Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts
Showing posts with label ကိုယ်ရေးကိုယ်တာ. Show all posts

Wednesday, 23 May 2012

Instaနတ္ထိ


ဒီရက်ပိုင်း blogဘက်ကို ဦးမလှည့်ဖြစ်ဘူး။ ပါဠိဝေါဟာရတွေ ရှားပါးလာလို့လဲ ဖြစ်နိုင်တယ်။ အာရုံက platformတစ်ခုပေါ် ပြောင်းသွားလို့လဲ ဖြစ်နိုင်တယ်။ လက်ထဲမှာ ရှိနေကျ mobileနဲ့ပဲ နှစ်ပါးသွားဖြစ်နေတယ်။

တွေ့သမျှ ကြုံသမျှ ပုံတိုပတ်စလေးတွေ သွားရင်း လာရင်း ငေးရင်း မောရင်း mobileပေါ်ကနေ instagramနဲ့ postထားတာ အတော် များနေပြီ။ webပေါ်ကနေလဲ ကြည့်လို့ရပြီ။ ဒီမှာပါ။

Thursday, 21 July 2011

အကိုက်အခဲ


ယဿ ဒန္တာ ပရိပုဏ္ဏာ သုက္ကာ သမာ အဝိရဠာ။
တထာပိ သော အဒန္တော
သွား...
ပြည့်ပြည့်စုံစုံ
ဖြူဖြူဖွေးဖွေး
ညီညီညာညာ
စိပ်စိပ်သည်းသည်း
သူ...
ရိုင်းရိုင်းစိုင်းစိုင်း
ယထာ ဗျဂ္ဃော မိဂံ အနုဗန္ဓိတွာ ယသ္မိံ ဌာနေ ပါပုဏာတိ, တသ္မိံယေဝ ဍံသိတွာ ခါဒတိ၊
ဧ၀မေဝံ သော ဗလဝါ အဘိရူပေါပိ အညံ ဒုဗ္ဗလံ အဘိဘဝတိ။
ကျားရိုင်းနဲ့ သမင်ပျို
ပြေးတမ်းလိုက်တမ်း
မိတယ် စားတယ်
အားကောင်းရင် ရန်စ
အားနည်းရင် ခံကြ...။
အဟော မေ ဒန္တာ ခဏ္ဍာ ဝိရဠာ။
အို...ငါ့ သွားတွေလဲ ကျိုးတို့ကျဲတဲ...။

Monday, 18 July 2011

အဝင်အထွက်

ဂါထာဟောင်းတစ်ပုဒ် reviewပါ။ ဒီဂါထာလေးတွေကို ခဏခဏ ပိုစ့်လွန်းလို့ မျက်စိနောက်စရာတော့ ဖြစ်နေပြီ။ ဒါပေမယ့် အခုတလော တိုက်ဆိုင်မှုလေးတွေ ဖြစ်လာတော့ ပြန်ပြောချင်လာတာနဲ့...။
ဝဟန္တော စီဝရံ ဘဒ္ဒံ၊
ဝဉ္စစိတ္တော ဝဓာဇီဝေါ။
ဝရသတ္တံ ဝရံ ယာစိ၊
ဝရဒေါယေဝ ဆဒ္ဒန္တော​။

မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…
ဒီမြန်မာပြန်က “အပေးအယူ” ပိုစ့်တင်မယ်ဆိုမှ ရေးလိုက်တာ။ ဒီဂါထာလေး ရေးပြီးခါစက ဘာသာပြန်က ဒီလို…
မြတ်ဆုတောင်းဆို သောနုတ္တိုရ်ထံ
မြတ်ပျိုစွယ်ရင်း စွန့်လွှတ်နှင်းအပ်
မြတ်မင်းသခင် ဆဒ္ဒန်ဆင်မော်
မြတ်ရှင်ဉာဏ်တော် ရည်မှန်းမျှော်လျှက်…။
မြန်မာပြန်တွေက သိပ်မခန့်ဘူးလို့ ထင်မိတယ်။ မြန်မာစာ မကျွမ်းကျင်တဲ့ အနေအထားကြောင့်ပဲ ဖြစ်မယ်။ ကိုယ်တိုင်ရေးတဲ့ စကြာဂါထာကိုတော့ ကိုယ်တိုင်ပဲ အကုန် ကြိုက်တယ်။ အကြိုက်ဆုံးက "၀ရဒေါ"ဆိုတဲ့ ဝေါဟာရပဲ။ ဒီလိုမျိုး စကြာဂါထာလေးတွေ ရေးရတာကိုလဲ ကြိုက်တာပဲ။ ဒီစကြာဂါထာလေးကို ရေးဖြစ်တဲ့အကြောင်းက ဂါထာ ၂ပုဒ်ကြောင့်ပါ။
အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဒဟိဿတိ်
အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ။
ယော စ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝမရဟတိ။
ဘာသာပြန်က မေဓာဝီ တင်ဆက်တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲမှာ ပါတယ်။ ဒီဇာတ်တော် ဖတ်ဖြစ်ပြီးမှ စကြာဂါထာလေးနဲ့ ဒီဂါထာ ၂ပုဒ်နဲ့ အဆက်အစပ်ကို ပြန်တွေးမိနေတယ်။
“ကော ဇာနာတိ ကိံ ဘဝိဿတိ”
“ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ”
ဆဒ္ဒန်ဆင်မင်းဇာတကအဋ္ဌကထာထဲက ဆဒ္ဒန်ဆင်မင်းရဲ့ အတွေးတစ်စပါ။ ဒီအတွေးလေးကို အခြေခံပြီး ထပ်တွေးနေမိတယ်...
ဖြစ်သင့်တာတွေ တိမ်းမှောက်ကုန်ပြီး ဖြစ်ချင်တာတွေ တည့်မတ်ကုန်တာ သဘာဝပါ်
ရည်ရွယ်ချက်တွေ ယိမ်းယိုင်ကုန်ပြီး တပ်မက်ချက်တွေ ခိုင်မာလာတာ သဘာဝပါ။
ပီတိတွေ လျော့ပါးကုန်ပြီး သောကတွေ ပြည့်လျှံလာတာ သဘာဝပါ။
သစ္စာတွေ နွမ်းခြောက်ကုန်ပြီး မိစ္ဆာတွေ ဖွံ့ထွားလာတာ သဘာဝပါ်
….. ….. ….. ….. ….. ….. …..
သဘာဝဟာ သဘာဝပါ်
*** မျှော်လင့်ချက်တွေ အရောင်ပြောင်းကုန်တဲ့ ညီနောင်များအတွက် အမှတ်တရ။

Monday, 11 July 2011

အသဲအသန်


ကိဉ္စာပိ တုဏ္ဍနခပါဒပက္ခာ ဘိန္နာ၊
ဇီဝိတန္တရာယောတိ သချင်္မ္ပိ န ဥပေတိ။
သူရော ဝတ ဘော...။
ယဒါ ပန ဒွိဓာ ဘိန္နော ဟဒယော၊
တဒါ သဗ္ဗေန သဗ္ဗံ ဘိဇ္ဇိဿတိ
ဒွိဓာ တိဓာ စတုဓာ…အနေကဓာ။
ဘီတော ဝတ ဘော...။
ငါ၏ နှုတ်သီး, ခြေထောက်, တောင်ပံတို့ ကျိုးပဲ့…။
ငါ၏ ဇီဝိန်ကား မယိုင်မနဲ့…။
အို...ရင့်ရဲလေစွ...။
….

ငါ၏ နှလုံးအသည်း ကြွေကွဲ
အားလုံး အားလုံး
အပိုင်းပိုင်း ပြတ်စဲ…။
အို...ရွံ့ရှားလေစွ...။

Sunday, 3 July 2011

အတက်အကြွ



သီချင်းတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ "If I rise"တဲ့။ ဒီသီချင်းကို "127 Hours" ရုပ်ရှင်ကြည့်ရင်း ကြိုက်သွားတာ။ တိုက်ဆိုင်မှုလေးကို ပြောချင်တာပါ။ "Slamdog Millionaire"ထဲက "Jai Ho"သီချင်းကို မကြိုက်ပေမယ့် Jai Hoနဲ့ If I rise ဆက်နွယ်မှုလေးကို နောက်မှ သိရတယ်။ ဒီသီချင်းတွေရဲ့ composerက တစ်ယောက်ထဲ။ A.R. Rahmanတဲ့။ “The Mozart of Madras”လို့ တင်စားကြတယ်။ Oscar, Grammyစတဲ့ ဂီတဆိုင်ရာဆုတွေ တသီကြီး ပွေ့ပိုက်ထားတဲ့ အိန္ဒိယသားတစ်ယောက်ပါ။

