Showing posts with label အသောကကျောက်စာ. Show all posts
Showing posts with label အသောကကျောက်စာ. Show all posts

Monday, 27 June 2011

အသောကခြေရာ (၄)

Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။
Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။ ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။ ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… "If India can ask back Kohinoor, why can't Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… "The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last 600 years."
ဒီလို ပြန်လိုချင်သူတွေနဲ့ ပတ်သက်ပြီး Mr. Cameron ပြန်ပြောတာ ရှိတယ်။ Kohinoor စိန်ကြီးနဲ့ ပတ်သက်တာပါ။ အိန္ဒိိယက ဒီစိန်ကြီးကို ပြန်တောင်းနေတော့ သူက ဒီလို ပြောတယ်… "If you say yes to one you suddenly find the British Museum would be empty," BBC သတင်းပါ။
ဒီလိုဆိုတော့…
တောင်းကား တောင်း၏…မရ။
ယူကား ယူ၏…မပေး။
ဒါကတော့ ဝေဒနာတွေပါ။ ခြေရာတွေကတော့ google mapပေါ်မှာ…
အသောကပဓာနကျောက်တိုင်စာ...
(၁)(၂)(၃)(၄)(၅)(၆)(၇/၁)(၇/၂)
ခြေရာအစအန...

Thursday, 16 June 2011

အသောကခြေရာ (၃)


ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။


တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။

တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။

ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော

စိတ်ကလဲ လေးလေး...


အတ္တဘောကလဲ လေးလေး...

‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ

ဒီနေ့ အတွက်


မနက်ဖြန်အတွက်

အာသင်္ဂေါ


အပေက္ခေါ

အငြိအကပ် များများ...။


အငဲ့အကွက် များများ...။

ဒီဃော သယတော သုပိနော။

အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။


အသောကကျောက်ဆောင်စာငယ်

Sunday, 12 June 2011

အသောကခြေရာ (၂)

သင်္ဂါမော
ဇယော
ပရာဇယော
သန္တော

စစ်...
နိုင်...
ရှုံး...

ငြိမ်း..

Kalinga Rock Edicts on Googlemap
ကလိင်္ဂကျောက်စာ
(၁/က)(၁/ခ)(၂)

Friday, 10 June 2011

အသောကခြေရာ

ယာတာနုယာယီ
သွားသောသူသို့ အစဉ်လိုက်သောသူ
သွားသူ...သွား၊
လိုက်သူ...လိုက်၊
gooသူ...goo.
gelသူ...gel.
Major Rock Edicts on Googlemap
အသောကပဓာနကျောက်ဆောင်စာ
(၁) (၂) (၃) (၄) (၅/၁) (၅/၂) (၆/၁) (၆/၂) (၇) (၈) (၉/၁) (၉/၂) (၁၀) (၁၁) (၁၂/၁) (၁၂/၂) (၁၃/၁) (၁၃/၂) (၁၃/၃) (၁၄)

Thursday, 2 June 2011

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၆)

အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။
(၁) Sarnath
(၂) Kausambi
(၃) Sanchi
(၄) Karuvaki Queen
(၅) Lumbini
(၆) Nigliva
အသောကရဲ့ အက္ခရာများ ၂၇၂၈၂၉၃၀၃၁၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။
Minor Rock Edicts on Googlemap
Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြဝါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။
သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ ဝါ ဘေတ္တာ, ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော, ဝဂ္ဂရတော, ဝဂ္ဂနန္ဒီ, ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုတဲ့အတိုင်း ညီညွတ်သူတွေကို သင်းခွဲ။ ကွဲနေသူတွေကို ထောက်ခံအားပေး။ ကွဲရေးပြဲရေးကိုသာ နှစ်သက်မွေ့လျော်ပြီး ကွဲကြောင်းပြဲကြောင်းကို ပြောဆိုနေတာထက် “ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုထားသလို အကွဲအပြဲကို စေ့စပ်၊ ညီညွတ်သူတွေကို အားပေး၊ ညီညွတ်ရေးကို နှစ်သက်မွေ့လျော်၊ ညီညွတ်ကြောင်း ပြောဆိုနေတာက ပိုကောင်းပါတယ်။

Tuesday, 31 May 2011

အသောကရဲ့ အက္ခရာများ - ၃၂

(၁) ဒေဝါနံ ပိယေန ပိယဒသိန လာဇိန စောဒသ၀သာဘိသိတေန
(၂) ဗုဓသ ကောနာကမနသ ထုဗေ ဒုတိယံ ၀ဎိတေ
(၃) (ဝီသတိ၀) သာဘိသိတေန စ အတန အာဂါစ မဟီယိတေ
(၄) ---- (သိလာထဘေ စ ဥသ)ပါပိတေ။

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် အဘိသိက်ခံသည်မှ တစ်ဆဲ့လေးနှစ်မြောက်၌ ဂေါနာဂမနသျှင်တော်ဖုရား၏ ထူပါရုံ (စေတီတော်)ကို ဒုတိယအကြိမ် တိုးချဲ့တည်တော်မူ၏။ အဘိသိက်ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌လည်း ကိုတော်တိိုင် ကြွလာ၍ ရှိခိုးပူဇော်ပြီးလျှင် ကျောက်တိုင်ကို စိုက်ထူပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

“His Sacred and Gracious Majesty the King, when he has been consecrated fourteen years enlarged for the second time the stupa of Buddha Konakammana; and when he has been consecrated [twenty years] having come in person, did reverence and erected [a stone pillar].” (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King consecrated fourteen years was doubly enlarged the stupa of Buddha Konakamana and (by him) consecrated (twenty years), coming in person, and reverence being made, was set up (a stone pillar). (R.K. Mookerji, Asoka.)

Monday, 30 May 2011

အသောကရဲ့ အက္ခရာများ - ၃၁

(၁) ဒေဝါနပိယေန ပိယဒသိန လာဇိန ဝီသတိ၀သာဘိသိတေန
(၂) အတန အာဂါစ မဟီယိတေ ဟိဒ ဗုဓေ ဇာတေ သကျမုနီတိ
(၃) သိလာဝိဂဍဘီ စာ ကာလာပိတ သိလာထဘေ စ ဥသပါပိတေ
(၄) ဟိဒ ဘဂဝံ ဇာတေ တိ။ လုံမိနိဂါမေ ဥဗလိကေ ကဋေ
(၅) အဌဘာဂိယေ စ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီးသည် ကိုယ်တော်မြတ် အဘိသိက် ခံယူ၍့ အနှစ်နှစ်ဆယ်မြောက်အခါ သာကီဝင်မင်းမျိုး၏့ အထွတ် ရဟန်းတို့ တမွတ်ဥသျှောင် ဖြစ်တော်မူသော ဘုရားသခင် ဖွားမြင်တော်မူရာ ဤအရပ်၌ ဖူးမြော်လာရောက်တော်မူလျက် ပူဇော်တော်မူအပ်၏၊ ထို့ပြင် (ဤနေရာ၌ ကျောက်အတိပြီးသော) (ဖွားမြင်တော်မူရာ) တိုက်ခန်းကိုလည်း တည်ထားပြုလုပ်စေ၍့ ကျောက်ကမ္ဗည်းတိုင်ကိုလည်း စိုက်ထူခဲ့၏။ ဤလုမ္ဗိနီဟု [ယခု လက်ရှိ အမည်တွင်သော] ရွာနေရာ၌ ပုဉ်းတော် သခင်ဘုရားရှင်သည် ဖွားမြင်တော်မူခဲ့ပြီးဟု မှတ်သားထားရှိတောမူခဲ့၏။ ဤကုသိုလ်၏့ အဖို့ကိုလည်း နတ်လူတိို့အား ပေးဝေတော်မူ၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး အဘိသိက် ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌ သကျမုနိ ဗုဒ္ဓရှင်တော်ဖုရား ဖွားမြင်ရာ ဤအရပ်သို့ ကိုတော်တိုင် ကြွလာ၍ ရှိခိုးပူဇော်တော်မူ၏။ ဤအရပ်၌ ဖုန်းတော် ကြီးမြတ်တော်မူသော ဖုရားသျှင် ဖွားမြင်တော်မူသည် ဟူ၍ ကျောက်တန်တိုင်း ကန့်၍ ကျောက်တိုင်းကိုလည်း စိုက်ထူထားစေ၏။ လုမ္ဗိနိရွာအားလည်း ရှစ်ဖို့တဖို့ စည်းကြပ်ခြင်းနှင့် အခွန်တော်ကို လွတ်ငြိမ်းခွင့်ပေးတော်မူ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

‘By His Sacred and Gracious Majesty the King when he had been consecrated twenty years, having come in person and reverence having been done inasmuch as “Here was born Buddha, the sage of the Sakyas” a stone bearing a horse was caused to be made and a stone pillar was erected. Inasmuch as “Here the Holy One was born,” the village of Lummini was released from religious cesses and required to pay [only] one-eighth as land revenue.’ (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King, consecrated twenty years, coming in person, was worshipped (this spot), in as much as here was born the Buddha Sakyamuni. A stone bearing a figure was caused to be constructed and a pillar of stone was also set up, to show that the Blessed One was born here. The village Lummini was made free of religious cesses and also liable to pay only one-eighth share (of the produce). (R.K. Mookerji, Asoka.)

Sunday, 29 May 2011

အသောကရဲ့ အက္ခရာများ - ၃၀

(၁) ဒေဝါနံပိယဂါ ၀စနေနာ သ၀တ မဟာမတာ
(၂) ၀တဝိယာ။ ဧ ဟေတာ ဒုတိယာယေ ဒေဝီယေ ဒါနေ
(၃) အံဗာ၀ဍိကာ ဝါ အာလမေ ၀ ဒါနဂဟေ ဝါ ဧ ဝါ ပိ အံနေ
(၄) ကီဆိ ဂနီယတိ တာယေ ဒေဝိယေ ဂေ နာနိ ဟေဝံ (ဝိ) န (တိ)
(၅) ဒုတီယာယေ ဒေဝိယေ တိ တီ၀လမာတု ကာလုဝါကိယေ။

ဒေဝါနံ ပိယမင်းကြီး၏ အမိန့်တော်ဖြင့် အမတ်ကြီးအပေါင်းတို့အား ကြားသိစေအပ်သည်မှာ-
ဒုတိယမိဖုရား လှူသော အရာဟူသ၍ကို သရက်ဥယာဉ်ဖြစ်စေ၊ ပန်းဥယာဉ်ဖြစ်စေ၊ အလှူစရပ်ဖြစ်စေ၊ အခြား မည်သည့်အရာပင်ဖြစ်စေ၊ မိဖုရား၏ အလှူဟု ရေတွက်မှတ်သားရာ၏။ ဤသို့လျှင် တီ၀ရ၏ မိခင် ဒုတိယမြောက် မိဖုရား ကာရုဝါကီ တောင်းပန်ပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

According to the words of His Sacred Majesty, the High Officers everywhere are to be addressed: "Whatever gift has been given here by the Second Queen be it a mango-garden, or pleasure-grove, or almshouse, or aught else is reckoned as proceeding from that queen." [Thus is the request] of the Second queen, the Karuvaki, mother of Tivara.' (V. A. Smith, Asoka, the Buddhist Emperor of India)

The Mahamatras of all places are to be instructed as follows at the word of His Sacred Majesty: Whatever gifts here be of the Second Queen, whether mango-groves or gardens or alms-houses or whatever else, these must be reckoned as of that Queen. [This is the request] of the Second Queen, the mother of Tivara, Karuvaki. (R.K. Mookerji, Asoka.)

Saturday, 28 May 2011

အသောကရဲ့ အက္ခရာများ -၂၉

(၁) --- ---
(၂) --- ယာ ဘေတ(ဝေ)။ (သံ)ဃေ သမဂေ ကဋေ
(၃) ဘိခူနံ စ ဘိခုနီနံ စာ တိ ပုတပ=
(၄) ပေါတိကေ စံဒမသူရိယိကေ။ ယေ သံဃံ
(၅) ဘာခတိိ ဘိခု ဝါ ဘိခုနိ ဝါ သြဒါတာ-
(၆) နိ ဒုသာနိ သံနဓာပယိတု အနာဝါ=
(၇) သသိ ဝါသာပေတဝိယေ။ ဣဆာ ဟိ မေ ကိံ-
(၈) တိ။ သံဃေ သမဂေ စိလထိတီကေ သိယာ တိ။

(သံဃာကိုမ) ကွဲပြားစေရာ။ ဘိက္ခုသံဃာ (ရဟန်းယောကျင်္ားအဖွဲ့) ဘိက္ခုနီသံဃာ (ရဟန်းမိန်းမအဖွဲ့)တို့ကို စည်းလုံးညီညွတ်စေခဲ့လေပြီ။ ဤသို့ ညီညွတ်ခြင်းသည် သားစဉ်မြေးဆက် နေလနှစ်ပါး တည်သ၍ တည်ပါစေသတည်း။ ရဟန်းယောကျင်္ားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ သံဃာတို့၏ စည်းလုံးညီညွတ်ခြင်း အရှည်တည်မြဲစေရန် ကျွနုပ် အလိုရှိပေ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

. . . 'path is prescribed both for the monks and the nuns. As long as (my) sons and great-grandsons (shall reign and) as long as the sun and moon (shall shine), the monk or nun who shall cause divisions in the Samgha should be caused to put on white robes and to reside in a non-residence. For what is my desire? That the Samgha may be united and of long duration.' (V. A. Smith, Asoka, the Buddhist Emperor of India)

. . . (cannot) be divided. . . . the Samgha of the monks and nuns is made united as long as (my) sons and great- grandsons (shall reign and) as long as the sun and moon (shall shine). The monk or nun who shall break up the Samgha should be caused to put on white robes and reside in a non-residence. For what is my desire? That the Samgha may be united and be ever-lasting. (R.K. Mookerji, Asoka.)

Wednesday, 25 May 2011

အသောကရဲ့ အက္ခရာများ -၂၈

(၁)ဒေဝါနံပိယေ အာနာပယတိ။ ကောသံဗိယံ မဟာမာတ
(၂)----သမဂေ ကဋေ။ သံဃသိ နော လဟိယေ
(၃)----သံဃံ ဘာခတိ ဘိခု ဝါ ဘိခုနိ ဝါ သေ ပိ စာ
(၄) သြဒါတာနိ ဒုသာနိ သနံဓာပသိတု အနာဝါသသိ အာဝါသယိယေ။

ဒေဝါနံပိယမင်းကြီး အမိန့် ချမှတ်တော်မူသည်မှာ-
ကောသမ္ဗီပြည်၌ အမတ်ကြီးတို့သည်---- ---- ညီညွတ်စေ၏။ သံဃာဘောင်၌ လက်မခံစေရာ။
ရဟန်းယောင်္ကျားသော်၎င်း၊ ရဟန်းမိန်းမသော်၎င်း၊ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍၊ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

'His Sacred Majesty, [Devdnampi]ye, commands the High Officers of Kosambi.' Whosoever, be it monk or be it nun, shall mislead the Church, shall be vested in white garments and compelled to dwell in an external residence.' (V. A. Smith, Asoka, the Buddhist Emperor of India)

His Sacred Majesty commands (thus). The Mahamatras, at Kaursambi ... is made united . . . should not be received into the Samgha. Also whosoever, monk or nun, breaks up the Samgha, after being clothed in white garments, shall take up abode in a place other than a monastery. (R.K. Mookerji, Asoka.)

Tuesday, 29 March 2011

အသောကရဲ့ အက္ခရာများ - ၂၇

၁။ ဒေဝါ (နံပိယေ ပိယဒသိ လာဇာ)
၂။ ဧ လ
၃။ ပါဋ (လိပုတေ) ---ယေ ကေနပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ
၄။ ဘိခူ ဝါ ဘိခုနိ ဝါ သံဃံ ဘာခဆိ သေ သြဒါတာနိ ဒုသာနိ သံနံဓာပယိယာ အာနာဝါသသိ
၅။ အာဝါသယိယေ။ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိံနပယိတဝိယေ။
၆။ ဟေဝံ ဒေဝါနံပိယေ အာဟာ။ ဟေဒိသာ စ ဣကာ လိပီ တုဖာကံတိကံ ဟုဝါတိ သံသလနသိ နိခိတာ
၇။ ဣကံ စ လိပိံ ဟေဒိသမေ၀ ဥပါသကာနံတိကံ နိခိပါထ။ တေ ပိ စ ဥပါသကာ အနုပေါသထံ ယာဝု
၈။ ဧတမေ၀ သာသနံ ဝိသွံသယိတဝေ အနုပေါသထံ စ ဓုဝါယေ ဣတိကေ မဟာမာတေ ပေါသထာယေ
၉။ ယာတိ ဧတမေ၀ သာသနံ ဝိသွံသယိတဝေ အာဇာနိတဝေ စ။ အာ၀တေ စ တုဖာကံ အာဟာလေ
၁၀။ သ၀တာ ဝိဝါသယာထ တုဖေ ဧတေန ဝိယံဇနနေ။ ဟေမေဝံ သဝေသု ကောဋဝိဂဝေသု ဧတေန
၁၁။ ဝိယံဇနေန ဝိဝါသာပယာထာ။


