Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Sunday, 3 July 2011

အတက်အကြွ



သီချင်းတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ "If I rise"တဲ့။ ဒီသီချင်းကို "127 Hours" ရုပ်ရှင်ကြည့်ရင်း ကြိုက်သွားတာ။ တိုက်ဆိုင်မှုလေးကို ပြောချင်တာပါ။ "Slamdog Millionaire"ထဲက "Jai Ho"သီချင်းကို မကြိုက်ပေမယ့် Jai Hoနဲ့ If I rise ဆက်နွယ်မှုလေးကို နောက်မှ သိရတယ်။ ဒီသီချင်းတွေရဲ့ composerက တစ်ယောက်ထဲ။ A.R. Rahmanတဲ့။ “The Mozart of Madras”လို့ တင်စားကြတယ်။ Oscar, Grammyစတဲ့ ဂီတဆိုင်ရာဆုတွေ တသီကြီး ပွေ့ပိုက်ထားတဲ့ အိန္ဒိယသားတစ်ယောက်ပါ။

တကယ်တမ်းပြောရရင် ကုလားပြည် ရောက်နေတာ ရက်ပေါင်း ၂၀၀ဝကျော်ပြီ။ ကုလားသီချင်းတစ်ပုဒ်ကို ဆုံးအောင် အာရုံစိုက်ပြီး နားမထောင်ဖြစ်ဘူး။ စာသား နားမလည်တာ ထားပါ။ သံစဉ်ကို ခံစားလို့ မရတာ။ အိန္ဒိယအငွေ့အသက်တွေ အမိမြေမှာ အတော် လွှမ်းမိုးနေတာတော့ ဟုတ်ပါတယ်။ မြန်မာက မြန်မာ့အရသာ သန့်သန့်လေး လို့ ခံစားမိတယ်။ အကြောင်းမညီညွတ်လို့ ကုလားကား ကြည့်မိရင်တောင် သီချင်းဆိုတဲ့အခန်းကို မျက်နှာလွှဲဖြစ်တယ်။ များသောအားဖြင့် မျက်စိနောက်စရာတွေ။ ခြုံပြောရရင် အာရုံငါးပါး အကုန် အဆင်မပြေချင်ဘူး။ ဒီလိုကနေ If I riseကို ခံစားမိတော့ indian productမှန်း နောက်မှ သိရတာ ခပ်ကောင်းကောင်းလို့ပဲ တွေးမိတော့တယ်။ အဆင်ပြေရင်တော့ နောင်တချိန် ဘဂဝါဂီတတို့ ဂီတဉ္ဇလီတို့ကို ပါဠိversionနဲ့ ခံစားဖြစ်အုံးမလား မသိ။ အခုတော့ If I rise ပါဠိဘာသာပြန်ပါ။ Lyricsကိုတော့ netထဲက ရတာ။ တစ်ခုနဲ့ တစ်ခု မတူတတ်ဘူး။ အဆင်ပြေတာလေးပဲ ယူလိုက်တယ်။ မွေးနေ့လက်ဆောင် ကဗျာတစ်ပုဒ် ပေးပါလို့ တောင်းဆိုတဲ့ ညီသယ်ရင်း ZZZအတွက်ပါ။


[Dido:]
In your life, you’re mad
In your car, you’re sad
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
ဥမ္မတ္တောသိ တဝ ဘဝေ
သောစကော တဝ ယာနေ
ဘော… တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A. R. Rahman:]
If I rise, they are on my drive
If I believe, it's more than it is
More than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Dido:]
If I rise, one more chance
All our dreams, more than this
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
သစာဟံ ဥဋ္ဌဟန္တော, ဧကော အတိရေကအဝသရော
အမှာကံ သဗ္ဗသုပိနာ, အတိရေကတရာယေဝ
ဘော…တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘ​​​ဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A R R:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေ​ဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more call
Though I've never lost
Believe I don't care
Never again
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဂဏှ ဇီဝံ အတိရေကေ
ဧကမေဝ အတိရေကအာလပန
တထာပိ ပရာဇယံ အပတ္တောဟံ
သဒ္ဒဟ ဥပေက္ခကောဟံ
န ကထဉ္စိ ပုန
[A R R & Dido:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more cal
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဟရ ဇီဝံ အတိရေကေ
ဧကမေ၀ အတိရေကအာလပနံ
[Dido:]
If I believe, there's more than this
Anymore than this
သစာဟံ သဒ္ဒဟန္တော, တတ္ထ အတိရေကတရမေဝ
ယံ တံ အတိရေကတရမေဝ
*** If I rise on Youtube