တကယ်တမ်းပြောရရင် ကုလားပြည် ရောက်နေတာ ရက်ပေါင်း ၂၀၀ဝကျော်ပြီ။ ကုလားသီချင်းတစ်ပုဒ်ကို ဆုံးအောင် အာရုံစိုက်ပြီး နားမထောင်ဖြစ်ဘူး။ စာသား နားမလည်တာ ထားပါ။ သံစဉ်ကို ခံစားလို့ မရတာ။ အိန္ဒိယအငွေ့အသက်တွေ အမိမြေမှာ အတော် လွှမ်းမိုးနေတာတော့ ဟုတ်ပါတယ်။ မြန်မာက မြန်မာ့အရသာ သန့်သန့်လေး လို့ ခံစားမိတယ်။ အကြောင်းမညီညွတ်လို့ ကုလားကား ကြည့်မိရင်တောင် သီချင်းဆိုတဲ့အခန်းကို မျက်နှာလွှဲဖြစ်တယ်။ များသောအားဖြင့် မျက်စိနောက်စရာတွေ။ ခြုံပြောရရင် အာရုံငါးပါး အကုန် အဆင်မပြေချင်ဘူး။ ဒီလိုကနေ If I riseကို ခံစားမိတော့ indian productမှန်း နောက်မှ သိရတာ ခပ်ကောင်းကောင်းလို့ပဲ တွေးမိတော့တယ်။ အဆင်ပြေရင်တော့ နောင်တချိန် ဘဂဝါဂီတတို့ ဂီတဉ္ဇလီတို့ကို ပါဠိversionနဲ့ ခံစားဖြစ်အုံးမလား မသိ။ အခုတော့ If I rise ပါဠိဘာသာပြန်ပါ။ Lyricsကိုတော့ netထဲက ရတာ။ တစ်ခုနဲ့ တစ်ခု မတူတတ်ဘူး။ အဆင်ပြေတာလေးပဲ ယူလိုက်တယ်။ မွေးနေ့လက်ဆောင် ကဗျာတစ်ပုဒ် ပေးပါလို့ တောင်းဆိုတဲ့ ညီသယ်ရင်း ZZZအတွက်ပါ။


[Dido:]
In your life, you’re mad
In your car, you’re sad
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
ဥမ္မတ္တောသိ တဝ ဘဝေ
သောစကော တဝ ယာနေ
ဘော… တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A. R. Rahman:]
If I rise, they are on my drive
If I believe, it's more than it is
More than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Dido:]
If I rise, one more chance
All our dreams, more than this
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
သစာဟံ ဥဋ္ဌဟန္တော, ဧကော အတိရေကအဝသရော
အမှာကံ သဗ္ဗသုပိနာ, အတိရေကတရာယေဝ
ဘော…တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘ​​​ဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A R R:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေ​ဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more call
Though I've never lost
Believe I don't care
Never again
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဂဏှ ဇီဝံ အတိရေကေ
ဧကမေဝ အတိရေကအာလပန
တထာပိ ပရာဇယံ အပတ္တောဟံ
သဒ္ဒဟ ဥပေက္ခကောဟံ
န ကထဉ္စိ ပုန
[A R R & Dido:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more cal
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဟရ ဇီဝံ အတိရေကေ
ဧကမေ၀ အတိရေကအာလပနံ
[Dido:]
If I believe, there's more than this
Anymore than this
သစာဟံ သဒ္ဒဟန္တော, တတ္ထ အတိရေကတရမေဝ
ယံ တံ အတိရေကတရမေဝ
*** If I rise on Youtube

Sunday, 19 June 2011

အနည်းအပါး

ယဒါ မာတာ နတ္ထိ၊ ပုတ္တော မစ္ဆော ဝိယ ပရိတ္တောဒကသရမှိ။
အမိမဲ့သား... ရေနည်းငါး...။
ယဒါ ပိတာ နတ္ထိ၊ ပုတ္တော...
အဖမဲ့သား...