(မူ-၁) မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီးသည်……….(ဤနေရာ၌ စာ ၂ကြောင်းခွဲးခန့် ပျက်စီး ရှိ၏၊)…ရဟန်းယောကျင်္ား, ရဟန်းမ-သံဃာတော်၏ အလုပ်အကျွေး အဖြစ်ဖြင့် အနာဂါရိက အဝတ်ဖြူ ဝတ်တို့ကို နေထိုင်စေတော်မူ၏၊ ဤအတိုင်း ဤသတင်းစကားကို ရဟန်းသံဃာတော် များ အထံတော်သို့၎င်း, ရဟန်းမ-သံဃာတော်များ အထံတော်သို့ ၎င်း, လျှောက်ထားခွင့်ပန်တော်မူ၏၊ မင်းတကာတို့ ချစ်ကြည်အပ်သော အသောက မင်းတြားကြီး မိန့်ပြန်တော်မူပြီ၊ ဤနှင့်အလားတူ စာသဝဏ် တခုကိုလည်း သင်တို့အထံ၌ ရှိပြီဟု ခရီးယာယီဆောင် စာတော် တခု ထားရှိစေတော်မူ၏၊ ဤနှင့်အလားတူ အမိန့်သဝဏ်စာ တစောင်ကိုလည်း ဥပါသကာတို့ အထံ၌ အပ်နှံထားကြစေ၊ ထိုဥပါသကာတို့လည်း ဥပုသ်နေ့တိုင်း ဤသဝဏ်စာတော်ကိုပင် ကောင်းစွာ ဖတ်ရှု၍့ သံသယကင်းအောင် ပြုလုပ်ကြစေ၊ ဥပုသ်နေ့တိုင်းလည်း ၂ကြိမ်တိုင် တယောက် တယောက်သော အမတ်ကြီးတို့ကို ဥပုသ် စောင့်သုံးပြုစုကြစေကုန်၊ ဤသဝဏ်စာ တခုကိုပင် သံသယ ကင်းအောင် သိနားလည်ကြစေ၊ ဤအမိန့်မှတ်ချက်စာတော်ဖြင့်ပင် သင်တို့ အခွင့်အလှည့် ကုန်သည်တိုင်အောင် ထိုထို နေရပ်တို့၌ ပြောင်းလှဲး နေထိုင်ကြစေ၊ အလုံးစုံသော ကျောင်း-အာရာမ်တို့၌ ဤစာဖြင့်သာ ပြောင်းရွှေ့နေထိုင်ကြစေ။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

(မူ-၂) နတ်တို့ချစ်အပ်သော အသောကမင်တြားကြီး ဤသို့ မြွက်ကြား၏၊ သံဃာတော်များသည် ဂိုဏ်းအသင်းအပင်း မကွဲးပြားရ၊ မည်သူမဆို, ရဟန်းဖြစ်စေ, ရဟန်းမဖြစ်စေ ဂိုဏ်း-အသင်းအပင်းခွဲးခဲ့လျှင်, အဝတ်ဖြူ ဝတ်စေ၍့ ရဟန်းတို့ နေရာမဟုတ်ရာတွင် နေထိုင်စေလိမ့်မည်။ ဤစာတော်ကို ရဟန်းနှင့် ရဟန်းမတို့အား ပြန်ကြားသိကြစေရမည်။
အသောကမင်းတြားကြီး ဤသို့ မြွက်ကြားတော်မူ၏။ -ဤနှင့်အလားတူ အမိန့်စာကို တည်ထား ရှိစေရမည်ဟု စည်းဝေးရာ၌ သင်တို့အား မြွက်ကြားပူးပြီ၊ ထိုမှ တပါး ရေးသားသည့် စာချွန်ကိုလည်း ဥပါသကာမတို့အတွက် ဖော်ပြရေးသားရမည်။ ဥပါသကာတို့ကလည်း ဤစာတော်ကို ယုံကြည် လေးစားစွာ အားထုတ်ရန် လ၏့ ပထမနေ့တိုင်း ဂရုစိုက်ကြရမည်။ ထို့အတူ လ၏့ ပထမနေ့တိုင်း ဤစာတော်၌ ပါဝင်စေ၍့ မိမိတို့ကိုယ်တိုင် ယုံကြည်စွာ အားထုတ်ရန် ကြောင့်ကြစိုက်ကြရမည်။
ထို့ပြင်, သင်တို့ ဒိုင်နယ် အကျယ်အဝန်း ရှိသမျှ အတွင်း၌ အစေ့-အင စာတော်၏့ အာဘော်ကို သိနားလည်စေရမည်၊ ထို့အတူလျှင် မြို့တော်များ ဒိုင်နယ်များအတွင်း၌လည်း ဤစာတော်နှင့် အညီ ပြုကျင့်လိုက်နာစေရန် ပြန်ကြားသိစေရမည်။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး မိန့်တော်မူသည်မှာ-
ပါဋလိပုတ်ပြည်၌၎င်း၊ ပြင်ပမြို့တို့၌၎င်း၊ မည်သူမျှ သံဃာကို ဂိုဏ်းမခွဲရာ။ တစုံတယောက်သော ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမသည်၊ သံဃာကို ဂိုဏ်းခွဲအံ့။ ထိုသူအား ဝတ်ဖြူကို ဝတ်စေ၍၊ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။
ဤသို့လျှင်၊ ဤအကြောင်းကို၊ ဘိက္ခု သံဃာ (ရဟန်းယောင်္ကျားအဖွဲ့)အား၎င်း၊ ဘိက္ခုနိသံဃာ (ရဟန်းမိန်းမအဖွဲ့)အား၎င်း၊ လျှောက်ကြားထားစေရာ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီး ဤသို့ မိန့်တော်မူ၏။
ဤအမိန့်စာ၏ မိတ်တူတစောင်ကို အသျှင်တို့ အထံ၌ ရှိစေ၍၊ အသျှင်တို့ စုရုံးသတင်းသုံရာ ကျောင်း၌ သိမ်းဆည်းထားပါလေ၊ အခြား မိတ်တူတစောင်ကို၊ အသျှင်တို့၏ လူဒါယကာများထံ၌ သိမ်းဆည်းထားပါလေစေ။ ထိုလူဒါယကာတို့သည်လည်း ဥပုသ်နေ့တိုင်း ဤအမိန့်တော်၌ ယုံကြည်ကိုးစားစိတ် ဖြစ်ပေါ်စေခြင်းငှာ (သံဃာတို့ ရှိရာသို့) သွားကြစေသတည်း။ ဥပုသ်နေ့တိုင်းပင်၊ အမတ်ကြီးတဦးကျစီလည်း၊ ဥပုသ်စောင့်သုံးရန်၊ ဤအမိန့်တော်၌ ယုံကြည်ကိုးစားစိတ် ဖြစ်စေရန်နှင့်၊ ဤအမိန့်တော်ကို ကြေငြာရန် မပျက်မကွက် သွားကြပေလိမ့်အံ့။ သင်တို့ မှီကမ်းနိုင်သလောက် အရပ်တိုင်းတို့သို့လည်း၊ ဤအကြောင်းကို၊ အမိန့်တော်ပါစကားအတိုင်း သတင်းဖြန့်လွှင့်ကြကုန်ရာ၏။ ထိုနည်းတူစွာ ဤအကြောင်းကို အမိန့်တော်ပါ စကားအတိုင်း ခပ်သိမ်းသော ခရိုင်မြို့တို့သို့လည်း၊ သတင်းဖြန့်လွှင့်စေရာ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

[Thus saith] His Sacred [and Gracious] Majesty [the King]:
(I) ‘[Both] at Pata[liputra and in the provinces, His Sacred Majesty instructs the High Officers that] the Church may not be rent in twain by any person Whosoever, be it monk or be it nun, shall mislead [lit. “deflect”] the Church shall be vested in white garments and compelled to dwell in an external residence. Thus should this order be made known, both in the congregation of the monks and in the congregation of the nuns.’
(II) Thus saith His Sacred Majesty: ‘One copy of this order (sasane) accessible to you has been posted in the samsarana. See that you have another copy posted so as to be accessible to the lay-disciples. Those lay-disciples, too, on every fast-day must make themselves acquainted with this ordinance (sasane). On every fast-day throughout the year the High Officers must attend the fast-day service in order to make themselves acquainted and familiar with the order. And so far as your jurisdiction extends you must, in accordance with this text, everywhere carry out the expulsion. Similarly, in all fortified towns and Districts you must see that the expulsion is effected according to the text.’ (V. A. Smith, Asoka, the Buddhist Emperor of India)

(Thus ordains) His Sacred (and Gracious) Majesty...Pata (liputra)... the Samgha cannot be torn asunder by any one whatsoever. Whoever, monk or nun, breaks up the Samgha must be made to wear white garments and to take up abode in a place other than a monastery.
Thus should this order be made known in the Samghas of Bhiksus as well as of Bhiksunis.
Thus directs His Sacred Majesty: Let one such Edict be with you, deposited in the cloister of the vihara; deposit ye another self-same Edict with the Updsakas (lay- worshippers).
Those Updsakas may come on each fast day in order to acquaint themselves with this very Edict. And on every fast day regularly (will) each Mahamatra go for the fast- day service in order to acquaint himself with this Edict and understand it fully. And as far as your jurisdiction extends, you are to get dispatched everywhere (an order) to this effect. In this manner, also, in all fortified towns, and districts, have this order sent out to this effect. (R.K. Mookerji, Asoka.)

Thus commands king Priyadarsi the Beloved of the gods…………. Pataliputra………the Samgha cannot be divided by any body. But whosoever creates schism in the Samgha, be it a monk or nun, shall be dressed in white garments, and forced to live in what is not a place (of mendicants). Thus, this command should be communicated to the Samghas of monks and nuns.
Thus saith the Beloved of the gods: One such edict has been deposited with you in your office so that it may be within your reach. And deposit ye another copy of such edict so as to be within the reach of the laity. And these lay worshippers may come on every fast day, to know and understand this very edict. And regularly on every fast day will each Mahamatra go for the fast day service in order to understand and know this edict fully well. And as far as your jurisdiction goes, you must proceed on tour with this specification (of order). Likewise you must send your subordinates to the fortified towns and districts sub-divisional areas with this specification (of order). (Naresh Prasad Rastogi, Inscriptions of Asoka)

Thursday, 30 December 2010

အသောကphrenia

တသွင်သွင် စီးဆင်းနေပေမယ့် နောက်နောက်ကျိကျိနဲ့ ယမုန်နာမြစ် ကမ်းနဘေးမှာ ဖြာကျနေတဲ့ Delhi မြို့ပြလရောင်က အမှောင်ညမှာ အသက်ရှူမ၀တ၀။

ရာဇဝင်ထဲက Delhiမြို့ရဲ့ နန်းတော်ကြီးတွေဟာ စန္ဒကူးနံ့ သင်းပျံ့နေခဲ့ပေမယ့် ရာစုသစ်Delhiမြို့ရဲ့ လမ်းဘေးတွေမှာ ရှိတတ်တဲ့ အမှိုက်ပုံတွေက ဇီ၀ဓာတ်ငွေ့တွေ တထောင်းထောင်း။ Old Delhiမှာ နန်းစိုက်တဲ့, Taj Mahalကို ဖန်တီးခဲ့သူ မဂိုဘုရင်Shah Jahan မျက်ရည်လည်သွားစေနိုင်တဲ့ Slumdog တွေရဲ့ တဲပုတ်တွေကလဲ Delhiမှာ ဟိုတစ်စု ဒီတစ်စု။ မြင်းလှည်း, နွားလှည်း, စက်ဘီး, ဆိုက်ကား, ဆိုင်ကယ်, နှစ်ဘီးတပ်, သုံးဘီးတပ်, လေးဘီးတပ် ယာဉ်အမျိုးမျိုး, မြေပေါ် မြေအောက်ရထားတွေနဲ့ Delhiမြို့ထဲမှာ စီးမြောနေကြတဲ့ ခြေဗလာနဲ့ရော ဖိနပ်ပါသူရော သန်းနှစ်ဆယ်နီးနီး လူတွေက Chalo Delhi (On to Delhi)လို့ ကြွေးကြော်ခဲ့တဲ့ Chandra Boseကို ချီးမြှောက်နေသယောင်ယောင်။ အကြမ်းဖက်ရက်စက်မှု ဒဏ်ချက်နဲ့ တိုက်ခိုက်ရိုက်ခတ်ခံရပေမယ့် အဟိံသခြုံလွှာကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လွှမ်းပတ်ထားတဲ့ ဂန္ဓီကြီးအတွက် ယမုန်နာမြစ်ကမ်းနဘေးက ထာ၀ရမီးတောက်ကတော့ စိမ့်စိမ့်အေးတဲ့ ဆောင်းချမ်းကို မွေ့မွေ့လေး အံတုနေဆဲ။
ဒီမြို့ထဲမှာ ဒီလူတွေ ဒီလို ဒီလိုနဲ့.....ရာစုသစ်ရဲ့ နောက်ဆယ်စုနှစ်သမိုင်းကို Tabletပေါ်မှာ ရေးသားဖို့ အပြင်းအထန် လုံးပမ်းနေပေမယ့် ရာစုဟောင်းများရဲ့ ဝေါဟာရရုပ်ကြွင်းတွေကိုတော့ မေ့မေ့လျော့လျော့နဲ့…..။

Monday, 27 December 2010

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၅)

 အိန္ဒိယတလွှားမှာ အသောကရဲ့ ပဓာနကျောက်စာတိုင် ၆-တိုင် တွေ့ရှိထားတယ်။
(၁) Delhi-Topra,
(၂) Delhi-Meerut,
(၃) Allahabad-Kosam,
(၄) Lauriya-Araraj,
(၅) Lauriya-Nandangarh
(၆) Rampurwa ။
Delhi-Topraကျောက်စာတိုင်ကို မူလနေရာဖြစ်တဲ့ Topra, Ambala, Haryanaပြည်နယ်ကနေ Delhiကို ရွှေ့လာခဲ့တာပါ။ Delhi-Meerutကျောက်စာတိုင်လဲ Meerut, Uttar Pradeshပြည်နယ်ကနေ Delhiကို ရွှေ့ထားတာပါ။ Allahabad-Kosamကျောက်စာတိုင်လဲ Kosamကနေ Allahabad, Uttar Pradeshပြည်နယ်ကို ရွှေ့ထားတာလို့ ယူဆထားကြတယ်။ (ပဓာနကျောက်စာတိုင်တွေရဲ့ locationကို sidebarပေါ်က Major Pillar Edict ခေါင်းစဉ်နဲ့ google mapမှာ ကြည့်ပါ)

ကျောက်စာတိုင်အားလုံးမှာ Brahmi အက္ခရာနဲ့ Prakritဘာသာကို အသုံးပြုပြီး ကျောက်စာ အပိုင်း-၁ကနေ အပိုင်း-၆အထိရေးထိုးထားတယ်။ Delhi-Topraကျောက်စာတိုင်မှာတော့ ကျောက်စာ အပိုင်း-၇အထိ ရေးထိုးထားတယ် (အသောကရဲ့ အက္ခရာများ ၂၀, ၂၁, ၂၂, ၂၃, ၂၄, ၂၅, ၂၆-,)။









အသောကကျောက်စာတွေထဲမှာ ပထမဦးဆုံး Delhi-Meerutကျောက်စာတိုင်ကို ၁၇၅၀-ခုနှစ်မှာ တွေ့ရှိတာဖြစ်ပြီး Delhi-Topraကျောက်စာကိုတော့ ၁၈၃၇-ခုနှစ်မှာ အဦးဆုံး ဘာသာပြန်နိုင်တာပါ။ ဒီပထမဆုံး James Prinsepရဲ့ ဘာသာပြန်ကို ၁၈၇၇ထုတ် Alexander Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲမှာ တွေ့နိုင်တယ်။ ၁၉၂၈ထုတ် R.K. Mookerjiရဲ့ Asokaစာအုပ်ထဲက ဘာသာပြန်နဲ့ ယှဉ်ကြည့်ရင်တော့ အကွာအဟတွေ အများအပြား တွေ့နိုင်မယ်။ တင်ထားတဲ့ ပိုစ့်တွေမှာ ပြန်ကြည့်နိုင်တယ်။ ဘာသာပြန်သူတွေကလဲ အများအပြားမို့ တူတာတွေလဲ ရှိ, မတူတာတွေလဲ ရှိပေါ့။ နှိုင်းယှဉ်လေ့လာလို့တော့ ကောင်းတယ်။
အသောကရဲ့ ပဓာနကျောက်စာတိုင်တွေမှာ “ဓမ္မ” ဝေါဟာရ ၄၆-ကြိမ် အသုံးပြုထားတယ်။ အပိုင်း-၇ တခုထဲမှာကိုပဲ “ဓမ္မ” ၂၉-ကြိမ်တိတိ အသုံးပြုထားတာကို တွေ့ရတာမို့ အတော် ထူးခြားတဲ့ ကျောက်စာတိုင်တွေပါ။ ဒါကြောင့်လဲ အသောက ကျောက်စာတွေဟာ “အသောကဓမ္မ”လို့ ထင်ရှားတယ်။ ဒီလို သမိုင်းစဉ်မှာ မကြုံဘူးတဲ့ သဘောတရားတွေနဲ့ လူမျိုးစုံနိုင်ငံတော်ကြီးကို အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ အသောကရဲ့ အသောကဓမ္မကို ပညာရှင်တို့က “Asoka’s Dhamma Policy”လို့လဲ အမည်တပ်တာ ဖြစ်နိုင်တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့ စံနမူနာယူဖွယ် အခြေခံစည်းမျဉ်းတစ်ခုနဲ့တင် အသောကဓမ္မပေါ်လစီဟာ ကန့်ကွက်စရာမရှိလောက်အောင် ပြည့်စုံနေပြီဆိုတာ ပေါ်လွင်နေပါတယ်။

ဧသာပိ ဝိဓိယာ ဣယံ ဓမေန ပါလေနာ ဓံမေန ဝ်ိဓာနေ ဓံမေန သုခိယနာ ဓံမေန ဂေါတီတိ။

တရားသဖြင့် ထိန်းသိမ်း စောင့်စည်းခြင်း၊ တရားသဖြင့် စီမံခန့်ခွဲခြင်း၊ တရားသဖြင့် ချမ်းသာကို ခံစားစေခြင်း၊ တရားသဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည်ကား (နိုင်ငံတော်၏) ဥပဒေစည်းမျဉ်းတို့ ပေတည်း။

အပိုင်းအစများ>>>
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - , , , )

Sunday, 26 December 2010

အသောကရဲ့ အက္ခရာများ-၂၆ (အပိုင်း-၂)

(အဆက်)
- ဣမေ ဝိယာပဋာ ဟောဟံတိ တိ။ နိဝံဌေသု ပိ မေ ကဋေ ဣမေ ဝိယာပဋာ ဟောဟံတိ။ နာနာပါသံဍေသု ပိ မေ ကဋေ ဣမေ ဝိယာပဋာ ဟောဟံတိ တိ။ ပဋိဝိသိဌံ ပဋီဝိသိဌံ တေသု တေသု တေ တေ မဟာမာတာ။ ဓံမမဟာမာတာ စု မေ ဧတေသု စေ၀ ဝိယာပဋာ သဝေသု စ အံနေသု ပါသံဍေသု။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ
- ဧတေ စ အံနေ စ ဗဟုကာ မုခါ ဒါနဝိသ၀သိ ဝိယာပဋာသေ မမ စေ၀ ဒေဝိနံ စ သ၀သိ စ မေ သြလောကဓနေသိ တေ ဗဟုဝိဓေနေ အာကာလေန တာနိ တာနိ တုဌာယတနာနိ ပဋီပါဒယံတိ ဟိဒ စေ၀ ဒိသာသု စ။ ဒါ လကာနံ ပိ စ မေ ကဋေ အံနာနံ စ ဒေဝိကုမာလာနံ ဣမေ ဒါနဝိသဂေသု ဝိယာပဋာ ဟောဟံတိ တိ