Wednesday, 5 January 2011

လွတ်ငြိမ်းသုခ

မေဓာဝီရဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ထားတာပါ။။ မူရင်းက ဒီမှာ
(၁) တက္က
ပမုတ္တော နူန သကုဏော
အာကာသေ ပက္ခန္ဒန္တော။
ပမုတ္တာ နူန သုဝဏ္ဏမစ္ဆာ
ဇလတလေ ကီဠန္တာ။
ပမုတ္တာ နူန ဒါရကာ
မဂ္ဂေ ဝိစရန္တာ။
(၂) အနုဋ္ဌာန
အဟော သကုဏော
မာယာကာရံ အပဿန္တော
ခါဒနီယံ ပတ္ထယန္တော
လုဒ္ဒကဿ ပါသေန ဗဒ္ဓော။
အဟော သုဝဏ္ဏမစ္ဆော
ကာစမယဂေဟံ
အဏ္ဏဝေါ ဝိယ မညမာနော
ပ္လ၀န္တော ကီဠန္တော
ဘုဉ္ဇန္တော ယထာရုစိံ ဝသန္တော
ကာလံ ကတော။
အဟော ဒါရကာ
ဥပ္ပထံ စရန္တာ ဗုဘုက္ခန္တာ
တိဋ္ဌန္တာ၀ မဂ္ဂမဇ္ဈေ ရောဒန္တာ
မာတုယာ ပဟာရံ အလဒ္ဓါပိ
လောကဒ​ဏ္ဍေ ဌိတာ။
(၃) သင်္ကပ္ပ
ကထံ ပန သုဝိမုတ္တိ?
ကေ စ ပန ဝိမုတ္တိံ အနုပါပုဏန္တိ?
ကော နု ခေါ ဝိမုတ္တိံ ဒေတိ?
ဂဝေသန္တော ဟာနိံ ပတ္တော
ပစ္ဆိမကာလေပိ
နာဟံ ဝိမုတ္တိရသဿ ဘာဂီ
အထ… … … …
(၄) ဒိဋ္ဌိ
ပမုတ္တိယာ အပရေ
အန္တရာယာ။
ပမုတ္တိယာ ကူဋေ
၀ဉ္စနာ။
ပမုတ္တကာယောပိ
တုစ္ဆဟတ္ထော
နိရာပရာဓေ ဘဝေ
သမ္ပဿန္တော
ပမုတ္တိံ အပရိယေသိတုကာမော…။
(၅)အာသီသ
နာဟံ ဣစ္ဆာမိ သကုဏဘာဝံ
ခဏ္ဍပက္ခိံ ဝေဟာသံ ဥပ္ပတန္တံ။
နာဟံ ဣစ္ဆာမိ မစ္ဆဘာဝံ
သြဃေ နိမုဇ္ဇန္တံ။
နာဟံ ဣစ္ဆာမိ မနုဿဘာဝံ
လောကဓမ္မေန
လောကဒဏ္ဍံ ဝေဒယမာနံ။
ဗုဒ္ဓ၀ရ !
သံသာရဝဋ္ဋဒုက္ခတော
မောစနတ္ထာယ
သမ္မာကမ္မန္တံ
သမ္မာသင်္ကပ္ပံ
ဓမ္မံ
စတုသစ္စံ
ပဋိဝေဓနတ္ထာယ
ဝီရိယံ သမ္ပာဒေဿာမီတိ.ယံ ပတ္ထနာ…။