*** မွေးဖခင်အတွက် ရက်လည်အလွမ်း

Saturday, 2 October 2010

Neoနမက္ကာရ



ဘယ်အရွယ်မှာ ဘယ်လို စပြီး ဘုရားရှိခိုးဖြစ်သလဲ မမှတ်မိတော့ဘူး။ အရွယ်ရောက်လာတော့ ဘုရားရှိခိုး အမျိုးမျိုးတွေ ရွတ်ဖတ်သရဇ္စျယ်ပြီး ဂုဏ်တော်ထုံမွှန်း ပုံတော်မှန်းပြီး ဗုဒ္ဓာနုဿတိဘာ၀နာပွားများရတာ အမော။ ဂါထာရေးဖွဲ့တတ်လာတဲ့အခါ ဉာဏ်မှီသလောက် ဘုရားဂုဏ်တော်ဖွဲ့တွေ သီကုံးပူဇော်ဖြစ်ခဲ့တယ်။ အနှစ်သက်ဆုံး ရေးဟန်ကတော့ စင်္ကြာဂါထာတွေပဲ။ စတွေ့တဲ့ ပုံစံက စက်ဝန်း။ ဒါကို နည်းယူပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဗောဓိညောင်ရွက်နဲ့ စင်္ကြာပုံဖော်, ဂါထာရေးထည့်ပြီး စွဲစွဲမြဲမြဲ ပူဇော်ဖြစ်တယ်။ တိုတိုနဲ့ လိုရင်းပဲ အာရုံပြုချင်တဲ့အခါမျိုးပေါ့။ ကိုယ်တိုင်ရေးတဲ့ ပါဠိကဗျာ ဂါထာတွေနဲ့ ဘုရားရှိခိုးရတာ အတော် အရသာရှိတယ်လို့ ပြောမိတော့ သမိုင်းဆရာတစ်ဦးကတော့ မှတ်ချက်ပေးတယ်။ ရှေးဆရာတော်တွေရဲ့ နမက္ကာရတွေမှ အားမနာတဲ့။

ပုံထဲက ဂါထာစာသားနဲ့ မြန်မာစကားပြေကို ဒီမှာ တင်ထားတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ခန့်က ဒီဂါထာလေး ရေးဖြစ်ခဲ့တာ။ အဲဒီတုန်းက အရှင်ဗုဒ္ဓဃောသမထေရ် နမက္ကာရပါဠိကို မဖတ်ဘူးသေးဘူး။ အခု ပိုစ့်တင်ခါနီးမှ ဖတ်ဖြစ်တယ်။ ကိုယ်ရေးသားပူဇော်ထားတဲ့ ဂုဏ်တော်ကို နမက္ကာရထဲမှာ ရှာတွေ့တော့ အတော် ကြည်နူးမိတယ်။ အာစရိယပရမ္ပရ, သိဿာနုသိဿ အစဉ်အဆက် ဒီလိုပဲ ဗုဒ္ဓဂုဏ်တော်ဘွဲ့တွေ ဖွဲ့သီပူဇော်ခဲ့ကြတာနေမှာ။

ယော ဗုဒ္ဓော သုမတိ ဒိဝေ ဒိဝါကရော၀၊
သောဘန္တော ရတိဇနနေ သိလာသနမှိ။
အာသီနော သိ၀သုခဒံ အဒေသိ ဓမ္မံ၊
ဒေဝါနံ တမသဒိသံ နမာမိ နိစ္စံ။

ဒီဂါထာက အရှင်ဗုဒ္ဓဃောသမထေရ် ရေးသားပူဇော်ခဲ့တဲ့ နမက္ကာရထဲက ဂါထာတစ်ပုဒ်ပါ။ ကိုယ်တတ်သမျှ မြန်မာပြန်ထားတာက ဒီလိုပါ…

သဗ္ဗညုတဉာဏ်ရှင် မြတ်စွာဗုဒ္ဓသည်
နေမင်းသဖွယ် ထွန်းလင်းတင့်တယ်တော်မူလျက်
မွေ့လျော်ဖွယ်ရာ ပဏ္ဍုကမ္ပလာမြကျောက်ဖြာထက်၌ သီတင်းသုံးတော်မူကာ
မယ်တော်မိနတ်သားအမှူးပြုသော နတ်ဗြဟ္မာအပေါင်းအား
နိဗ္ဗာန်ချမ်းသာကို ပေးတတ်သော အဘိဓမ္မာတရားတော်ကို
ဟောကြားတော်မူခဲ့လေပြီ။
အတုမရှိ မြတ်ဗုဒ္ဓကို အမြဲမပြတ် ရှိခိုးပူဇော်ပါ၏။