<!--more-->- ဓံမပဒါနဌာယေ ဓံမာနုပဋိပတိယေ။ ဧသ ဟိ ဓံမာပဒါနေ ဓံမပဋီပတိ စ ယာ ဣယံ ဒယာ ဒါနေ သစေ သောစဝေ မဒဝေ သာဓဝေ စ လောကသ ဟေဝံ ၀ဎိသတိ တိ။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ၊ ယာနိ ဟိ ကာနိစိ မမိယာ သာဓဝါနိ ကဋာနိ တံ လောကေ အနုပဋီပံနေ တံ စ အနုဝိဓိယံတိ။ တေန ၀ဎိတာ စ
- ၀ဎိသံတိ စ မာတာပိတိသု သုသုသာယာ ဂုလုသု သုသုသာယာ ၀ယောမဟောလကာနံ အနုပဋီပတိယာ ဗာဘနသမနေသု ကပန၀လာကေသု အာ၀ ဒါသဘဋကေသု သံပဋီပတိယာ။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ။ မုနိသာနံ စု ယာ ဣယံ ဓံမ၀ဎျ ၀ဎိတာ ဒုဝေဟိ ယေ၀ အကာလေဟိ ဓံမနိယမေန စ နိဈတိယာ စ။
-တတ စု လဟု သေ ဓံမနိယမေ နိဈတိယာ ၀ ဘုယေ။ ဓံမနိယမေ စု ခေါ ဧသ ယေ မေ ဣယံ ကဋေ ဣမာနိ စ ဣမာနိ  ဇာတာနိ အဝဓိယာနိ အံနာနိ ပိ စု ဗဟုကာနိ ဓံမနိယမာနိ ယာနိ မေ ကဋာနိ။ နိဈတိယာ ၀ စု ဘုယေ မုနိသာနံ ဓံမ၀ဓိ ၀ဓိတာ အဝိဟိံသာယေ ဘုတာနံ
- အနာလံဘာယေ ပါနာနံ။ သေ ဧတာယေ အထာယေ ဣယံ ကဋေ၊ ပုတာပပေါတိကေ စံဒမသုလိယိကေ ဟောတု တိ၊ တထာ စ အနုပဋီပဇံတု တိ။ ဟေဝံ ဟိ အနုပဋီပဇံတံ ဟိဒတပါလတေ အာလဓေ ဟောတိ။ သတဝိသတိ၀သာဘိသိတေန မေ ဣယံ ဓံမလိဗိ လိခါပိတာ တိ။ ဧတံ ဒေဝါနံ ပိယေ အာဟာ။ ဣယံ
- ဓံမလိဗိ အတ အထိ သိလာထံဘာနိ ဝါ သိလာဖလကာနိ ဝါ တတ ကဋဝိယာ ဧန ဧသ စိရဌိတိကေ သိယာ။

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
လွန်လေပြီးသော ကာလတို့၌ မင်းတို့သည် မည်သို့လျှင် လူတို့အား တရားတော်၌ တိုးတက်ကြီးပွားစေအံ့နည်းဟု တောင့်တခဲ့ကြ၏။ သို့ရာတွင် လူတို့သည် သင့်လျှော်စွာ တရားတော်၌ မတိုးတက် မကြီးပွားခဲ့ချေ။
ဤအချက်၌ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
ငါ ဤသို့ စဉ်းစားမိ၏။ ရှေး၌ မင်းတို့သ် မည်သို့လျှင် လူတို့အား တရားတော်၌ တိုးတက်ကြီးပွားစေအံ့နည်းဟု တောင့်တခဲ့ကြ၏။ သို့ရာတွင် လူတို့သည် သင့်လျော်စွာ တရားတော်၌ မတိုးတက် မကြီးပွားခဲ့ချေ။ မည်သို့လျှင် လူတို့အား တရားတော်ကို လိုက်နာ ကျင့်ဆောင်ပါစေအံ့နည်း။ မည်သို့လျှှု် လူတို့အား တရားတော်၌ တိုးတက်ကြီးပွားပါစေအံနည်း။ တရားတော်၌  တိုးတက်ကြီးပွားခြင်း အလို့ငှာ မည်သို့လျှင် မည်သူအား ချီးမြှင့်မြောက်စားပါအံ့နည်း။
ငါ ဤသို့ အကြံရ၏။ လူတို့အား တရားဟောပြောသည်ကို ကြားနာစေ၍ တရားအဆုန်းအမဖြင် ဆုန်းမစေအံ့။ လူတို့သည် ဤဟောကြားဆုန်းမသည်တို့ကို ကြားနာရသော် တရားတော်အား လိုက်နာကျင့်ဆောင်ကြ၍ မြင့်မြတ်တက်ကြွလာကြပြီးလျှင် တရားတော်၌ အမှန်တိုးတက် ကြီးပွားလာလိမ့်အံ့။
ဤအကျိုးငှာ ငါသည် တရားအဟောအပြောတို့ကို ဟောပြောစေ၍ တရားအဆုန်းအမတို့ကိုလည်း အနည်းနည်းဖြင့် အမိန့်ပေးခဲ့လေပြီ။ များစွာသော လူတို့၏ ခိုလှုံရာဖြစ်သော ပုရိသာခေါ် ငါ၏ အမှုထမ်းတို့သည် ငါဟောပြော ဆုန်းမသည်တို့ကို ဝန်းကျင်ဟောကြားပြန့်နှံ့စေရာ၏။ ထောင်သောင်းများစွာသော လူတို့၏ ခိုလှုံရာဖြစ်သော ရဇ္ဇူကာ အမတ်ကြီးတို့အားလည်း တရားတော်နှင့် စပ်လျဉ်း၍ လူတို့အား ဤသို့ ဤသို့လျှင် ဟောကြားဆုန်းမရာ၏ဟု ငါ အမိန့် ချမှတ်ထားတော်မူလေပြီ။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
ဤအကြောင်းကို မြော်မြင်လျက် တရားကျောက်တိုင်များကို စိုက်ထူခဲ့လေပြီ။ တရားအမတ်ကြီးများကိုလည်း ခန့်ထားခဲ့လေပြီ။ တရားဟောပြောခြင်းတို့ကိုလည်း ပြုစေခဲ့လေပြီ။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
လူနှင့် တိရိစ္ဆာန်တို့အား အရိပ်ဖြစ်စေခြင်းငှာ လမ်းတို့၌ ညောင်ပင်များကို စိုက်ပျိုးစေခဲ့လေပြီ။ သရက်ဥယျာဉ်များကိုလည်း စိုက်ပျိုးစေခဲ့လေပြီ။ ရှစ်ကောသတိုင်းတို့၌ သောက်ရေတွင်းတို့ကို တူးစေခဲ့လေပြီ။ တည်းအိမ်တို့ကိုလည်း ဆောက်စေခဲ့လေပြီ။ လူနှင့် တိရိစ္ဆာန်တို့ သုံးဆောင်စိမ့်သောငှာ များစွာသော ရေချမ်းစင်တို့ကိုလည်း ထိုထို အရပ်တို့၌ ဆောက်စေခဲ့လေပြီ။ ဤအသုံးအဆောင်တို့သည်ကား မပြောပလောက်ပေ။ ရှေးမင်းတို့သည်၎င်း ငါသည်၎င်း အထူးထူးသော ချမ်းသာခြင်းတို့ဖြင့် လူတို့အား ချမ်းသာစေခဲ့လေပြီ။ သို့ရာတွင် ဤသည်တို့ကိုကား လူတို့သည် တရားကျင့်ဝတ်များကို လိုက်နာ ကျင့်သုံးစေခြင်းငှာသာလျှှု် ငါ ဆောင်ရွက်ပေ၏။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
ငါ၏ တရားအမတ်ကြီးတို့သည် ရသေ့ရဟန်းတို့အား၎င်း အိမ်ရာထောင်သူတို့အား၎င်း အထူးထူးသော စီမံခြင်းတို့ဖြင့် ချီးမြှငါ့ထောက်ပံ့ရန် အားထုတ်ဆောင်ရွက်လျက်ရှိကြကုန်၏။ အားလုံးသော ဘာသာဝင်တို့ အတွက်ပင် ဆောင်ရွက်လျက် ရှိကြကုန်၏။ သံဃာတော်၏ အကျိုးငှာလည်း ၎င်းတို့အား ငါ ဆောင်ရွက်စေ၏။ ထိုနည်းတူစွာ ဗြဟ္မဏ အာဇီဝိက နိဂန္ထရဟန်းတို့နှင့် အမျိုးမျိုးသော အယူဝါဒဂိုဏ်းသားတို့၏ အကျိုးငှာလည်း ၎င်းတို့အား ငါ ဆောင်ရွက်စေ၏။ ထိုထို ဂိုဏ်းအသီးသီးတို့၌ ထိုထို သီးသန့်အမတ်ကြီးများကို စေလွှတ်ဆောင်ရွက်စေ၍ တရားအမတ်ကြီးတို့ကိုမူကား ထိုဂိုဏ်းအသီးသီးတို့နှင့် ကျန်အခြားဘာသာဝင် အပေါင်းတို့၏ အကျိုးကို သည်ပိုးဆောင်ရွက်စေ၏။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသိမင်းကြီး ဤသို့ မိန့်တော်မူ၏။
ဤအမတ်ကြီးများ တရားအမတ်ကြီးများနှင့် အခြား များစွာသော အရာရှိကြီးတို့သည် ငါနှင့်တကွ မိဖုရားများ ငါ၏ နန်းတော်သူနန်းတော်သားအပေါင်းတို့၏ လှူဒါန်းစွန့်ကြဲခြင်းတို့ကို စီမံခန့်ခွဲလျက်ရှိကြကုန်၏။ ထိုသူတို့သည် အမျိုးမျိုး စီမံဖန်တီးထားသော ထိုထို လှူဒါန်းစွန့်ကြဲဖွယ်တို့အား နှစ်ခြိုက်စွာ ခံယူမည့်အရပ်တို့ကို ပါဋလိပုတ်ပြည်၌၎င်း အရပ်လေးမျက်နှာတို့၌၎င်း ရှာဖွေညွှန်ကြားကြကုန်၏။ ထိုသူတို့သည် ငါ၏ သားတော်များနှင့် မိဖုရားတို့၏ သားတော်များ၏ လှူဒါန်း စွန့်ကြဲဖွယ်တို့ကိုလည်း တရား၌ သက်ဝင်စေခြင်းငှာ၎င်း တရားကို ကျင့်သုံးဆောက်တည်စေခြင်းအကျိုးငှာ၎င်း စီမံခန့်ခွဲကြကုန်သေး၏။ တရား၌ သက်ဝင်ခြင်း တရားကျင့်သုံးဆောက်တည်ခြင်းတို့ဟူသည်ကား သနားခြင်း ပေးလှူခြင်း မှန်ကန်ခြင်း စိတ်နှလုံးဖြူစင်ခြင်းး ယဉ်ကျေးသိမ်မွေ့ခြင်း ကောင်းမြတ်ခြင်းတို့သည် လူအပေါင်းတို့၌ တိုးတက်ရင့်သန်လာခြင်းပင်ဖြစ်ချေ၏။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
ကောင်းမှုများကို ငါပြုတော်မူသည်အတိုင်း လူအပေါင်းတို့သည်လည်း လိုက်နာပြုကျင့် ဆောင်ရွက်ကြကုန်၏။ ဤသို့လျှင် အမိအဖတို့အား ရိုသေကျိုးနွံခြင်း ဆရာသမားတို့အား ရိုသေကျိုးနွံခြင်း သက်ရွယ်ကြီးရင့်သူတို့အား ကိုင်းရှိုင်းခြင်း ရဟန်းပုဏ္ဏား ဆင်းရဲဒုက္ခရောက်နေသူ မရှိနွမ်းပါးသူ ကျေးကျွန်အခိုင်းအစေတို့အား ကောင်းစွာပြုစုစောင့်ရှောက်ခြင်းတို့သည် တိုးပွားလာခဲ့၏။ ရှေ့သို့လည်း တိုးပွားဦးအံ့။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
လူတို့သည် ဤမျှလောက် တရားတော်၌ တိုးတက်ကြီးပွားလာခဲ့သည်မှာ သီလတရားနှင့် ဘာ၀နာတရားတည်းဟူသော အကြောင်းနှစ်ပါးတို့ကြောင့် ဖြစ်လေသည်။ ထိုအကြောင်းနှစ်ပါးတို့အနက် သီလတရားသည်ကား လွယ်ပေ၏။ ဘာ၀နာတရားသည်သာ ထူးမြတ်၏။ သီလတရားတို့မှာ ဤသတ္တဝါ ဤသတ္တဝါတို့ကို မသတ်ရာဟု ငါသတ်မှတ်ထားသည်တို့နှင့် အခြားများစွာသော ငါသတ်မှတ်ထားသည့် သီလတရားတို့ပင် ဖြစ်လေသည်။ ဘာ၀နာတရားဖြင့်သာ သတ္တဝါတို့အား မနှိပ်စက် မညှင်းဆဲ သူ့အသက်ကို မသတ်ပဲလျက် လူတို့သည် တရားတော်၌ သာလွန် တိုးတက်ကြီးပွားခဲ့ပေ၏။ ဤတရား အမိန့်တော် ပြန်တမ်းကို ဤအလို့ငှာ ထုတ်ပြန်စေ၏။ ငါ၏ သားတော်အစဉ် မြေးတော်အဆက် နေလနှစ်ပါး တည်သ၍ တည်မြဲပါစေသတည်း။ လူတို့သည် လိုက်နာကြသဖြင့် ဤလောက တမနွန်လောကတို့၏ အကျိုးကို ရရှိခံစားကြရကုန်စေသတည်း။
ဤတရားကဗျည်းကို ငါအဘိသိက်ခံသည်မှ နှစ်ဆယ့်ခုနှစ်နှစ်မြောက်၌ ရေးထိုးစေ၏။
ဤတရားကဗျည်းနှင့် စပ်လျဉ်း၍ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး မိန့်တော်မူသည်မှာ
ဤတရားကဗျည်းကို ကျောက်တိုင် ကျောင်မျက်နှာပြင်ရှိသည့် အရပ်တိုင်းတို့၌ အစဉ်တည်မြဲစိမ့်သောငှာ ရေးထိုးကြစေကုန်သတည်း။ (ဦးဖိုးလတ်, အသောကကျောက်စာများ၊)
....
Thus saith His Sacred and Gracious Majesty the King: The kings, who were in the past ages, wished thus: How should the people grow with the growth of Dharma? But the people were not advanced with a corresponding advance in Dharma.
Concerning this, His Sacred and Gracious Majesty thus saith: This occurred to me: In ages past did thus wish the kings: How should the people advance with enough advance in Dharma? But the people were not advanced with enough advance in Dharma. By what means, then, might the people be made strictly to follow it?
By what means might the people be made to advance with enough advance in Dharma? By what means could I uplift them with advance in Dharma?
Concerning this, His Sacred and Gracious Majesty thus saith: This occurred to me: Religious messages shall I cause to be proclaimed: religious injunctions shall I enjoin: the people listening to this will follow strictly, will uplift itself, and will be made to advance considerably with advance in religion.
For this purpose have the religious messages been proclaimed by me, various kinds of religious injunctions have been ordained, so that my Purusas, too, appointed in charge of many people will expound and expand (these). The Rajukas, too, in charge of many hundred thousands of lives, these, too, have been instructed by me: "thus and thus exhort ye the people who are devoted to Dharma.” 
Thus saith His Sacred and Gracious Majesty the King: By me perceiving this have indeed been set up pillars of piety, Dharma-Mahamatras created, and Religious Edicts composed. 
Thus saith His Sacred and Gracious Majesty the King: On the high roads, too, banyan trees were caused to be planted by me that they might give shade to cattle and men, mango-gardens were caused to be planted, and wells were caused to be dug by me at each half-kos, rest-houses l were caused to be built; many watering stations were caused to be established by me, here and there, for the comfort of cattle and men. Slight comfort, indeed, is this. For by various kinds of facilities for comforts, the people have been made happy by previous kings, and myself. But, that the people might strictly follow the path laid down by Dharma, was this thus done by me.
Thus saith His Sacred and Gracious Majesty the King: Those my Dharma-Mahamatras, too, are employed in various kinds of business, in matters of royal favour, both of ascetics and of house-holders; among all sects also are they employed. In the business of the Samgha, too, has it been ordained by me that these shall be employed: similarly has it been ordained by me that these shall be employed among Brahmana and Ajivika ascetics; among Nirgranthas, too, has it been ordained by me that these shall be employed; among the various sects, too, has it been ordained by me that these shall be employed. There were such and such Mahamatras specially (employed) for such and such (sects), but my Dharma-Mahamatras were employed among these (congregations), as also among all other sects.
Thus saith His Sacred and Gracious Majesty the King: These, and many other principal officials, are also occupied with the distribution of charities of myself and the queens. And in all my female establishments, both here and in the provinces, they are carrying out in various kinds of forms such and such measures productive of happiness.  (And besides the queens and myself) has it also been ordained by me that they shall be occupied with the distribution of charities of my sons and other queens’ sons in order (to promote) noble deeds of Dharma, and strict adherence to Dharma. And these are the noble deeds of Dharma and adherence to Dharma whereby the following, viz., compassion, liberality, truthfulness, purity, gentleness, and goodness of the people will thus increase.
Thus saith His Sacred and Gracious Majesty the King: Whatever good deeds have been done by me, these the people have followed and these they will imitate and thereby they have been made to progress, and will be made to progress in obedience to parents, teachers, in reverence for age, in proper behaviour towards Brahmana and Sramana ascetics, the poor and the miserable, even towards servants and dependents.
Thus saith His Sacred and Gracious Majesty the King: This advance in Dharma of the people has been promoted only by two ways, by regulation of Dharma, and by inner meditation. But of these (two), regulation of Dharma is of little effect, but by inner meditation (Dharma may be promoted) greatly. The regulation by Dharma is this that by me is thus ordained that such and such creatures are not to be killed, as well as many other regulations of Dharma, such as have been ordained by me. But by inner meditation, indeed, has been much promoted the people's progress in Dharma in respect of abstention from injury to life and from slaughter of living creatures.
To this end was it ordained that it may last as long as (my) sons and grandsons, or moon and sun (will be), and that (people) may follow in this path. For if one follows in this path, (happiness) in this and the other world will be attained.
By me consecrated twenty-six years was this Religious Edict inscribed.
About this l says His Sacred Majesty: This rescript on morality must be engraved where there are stone pillars, or stone-slabs, in order that this may be everlasting. (R.K. Mookerji, Asoka) 