Wednesday, 24 November 2010

အတ္ထိ (သို့) ရာစုသစ်reunion




ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊
သြက္ကန္တနိဒ္ဒေါ.မှိ တမေဝ သုတွာ။
မာတာ ပဝတ္တေသိ သုဂီတသဒ္ဒံ၊
ပုတ္တဿ အန္တောဟဒယေ ဝသိတွာ၊
သွေးစက်လေးတွေ
တေးသီဆိုသံကို
နာခံရပါမှ
အိပ်မက်လှလှ မက်နိုင်တဲ့
ငါ့ရဲ့
နှလုံးသားထဲမှာ
ခိုနားရင်း
သားချော့တေးကဗျာ ဖွဲ့နေတဲ့
အမေ...။
image:
"Mother and Child"
Kushana, 2nd century A.D.
Mathura, Uttar Pradesh
(National Museum, New Delhi, India)

Wednesday, 20 October 2010

အိပ်မက်နဒီ


ယော
ဝေလာဇလေ နိဗ္ဗုယှန္တော
ကုန္နဒိယာ ဂီတသဒ္ဒေန
ဝုဒ္ဓိံ ပတ္တော။
အာကာသံ ဥလ္လောကေန္တော
ပထဝိံ သမ္မုဿန္တော
၀ဏုပ္ပါဒံ ပုနပ္ပုနံ ပတ္တော။
အထ
ဇလပ္ပဝါဟသဒ္ဒေါ ဥစ္စနီစော
နဒီယာ အင်္ကန္တရံ
အာသင်္ကန္တော ပတ္တော။
တာရာပဘာ ပဇ္ဇောတာ
ရတ္တိယာ မဇ္စျိမော မဇ္စျိမော ယာမော
တေ သုပိနန္တိ မနသိ ကရောန္တော
ပကမ္ပိတဟဒယော ဥမ္မာဒံ ပတ္တော။
ပစ္ဆိမေ…
တရင်္ဂပ္ပဘာ၀မဟာသဒ္ဒါဘိဘူတော
နိက္ခိတ္တဗာဟာဗလော ဟာနိဘာဂီ
ပရာဇယံ ပတ္တော။
ယတ္ထ အာသင်္ဂေါ,
တဒင်္ဂသုညော အပရိပက္ကဘဝေါ…
သဗ္ဗရတ္တိံ အမနာပသုပိနေဟိ
နာနာနယေန ပီဠိတတ္တာ
အနိဒ္ဒါယနရတ္တီဟိ သံသဂ္ဂံ ပတ္တော။
ဥစ္စနီစမယာ လောကဓမ္မာ
ကိဉ္စိဒေ၀ အနာကင်္ခမာနော…
နိရာဗာဓော ဟဒယော…
ဝိ၀ဋင်္ဂဏောယေဝ
အနိဒ္ဒယန္တောပိ
ဒိဋ္ဌဒိဋ္ဌသုပိနေဟိ
ဝုဋ္ဌဟန္တော ပဗောဓံ ပတ္တော…။

မေဓာဝီရဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ကြည့်မိတာပါ။ မူရင်းကဗျာက ဒီမှာ...။

နိုးထချိန်
သူဟာ …
ဒီရေမှာ စီးမျောရင်း
ချောင်းငယ်ရဲ့ တေးသီချင်းနဲ့
ကြီးပြင်းလာခဲ့တယ်။
ကောင်းကင်ကို မော့ကြည့်ပြီး
မြေကြီးကို မေ့လျော့ကာ
ဒဏ်ရာတွေ အခါခါရခဲ့ဖူးတယ်။
ဒီလိုနဲ့ …
ရေစီးသံ တညံညံ
မြစ်ယံရဲ့ ရင်ခွင်ထဲ
မရဲတရဲ တိုးဝင်ခဲ့တယ်။
ကြယ်ရောင်တောက်ပ
ညနက်နက်တွေကို
အိပ်မက်လို စိတ်ကူး
ရင်ခုန်ရင်း ရူးခဲ့ဖူးတယ်။
နောက်ဆုံး …
လှိုင်းပုတ်သံ တဝုန်းဝုန်းအောက်
လက်မြှောက်ရင်း ကျဆုံး
အရှုံးလည်း ပေးခဲ့ရတယ်။
တွယ်တာစရာ
ဘယ်အရာမှမရှိတဲ့ ဘဝအရိုင်းပါကွယ် …
ညတိုင်းမှာ အိပ်မက်ဆိုးတွေက
မရိုးနိုင်အောင် နှိပ်စက်ကြလို့
အိပ်ပျက်ညတွေနဲ့ ယဉ်ပါးခဲ့ရတယ်။
ရှင်ကြီးဝမ်း ရှင်ငယ်ဝမ်း
ဘာတခုမှ မလွမ်းလောက်တော့တဲ့အခါ …
ရင်မှာနာကျင်ခြင်း ကင်း …
ဟင်းလင်းပြင် သက်သက်
မအိပ်စက်ပါဘဲလျက်
မက်မက်နေတဲ့ အိပ်မက်တွေက
နိုးထလာခဲ့ပါတယ် … ။