*** ကျီးသဲလေးထပ်ဆရာတော် ရေးသားစီရင်ခဲ့တဲ့ ပကိဏ္ဏက-နမက္ကာရ-အစိနေ္တယျဘုရားရှိခိုးကို ကိုယ်တိုင်လဲ ရွတ်ဖတ်ပူဇော်, သူတပါးကိုလဲ တိုက်တွန်းတတ်တဲ့ အဘိုးကို လွမ်းမိလေရဲ့…။

Friday, 9 April 2010

Nothingnessရဲ့ အခြားတစ်ဖက်



ရှိခြင်းရဲ့ တဖက်မှာ
တဝေါဝေါ လည်ပတ်နေသော ဝဲသြဃ
ပျားရည်ဆမ်းထားသော နာကျင်မှု အကြွင်းအကျန်များ
လက်ယပ်ခေါ်နေ။
ယတ္ထ အတ္ထိ၊
တတ္ထ အာဝဋ္ဋာ   သြဃော
စုဏ္ဏဝိစုဏ္ဏာ ဝေဒနာ ကဋုကာပိ မဓုရာ ဝိယ
ပလောဘေန္တိ။
မရှိခြင်းရဲ့ တဖက်မှာ
လက်နှစ်လုံးစာ ဖဝါးခြေရာရွရွ
စိုက်ထူ/လဲပြို/ယိုင်နဲ့/မြဲမြံခဲ့သော မိုင်တိုင်များ
တရိပ်ရိပ် ကျန်ရစ်ခဲ့။
ယတ္ထ နတ္ထိ၊
တတ္ထ ဒွင်ဂုလလမတ္တံ ပဒတလံ
အာကောဋိတာ ဝါ ပတိတာ ဝါ ဇိဏ္ဏာ ဝါ ဒဠှာ ဝါ ထမ္ဘာ။
သီဃံ သီဃံ ဝီတိဝတ္တာ။
ဒီချောက်ဟာ
ဘယ်လောက်နက်ပါသလဲ
ဆူညံ
အသံများ
ဝေဝါး
မျက်စိကို မှိတ်ချလိုက်စဉ်
လိုချင်မှုများ လိုအပ်မှုများမှ ကင်းဝေးရာဆီ။
ယော သော ပဗ္ဘာရော
ကီ၀ နိန္နော?
ဥစ္စာ မဟာ
သဒ္ဒါ
တနုကာ
အက္ခီသု နိမီလန္တေသု
ယတ္ထ အာသာ စ အာသီသနိယာ စ သုညာ၊ တမောကာသံ…။

***ကဗျာပိုင်ရှင်က ဘာသာပြန်ဆိုလို့ ပြန်ကြည့်တာ :D
အစအနများ..
အမေ့ကိုယ်စား လောကကို ငဲ့ကြည့်ခြင်း
လောကတွင်းသို့ ခုန်ဆင်းသည့်နေ့

Wednesday, 31 March 2010

တစ်ထောင့်တစ်ညလွန် ကိုးဆယ့်ကိုး



Wow!
World Wide Web
We’ll walk within.
၂၀၀၅ခုနှစ် မတ်လမှာ သူငယ်ချင်းတွေ စုပြီး ထုတ်ဝေတဲ့ ကဗျာစာအုပ်အတွက် ရေးဖြစ်ခဲ့တဲ့ စာကြောင်းလေးတွေ။ ခေါင်းစဉ်က “www” ။ အဲဒီတုန်းက ရွာမှာ။ netမရှိသေးဘူး။ ကွန်ပစ်ဖို့ ဧရာ၀တီမြစ်ကို ဖြတ်ပြီး ၂၀ကီလိုမီတာလောက်ဝေးတဲ့ မန်းမြို့တော်ကို သွားရတယ်။