အသောကရဲ့ အက္ခရာများ-၂၆ (အပိုင်း-၁)

ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ။ ယေ အတိကံတံ
-အံတလံ လာဇာနေ ဟုသု ဟေဝံ ဣဆိသု။ ကထံ
-ဇနေ ဓံမ၀ဎိိယာ ၀ဎေထ နော စု ဇနေ အနုလုပါယာ ဓံမ၀ဎိယာ
၀ဎိထာ၊ ဧတံ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ။ ဧသ မေ
- ဟုထာ။ အတိကံတံ စ အံတလံ ဟေဝံ ဣဆိသု လာဇာနေ ကထံ ဇနေ
-အနုလုပါယာ ဓံမ၀ဎိယာ ၀ဎေယာ တိ။ နော စ ဇနေ အနုလုပါယာ။
- ဓံမ၀ဎိယာ ၀ဎိထာ။ သေ ကိနသု ဇနေ အနုပဋိပဇေယာ။
- ကိနသု ဇနေ အနုလုပါယာ ဓံမ၀ဎိယာ ၀ဎေယာတိ။ ကိနသု ကာနိ
- အဘျုံနာမယေဟံ ဓံမ၀ဎိယာ တိ။ ဧတံ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ
- အာဟာ။ ဧသ မေ ဟုထာ ဓံမသာ၀နာနိ သာဝါပယာမိ ဓံမာနုသထိနိ အနုသာသာမိ။ ဧတံ ဇနေ သုတု အနုပဋိပဇီသတိ အဘျုံနမိသတိ၊
-ဓံမ၀ဎိယာ စ ဗာဎံ၀ဎိသတိ။ ဧတာယေ မေ အဌာယေ ဓံမသာ၀နာနိ သာဝါပိတာနိ ဓံမာနုသထိနိ ဝိဝိဓာနိ အာနပိတာနိ ယထာ ပုလိသာ ပိ ဗဟုနေ ဇနသိ အာယတာ ဧ တေ ပလိယော၀ဒိသံတိ ပိ ပဝိထလိသံတိ ပိ။ လဇူကာ ပိ ဗဟုကေသု ပါနသတသဟသေသု အာယတာ တေ ပိ မေ အာနပိတာ။ ဟေဝံ စ ဟေဝံ သ ပလိယော၀ဒါထ
-ဇနံ ဓံမယုတံ။ ဒေဝါ နံ ပိယေ ပိယဒသိ ဟေဝံ အာယာ။ ဧတမေ၀ မေ အနုဝေခမာနေ ဓံမထံဘာနိ ကဋာနိ ဓံမမဟာမာတာ ကဋာ ဓံမသာ၀နေ ကဋေ။ ဒေဝါနံ ပိယေ ပိယဒသိ လာဇာ ဟေဝံ အာဟာ၊ မဂေသု ပိ မေ နိဂေါတာနိ လောပါပိတာနိ ဆာယောပဂါနိ ဟောသံတိ ပသုမုနိသာနံ။ အံဗာ၀ဍျကျာ လောပါပိတ။ အဎကောသိကျာနိ ပိ မေ ဥဒုပါနာနိ
- ခါနာပါပိတာနိ။ နိံသိဎျယာ စ ကာလာပိတာ။ အာပါနာနိ မေ ဗဟုကာနိ တတ တတ ကာလာပိတာနိ ပဋီဘောဂါယေ ပသုမုနိသာနံ။ လဟုကေ စု ဧသ ပဋီဘောဂေ နာမ။ ဝိဝိဓာယာ ဟိ သုခါယနာယာ ပုလိမေဟိ ပိ လာဇီဟိ မမယာ စ သုခယိတေ လောကေ ဣမံ သု ဓံမနုပဋီပဋီ အနုပဋီပဇံတု တိ ဧတဒထာ မေ
- ဧသ ကဋေ။ ဒေဝါနံပိယေ ပိယဒသိ ဟေဝံ အာဟာ။ ဓံမမဟာမတာ ပိ မေ တေ ဗဟုဝိဓေသု အဌေသု အာနုကဟိကေသု ဝိယာပဋာသေ ပ၀ဇီတာနံ စေ၀ ဂိဟိထာနံ စ။ သ၀ပသံဍေသု ပိ စ  ပိယာပတာသေ။ သံဃဌသိ ပိ မေ ကဋေ ဣမေ ဝိယာပဋာ ဟောဟံတိ တိ။ ဟေမေ၀ ဗာဘနေသု အာဇီဝိကေသု ပိ မေ ကဋေ (ဆက်ရန်)

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်မြွက်ပြန်ကြားတော်မူပြီ။ -- ဤလောက၌ မြောက်မြားစွာသော မင်းတြားတို့သည် မည်သို့ အားဖြင့် တိုင်းသားပြည်သူ ဗိုလ်လူအများ၌ တရားနှင့် ညီညွတ်သော အစီးအပွားကို ပွားစီးစေရကုန်အံ့နည်း? မည်သို့အားဖြင့် တိုင်းသားပြည်သူ ဗိုလ်လူတို့နှင့် မဆန့်ကျင်ပဲး ရှိ၍့ တရားသဖြင့် ပွားစီးစည်ပင်ကုန်အံ့နည်း? ဟု ဤသို့ အလိုဣစ္ဆာရှိကြကုန်ကာသာ သေလွန်ရသည့် ကာလအကြားပါတ်လုံး ကုန်လွန်ကြရကုန်၏၊ (အလို့အတိုင်းကား ပြုစုနိုင်ကြသူ အလွန်ရှားလှကုန်၏။)
ဤအရေးနှင့် စပ်သော စကားကို မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့၎င်း မိန့်မြွက်ပြန်ကြားတော်မူပြီ၊-- ဤသို့ တရားသဖြင့် ကြီးပွားလိုသော မင်းတို့အား၎င်း တိုင်းသားပြည်သူ ဗိုလ်လူတို့အား၎င်း အဘယ်သို့လျှင် တရားနှင့် သင့်တင့်သော ကြီးပွားခြင်းမျိုးဖြင့် ကြီးပွားစေနိုင်ကုန်အံ့နည်းဟု၎င်း မည်သို့လျှင် ထိုသို့သော မင်းတြားတို့နှင့် အများပြည်သူတို့အား တရား၌ ကိုင်းညွတ်စေနိုင်အံ့နည်းဟု၎င်း ဤသို့ ကြံစည်ကာသာ ငါမင်းမြတ်အား ယနေ့အထိ ကြားကာလကို ကုန်လွန်စေပြီ။
ဤ မိမိ ကြံစည်ရေးနှင့် စပ်သည်ကိုလည်း မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်မြွက်ပြန်ကြားတော်မူပြီ၊ ငါမင်းမြတ်မှာ ဤသို့ တရားတော် ပွားစေလိုသည့် စိတ်ဆန္ဒဖြစ်တော်မူ၍့ ဓမ္မကထိက ရဟန်း-ရှင်-လူတို့ တရားစကားကို ဟောပြဆုံးမခြင်းကို နာကြားတော်မူ၏။ တရားတော် ဟောပြဆုံးမခြင်းကိုလည်း ဟောညွှန်ဆုံးမ သြဝါဒပေး၏။ ဤသို့ ငါမင်းမြတ်၏့ တရားနာခြင်း တရားဟောခြင်းသည် ကောင်းမွန်လှစွာလျှင် အစဉ်မပြတ် အသက်ဆုံးတိုင် ဆက်စပ်လိမ့်သတည်း။ တရားနာရေး ဟောပြောရေး၌ ကောင်းစွာ ညွတ်တွားလိမ့်သတည်း။
တရားနှင့်သင့်လျော်သော စီးပွားဖြင့်သာ လွန်စွာ ကြီးပွားစေလိမ့်သတည်း။ ငါမင်းမြတ်သည် ဤသို့သော တရားတော် ကြီးပွားရေးအတွက်သာ တရားတော်ကို ကြားနာတော်မူရ၏။ တရားတော်အတိုင်း အဆုုံးအမပေးတော်မူ, အထူးထူးသော တရားသြဝါဒတို့ကိုလည်း စေစားတော်မူအပ်ကုန်၏။ ထိုနည်းအတိုင်းပင် ငါမင်းမြတ်၏့ မှူးတော်မတ်တော်တို့သည်လည်း များစွာသော တိုင်းသားပြည်သူတို့နှင့် စပ်ဆက်ကုန်ကြရကား ငါ့တရားကို တဆင့်ပြောကြား ဆုံးမကြကုန်လတ္တံ့။ ဗိုလ်လူ တိုင်းအနှံ့ ဖြန့်ဖြူးကြကုန်လတ္တံ့။ မြားမြောက်စွာသည့် ဗိုလ်လူအသိန်းတို့နှင့် စပ်ဆိုင်ကြကုန်သော လက်အောက် ဘုရင်ခံတို့ ထံသို့လည်း ဤသို့ ဤသို့ ဆုံးမ သြဝါဒပြုကြပါကုန်ဟု ငါမင်းမြတ်က စေစားတော်မူအပ်ကုန်ပြီ။
ထိုထိုဗိုလ်လူ မြောက်မြားစွာတို့အား တရားတော် ဆက်ဆံ ရောနှောရေးနှင့် စပ်လျက် မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်မြွက်တော်မူပြီ၊ -- ဤသို့ ဗိုလ်လူ အများနှင့် တရားတော် ဆက်ဆံရေးကို တွေးဆ ချိန်စက်တော်မူ၍့ ငါမင်းမြတ်သည် တရားသြဝါဒါနုသာသနီကျောက်စာတိုင်တို့ကို အမြောက်အမြား စိုက်ထားတည်ထောင် ထားရှိအပ်ကုန်၏။ တရားညွှန်ပြ သြဝါဒအရေး၌ ကြပ်မတ်စီမံရန် အမတ်ကြီးများကို ခန့်ထားတော်မူအပ်ကုန်၏။ အကြိမ်များစွွာ တရားနာခြင်းကို ငါမင်းမြတ် ပြုတော်မူ၏။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်ပြန် ထုတ်ဆင်တော်မူပြီ။-- ငါမင်းမြတ်သည် သားငှက် တိရိစ္ဆာန်နှင့် လူတို့ အရိပ်ခိုရရန် အလို့ငှာ ခရီးလမ်းတို့၌ ပြည်ညောင်ပင်များစွာတို့ကိုလည်းကောင်း သရက်ပင် ညောင်ပိန္နဲးပင်တို့ကိုလည်းကောင်း စိုက်ပျိုးတော်မူအပ်ကုန်၏။ ကောသဝက် ကောသဝက် ကွာခြားရာ၌ ရေတွင်း ရေကန်တို့ကိုလည်း သောက်သုံးရန် တူးထားစေတော်မူအပ်ကုန်၏။ ထိုထို လမ်းခရီးတို့၌ နေထိုင်ခိုနားရန် ဓမ္မသာလာတို့ကိုလည်း ဆောက်လုပ်တည်ထားစေတော်မူအပ်ကုန်၏။ ထို့ပြင် ထိုထို ရေချမ်းစင် ရေကျင်းတို့ကိုလည်း ထိုထို အရပ်ထက်ဝန်းကျင်၌ သားငှက်နှင့် လူတို့ သောက်သုံးရန် တည်ထားစေတော်မူအပ်ကုန်၏။ ဤ သုံးဆောင်ဖွယ် ကုသိုလ်မည်သည် သေးငယ်ပေါ့ပါးသော အမှုသာဖြစ်၏။ သင့်မြတ်လှစွာ့ ရှေးရှေးမင်းတြားတို့လည်း အစားစားသော ချမ်းသာစေခြင်းမျိုးဖြင့် ချမ်းသာစေခဲ့ကုန်ပြီ၊ စင်စစ်ကားဤအမှု၌ တရားအားလျော်သော ကျင့်စဉ်ကိုသာ တုမူကျင့်ဆောင်ကြကုန်၊ ဤတရားအကျိုးငှာသာ ငါမင်းမြတ်သည် ထိုအမှုကို ပြုတော်မူ၏။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်ပြန်တော်မူပြီ။ ငါမင်းမြတ်၏့ တရားကြပ် အမတ်ကြီးတို့လည်း များပြာစွာသော အကျိုးရှိ ကိစ္စတို့ကို ခြီးမြောက်ကုန်လျက် ကြောင့်ကြစိုက်ကုန်၏။ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့ အတွင်း၌၎င်း ဗုဒ္ဓဘာသာဝင်မှ တပါးတခြား ဘာသာဝင်ပုဂ္ဂိုလ်တို့ အတွင်း၌၎င်း ထင်ရှားကြကုန်၏။ အလုံးစုံသော အယူဝါဒမရွေး ရှိသမျှ ဝါဒအပေါင်းအစု၌ ငါမင်းမြတ် ပြုအပ်သော ဤကောင်းမှုတို့သည်လည်း ပေါ်လွင်သည်သာ ဖြစ်ကုန်လတ္တံ့။ ဤအတူပင် ပုဏ္ဏားအပေါင်းတို့အတွင်း၌၎င်း အာဇီ၀ကတက္ကဒွန်းတို့အတွင်း၌၎င်း ငါမင်းမြတ် ပြုအပ်သော တရားအကျင့်တို့သည် ပေါ်လွင်သည်သာ ဖြစ်ကုန်လတ္တံ့၊ နိဂန္ထအယူရှိသူတို့အတွင်း၌ ငါမင်းမြတ် ပြုအပ်သော တရားကျင့်ဝတ်တို့သည် ထင်စွာ ဖော်ပြသည်သာ ဖြစ်ကုန်လတ္တံ့။ ထူးထွေ ထူးထွေရာကို သီးသန့် သီးသန့် ပြု၍့ ထိုထိုပုဂ္ဂိုလ်တို့အတွင်း၌ ထိုထိုအမတ်ကြီးတို့သည်၎င်း ထိုထိုတရားပြညွှန် သွန်သင်သော အမတ်တို့သည်၎င်း ဤအားလုံး၌ ဖြစ်စေ ဤမှတပါးသော ပုဂ္ဂိုလ်တို့အတွင်း၌ ဖြစ်စေ ထင်စွာ ဖော်ပြကြကုန်။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်မြွက်ပြန်ကြားတော်မူပြီ။-- ဤသို့ ညွှန်ကြားခဲ့သည့် ကောင်းမှုတို့ကို၎င်း ဤမှတပါး များစွာ အရေးရောက်သော အမှုတို့ကို ပေးကမ်း စွန့်ကြဲးရေးဆိုင်ရာ၌ ထင်စွာ ဖော်ပြသင့်ကုန်၏။ ငါမင်းမြတ် ကိုယ်တော်တိုင်၎င်း မိဘုရားကြီးငယ်တို့၎င်း အားလုံးသော ငါမင်းမြတ်၏့ နန်းတော်သူ အပေါင်းတို့၎င်း ဤသူတို့သည် မြောက်မြား ထူးထွေသော အမျိုးအစားအားဖြင့် ဤမင်းနေပြည်တော် ပါဋလိပုတ်၌၎င်း အရပ်ရှစ်မျက်နှာတို့၌၎င်း ထိုထို စိတ်နှစ်ခြိုက်ရာ အဆောက်အဦးတို့ကို ပြုစုကြကုန်၏။ ငါမင်းမြတ်၏ သားတော်များနှင့် တပါးသော ဆွေတော်မျိုးတော် ဆိုင်ရာ မင်း မိဘုရားတို့၏့ သားတော်များ ဤအားလုံးတို့ ပြုလုပ်ကြကုန်သော ပေးကမ်း ဝေဖန်ခြင်းဆိုင်ရာ ကုသိုလ်တို့သည်လည်း တရားတော် လမ်းကြောင်းထင်ရင် တရား-အတု ပြုလုပ်ကျင့်ကြံကြစေရန် ဖော်ပြပေါ်လွင်စေအပ်သည်ပင် ဖြစ်ကုန်လတ္တံ့။ အလှူဒါန မှန်ကန်ခြင်း စင်ကြယ်ခြင်း ဤအရာဖက်၌ သနားညှာတာခြင်းဟူသော ဤကျင့်ဝတ်သည် ပြဓာန်းသော ပဋိပတ် မည်၏။ ဤသူတော်ကောင်း အကျင့်သည်လည်း လောကနေသူ လူတို့အတွင်း၌ ဤသို့အားဖြင့် ပြန့်ပွားရာသတည်း။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်ပြန်မြွက်ကြားတော်မူပြီ။-- ငါမင်းမြတ် ပြုပြုတိုင်း ကောင်းသောအမှု ဟူသမျှကို လူအများတို့ လိုက်နာတုမူနည်းယူ ကျင့်ဆောင်စေရန် စီမံတော်မူအပ်ကုန်၏။ သို့စီမံထားရှိချက်က တိုးတက်ပြန့်ပွားစေခဲ့သော် အမိအဘတို့စကားကို နားထောင်လိုက်နာခြင်းငှာ၎င်း ဆရာသမားတို့ အဆုံးအမတို့ နာယူကျင့်ကြံစေရန်၎င်း အရွယ်ကြီးရင့် အိုမင်းသူ ရဟန်းပုဏ္ဏား အထီးကျန် သူတောင်းစားတို့၌ တရားနှင့်အညီ ကျင့်ဆောင်စေရန်၎င်း ကျွန်အမှုလုပ်သူခစားတို့ အပေါ်၌ ဖြောင့်မှန်ကောင်းမွန်စွာ ကျင့်ဆောင်စေရန်၎င်း ဤသို့သော တရားကောင်းတို့သာ ကြီးပွားတိုးတက်ကုန်လိမ့်သတည်း။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်မြွက်ပြန်ကြားတော်မူပြီ။-- ဤကပ္ပါလောကနေသူ လူတို့အတွင်း၌ တရားသဘောအားဖြင့်၎င်း သိနားလည်အောင် စူးစားရန် တိုက်တွန်းခြင်းဖြင့် ဤသို့သော တရားသဖြင့် ကြီးပွားခြင်း ဖြစ်နိုင်လေသည်။ ထို၂မျိုးအနက် တရားသဘောအလို နကိုယ်ပကတိအားဖြင့် ကြီးပွားခြင်းမှာ အနည်းငယ်မျှသာ ဖြစ်၍့ သိနားလည်အောင် စူးစားရန် တိုက်တွန်းခြင်းဖြင့် ကြီးပွားဖြစ်မြောက်ခြင်းသာ အများ ဖြစ်လေသည်။ ငါမင်းမြတ်၏့ ဤသားငှက်သတ္တဝါတို့ကို မသတ်ဖြတ်အပ် စသည် ဤနှင့်အလားတူ အခြားများစွာသော အမှုတို့သည် တရားသဘောအားဖြင့်သာ ပြုလုပ်ခြင်း ဖြစ်ကုန်၏။ ငါမင်းမြတ်က လူအပေါင်းတို့အား တရားတော်အတိုင်း ကြီးပွားစေလို၍့ တိုက်တွန်းခြင်း သိစေခြင်းဖြင့် ပြုအပ်သော အရာတို့ကား များစွာပင် ဖြစ်ကုန်၏။
[၎င်းတို့ကို အဘယ်ကြောင့် ထိုသို့ ပြုရသနည်း?] ထင်ရှားသော သတ္တဝါတို့ကို မညှင်းဆဲးစေရန်၎င်း အသက်ရှိသာမန်သတ္တဝါဟူသမျှကို မသတ်ဖြတ်စေရန်၎င်း ဤသို့သော အကျိုးငှာသာ ဤသို့ သိနားလည်သည်တိုင်အောင် တိုက်တွန်းခြင်းကို ပြုတော်မူရ၏။ ငါမင်းမြတ်၏ သားတော်အစဉ် မြေးတော်အဆက်တို့သည်လည်း အမြဲး ထွက်ပေါ်နေသော နေ-လအလား ဖြစ်ကြစေသတည်းဟု၎င်း ထိုနည်းအတူပင် ကျင့်ကြံစေသတည်းဟူ၍့၎င်း ဤသို့သောအကျိုးငှာလည်း ဤသို့တိုက်တွန်းခြင်းကို ပြုလုပ်တော်မူရသတည်း။ ထိုသို့ ပြုခွင့် သင့်မြတ်လှပေစွာ့။ ယင်းသို့ အတုလိုက်နာသူတို့မှာသာ ဤပစ္စက္ခကျိုး တမလွန်ကျိုး၌ နှစ်သက်ရခြင်း ဖြစ်ပေါ်လေသည်။ ငါမင်းမြတ် အဘိသိက် ၂ရနှစ်မြောက်အခါ ဤတရားစာတော်ကို ရေးသားစေအပ်၏။ ဤစကားကို မင်းတြားကြီး မှာဆိုတော်မူပြီ။ ဤတရားတော် ကျောက်တိုင် ကျောက်ပြား တည်ရှိရာ ဋ္ဌာနများ၌ ဤကျောက်စာများ ကာလမြင့်ရှည် တည်နေရန် ပြုစု ပြင်ဆင်ကြစေသတည်းဟု မှာဆိုတော်မူပြီ။ (အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်)
......
“Thus spake king Devanampiya Piyadasi: - ‘Kings of the olden time have gone to heaven under these very desires. How then among mankind may religion (or growth in grace) be increased? Yea, through the conversion of the humbly-born shall religion increase.’ ”
“Thus spake king Devanampiya Piyadasi: - ‘The present moment and the past have departed under the same ardent hopes. How by the conversion of the royal-born may religion be increased? Through the conversion of the lowly-born if religion thus increaseth, by how much (more) through the conviction of the high-born, and their conversion, shall religion increase? Among whomsoever the name of God resteth (?) verily this is religion, (or verily virtue shall there increase).’ ”
“Thus spake king Devanampiya Piyadasi: - ‘Wherefore from this very hour I have caused religious discourses to be preached; I have appointed religious observances that mankind having listened thereto shall be brought to follow in the right path and give glory unto God’ ” (Agni?)
“Moreover, along with the increase of religion, opposition will increase: for which reason I have appointed sermons to be preached, and I have established ordinances of every kind; through the efficacy of which, the misguided, having acquired true knowledge, shall proclaim it on all sides (?) and shall become active in upholding its duties. The disciples, too, flocking in vast multitudes (many hundred thousand souls). Let these likewise receive my command, ‘In such wise do ye, too, address on all sides (or address comfortably?) the people united in religion.’ ”
“King Devanampiya Piyadasi thus spake: - ‘Thus among the present generation have I endowed establishments, appointed men very wise in the faith, and done…….for the faith.’ ”
“King Devanampiya Piyadasi again spake as follows: - ‘Along the high roads I have caused fig-trees to be planted, that they may be for shade to animals and men; I have (also) planted mango trees : and at every half coss I have caused wells to be constructed, and (resting places?) for nights to be erected. And how many taverns (or serais) have been erected by me at various places for the entertainment of man and beast! So that as the people, finding the road to every species of pleasure and convenience in these places of entertainment, these new towns, (vayapuri?) rejoiceth under my rule, so let them thoroughly appreciate and follow after the same (system of benevolence). This is my object, and. thus I have done.’ ”
“Thus spake king Devanampiya Piyadasi: - ‘Let the priests deeply versed in the faith (or let my doctrines?) penetrate among the multitudes of the rich capable of granting favours, and let them penetrate alike among all the unbelievers, whether of ascetics or of householders, and let them penetrate into the assemblies (?) for my sake. Moreover, let them for my sake find their way among the Brahmans and the most destitute: and among those who have abandoned domestic life, for my sake let them penetrate; and among various unbelievers for my sake let them find their way: - yea  use your utmost endeavours among these several classes, that the wise men, these men learned in the religion (or these doctrines of my religion) may penetrate among these respectively, as well as among all other unbelievers.’ ”
“Thus spake king Devaimmpiya Piyadasi: - ‘And let these (priests) and others the most skilful in the sacred offices penetrating among the charitably disposed of my queens and among all my secluded women discreetly and respectfully use their most persuasive efforts (at conversion), and acting on the heart and on the eyes of the children, for my sake penetrate in like manner among the charitably disposed of other queens and princes for the purpose (of imparting) religious enthusiasm and thorough religious instruction. And this is the true religious devotion, this the sum of religious instruction, viz., that it shall increase the mercy and charity, the truth and purity, the kindness and honesty of the world.’ ”
“Thus spake king Devanampiya Piyadasi: - ‘And whateversoever benevolent acts have been done by me, the same shall be prescribed as duties to the people who follow after me: and in this (manner) shall their influence and increase be manifest, -by doing service to father and mother; by doing service to spiritual pastors; by respectful demeanour to the aged and full of years, and by kindness and condescension to Brahmans and Sramans, to the orphan and destitute, to servants and the minstrel tribe.’ ”
“King Devanampiya Piyadasi again spake: - “And religion increaseth among men by two separate processes, by performance of religious offices and by security against persecution. Accordingly, that religious offices and immunities might abound among multitudes, I have observed the ordinances myself as the apple of my eye (?) (as testified by) all these animals which have been saved from slaughter, and by manifold other virtuous acts performed on my behalf. And that the religion may be from the persecution of men, increasing through the absolute prohibition to put to death living beings, or to sacrifice aught that draweth breath. For such an object is all this done, that it may endure to my sons and their sons’ sons as long as the sun and moon shall last. Wherefore let them follow its injunctions and be obedient thereto and let it be had in reverence and respect. In the twenty-seventh year of my reign have I caused this edict to be written; so sayeth (Devanampiya). Let stone pillars be prepared and let this edict of religion be engraven thereon, that it may endure unto the remotest ages.’ ” (Tr. Prinsep: Alexander Cunningham, Inscriptions of Asoka.)