Saturday, 9 October 2010

Horizontal နိယာမ



ပရိယန္တော ဥပ္ပလဝတိ။
ပါဒါ ဥဒ္ဓံ ဝါ အဓော ဝါ အစလိတွာန
စက္ခုဒဿနံ နိရန္တရံ အနုဓာ၀တိ။
ယော ပရိစ္ဆန္နပစ္စယေန ပစ္စယော။
ယော စ ဥပတ္ထမ္ဘပစ္စယေန ပစ္စယော။
ဒွိန္နံ တေသံ အန္တရေ
ဘူမိယံ သယိတွာ အာကာသံ ပဋိမုခံ ကတွာ
ဥဂ္ဂဏှာမိ။
အနန္တရေန အာယာမေန
သမံ ဥပမိတာပိ
န သက္ကာ သမဒိသာ ရေခါတိ ပညာပေတုံ။

ပါဠိဘာသာပြန်ကြည့်တာ။ မူရင်းကဗျာက ဒီမှာ...

The Horizontal Rule

အကန့်အသတ်ဟာ ပေါလောမျောပါသွားတယ်
ခြေထောက်တွေ အထက်အောက် မရွေ့ဘဲ
အမြင်အာရုံက မရပ်မနား လိုက်ပြေးနိုင်ခဲ့
အုပ်မိုးလွှမ်းခြုံခြင်းဖြင့် ကျေးဇူးပြုတယ်
ခင်းကျင်းထောက်ပံ့ခြင်းဖြင့် ကျေးဇူးပြုတယ်
အဲဒီ အလွှာနှစ်ထပ်အလယ်မှာ
မြေကိုကျောခင်း မိုးနဲ့မျက်နှာချင်းဆိုင်ရင်း
ငါ သင်ယူနေတာပေါ့
အဆုံးအစမဲ့ အလျားချင်း
ရေပြင်ညီ ယှဉ်လိုက််ကြရုံနဲ့
အပြိုင်မျဉ်းတွေလို့ ပညတ်စရာ မလိုအပ်တဲ့အကြောင်း။