အပြေးအလွှား တစ်ပတ်တစ်ခါလောက်ပဲ။ espressoတစ်ခွက်သောက်ပီး wwwထဲမှာ ဟိုဝင်ဒီထွက်။ အင်း…စွဲမက်ဖွယ်ရာ အရသာတစ်မျိုးပေါ့။ gmailလား။ မသုံးဖူးသေးဘူး။ blogဆိုတာ သိကိုမသိသေးဘူး။ ၂၀၀၅ထဲမှာပဲ ရွာကထွက်လာ။ သန်းခေါင်ယံ လွတ်လပ်ရေးမှာ နားခို။
အစပိုင်းတော့ virtual worldထဲမှာ ITစက္ခု, ITသောတတွေရပြီး သမာပတ်(ဒွယံဒွယ)တွေနဲ့ အပြတ်အသတ် ပျော်မွေ့လို့ပေါ့။ ၂၀၀ရမှာ ဘလော့ဂ်ဘိုးအေတစ်ယောက်နဲ့ တွေ့ဖြစ်ပြီး မတ်လထဲမှာမှ ဘလော့ဂင်း စခဲ့တာ။ တန်းပလိပ်ပြင်ပေးတဲ့ ကျေးဇူးရှင်လေးက ပြင်ရင်းပြင်ရင်းနဲ့ ၂၉ရက်နေ့မှာ အချောသတ်ပြီး ရေးခဲ့တဲ့ ပိုစ့်တွေကိုလဲ အဲဒီနေ့မှာပဲ စုပြီးပြန်တင်လိုက်တော့ စရေးတဲ့နေ့ကို မမှတ်မိတော့ဘူး။ ပိုပိုလိုလို ခုဆို ရက်ပေါင်း ၁၁၀၀။

အစအနများ...
၁) ဘာပဲဖြစ်ဖြစ်ပေါ့
၂) Blogအက္ခရသညာတော
၃) ၁၁၀

Tuesday, 30 June 2009

Culvertလမ်းမှာ စမ်းတဝါးဝါး

ရွာက သတိတရဖြစ်စရာ နေရာတစ်ခုကို ပြောရရင် Culvert Street ပါ။ အခုတော့ မြန်မာ့ဂုဏ်ရည်လမ်း။

ပန်းဆိုးတန်းလမ်းနဲ့ သိမ်ဖြူလမ်းကြား မြန်မြန်လျှောက်ရင် ၅မိနစ်စာလောက်ပဲရှိတဲ့ အဲဒီ့လမ်းလေးကို အာရုံထဲကနေ ဘယ်လိုမှ ဖျောက်လို့ မရဘူး။ ပိုပြီး အမှတ်တရဖြစ်ဖို့ကောင်းတာက မြောင်းကြီးတွေ။
ကန်တော်ကြီးဘက်ကနေ စပြီး ကန်တော်လေး, ဖို့မြေ, ဘင်္ဂါလီစု, ရေကျော်ကိုဖြတ်ပြီး ပုဇွန်တောင် ချောင်းထဲကို စီးဝင်သွားတာ။ အဲဒီမြောင်းတွေ ကန်တော်လေးကို အဖြတ် မိုးအကြီးအကျယ် ရွာတဲ့အခါ ကန်တော်လေးသားတိုင်း ကြုံရတဲ့ အဖြစ်က မြန်မာဂုဏ်ရည်လမ်းတလျှောက် ရေလျှံတာပါ။ များလား နည်းလားတော့ မသိဘူး။ လမ်းလယ်ခေါင်မှာ ဆိုက်ကား မြုတ်ရုံလောက်ပါပဲ။ Hollywoodက Walk of Fameလိုတော့ သမိုင်းမတွင်ပေမယ့် ဒီလမ်းပေါ်မှာ လျှောက်ခဲ့တဲ့သူတွေအတွက်ကတော့ Walk of Floodပါ။ ငယ်ငယ်တုန်းကတော့ ရေလျှံရင် သိပ်ပျော်။ ကြီးလာတော့ စိတ်ပျက်စရာ။ ဘာပဲ ဖြစ်ဖြစ် လွမ်းတော့ လွမ်းစရာ။
ဒီလမ်းပေါ်က မြောင်းကြီးတွေရဲ့ ဘောင်တွေအပေါ် အဖော်သဟာများနဲ့ တပျော်တပါး ထိုင်ပြီး အုတ်ခုံထိုင်လူတန်းစားတစ်ရပ်ကို ထူထောင်ရင်း မိုးသည်းနေ့တွေ, ဆောင်းချမ်းနေ့တွေ, နွေပြင်းနေ့တွေ...ဒီလိုနေ့တွေကို ပုံဖော်ရင်း ဒီလမ်းပေါ်မှာ ခြေရာတွေ အကွက်ရိုက်ခဲ့ကြတယ်။ ကြာလာတော့လဲ လျှောက်ရင်း သွားရင်းနဲ့ ခြေရာပျောက်တဲ့သူပျောက်လို့ ဤခရီး နီးသလား ဖြစ်ခဲ့ကြလေပြီ...။

ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။



အိပ်မပျော်သူအတွက် ညတာ ရှည်၏ ။
မောပန်းသူအတွက် ခရီးလမ်း ရှည်၏ ။



*** အိပ်မပျော် မောပန်းနေတဲ့ ကန်တော်လေးက ကောင်လေးတွေအတွက် အမှတ်တရ။

Tuesday, 26 May 2009

၁၁၀

နတ္ထိ၂၂နဲ့ အက္ခရ ဘလော့ဂ်၂ခုကို ဒီwordpressမှာ ဆွဲထည့်လိုက်တာ စုစုပေါင်း ပိုစ့် ၁၀၈ခု။ အခု ရေးမယ့် ပိုစ့်က ၁၁၀ခုမြောက်။

တစ်ချိန်က ဖြစ်တည်ကျင်လည်ခဲ့တဲ့ နေရာဟောင်းလေးတစ်ခုကို သတိရမိတယ်။ ရန်ကုန်မှာ တစ်ခုပဲရှိတဲ့ ၁၁၀နဲ့ ပတ်သက်နေတဲ့ နေရာလေးပါ။ ဒီတစ်ခေါက် ရွာရောက်တုန်း အဲဒီကို ခြေဦးမလှည့်ဖြစ်သေးဘူး။ သွားဖြစ်အောင် သွားရမှာ။ သံယောဇဉ်တွေ ရှိတယ်လေ။ အငွေ့အသက်လေးတွေလဲ ကျန်ကောင်းကျန်နေဦးမှာပဲလေ။

ဆယ်ကျော်သက်ရွယ်ကာလဟာ ဘဝရဲ့ တစ်ဆစ်ချိုးအကွေ့တွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို မရောက်နိုင်သေးပေမယ့် အရောင်အသွေး ပြောင်းလဲဖို့ရာ အဖြစ်နို်င်ဆုံးအချိန်တစ်ခုလို့ ထင်တယ်။ အဲဒီအချိန်မှာ ၁၁၀နဲ့ ပတ်သက်ဖြစ်ခဲ့တယ်။ မမေ့နိုင်တဲ့ နေရာဟောင်းတစ်ခုပါပဲ။

ပျော်ရွှင်ကြည်နူးခဲ့ရသော
မူးယစ်ရီဝေခဲ့ရသော
ညစ်ပတ်ပေကျံခဲ့ရသော
အတ္တဘောနဲ့
ချိုမြိန်သော
ခါးသက်သော
မြို့ပြရဲ့ နေ့ညများကို
ဒီနေရာလေးမှာ ဖွဲ့သီခဲ့ဘူးတယ်...။

လမ်းကြောင်း  >>>၁၁၀

Thursday, 31 July 2008

ခလုတ်ထိမှ



ဝရညူ ဒေဝပါမောက္ခေါ၊
ဝဉ္စီနံ ဒေဝဓီတာနံ။
ဝသမ္ပိ နေဝ အာပန္နော၊
ဝန္ဒေ ဗုဒ္ဓံ ဝသိပ္ပတ္တံ။

မာယာများသည့် မာရ်နတ်သမီးပျိုတို့၏
အလိုဆန္ဒကို မလိုက်လျောခဲ့သော
နတ်တို့၏ အကြီးအမှူးဖြစ်သော
အလိုရှိတိုင်း ပြီးပြည့်စုံသော
သမ္မာသမ္ဗုဒ္ဓကို
ဦးခိုက်ပါ၏။

ဒီစကြာဂါထာလေးကို ရေးဖြစ်ခဲ့တာ ကြာလှပါပြီ။ မဟာဗုဒ္ဓဝင်ထဲက အနှစ်သက်ဆုံး ဖြစ်တော်စဉ်တစ်ခုကို အာရုံယူပြီး ရေးထားတာ။ အခုအချိန်မှာ ဒါကို သတိပြန်ရလာတဲ့ အကြောင်းကလဲ ရှိနေတယ်။ ဒုက္ခစိတ်နဲ့ ဒွိဟလူတစ်ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည် ဝါးတားတားဖြစ်နေချိန်မှာ ဘုရားတတဲ့ သဘောမျိုးများ ဖြစ်နေလားတော့ မသိဘူး။ ပရိတ်ကြီး ဓဇဂ္ဂသုတ်ထဲက “မမေဝ တသ္မိံ သမယေ အနုဿရေယျာထ”ဆိုတဲ့ မြတ်ဗုဒ္ဓအလိုတော်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းရင်း…။