Friday, 24 December 2010

အသောကရဲ့ အက္ခရာများ - ၂၅

- ဒေဝါနံ ပိယေ ပိယဒသိ လာဇ ဟေဝံ အဟာ။ ဒုဝါဍသ-
- ၀သ-အဘိသိတေန မေ ဓံမလိပိ လိခါပိတာ လောကသာ ဟိတသုခါယေ။ သေ တံ အပဟဋာ တံ တံ ဓံမ၀ဎိ ပါပေါဝါ။
- ဟေဝံ လောကသာ ဟိတသုခေ တိ ပဋိဝေခါမိ အထ ဣယံ
- နာတိသု ဟေဝံ ပတိယာသံနေသု ဟေဝံ အပကဌေသု တိမံ ကာနိ သုခံ အဝဟာမီ တိ တထ စ ဝိဒဟာမိ။ ဟေမေဝါ
- သ၀နိကာယေသု ပဋိဝေခါမိ။ သ၀ပါသံဍာ ပိ မေ ပူဇိတာ - ဝိဝိဓာယေ ပူဇာယာ။ ဧ စု ဣယံ အတုနာ ပစူပဂမနေ - သေ မေ မောချမတေ။ သဍုဝီသတိ၀သ အဘိသိတေန မေ
- ဣယံ ဓံမလိပိ လိခါပိတာ

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားမြတ်ကြီး ဤသို့ မိန့်မြွက် ပြန်ကြားထားတော်မူပြီ၊ ဤတရားစာတော်ကို ငါဘုရင်မင်းမြတ် အဘိသိက် သွန်း၍့ ၂၆နှစ်မြောက်တွင် လောကနေသူ ဗို်လ်လူအပေါင်း၏့ စီးပွား-ချမ်းသာ အလို့ငှာ၎င်း, ထိုသို့ ဖြစ်ရန် မပေါ်လွင်မထင်ရှား, အများမသိ တိမ်မြုတ်နေသာ တရားတော်တို့၏့ ပေါ်လွင် ထင်ရှားကြီးပွားခြင်းသို့ ရောက်စေရန်၎င်း, ရေးသားထားစေအပ်၏၊ ဤသို့အားဖြင့် လောကနေသူ ဗိုလ်လူတို့ အစီးအပွား များစွာသော ချမ်းသာဖြစ်၏ဟု ဆင်ခြင် ချိန်ဆတော်မူမိ၏၊ ထိုအခါ ရှေးဦးစွာ ဤတရားတော်ကို ဆွေတော်, မျိုးတော်တို့ အတွင်း၌ ကျင့်ဆောင် လိုက်နာရန် စီမံတော်မူ၏။ ထို့အတူပင်, နှီးနွယ်စပ်ဖက်သော မိတ်ဆွေများအတွင်း၌၎င်း, တရားတော်ကို အလျင်းမသိရှိသေးသူတို့ အတွင်း၌၎င်း, ၎င်းတို့ ချမ်းသာကို ဆောင်နိုင်စွာသော တရားကျင့်ဝတ်ကို စီမံတော်မူ၏၊ ဤနှင့်အလားတူသာလျှင် အားလုံးသော အယူဝါဒတပါးတို့ အတွင်း၌လည်း ပြုကျင့်ရန် ကြံစည်ချိန်ဆတော်မူ၏။ ငါဘုရင်မင်းမြတ်ကား အားလုံးသော အခြားအယူဝါဒရှိသူတို့ကိုလည်း အထူးထူးသော ပူဇော်ခြင်း, ခြီးမြှောက်ခြင်းမျိုးဖြင့် ပူဇော် ခြီးမြှောက်တော်မူ၏၊ ယင်းသို့ ပြုခြင်းကား မိမိနှင့် အယူတပါးရှိသူတို့ အချင်းချင်း နှီးနှောမိရန်သာ မုချ ငါမင်းမြတ် အလို ဖြစ်တော်မူသည်၊ ဤကျောက်စာကို ငါမင်းမြတ် အဘိသိက်သွန်း၍့ ၂၆နှစ်မြောက်အခါ ရေးသားထားစေတော်မူ၏၊ ဤသို့ အသောက မင်းတရားကြီး မိန့်ကြား မြွက်ဆိုတော်မူပြီ။ (အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်)
......
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ မိန့်တော်မူ၏။ ငါ အဘိသိက်ခံသည်မှ တစ်ဆဲ့နှစ်နှစ်မြောက်၌ လူအပေါင်းတို့၏ စီးပွားချမ်းသာအလို့ငှာ၊ တရားကဗျည်းများကို ငါ ရေးထိုးစေ၏။ လူတို့သည် ထိုတရားကဗျည်းများကို ချိုးဖောက်ဖျက်ဆီးခြင်း မပြုပဲ၊ ထိုထို တရားတို့၌ ကြီးပွားတိုးတက်ခြင်းသို့ ရောက်ကုန်ရာ၏။ ဤသို့လျှင် လူအပေါင်းတို့၏ စီးပွားချမ်းသာကို ငါ စောင့်ရှောက်ကြည့်ရှုပိ၏။ ငါ၏ အဆွေအမျိုးတို့နှင့် အလားတူ၊ ငါနှင့် အနီးအဝေးနေသူတို့၏ စီးပွားချမ်းသာကိုလည်း ငါ စောင့်ရှောက်ကြည့်ရှုပိ၏။ မည်သူ့အားမဆို မည်သည့်ချမ်းသာကို မဆို ဆောင်နိုင်က ငါဆောင်အံ့။ ဤသို့လျှင် ခပ်သိမ်းသော အမျိုးသားတို့အား ငါ စောင့်ရှောက် ကြည့်တော်မူ၏။ ခပ်သိမ်းသော အယူဝါဒဂိုဏ်းသားတို့အားလည်း အထူးထူးသော ပူဇော်ခြင်းတို့ဖြင့်၊ ငါ ချီးမြှင့် ပူဇော်တော်မူ၏။ သို့ရာတွင် ထိုသူတို့အား မိမိကိုတိုင် သွားရောက်တွေ့ဆုံခြင်းသည်သာ အရေးကြီးသည်ဟု ငါ ထင်မှတ်တော်မူ၏။ ငါ အဘိသိက်ခံသည်မှ နှစ်ဆဲ့ ခြောက်နှစ်မြောက်၌ ဤတရားကဗျည်းကို ရေးထိုးစေ၏။ (ဦးဖိုးလတ်, အသောကကျောက်စာများ၊)
......
“Thus spake king Devanampiya Piyadasi: - ‘In the twelfth year of my anointment, a religious edict (was) published for the pleasure and profit of the world; having destroyed that (document) and regarding my former religion as sin, I now for the benefit of the world proclaim the fact. And this (among my nobles, among my near relations, and among my dependants, whatsoever pleasures I may thus abandon,) I therefore cause to be destroyed; and I proclaim the same in all the congregations; while I pray with every variety of prayer for those who differ from me in creed, that they following after my proper example may with me attain unto eternal salvation: wherefore the present edict of religion is promulgated in this twenty-seventh year of my anointment.’ ” (Tr. Prinsep: Alexander Cunningham, Inscriptions of Asoka.)
......
Thus saith His Sacred and Gracious Majesty: By me consecrated twelve years was caused to be inscribed a body of Religious Edicts for the good and happiness of the people that they, making that their own, might attain to that and that (i.e., a corresponding) growth in Dharma.  (Thinking): "thus will be (secured) the good and happiness of people," I am attending not only to (my) relatives, but to those who are near, and far, in order that I might lead them to happiness, and I am ordaining accordingly.  Thus do I also attend to all classes.  All sects are also honoured by me with various offerings. But that which is one's own approach (or choice) is considered by me as the most essential.  By me consecrated twenty-six years was this Religious Edict caused to be inscribed. (R.K. Mookerji, Asoka)

