနေမိတယ်...
ဖြစ်သင့်တာတွေ တိမ်းမှောက်ကုန်ပြီး ဖြစ်ချင်တာတွေ တည့်မတ်ကုန်တာ သဘာဝပါ်
ရည်ရွယ်ချက်တွေ ယိမ်းယိုင်ကုန်ပြီး တပ်မက်ချက်တွေ ခိုင်မာလာတာ သဘာဝပါ။
ပီတိတွေ လျော့ပါးကုန်ပြီး သောကတွေ ပြည့်လျှံလာတာ သဘာဝပါ။
သစ္စာတွေ နွမ်းခြောက်ကုန်ပြီး မိစ္ဆာတွေ ဖွံ့ထွားလာတာ သဘာဝပါ်
….. ….. ….. ….. ….. ….. …..
သဘာဝဟာ သဘာဝပါ်
*** မျှော်လင့်ချက်တွေ အရောင်ပြောင်းကုန်တဲ့ ညီနောင်များအတွက် အမှတ်တရ။Monday, 11 July 2011
အသဲအသန်
ကိဉ္စာပိ တုဏ္ဍနခပါဒပက္ခာ ဘိန္နာ၊
ဇီဝိတန္တရာယောတိ သချင်္မ္ပိ န ဥပေတိ။
သူရော ဝတ ဘော...။
…
ယဒါ ပန ဒွိဓာ ဘိန္နော ဟဒယော၊
တဒါ သဗ္ဗေန သဗ္ဗံ ဘိဇ္ဇိဿတိ
ဒွိဓာ တိဓာ စတုဓာ…အနေကဓာ။
ဘီတော ဝတ ဘော...။
ငါ၏ နှုတ်သီး, ခြေထောက်, တောင်ပံတို့ ကျိုးပဲ့…။
ငါ၏ ဇီဝိန်ကား မယိုင်မနဲ့…။
အို...ရင့်ရဲလေစွ...။
….
ငါ၏ နှလုံးအသည်း ကြွေကွဲ
အားလုံး အားလုံး
အပိုင်းပိုင်း ပြတ်စဲ…။
အို...ရွံ့ရှားလေစွ...။
Friday, 23 October 2009
Friday, 16 October 2009
starbucks, singaporeနဲ့ schizophreniaည
Saturday, 8 August 2009
Friday, 26 September 2008
ငါ့သွေး ငါ့သင်္ကန်း ငါ့ဗောဓိညောင်ရွက်
Saturday, 23 August 2008
အပေးအယူ

၀ဟနေ္တာ စီ၀ရံ ဘဒ္ဒံ၊
၀ဉ္စစိတ္တော ၀ဓာဇီဝေါ။
၀ရသတ္တံ ၀ရံ ယာစိ၊
၀ရဒေါယေ၀ ဆဒ္ဒနေ္တာ။
မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…။
ကြာပြီ။ ဒီဂါထာလေးကို ရေးခဲ့တာ ၁ဝနှစ်ကျော်ပြီ။ ဘာကြောင့်ရေးခဲ့လဲဆိုတာတောင် ဝါးတာတားဖြစ်နေပြီ။ အခု ပြန်ဖတ်မိတော့ ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ဖြစ်မိတယ်။ လိုတာ ရလို့ ပျော်မြူးနေသလား။ ရတာ မလိုလို့ ညည်းညူနေသလား။ တစ်ခုခုတော့ တစ်ခုခုပဲ။ သေချာတာကတော့ “ယူကားယူ၏…မရ” ဖြစ်နေတာပါပဲ။
Thursday, 21 August 2008
Wednesday, 13 August 2008
Friday, 8 August 2008
အဋ္ဌ အဋ္ဌ အဋ္ဌ အဋ္ဌ
ယေသံ ပန အန္ဓကာရသင်္ဂါမတလေ သစ္စာဝုဓံ,
တေသံ အနုပမောဒလောဟိတာနိ အဝဿုသန္တိ,
တထာပိ တေသံ သန္တိဝါဒါ နေ၀ ဝိနဿန္တိ,
ပရိစဇနဇီဝိတံ န ပရိဘိဇ္ဇတိ,
အဟော ၀တ သူရမောရာ။
အမိုက်တိုက်စစ်မြေပြင်မှာ
သူတို့…
သစ္စာလက်နက်ကို စွဲကိုင်လို့
ပျော်ရွှင်ခြင်းသွေးတွေ ခန်းခြောက်လို့
ငြိမ်းချမ်းရေးစကားတွေတော့ မပျက်သုန်းလို့
စွန့်လွှတ်မှုဇီဝိန် မကြွေပဲ့လို့
အော်…ရဲရဲနီဒေါင်းတို့…
တေသံ အနုပမောဒလောဟိတာနိ အဝဿုသန္တိ,
တထာပိ တေသံ သန္တိဝါဒါ နေ၀ ဝိနဿန္တိ,
ပရိစဇနဇီဝိတံ န ပရိဘိဇ္ဇတိ,
အဟော ၀တ သူရမောရာ။
အမိုက်တိုက်စစ်မြေပြင်မှာ
သူတို့…
သစ္စာလက်နက်ကို စွဲကိုင်လို့
ပျော်ရွှင်ခြင်းသွေးတွေ ခန်းခြောက်လို့
ငြိမ်းချမ်းရေးစကားတွေတော့ မပျက်သုန်းလို့
စွန့်လွှတ်မှုဇီဝိန် မကြွေပဲ့လို့
အော်…ရဲရဲနီဒေါင်းတို့…
Subscribe to:
Posts (Atom)