Friday, 9 April 2010

Nothingnessရဲ့ အခြားတစ်ဖက်



ရှိခြင်းရဲ့ တဖက်မှာ
တဝေါဝေါ လည်ပတ်နေသော ဝဲသြဃ
ပျားရည်ဆမ်းထားသော နာကျင်မှု အကြွင်းအကျန်များ
လက်ယပ်ခေါ်နေ။
ယတ္ထ အတ္ထိ၊
တတ္ထ အာဝဋ္ဋာ   သြဃော
စုဏ္ဏဝိစုဏ္ဏာ ဝေဒနာ ကဋုကာပိ မဓုရာ ဝိယ
ပလောဘေန္တိ။
မရှိခြင်းရဲ့ တဖက်မှာ
လက်နှစ်လုံးစာ ဖဝါးခြေရာရွရွ
စိုက်ထူ/လဲပြို/ယိုင်နဲ့/မြဲမြံခဲ့သော မိုင်တိုင်များ
တရိပ်ရိပ် ကျန်ရစ်ခဲ့။
ယတ္ထ နတ္ထိ၊
တတ္ထ ဒွင်ဂုလလမတ္တံ ပဒတလံ
အာကောဋိတာ ဝါ ပတိတာ ဝါ ဇိဏ္ဏာ ဝါ ဒဠှာ ဝါ ထမ္ဘာ။
သီဃံ သီဃံ ဝီတိဝတ္တာ။
ဒီချောက်ဟာ
ဘယ်လောက်နက်ပါသလဲ
ဆူညံ
အသံများ
ဝေဝါး
မျက်စိကို မှိတ်ချလိုက်စဉ်
လိုချင်မှုများ လိုအပ်မှုများမှ ကင်းဝေးရာဆီ။
ယော သော ပဗ္ဘာရော
ကီ၀ နိန္နော?
ဥစ္စာ မဟာ
သဒ္ဒါ
တနုကာ
အက္ခီသု နိမီလန္တေသု
ယတ္ထ အာသာ စ အာသီသနိယာ စ သုညာ၊ တမောကာသံ…။

***ကဗျာပိုင်ရှင်က ဘာသာပြန်ဆိုလို့ ပြန်ကြည့်တာ :D
အစအနများ..
အမေ့ကိုယ်စား လောကကို ငဲ့ကြည့်ခြင်း
လောကတွင်းသို့ ခုန်ဆင်းသည့်နေ့

Sunday, 15 June 2008

လောကီသား

ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊
ပုတ္တော နု တာဒိဿ ၀ဓတ္ထိကော သော။

ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။
ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။

Thursday, 17 April 2008

နှစ်သစ်ကူးပရိတ် (သို့) မေတ္တသုတ်remix

ကြားကြားတိုင်း သတိရပါ
ရွတ်ဖတ်တိုင်း အမှတ်ရပါ
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး သင်္ကေတ ဖြစ်ခဲ့ပြီ။

ကရဏီယမတ္ထကုသလေန၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သု၀စော စဿ မုဒု အနတိမာနီ။
သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိိနြ္ဒိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓော။

ဓားဓားချင်း
ဒုတ်ဒုတ်ချင်း
ယှဉ်ပြိုင်ထိုးခုတ်နေမှ မဟုတ်ဘူး
နာကျင်စရာများ ရှိတိုင်း
ခံပြင်းစရာများ ရှိတိုင်း
ရက်စက်မှုတွေ ကြုံတွေ့ရတိုင်း
တစ်ဂါထာ တစ်ဝါကျပဲ မင်းရွတ်ဆိုလိုက်စမ်းပါ
သွေးသားထဲ စီးဆင်းသွားတဲ့ ချိုမြိန်မှုနဲ့
မေတ္တသုတ်တော်ဟာ
ငါတို့ရဲ့ တော်လှန်ရေး နိမိတ်ပုံ ဖြစ်တယ်။


န စ ခုဒ္ဒမာစရေ ကိဉ္စိိ၊ ယေန ဝိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ကြေကွဲတတ်ရင်
အနီရောင် စွန်းထင်းခဲ့တဲ့ ဗောဓိညောင်တွေအတွက်
မြေခခဲ့ရတဲ့ ဦးခေါင်းတော်တွေအတွက်
ကြေကွဲလို််က်အုံး
တစ်လှမ်းချင်းလှမ်းတဲ့ ခြေလှမ်းတွေအတွက်
တစ်ပိုဒ်ချင်း သရဇ္စျယ်တဲ့ သံစဉ်တွေအတွက်
ဝမ်းနည်းလိုက်အုံး။

ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာ၀ရာ ၀န၀သေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

လူမဆန်တဲ့ ရက်စက်မှုတွေကြားမှာ
“ကရဏီယ”ကို ရွတ်ဖတ်ရင်း
“န ပရောပရံ”ကို သရဇ္စျယ်ရင်း
သွေးပွက်ပွက်အန်ခဲ့ရပြီ။

ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀ ၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