Sunday, 28 November 2010

အသောကရဲ့ အက္ခရာများ-၂၄

- ဒေဝါနံ ပိယေ ပိယဒသိ လာဇ ဟေဝံ အဟာ။ သဍုဝီသတိ၀သ-
- အဘိသိတေန မေ ဣမာနိ ဇာတာနိ အဝဓိယာနိ ကဋာနိ။ သေ ယထာ
- သုကေ သာလိကာ အလုနေ စကဝါကေ ဟံသေ နံဒီမုခေ ဂေလာဋေ
- ဇတူကာ အံဗာကပိလိကာ ဒုဍီ အနဌိကမဆေ ဝေဒဝေယကေ
- ဂံဂါပုပုဋကေ သံကုဇမဆေ ကဖဋသယကေ ပံနသသေ သိမလေ
- သံဒကေ သြကပိံဋေ ပလသတေ သေတကပေါတေ ဂါမကပေါတေ
- သဝေ စတုပဒေ ယေ ပဋိဘောဂံ နော ဧတိ န စ ခါဒိယတိ
- ဧဍကာ စာ သူကလီ စာ ဂဘိနီ ၀ ပါယမီနာ ၀ အဝဓိယာ ပေါတကေ
- ပိ စ ကာနိ အာသံမာသိကေ ၀ဓိကုကုဋေ နော ကဋဝိယေ၊ တုသေ သဇီဝေ
- နော ဈာပေတဝိယေ၊ ဒါဝေ အနဌာယေ ဝါ ဝိဟိသာယေ ဝါ နော ဈာပေတဝိယေ။
- ဇိဝေန ဇီဝေ နော ပုသိတဝိယေ။ တီသုစာတုံမာသီသု တိသာယံ ပုံနမာသိယံ
- တိံနိ ဒိ၀သာနိ စာဝုဒသံ ပံနဍသံ ပတိပဒါ ယေ ဓုဝါယေ စာ
- အနုပေါသထံ မဆေ အဝဓိယေ နော ပိ ဝိကေတဝိယေ။ ဧတာနိ ယေ၀ ဒိ၀သာနိ
- နာဂ၀နသိ ကေ၀ဋဘောဂသိ ယာနိ အံနာနိ ပိ ဇီ၀နိကာယာနိ
- နော ဟံတဝိယာနိ။ အဌမီပခါယေ စာဝုဒသာယေ ပံနဍသာယေ တိသာယေ
- ပုနာ၀သုနေ တီသု စာတုံမာသီသု သုဒိ၀သာယေ ဂေါနေ နော နိလခိတဝိယေ။
- အဇကေ ဧဍကေ သူကလေ ဧ ဝါ ပိ အံနေ နီလခိယတိ နော နီလခိတဝိယေ။
- တိသာယေ ပုနာ၀သုနေ စာတုံမာသိယေ စာတုံမာသိပခါယေ အသွသာ ဂေါနသာ
- လခနေ နော ကဍဝိယေ။ ယာ၀ သဍုဝီသတိ၀သအဘိသိတေန မေ ဧတာယေ
- အံတလိကာယေ ပံနဝီသတိ ဗံဓနမောခါနိ ကဋာနိ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီး ဤသို့ မိန့်ပြန်ထားရှိလေပြီ၊ ငါမင်းတရားသည် အဘိသိက် သွန်း၍ ၂၆-နှစ်ရှိသော်, ဤဆိုလတ္တံ့သော အသက်ရှိ သတ္တဝါတို့ကို သတ်ဖြတ်ခြင်းမှ တားမြစ်တော်မူအပ်ကုန်၏၊ ထိုသတ္တဝါတို့ကား- ကျေး-ကျက်တူရွေး-သာလိကာ-ဆက်ရက်, ငှက်ကြီးတုံးစပ်-ဝန်လိုငှက်ကြီး, စက္ကဝါက်ငှက်, ဟင်းသာ-ငန်းငှက်, နန္ဒိမုခ-မည်သောငှက်, ဂေလာဋ-မည်သောငှက်, လင်းနို့, ခါချဉ်-သို့မဟုတ် တောင်ပို့ချ, လိပ်, အရိုးမရှိသောငါး, ဝေဒဝေယက-မည်သောငါး, ဂံဂပုပုတက-မည်သော ငါး, ပင်လယ်ငါးလင်ပန်း, မြစ်လိပ်-ရေလိပ်, ဖြူသတ္တဝါ, သစ်တက်ရှဉ့်-ဝါ ရှဉ့်မွဲး, ဦးချိုတက် များသော ဆတ်, နွားသူတော်, နွားလား, မျောက်သတ္တဝါ, ဥချိုးငှက်- ခိုဖြူ-ခိုပြာ, အသုံးမပြုသော အခြေလေးချောင်းရှိ သားသတ္တဝါတို့ကိုလည်း မစားအပ်၊ ထို့ပြင်, ကိုယ်ဝန်ရှိသော, သို့မဟုတ် နို့စို့ သားငယ်ရှိသော ဆိတ်မ, သိုးမ, ဝက်မတို့ကို, ၎င်းတို့သားငယ်များ ကောင်းမွန်စွာ ကြီးပွားခြင်းသို့ မရောက်မီ, မသတ်ဖြတ်အပ်ကုန်၊ ကြက်တိုက်ခြင်း, ကြက်တယ်ခြင်း, ထိုမှတပါး အသက်ရှိ သတ္တဝါတို့ကို အပျော်အပါး တိုက်ခိုက် မြူးတူးခြင်းတို့ကိုလည်း မပြုအပ်ကုန်၏။
တောသား သတ္တဝါတို့ ခိုကိုးရာမဲ့ ဖြစ်စေတတ်, ညှင်းဆဲခြင်းကို ပြုတတ်သော တောမီး ရှို့မြှိက်ခြင်းကို မပြုအပ်၊ အသက်ရှိ သတ္တဝါတို့ဖြင့်သော်၎င်း, ၎င်း၏့ အသားဖြင့်သော်၎င်း သတ္တဝါတပါးကို အစာကျွေး၍့ မမွေးမြူအပ်၊ သုံးဥတု လေးလ လေးလတို့ အဆုံးဖြစ်သော နေ့များ, နှစ်၏့ ၃လ မြောက် ဝါဆိုလနှင့် လပြည့်နေ့, ဤ၃နေ့တို့ပတ်လုံး၎င်း, လဆန်း-လဆုတ်-၁၅-၁၄ ရက်မြောက်နေ့, လဆုတ် ၁၅ရက် မြောက်သောနေ့, လေးသီတင်းအတွက် တရက်နေ့, အထွက် ၂ရက်နေ့, ဥပုသ်နေ့တိုင်း၎င်း, ဤနေ့ရက်များ၌ ငါးတို့ကို မဖမ်း  မသတ်ရ၊ ရောင်းလည်း မရောင်းဝယ်ရ၊ ထိုနေ့ ထိုရက် အတွင်းတို့၌ ဆင်မြင်းတို့ နေထိုင်ရာ တောတောင်များ၌၎င်း, တံငါတို့ ကျက်စားရာ ရေကန်-မြစ်-ချောင်း-အင်းအိုင်များ၌ သား ငါးများ, ထိုမှတပါး အခြား ငှက်စသော သက်ရှိသတ္တဝါ မှန်သမျှတို့ကို မသတ်ဖြတ်အပ်, မလိုက်အပ်ကုန်။
လတိုင်း လဆုတ် ပက္ခ ရှစ်ရက်မြောက်, ၁၄ရက်မြောက်, ၁၅ရက်မြောက်, ၃ရက်မြောက်နေ့, ပုဏ္ဏဗုသျှု နက္ခတ်ပွဲးနေ့, ၃ဥတု အဆုံး လေးလမြောက်သောနေ့- ဤနေ့များ၌ နွားတို့ကို သင်းမကွပ်အပ်၊ ထိုမှတပါးသော ဆိတ်သိုး-ဝက်နှင့် အခြားသတ္တဝါတို့ကိုလည်း သင်းမကွပ်အပ်, သင်းမကွပ်စေအပ်၊ လဆန်း-လဆုတ် ၃ရက်နေ့, ပုဏ္ဏဗုသျှုနက္ခတ်ပွဲးနေ့ ဥတု-အဆုံး လေးလမြောက်နေ့, လေးလ၏့ ပက္ခနေ့တို့၌ မြင်း-နွားတို့ကို  သတ်ရန် တံဆိပ် ထိုးမှတ်ခြင်း, မှတ်စေခြင်းတို့ကို မပြုလုပ်အပ်၊ ငါဘုရင်မင်းမြတ် အဘိသိက်သွန်း၍့ ၂၆နှစ်မြောက်အတွင်းအခါ၌ ဤတရားဆုံးမကန့်မြစ်စာကို ရေးသားထုတ်ပြန်စေအပ်သည်၊ထိုနှင့်အလားတူလည်း ၂၅ကြိမ်တိုင် အကျဉ်းသားတို့အား အကျဉ်းထောင်မှ လွတ်စေခြင်းတို့ကို ပြုစေအပ်ကုန်ပြီ။ (အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်)
......


နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ဤသို့ မိန့်တော်မူ၏။
ငါအဘိသိက်ခံသည်မှ နှစ်ဆဲ့ခြောက်နှစ်မြောက်၌၊ ဤသတ္တဝါတို့အား သတ်ဖြတ်ခြင်းမှ တားမြစ်တော်မူ၏။
ကျေး (ကြက်တူရွေး)၊ သာလိကာ၊ ငှက်ကြီးတုံးစပ်၊ စက္ကဝက်၊ ဟင်္သာ၊ နန္ဒီမုခ၊ ကြိုးကြာ၊ လင်းနို့၊ ခါချဉ်၊ ရေလိပ်၊ အရိုးမဲ့ငါး၊ ဇီ၀ဇိုး၊ ဂင်္ဂါရေကြက်၊ ငါးတန်၊ ကုန်းလိပ်၊ ဖြူ၊ ရှဉ့်၊ စာမရီသား၊ နွားလား၊ မျောက်၊ သမင်၊ ချိုး၊ ခို၊ အသုံးလည်းမပြု စားလည်းမစားသော ခြေလေးချောင်းကောင်အားလုံး။
ကိုယ်ဝန်ဆောင်၊ သို့မဟုတ်၊ နို့တိုက်နေသော ဆိတ်မ ဝက်မနှင့်၊ ခြောက်လအောက်အရွယ်် သားငယ်တို့ကို မသတ်ရာ။ ကြက်ဖတို့ကို မသင်းရာ၊ (ပိုးမွှားစသည်) သက်ရှိသတ္တဝါတို့နှင့် မကင်းသော ဖွဲတို့ကို မီးမရှို့ရာ။ အကြောင်းမဲ့သော်၎င်း၊ အသက်တို့ကို သေကြေပျက်စီးစေရန်သော်၎င်း၊ တောတို့ကို မီးမတိုက်ရာ။ သတ္တဝါတကောင်၏ အသက်ဖြင့်၊ အခြား သတ္တဝါတကောင်းအား မကျွေးမွေးရာ။
လေးလစီရှိသော ဥတုသုံးပါးတို့၏ ဆန်းသုံးရက်တို့၌၎င်း၊ တိသ (ဖုသျှ)နက္ခတ်နှင့်ယှဉ်သော နေ့တို့၌၎င်း၊ လပြည့်နေ့တို့၌၎င်း၊ တဆဲ့လေးရက်၊ တဆဲ့ငါးရက်နှင့််၊ ဆန်းဆုတ် တရက်တည်းဟူသော သုံးနေ့တို့၌၎င်း၊ ဥပုသ်နေ့တိုင်းတို့၌၎င်း၊ ငါးတို့ကို မသတ်ရာ၊ မရောင်းရာ။
ထိုနေ့တို့၌ပင် နာဂ၀န (ဆင်တော)နှင့် တံငါတို့ ကျက်စားရာ အရပ်တို့၌၊ အခြား မည်သည့် သတ္တဝါတို့ကိုမျှလည်း မသတ်ရာ။
ရှစ်ရက်ပက္ခ တို့၌၎င်း၊တဆဲ့လေးရက်၊ တဆဲ့ငါးရက် လကွယ် လပြည့်နေ့တို့၌၎င်း၊ တိသ (ဖုသျှ)နက္ခတ်နှင့်ယှဉ်သော နေ့တို့၌၎င်း၊ လေးလစီရှိသော ဥတုသုံးပါးတို့၏ ဆန်းသုံးရက်တို့၌၎င်း၊ နေ့ထူးနေ့မြတ်တို့၌၎င်း၊ နွားတို့ကို မသင်းရာ။ ဆိတ်သိုး ဝက်နှင့် အခြား သင်းလေ့ရှိသော သတ္တဝါတို့အားလည်း မသင်းရာ။
တိသ (ဖုသျှ) နက္ခတ်နှင့် ယှဉ်သောနေ့၊ ပုနဗ္ဗသုနက္ခတ်နှင့် ယှဉ်သောနေ့၊ လေးလတကြိမ် ဥတုဆန်းရက်တို့၌၎င်း၊ လေးလတကြိမ် ဥတုဆန်းသည်မှ ပက္ခ (တဆဲ့လေးရက်) နေ့တိုင်းတို့၌၎င်း၊ မြင်း၊ ဆိတ်၊ နွားတို့အား တန်ဆိပ် မခတ်ရာ။
ငါ အဘိသိက်ခံသည်မှ၊ နှစ်ဆဲ့ ခြောက်နှစ်သော ကာလအတွင်း၌၊ နှစ်ဆဲ့ငါးကြိမ်တိုင်၊ ထောင်အကျဉ်းသားတို့အား ငါလွှတ်ခဲ့လေပြီ။ (ဦးဖိုးလတ်, အသောကကျောက်စာများ၊)
.....


Thus spake king Devanampiya Piyadasi: - 'In the twenty-seventh year of my anointment the following animals shall not be put to death: the parrot, the maina (or thrush), the wild duck of the wilderness, the goose, the bull-faced owl, the vulture, the bat, the ambaka-pillika, the raven, and the common crow, the vedaveyaka, the adjutant, the sankujamava, the kaphatasayaka, the panasasesimala, the sandaka, the okapada, those that go in pairs, the white dove, and the domestic pigeon. Among all four-footed beasts the following shall not be for food, they shall not be eaten: the she -goat of various kinds, and the sheep, and the sow, either when heavy with young or when giving milk. Unkilled birds of every sort for the desire of their flesh shall not be put to death. The same being alive shall not be injured: whether because of their uselessness or for the sake of amusement they shall not be injured. Animals that prey on life shall not be cherished. In the three four-monthly periods (of the year) on the evening of the full moon, during the three (holy) days, namely, the fourteenth, the fifteenth, and the first day after conjunction, in the midst of the uposatha ceremonies (or strict fasts), unkilled things (or live fish?) shall not be exposed for sale. Yea, on these days, neither the snake tribe, nor the feeders on fish (alligators), nor any living beings whatsoever shall be put to death.
'' 'On the eighth day of the paksha (or half month) on the fourteenth, on the fifteenth, on (the days when the moon is in the mansions of) trisha or punarvasa, - on these several days in the three four-monthly periods, the ox shall not be tended: the goat, the sheep, and the pig, if indeed any be tended (for domestic use) shall not then be tended. On the tirsha and the punarvasa of every four months, and of every paksha or semi-lunation of the four months, it is forbidden to keep (for labour) either the horse or the ox.
'Furthermore, in the twenty-seventh year of my reign, at this present time, twenty-five prisoners are set at liberty.’ (Tr. Prinsep: Alexander Cunningham, Inscriptions of Asoka.)
.....


Thus saith His Sacred and Gracious Majesty the King: By me consecrated twenty-six years, the following creatures were declared as not to be killed, such as Parrots, mainas, adjutants (?), ruddy geese, wild geese, nandi-mukhas, gelatas (probably cranes), bats, queen ants, terrapins, prawns, vedaveyakas, gangapuputakas (a kind of fish), skate, tortoises and porcupines, tree-squirrels, Barasing stags, bulls set at liberty, okapindas, rhinoceroses, white doves, domestic doves, and all quadrupeds which do not come into use, nor are eaten.
Those she-goats, ewes, and sows, whether with young or in milk, are not to be killed, as also their offspring which are within six months of age. The caponing of cocks is not permitted. Husks with living things therein must not be burnt. Forests for nothing or for violence (to living creatures) must not be burnt. The living must not be nourished with the living.
On the three Chaturmasis [i.e., on the full-moon day which falls before (or after) the usual season of four months], and on the Tisya (i.e., Pausa month) full moon, fish shall neither be killed, nor sold, for three days, viz., the fourteenth, the fifteenth, of the first, and the first of the second, fortnight, as well as on all fasting days as a rule.
On the same days, again, in the elephant-forests, and in the preserves of the fishermen, other classes of living creatures must not be killed.
On the eighth (tithi) of every fortnight, on the fourteenth, on the fifteenth, on the Tisya, and Punarvasu days, on the full-moon days of the three seasons, and at festivals, bulls shall not be castrated, nor he-goats, rams, and boars, nor other such animals as are usually castrated.
On the Tisya and Punarvasu days, on the full-moon days of the seasons, and during the fortnights connected with the seasonal full-moons, the branding of horses and cows is not permitted.
Until (I had been) anointed twenty-six years, in this period, twenty-five jail-deliveries have been effected by me. (R.K. Mookerji, Asoka)

Thursday, 18 November 2010

အသောကရဲ့ အက္ခရာများ-၂၃

- ဒေဝါနံပိယေ ပိယဒသိ လာဇ ဟေဝံ အာဟာ။ သဍုဝီသတိ၀သ-
- အဘိသတေန မေ ဣယံ ဓမလိပိ လိခါပိတာ လာဇူကာ မေ
- ဗဟူသု ပါနသတသဟသေသု ဇနသိ အာယတာ တေသံ ယေ အဘိဟာလေ ဝါ
- ဒံဍေ ဝါ အတပတိယေ မေ ကဋေ။ ကိံတေ။ လဇူကာ အသွထ အဘီတာ
- ကံမာနိ ပ၀တယေဝူ ဇနသ ဇာနပဒသာ ဟိတသုခံ ဥပဒဟေဝူ
- အနုဂဟိနေဝု စာ။ သုခီယနဒုခီယနံ ဇာနိသံတိ ဓံမယုတေန စ
- ဝိယော၀ဒိသံတိ ဇနံ ဇာနပဒံ၊ ကိံတိ၊ ဟိဒတံ စ ပါလတံ စ
- အာလာဓယေဝူ တိ။ လဇူကာ ပိ လဃံတိ ပဋိစလိတဝေ မံ ပုလိသာနိ ပိ မေ
- ဆံဒံနာနိ ပဋိစလိသံတိ တေ ပိ စ ကာနိ ဝိယော၀ဒိသံတိ ယေန မံ လဇူကာ
- စဃံတိ အာလာဓယိတဝေ။ အထာ ဟိ ပဇံ ဝိယတာယေဇာတိယေ နိသိဇိတု
- အသွထေ ဟောတိ။ ဝိယတ ဓာတိ စဃတိ မေ ပဇံ သုခံ ပလိဟဋဝေ၊
- ဟေဝံ မမာ လဇူကာ ကဋာ ဇာနပဒသ ဟိတသုခါယေ။ ယေန ဧတေ အဗီတာ
- အသွထ သံတံ အဝိမနာ ကံမာနိ ပ၀တယေဝူ တိ ဧတေန မေ လဇူကာနံ
- အဘီဟာလေ ၀ ဒံဋေ ဝါ အတပတိယေ ကဋေ။ ဣဆိတဝိယေ ဟိ ဧသာ၊ ကိံတိ။
- ဝိယောဟာလသမတာ စ သိယ ဒံဍသမတာ စာ။ အဝ ဣတေ ပိ စ မေ အာဝုတိ။
- ဗံဓနဗဓာနံ မုနိသာနံ တီလိတဒံဍာနံ ပတ၀ဓာနံ တိံနိ ဒိ၀သာနိ မေ
- ယောတေ ဒိံနေ။ နာတိကာ ၀ ကာနိ နိဈပယိသံတိ ဇိဝိတာယေ တာနံ
- နာသံတံ ဝါ နိဈပယိတာ ဒါနံ ဒါတံတိ ပါလတိကံ ဥပဝါသံ ၀ ကဆံတိ
- ဣဆာ ဟိ မေ။ ဟေဝံ နိလုဓသိ ပိ ကာလသိ ပါလတံ အာလာဓယေဝူ တိ ဇနသ စ
- ၀ဓတိ ဝိဝိဓေ ဓံမစလနေသံယမေ ဒါနသ ဝိဘာဂေ တိ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားမြတ်ကြီး ဤသို့ မိန့်ပြန်ထားရှိတော်မူပြီ၊ -- ငါ မင်းမြတ်အဘိသိက် သွန်း၍့ ၂၆နှစ်ရှိတော်မူသော်, ဤတရား ကျောက်စာတော်ကို ရေးသား ထားရှိစေတော်မူအပ်၏၊ သိန်းပေါင်း များစွာသော တိုင်းနေ ပြည်သူတို့ အပေါ်၌ ငါမင်းမြတ်၏့ ကိုယ်စား အုပ်ချုပ် စီမံသော ဘုရင်ခံ အပေါင်းတို့သည် တိုင်းနေ ပြည်သူ ဗိုလ်လူအပေါင်းနှင့် ပတ်သက် စပ်ဆိုင်ကြကုန်သည်၊ ထို တိုင်းနေ ပြည်သူတို့၏့ တရားမှုခင်း ကိစ္စ၌ ဖြစ်စေ, ရာဇဝတ် မှုခင်း ကိစ္စ၌ ဖြစ်စေ, အပြစ်ဒဏ် ထားခြင်းကိစ္စ၌ ဖြစ်စေ ငါမင်းမြတ် ကိုယ်တိုင် အပိုင်-အစိုး တိုက်ရိုက် ပြုလုပ်စီမံ ဆောင်ရွက်တော်မူခဲ့သော်, ငါမင်းမြတ်၏့ ကိုယ်စားတော်စား စီမံ အုပ်ချုပ်သော ဘုရင်ခံ အပေါင်းတို့သည် မည်သို့ ရှိကုန်လိမ့်နည်း?။
(ငါမင်းတြား၏့ ကိုယ်စားတော် ဘုရင်ခံ အမှူးရှိ အစိုးရ အဖွဲ့၏့) စီးပွားမဲ့ အလုပ်တို့ပင် ဖြစ်ကုန်အံ့လော? (သို့မဟုတ်) တိုင်းပြည်သူ တိုင်းပြည်သားတို့၏့ ၎င်း, ဇနပုဒ်-တိုင်းသားတို့၏့ ၎င်း စီးပွား ချမ်းသာကို ပင် ဖြစ်စေကုန်အံ့လော? ခြီးမြှောက်ထောက်ပံ့ခြင်း ပင် ဖြစ်ကုန်အံ့လော?၊ ချမ်းသာ ဆင်းရဲး ၂-မျိုးကိုပင် ဖြစ်စေကုန်လတ္တံ့၊ စင်စစ် ဆိုသော်ကား တရား မှန်တိုင်း ပြုကျင့်ခဲ့မူ, တိုင်းဖျက် ပြည်ဖျက် ခိုးသား ဒါးမြများ မပွားစီး မပေါ်ပေါက် ရှိကုန်လတ္တံ့၊ မည်သို့ မဆို, တိုင်းသူပြည်သားကို၎င်း, ဇနပုဒ်ကို၎င်း မည်သို့အားဖြင့် ဤပစ္စက္ခကျိုး, တမလွန်ကျိုးကို နစ်သက်စေကုန် ရာမည်နည်းဟု ငါ မင်းမြတ်၏့ ကိုယ်စားတော်ပွား ဘုရင်ခံ အပေါင်းတို့က ငါ မင်းမြတ် အပေါ်၌ ထောက်ပံ့ကူညီ၍ ပြုစုရန် (ဝတ်တရားကြောင်း) ဆင်ခြင်ဖွယ် ဖြစ်ကုန်၏။
ငါ မင်းမြတ်၏့ အပါးတော်မြဲး မှူးတော် မတ်တော်တို့သည် လည်း ငါမင်းမြတ်၏ အလိုဆန္ဒတော်ကို လိုက်နာ၍့ မကျင့်ကြကုန်လတ္တံ့, ထိုသို့ ပြုလုပ်ခြင်းဖြင့် ငါ မင်းတရား၏့ ဘုရင်ခံ အပေါင်းကိုလည်း မနှစ်သက် စေနိုင်ကုန်ရာ၊ ထိုစကား ထင်ရှားစွာ၏, တတ်သိ-လိမ်မာသော နို့ထိမ်းထံ သားငယ်ကို စွန့်လွှတ် အပ်နှင်းခြင်းသည် ထိုသားငယ်၏့ အကျိုး-စီးပွားအတွက် ဖြစ်သကဲ့သို့ ၎င်း, ထိုသို့ အပ်နှင်းခြင်းကြောင့် ထိုနို့ထိန်းကလည်း ထိုသားငယ်ကို ချမ်းသာစွာ ကြီးပွားအောင် စောင့်ရှောက် ထိန်းသိမ်းရန် စွန့်လွှတ် အပ်နှင်းပေးသည် တကားဟု ယုံကြည်သကဲ့သို့ ၎င်း, ထို့အတူပင်လျှင် ငါဧကရာဇ် မင်းမြတ်သည် တိုင်းသား ပြည်သူ၏့ ချမ်းသာ အတွက်, ငါ ဧကရာဇ် မင်းမြတ် ကိုယ်တော်စား လိမ်မာ ရေးခြားသော ဘုရင်ခံ မင်း အပေါင်းအား အရေး လွှဲအပ်- ဆောင်နှင်းတော်မူပြီ၊ ငါ ဧကရာဇ် မင်းမြတ်သည် လက်အောက် ဘုရင်ခံ အပေါင်းတို့အား ကြောက်ရွံ့မဲ့၎င်း, ကိုယ်ကျိုးမငဲ့ပဲး စိတ်ထား ရွှင်ပျစွာ၎င်း ပြုလုပ်ဆောင်ရွက်ခွင့်ကို အပ်နှင်း ပေးထားတော်မူပြီ။
ထို့ကြောင့် ငါဧကရာဇ် မင်းမြတ်၏့ ကိုယ်စားတော် ဘုရင်ခံ မင်းအပေါင်းတို့သည် တရားမ မှုခင်းကိစ္စ ပြုလုပ် စီမံရေး၌ ၎င်း, ရာဇဝတ် မှုခင်းကိစ္စ အတွက် အပြစ်ဒဏ် ထားရေး၌၎င်း မိမိတို့ ဆိုင်ရာဆိုင်ရာ စိုးပိုင်ခွင့်ကို ပြုလုပ်ကြ ကုန်ခဲ့သော်, ထိုသို့သော မှုခင်း-ကိစ္စများတွင် တရားမမှုများ၌ အဘယ်သို့အားဖြင့် တရားဥပဒေ ဖြောင့်မှန်ခြင်း ဖြစ်ကုန်အံ့နည်း ဟု၎င်း, ရာဇဝတ်မှုများ၌ အဘယ်သို့ မျှတခြင်း ဖြစ်နိုင်ကုန်အံ့နည်းဟု၎င်း, စိတ်ထား ဖြစ်စေကုန်ရာ၏။ ထိုသို့သော အကျိုးငှာ ငါဧကရာဇ် မင်းမြတ်၏့ ဤအမိန့်တော်ကို ထုတ်ပြန်တော်မူအပ်၏။ ထို့ကြောင့်, နှောင်ဖွဲ့ခြင်း, သတ်ဖြတ်ခြင်း အပြစ်ဒဏ် စီရင်ခြင်းကို ကျခံရသူတို့တွင် အသက် သေဒဏ် ကျခံစေ ပြစ်မှု ချပေးသူတို့အား သုံးရက် အထိ ဆိုင်းငံ့ခွင့် ပေးကြရမည်၊ (အကြောင်းကား) ထိုဆိုင်းငံ့ခွင့် ပေးသောနေ့အတွင်း၌ (၎င်းတို့၏့) ဆွေမျိုး ဉာတကာတို့ကသော်လည်း ထိုသူတို့အတွက် အသက်ရှင်ရန် ကိုးစားဖွယ်ကို ရှာဖွေ၍ အယူခံခြင်းအားဖြင့် လျှောက်ထား ကြားသိစေကုန်ရာသည်၊ ယင်းသို့ တစုံတရာ အယူခံခြင်း အားဖြင့် လျှောက်ထား ကြားသိစေနိုင်ခွင့် မရှိကုန်ခဲ့မူ, တမလွန်၌ ကောင်းစားရေးအတွက် လှူဒါန်း ပေးကမ်းမှုကိုသော်လည်း ပြုကြကုန်ရာသည်၊ သီလ, သီတင်းကိုသော်လည်း ပြုကျင့် ဆောက်တည်ကြ ကုန်ရာသည်။
ထိုသို့ ပြုခွင့်ကို ပြောဆိုမိန့်ပြန်ရန် သင့်တင့်ပေစွာ့၊ ငါဧကရာဇ် မင်းမြတ်သည် ဤမျှ အသက်သေစေခွင့်ကို ပေးရသည် အထိ ကြမ်းကြုတ် ရက်စက်စွာ ပြုရသော အခါ၌ပင် တမလွန်လောက၌ နစ်သက် ရွှင်ပျစေရန် လိုလား တောင့်တ တော်မူပေ၏။ ထို့ပြင်, တိုင်းသားပြည်သူ ဗိုလ်လူအပေါင်း၏့ ကောင်းမွန် ထူးထွေသော တရားကျင့်ရေး, စောင့်စည်းရေး, အလှူအတာန်း ပေးရေး, ခွဲခြမ်း ဝေဖန်ပေးကမ်းရေးများ၌ ကြီးပွားခြင်းလည်း ဖြစ်ရှိရန် လိုလားတော်မူပေ၏၊- ဤသို့ အသောကမင်းတြားကြီး ပြန်ကြား မိန့်မြွက်တော်မူပြီ။ (အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်)
…..

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ မိန့်တော်မူ၏။ ငါအဘိသိက်ခံသည်မှ၊ နှစ်ဆဲ့ခြောက်နှစ်မြောက်၌၊ ဤတရားကဗျည်းကို ရေးထိုးစေ၏။
ရဇ္ဇူကခေါ် ငါ၏ အမတ်ကြီးများသည်၊ သိန်းပေါင်းများစွာသော သူတို့၏ မှီခိုရာ ဖြစ်ကြကုန်၏။ ထိုအမတ်ကြီးတို့အား ချီးမြှင့်မစခြင်း၊ အပြစ်ဒဏ် ပေးခြင်း အာဏာများကို ငါအပ်နှင်းထားလေပြီ။ ဤသို့ အပ်နှင်းထားသည်မှာ၊ ၎င်းတို့သည် ကိုကျိုးကို မငဲ့မကွက်၊ မကြောက်မရွံ့ပဲ၊ အမှုကိစ္စများကို စီရင်ဆုန်းဖြတ်လျက်၊ တိုင်းသူပြည်သား၊ နယ်သူနယ်သားတို့၏ စီးပွားချမ်းသာကို ဆောင်ကြဉ်းကာ၊ ထိုသူတို့၏ အကျိုးကို သည်ပိုးရန် ဖြစ်သည်ပြင်၊ ထိုသူတို့၏ ဆင်းရဲခြင်း ချမ်းသာခြင်း အကြောင်းတို့ကို သိ၍၊ ထိုတိုင်းသူပြည်သား၊ နယ်သူနယ်သားတို့အား၊ တရား၌ အားထုတ်ရန် ဆုန်းမ သြဝါဒ ပေးစေခြင်းငှာ ဖြစ်၏။ သို့မှသာ ဤဘဝ နောင်ဘဝတို့၏ အကျိုးကို ထိုသူတို့ ခံစားကြရကုန်အံ့။
ရဇ္ဇူက အမတ်ကြီးတို့သည်၊ ငါ၏ အမှုတော်ကို ကျေပွန်အောင်၊ ကောင်းစွာ ဆောင်ရွက်ကြကုန်အံ့။ ပုရုသခေါ် ငါ၏ အမှုထမ်းတို့သည်လည်း၊ ငါ၏ အလိုဆန္ဒများကို ဖြည့်ဆည်း၍၊ ရဇ္ဇူက အမတ်ကြီးတို့သည် အမှုတော်ကို ကျေပွန်အောင် ကောင်းစွာ ထမ်းဆောင် နိုင်ကြစေခြင်းငှာ၊ လူတို့အား ဆုန်းမ သြဝါဒ ပေးကြစေကုန်သတည်း။
မိမိ၏ သားကို လိမ္မာသော နို့ထိန်းထံ အပ်နှံပြီးသော်၊ ထိုလိမ္မာသော နို့ထိန်းသည် ငါ၏ သားအား ချမ်းသာကို ဆောင်လတံ့ဟု၊ စိုးရိမ်ကင်းမဲ့ခြင််း ဖြစ်သကဲ့သို့၊ငါသည်လည်း နယ်သူနယ်သားတို့အား၊ ၎င်းးတို့၏ စီးပွားချမ်းသာ အလို့ငှာ၊ ငါ၏ ရဇ္ဇူက အမတ်ကြီးတို့ထံ အပ်နှံထားပေ၏။
ထိုရဇ္ဇူက အမတ်ကြီးတို့သည်၊ မကြောက်မရွံ့၊ ကိုကျိုးကို မငဲ့မကွက်၊ မမေ့မလျော့၊ တည်ကြည်စွာ၊ မိမိတို့၏ ဝတ္တရားများကို ဆောင်ရွက်နိုင်စေခြင်းငှာ၊ ၎င်းးတို့အား ချီးမြှင့်မစခြင်း၊ အပြစ်ဒဏ်ပေးခြင်း အာဏာများကို ငါအပ်နှင်းထားပေ၏။ သို့မှသာ ၎င်းတို့သည်၊ တရားစီရင်ဆုန်းဖြတ်ရာ၌၎င်း၊ အပြစ်ဒဏ်ပေးရာ၌၎င်း၊ မျှတမှန်ကန်ပေမည်။
ဤသို့ပင်လည်း ငါအမိန့်ပေးတုံသေး၏။ အပြစ်ဒဏ်ရပြီးသဖြင့် သတ်အံ့သောငှာ၊ ထောင်အကျဉ်း ခံနေရသူတို့အား၊ ပြင်ဆင် စီမံခွင့် သုံးရက်တာမျှ ပေးရာ၏။ (ဤအတွင်း) ထိုသူတို့၏ ဆွေမျိုးသားချင်းတို့သည်၊ အသက်ချမ်းသာရစိမ့်သောငှာ (နည်းလမ်းများကို) ကြံစည် ရှာဖွေကြလိမ့်ကုန်အံ့။ ဤသို့ ကြံစည်လျက် ပျက်စည်းရမည်ပင် ဖြစ်သော်လည်း၊ နောင်ဘဝအတွက် အလှူသော်လည်း ပေးစေရာ၏။ ဥပုသ်သော်လည်း စောင့်ထိန်းစေရာ၏။
ငါအလိုရှိတော်မူသည်ကား၊ ဤသို့သေကြေပျက်စီးအံ့ဆဲဆဲ၌ပင်၊ နောင်ဘဝအဖို့ အားထုတ်၍၊ လူတို့သည် အမျိုးမျိုးသော နည်းတို့ဖြင့် တရားကျင့်သုံး ဆောက်တည်ခြင်း၊ ခြိုးခြံစွာကျင့်ခြင်း၊ အလှူပေးဝေငှခြင်းတို့၌ တိုးတက်ရန်ဖြစ်၏။ (ဦးဖိုးလတ်, အသောကကျောက်စာများ၊)
…..

“ ‘Thus spake king Piyadasi, beloved of the gods: - 'In the twenty-seventh year of my anointment, I have caused to be promulgated the following religious edict. My devotees, in very many hundred thousand souls, having (now) attained unto knowledge, I have ordained (the following) fines and punishments for their transgressions. Wherever devotees shall abide around (or circumambulate) the holy fig-tree for the performance of pious duties, the benefit and pleasure of the country and its inhabitants shall be (in making) offerings: and according to their generosity or otherwise shall they enjoy prosperity or adversity: and they shall give thanks for the coming of the faith. Whatever villages with their inhabitants may be given or maintained for the sake of the worship, the devotees shall receive the same, and for an example unto my people they shall follow after (or exercise solitary) austerities. And likewise, whatever blessings they shall pronounce, by these shall my devotees accumulate for the worship (?). Furthermore, the people shall attend in the night the great myrobalan-tree and the holy fig-tree. My people shall foster (accumulate) the great myrobalan. Pleasure is to be eschewed, as intoxication (?).
'' 'My devotees doing thus for the profit and pleasure of the village, whereby they (coming) around the beauteous and holy fig-tree may cheerfully abide in the performance of pious acts. In this also are fines and punishments for the transgressions of my devotees appointed. Much to be desired is such renown! According to the measure of the offence (the destruction of viya or happiness?) shall be the measure of the punishment, but (the offender) shall not be put to death by me. Banishment (shall be) the punishment of those malefactors deserving of imprisonment and execution. Of those who commit murder on the high road (dacoits?) even none, whether of the poor or of the rich, shall be injured (tortured) on my three especial days (?) Those guilty of cruelly beating or slaughtering living things, having escaped mutilation (through my clemency) shall give alms (as a deodand) and shall also undergo the penance of fasting. And thus it is my desire that the protection of even the workers of opposition shall tend to (the support of) the worship; and (on the other hand) the people, whose righteousness increases in every respect, shall spontaneously partake of my benevolence.’ ” (Tr. Prinsep; Alexander Cunningham, Inscriptions of Asoka)
…..