သုတ်တော်ရဲ့ ပါဒတိုင်း ပါဒတိုင်းမှာ
သွေးစွန်းနေတဲ့ ကျည်ဆန်တွေ ရှိတယ်
သုတ်တော်ရဲ့ အက္ခရာတစ်လုံချင်းမှာ
မိစ္ဆာတွေရဲ့ စစ်ဖိနပ်ဒဏ်ရာတွေ ရှိတယ်
နာနာကျင်ကျင် ခံစားလိုက်အုံး
မေတ္တသုတ်တော်ဟာ
တော်လှန်ရေးရဲ့ သွေးစက်တွေ ဖြစ်တယ်။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကိဉ္စိိ။
ဗျာရောသနာ ပဋိဃသညာ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

တောကိုပဲရောက်ရောက်
မြို့မှာပဲနေနေ
ဘယ်နေရာ ဘယ်ကာလမှ ရွတ်ဖို့ မမေ့နဲ့
မေတ္တသုတ်တော်ဟာ တော်လှန်ရေးရဲ့ သင်္ကေတ
သွေးစွန်းဗောဓိညောင်တွေရဲ့
စွန့်လွှတ််မှုနိမိတ်ပုံ
ကြေကြေကွဲကွဲ
ငါတို့ဆက်ပြီး သရဇ္စျယ်ကြအုံးစို့။


မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာ၀ယေ အပရိမာဏံ။

သေနတ်တွေ တဒိုင်းဒိုင်း ပစ်နိုင်မှ
ဓားလှံတွေ တမြမြ သွေးနိုင်မှ
တော်လှန်ရေး မဟုတ်ဘူး
ခေတ်သစ်တော်လှန်ရေးဟာ
ညင်ညင်သာသာနဲ့ ရဲရဲဝံ့ ချီတက်ခြင်းပဲ ဖြစ်တယ်
ကြေကြေကွဲကွဲ ခံစားရတိုင်း
အစ အလယ် အဆုံး ဘယ်နေရာပဲ ရွတ်ရွတ်
မေတ္တသုတ်ဟာ
တော်လှန်ရေးရဲ့ ကိုယ်စားပြု လက်နက်ပဲ။

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာ၀ယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊ အသမ္ဗာဓံ အဝေရမသပတ္တံ။

ကျီးတစ်အုပ် လန့်ဖြန့်သွားပုံလို
ငလျင်တစ်ခု ဖြတ်လှုပ်သွားသလို
ခြေလှမ်းလေး တစ်လှမ်းပဲလှမ်း
ဂါထာလေးတစ်ပုဒ်ပဲရွတ်
လူ့မိစ္ဆာတွေ လန့်ဖြန့်သွားစေရမယ််။

တိဋ္ဌံ စရံ နိသိန္နော ၀၊ သယာနော ယာ၀တာဿ ဝိတမိဒ္ဓော။
ဧတံ သတိ ံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

ဧရာ၀တီဟာ ငါတို့ပြည်ရဲ့ နိမိတ်ပုံ
ကမ္ဘာမကြေဟာ ငါတို့ရဲ့ အမျိုးသားသီချင်း
မေတ္တသုတ်ဟာ ငါတို့ရဲ့ တော်လှန်ရေးလက်နက်
ဘယ်လို ရက်စက်မှုနဲ့မှ တားဆီးလို့ မရဘူး
ကဲ…နာနာကျင်ကျင် ပရိတ်ရွတ်ကြအုံးစို့။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂ ဗ္ဘသေယျ ပုန ရေတီတိ။

ငါတို့ရဲ့ သွေးကြောအဆက်ဆက်
ငါတို့ရဲ့ သမိုင်းအဆက်ဆက်
မေတ္တာတရားဟာ
ဘယ်တော့မှ ဟောင်းနွမ်းမသွားဘူး။

မေတ္တသုတ်တော်ကို ခုဒ္ဒကနိကာယ်, ခုဒ္ဒကပါဌပါဠိတော်မှ ကူးယူသည်။
“ခေတ်သစ်တော်လှန်ရေးသင်္ကေတ”ကို မေတ္တာcampaignမှ ကူးယူသည်။