Thus saith His Sacred and Gracious Majesty the King: By me consecrated twenty-six years was this Document of Law caused to be inscribed.
The Rdjukas have been placed by me over many hundred thousand lives. What is their (administration of) Law or Justice has been made by me subject to their own authority, so that the Rdjukas, assured, and without being afraid, may set about their tasks, distribute the good and happiness of the people of the country, and also bestow favours. They shall acquaint themselves with what causes happiness or misery, and, with the help of the pious, admonish the people of the provinces that they may gain both here and hereafter.
The Rdjukas, too, are ready to obey me. They will also obey the Purusas who know (my) wishes; they will also exhort those (people) l so that the Rdjukas may be able to please me.
Indeed, just as a man, after having entrusted his child to a skilled nurse, rests assured with the thought: "the skilled nurse will be able to keep my child well," even so the Rdjukas were created by me for the good and happiness of the country people.
In order that these, being free from fear, misgivings, and distracted mind, might apply themselves to their tasks, independence of the Rdjukas has been ordained by me in the
matter of Law and Justice. Since it is to be desired that there should be uniformity in law as well as uniformity in justice, from this time forward is my injunction: "To persons confined in chains, already judged, and sentenced to death, a grace of three days has been granted by me."
(During this period of grace) either (their relatives) will, for their lives, persuade those (Rdjukas) to reconsider their judgment, or, if there be none u who persuades (them), they (i.e., the prisoners) will give alms for the sake of the other world or will perform fasts.
For my desire is that even when the time (of grace) has expired, they may gain the hereafter, and that various kinds of religious practice increase, together with self-restraint and distribution of alms on the part of the people. (R.K. Mookerji, Asoka)

Sunday, 26 September 2010

အသောကရဲ့ အက္ခရာများ-၂၂

- ဒေဝါနံ ပိယေ ပိယဒသိ လာဇ ဟေဝံ အဟာ။ ကယာနံ မေ၀ ဒေခတိ။ ဣယံ မေ

- ကယာနေ ကဋေ တိ။ နော မိန ပါပံ ဒေခတိ။ ဣယံ မေ ပါပေ ကဋေ တိ ဣယံ အာသိနဝေ

- နာမာ တိ။ ဒုပဋိဝေခေ စု ခေါ ဧသာ။ ဟေဝံ စု ခေါ ဧသ ဒေခိယေ။ ဣမာနိ

- အာသိန၀ဂါမီနိ နာမ အထာ စံဍိယေ နိဌူလိယေ ကောဓော မာနေ ဣသျာ

- ကာလနေန ၀ ဟကံ မာ ပလိဘသယိသံ။ ဧသ ဗာဎ ဒေခယေ။ ဣယံ မေ

- ဟိဒတိကာယေ ဣယံမန မေ ပါလတိကာယေ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားမြတ်ကြီး ဤသို့ မိန့်ပြန်ထားလေပြီ၊ ပုဂ္ဂိုလ်တစုံတဦးသည် ငါကား ကောင်းမှုကို ပြုအပ်ပြီဟု ကောင်းမှုကိုသာ--အကောင်းကိုသာ ရှုမြင်တတ်၏၊ မကောင်းမှုကိုမူ ငါကား မကောင်းမှုကို ပြုအပ်ပြီဟု မရှုမြင်တတ်လေ၊ (စင်စစ်ကား) ဤမကောင်းမှုကိုလည်း (မကောင်းကျိုး ခံစားရမည့်) အမှုသစ် မည်၏--ဟုကား ရှုမြင်ဆင်ခြင်ရန် ခဲးယဉ်းလှ၏၊ မည်သို့ ဖြစ်စေကာ စင်စစ်ကား ဤမကောင်းမှုတို့မှာ (မကောင်းကျိုး ရရှိမည့်) အမှုသစ်တို့သာ ဖြစ်ကုန်၏ ဟု ရှုမြင်ဆင်ခြင်သင့်လေသည်၊ ထိုသို့ မရှုမြင် မဆင်ခြင်ပဲးသာ သူတပါး အပေါ်၌ ကိုယ်အားဖြင့် ကြမ်းထန်းခြင်း နှုတ်အားဖြင့် ကြမ်းထန်းခြင်း, အမျက် ဒေါသ ချောင်းချောင်းထခြင်း, တက်ကြွား မြင့်မောက် စိတ်ဓာတ် ရောက်ခြင်း, ငြူစူ စောင်းမြောင်းခြင်းတို့ဖြင့် ကောင်းမှု-ကုသိုလ်၌ အကုသို်လ် ဒုစရိုက်ဖျင်းကို မဖျန်းပက် မလျှော ကျကုန်မိစေလဿေး၊ ဤဆိုခဲ့သည့် ကောင်းမှု-မကောင်းမှု ၂မျိုးကို တိုးဆင့် ဖွံ့ကား၍ ရှုမြင်ရာ၏၊ (အသို့ ရှုမြင်မည်နည်း)? ဤကောင်းမှု-မကောင်းမှုကား ဤပစ္စက္ခ၌၎င်း, တမလွန်၌၎င်း, ခံစားရရှိမည့် အကြောင်းတရားများ ဖြစ်၏ဟု ရှုမြင်ရာ၏၊ ဤသို့ အသောကမင်းတရား မိန့်ပြန်ထားရှိတော်မူပြီ။[1]

…..

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် ဤသို့ မိန့်တော်မူ၏။ ဤမည်သော ကောင်းမှုကို ငါပြုခဲ့လေပြီဟု မိမိ၏ ကောင်းမှုကို သာလျှင် (လူတို့) မြင်တတ်၏။ ဤမည်သော မကောင်းမှုကို ငါပြုမိ၏။ ဤသည်ကား ငါ၏ အပြစ်ပါတကားဟု မိမိ၏ မကောင်းမှုကို လူတို့ မမြင်တတ်။ ဤသို့ ဆင်ခြင်ရှုမြင်ရန်ကား ခဲယဉ်းလှပေ၏တကား။ ဤသည်တို့သည်ကား အပြစ်သို့ သက်ရောက်စေသော တရားတို့ပေတည်း။ ရက်စက်ခြင်း၊ ကြမ်းကြုတ်ခြင်း၊ အမျက်ထွက်ခြင်း၊ ထောင်လွှားခြင်း၊ မနာလိုခြင်း။ ဤအကြောင်းတို့ဖြင့် ငါသည် ချုတ်ချယ်ပြောဆိုခြင်းကို မပြုလတံ။ ဤသည်ကား ငါ၏ မျက်မှောက်လောကအဖို့၊ ဤသည်ကား ငါ၏ တမနွန်လောကအဖို့၊ ဤသို့ ကောင်းစွာ ရှုဆင်ခြင်ရာ၏။[2]

…..

'Thus spake king Devanampiya Piyadasi:-' Whatever appeared to me to be virtuous and good, that is so held to be good and virtuous by me, and not the less if it have evil tendency, is it accounted for evil by me or is it named among the asinave (the nine offences?). Eyes are given (to man) to distinguish between the two qualities (between right and wrong): according to the capacity of the eyes so may they behold.

'The following are accounted among the nine minor transgressions:- mischief, hard-heartedness, anger, pride, envy. These evil deeds of nine kinds shall on no account be mentioned. They should be regarded as opposite (or prohibited). Let this (ordinance) be impressed on my heart, let it be cherished with all my soul.' ''[3]

…..

Thus saith His Sacred and Gracious Majesty the King: 'A man sees only his good deed and says, "This good deed has been done by me." In no wise does he see his ill deed (or "sin") and say," This ill deed have I done, this act called impiety."

Difficult, however, is self-examination of this kind. Nevertheless, a man should see to this that brutality, cruelty, anger, pride, jealousy, are the things leading to impiety, [and should say], "By reason of these may I not fall."

This is chiefly to be seen to "The one course avails me for the present world, the other course avails me also for the world to come".[4]

…...

Thus saith His Sacred and Gracious Majesty the King: one sees only his good deed, thinking, "this good deed has been done by me.” But he sees in no wise his sin, thinking, "This sin has been committed by me, or this indulgence of passions, as it is called." Difficult, indeed, it is to see it fully. But it has to be seen thus: "These are called the incentives to indulgence, namely, ferocity, cruelty, anger, arrogance, jealousy; and by these reasons let me not ruin (myself)." The following ought to be specially regarded: "this is for me for this world, that other for me for the next."[5]

…..

Thus speaks the Beloved of the Gods, the king Piyadassi: One only notices one’s good deeds, thinking, ‘I have done good’, but on the other hand one does not notice one’s wicked deeds, thinking, ‘I have done evil’, or ‘this is indeed a sin’. Now, to be aware of this is something really difficult. But nevertheless one should notice this and think, ‘Cruelty, harshness, anger, pride, and envy, these are indeed productive of sin.’ Let them not be the cause of my fall. And this one should especially notice, thinking, “this is important to my happiness in this world; that, on the other hand, for the next.’ [6]

…..

Thus saith king Priyadarsi, the Beloved of the gods: one counts his good deeds only (thinking), “this good deed has been done by me.” No one counts his sinful act (thinking), “this sinful act has been committed by me or this is called a sin.” It is really difficult to scrutinize. However, this indeed, ought to be conceived thus: “these (evils) lead to transgression, namely, violence, cruelty, anger, arrogance and envy, and for that reason, I should not cause my decline”. This must really be conceived (thus)-“this (self-scrutiny) is for my (happiness) in this world and also to some extent in the next. [7]


[1] အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်၊

[2] ဦးဖိုးလတ်, အသောကကျောက်စာများ၊

[3] Tr. Prinsep, Alexander Cunningham, Inscriptions of Asoka.

[4] V. A. Smith, Asoka, the Buddhist Emperor of India.

[5] R.K. Mookerji, Asoka.

[6] Romila Thapar, Asoka and the Decline of the Mauryas.

[7] Naresh Prasad Rastogi, Inscriptions of Asoka.

Saturday, 14 August 2010

အသောကရဲ့ အက္ခရာများ-၂၁

-ဒေဝါနံ ပိယေ ပိယဒသိ လာဇာ

-ဟေဝံ အာဟာ။ ဓံမေ သာဓူ။ ကိယံ စု ဓံမေတိ။ အပါသိနဝေ ဗဟု ကယာနေ

-ဒယာ ဒါနေ သစေ သောစယေ။ စခုဒါနေ ပိ မေ ဗဟုဝိဓေ ဒိံ နေ ဒုပဒ-

-စတုပဒေသု ပခိဝါလိစလေသု ဝိဝိဓေ မေ အနုဂဟေ ကဋေ အာပါန-

-ဒါခိနာယေ အံနာနိ ပိ စ မေ ဗဟူနိ ကယာနာနိ ကဋာနိ။ ဧတာယေ မေ

-အဌာယေ ဣယံ ဓံမလိပိ လိခါပိတ။ ဟေဝံ အနုပဋိပဇံတု စိလံ

-ထိတိကာ စ ဟောတူ တီတိ။ ယေ စ ဟေဝံ သံပဋိပဇီသတိ သေ သုကဋံ ကဆတီ တိ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားမြတ်ကြီး ဤသို့ မိန့်ပြန် ထားရှိတော်မူပြီ၊-- တရား၌ ကောင်းမွန်စွာ လိုက်နာ-ပြုကျင့်ခြင်း မည်သည်ကား သတ္တဝါတို့အား သနားကြင်နာ ကိုယ်ချင်း စာခြင်း, စွန့်ကြဲးပေးကမ်း လှူဒါန်းခြင်း, ကိုယ်-နှုတ်-စိတ် သုံးပါးကို တရားအတိုင်း ဖြောင့်မတ် တည့်မှန်ခြင်း, ကိုယ်ကျင့်, နှုတ်ပြော, စိတ်ထား သုံးပါးလုံး စင်ဖြူခြင်း-- ဤသို့သော ကောင်းမှုများစွာကို အသစ်-အသစ် ဖြစ်ပွား စေခြင်း ဖြစ်၏၊ ဤတရားတော်တို့ အနက် ငါ မင်းတရားသည် ထူးထွေ စားစား မြောက်မြားစွာသော ဒါန-ပေးကမ်း စွန့်ကြဲးခြင်းကို ပြုလုပ် ပေးလှူတော်မူအပ်၏၊ အခြေ ၂ချောင်းရှိသူ လူအပေါင်း, အခြေ လေးချောင်းရှိ သားအပေါင်းတို့၌ ၄င်း, အထွေထွေ အစားစား အရေအတွက် မရ, မြောက်မြားလှသော ခြီးမြှောက်-ထောက်ပံ့ခြင်းကိုလည်း ငါမင်းမြတ်သည် အသက် သတ်ရေး ငြိမ်းအေးချမ်းသာစေခြင်း တိုင်အောင် ပြုလုပ်တော်မူ၏။

ငါမင်းမြတ်သည် ဤမှ တပါး မြောက်မြားစွာသော (ဒယာ, သစ္စ, သောစေယျ စသည်) ကောင်းမှု ကုသိုလ်တို့ကိုလည်း ပြုလုပ်-- ကျင့်ဆောင်တော် မူအပ်ကုန်၏၊ ဤသို့သော တရားကျင့်ရေးများ အလို့ငှာပင် ငါမင်းမြတ်သည် ဤတရားကျောက်စာတော်ကို ရေးသား တည်ထား တော်မူစေအပ်၏၊ ဤသို့ ညွှန်ပြခဲ့သည့် နည်းတူ တုမူ လိုက်နာ၍ ကျင့်ဆောင်ကြကုန်, အရှည် အမြင့် တရားကျင့်ရေး၌ တည်တန့်သူတို့လည်း ဖြစ်ကြကုန်၊ ယင်းသို့ ညွှန်ပြတိုင်း တရားတော်ကို လိုက်နာ ကျင့်ဆောင် သူတို့သည်ကား မိမိတို့၏့ ပစ္စက္ခ--တမလွန် ၂တန်သော ချမ်းသာနှင့်တကွ ၀ဋ်ဒုက္ခ ငြိမ်းရာ ဧးမြစွာသော နိဗ္ဗာန်--ချမ်းသာ တိုင်အောင် ပြုလုပ်သူ မည်ကုန်သတည်း၊-- ဤသို့ အသောက မင်းတြားကြီး မိန့်ပြန် ထားရှိတော်မူပြီ။[1]

…..

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ အမိန့်တော်ရှိ၏။

တရားတော်ကို လိုက်နာကျင့်ဆောင်ခြင်းသည် ကောင်း၏။ တရားတော်သည်ကား အဘယ်နည်း။ မကောင်းမှုမှ ကြဉ်ရှောင်ခြင်း၊ များစွာသော ကောင်းမှုတို့ကို ပြုခြင်း၊ သနားခြင်း၊ ပေးလှူခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကိုစိတ်သန့်စင်စေခြင်းတို့ပေတည်း။

အမျိုးမျိုးသော နည်းတို့ဖြင့် (ပညာ)မျက်စေ့အလှူကို ငါပေးခဲ့လေပြီ။ အခြေနှစ်ချောင်းနှင့် အခြေလေးချောင်းတို့အား၄င်း၊ အတောင်ရှိသော ငှက်များနှင့် ရေ၌ ကျက်စား ငါးစသော သတ္တဝါတို့အား၄င်း၊ အထူးထူးအပြားပြား သနားငဲ့ညှာချမ်းသာပေးခဲ့လေပြီ။ အသက်၏ အလှူကို ပေးခြင်းစသော အခြား များစွာသော ကောင်းမှုတို့ကိုလည်း ငါပြုခဲ့လေပြီ။

ဤအတိုင်း လိုက်နာကျင့်ဆောင်ကြစေခြင်း အကျိုးငှာ ဤတရားကဗျည်းကို ရေးထိုးစေခဲ့၏။ မြဲစွာ တည်ပါစေသတည်း။ ဤအတိုင်း ကျင့်သုံး ဆောက်တည်သူတို့သည် ကောင်းသောအမှုကို ပြုသည်မည်လတံ့။[2]

…..

"Thus spake king Devftnampiya Piyadasi: - 'In religion is the chief excellence; but religion consists in good works: in the non-omission of many acts: - mercy and charity, purity and chastity; - (these are) to me the anointment of consecration. Towards the poor and the afflicted, towards bipeds and quadrupeds, towards the fowls of the air and things that move in the waters, manifold have been the benevolent acts performed by me. Out of consideration for things inanimate even many other excellent things have been done by me. To this purpose is the present edict promulgated; let all pay attention to it (or take cognizance thereof), and let it endure for ages to come: - and he who acts in conformity thereto, the same shall attain eternal happiness, (or shall be united with Sugato).’ ”[3]

…..

Thus saith His Sacred and Gracious Majesty the King: ‘"The Law of Piety is excellent." But wherein consists the Law of Piety? In these things, to wit, little impiety, many good deeds, compassion, liberality, truthfulness, purity. The gift of spiritual insight I have given in manifold ways; whilst on two-footed and four-footed beings, on birds and the denizens of the waters, I have conferred various favours, even unto the boon of life ; and many other good deeds have I done.

For this my purpose I have caused this scripture of the Law of Piety to be written, that men may walk after its teaching and that it may long endure. And he who will thus follow its teaching will do well.'[4]

…..

Thus saith His Sacred and Gracious Majesty the King: Good is Dharma. But what does Dharma include? (It includes) freedom from self-indulgence, abundance of good deeds, kindness, liberality, truthfulness, and purity. The gift of spiritual insight, too, has been bestowed by me in various ways, and for two-footed and four-footed beings, for birds and denizens of waters, I have ordained manifold kindnesses up to the boon of life. Similarly, many other good deeds have been performed by me.

For this purpose have I caused this religious Edict to be inscribed in order that (people) might follow it, and that it might be of long duration. And he who will follow it completely will perform a meritorious deed.[5]

.....

Thus speaks the Beloved of the Gods, the king Piyadassi: Dhamma is good. And what is Dhamma? It is having few faults and many good deeds, mercy, charity, truthfulness, and purity.

I have given the gift of insight in various forms. I have conferred many benefits on man, animals, birds, and fish, even to saving their lives, and I have done many other commendable deeds. I have had this inscription of Dhamma engraved that men may conform to it and that it may endure. He who conforms will do well.[6]

.....

Thus saith king Priyadarsi, the Beloved of the Gods: Dharma is good. But what does Dharma include? (It consists of these things) freedom from depravity, maximum welfare (of people), generosity, liberality, truthfulness and purity. The gift of divine sight has also been bestowed by me in many ways. Various obligations have been made by me on bipeds and quadrupeds, birds and aquatic animals. (I have given them) even upto te boon of life. And many other virtuous deeds have been done by me. For this matter I have caused this Dharmalipi to be inscribed so that they may follow it and that it may become permanent. He who does so will do something which is good.[7]


[1] အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်၊

[2] ဦးဖိုးလတ်, အသောကကျောက်စာများ၊

[3] Tr. Prinsep, Alexander Cunningham, Inscriptions of Asoka.

[4] V. A. Smith, Asoka, the Buddhist Emperor of India.

[5] R.K. Mookerji, Asoka.

[6] Romila Thapar, Asoka and the Decline of the Mauryas.

[7] Naresh Prasad Rastogi, Inscriptions of Asoka.