Showing posts with label စာတိုပေစ. Show all posts
Showing posts with label စာတိုပေစ. Show all posts

Saturday, 22 September 2012

ရေစုန်မြောတဲ့ မြစ်

Mansarovar  (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။

Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။

ရာဇဝင်ထဲလဲ ပါရဲ့။

နဒီဝင်ထဲလဲ ပါရဲ့။

တောင်ပေါ်က ဆင်းလာတဲ့ မြစ်

တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။

ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။


အေးတဲ့နေရာမှာ အေးတယ်။

ဖွေးတဲ့နေရာမှာ ဖွေးတယ်။

နွေးတဲ့နေရာမှာ နွေးတယ်။

စွေးတဲ့နေရာမှှာ စွေးတယ်။

ကမ်းပါးတစ်နေရာမှှာ…

ထိုင်တွေးမနေနဲ့

မှိုင်ငေးမနေနဲ့

ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။

Wednesday, 26 October 2011

Neoနမက္ကာရ - ၂


“နမော တဿ” ဘုရားရှိခိုးကို တစ်ထောင်ပြည့်အောင် အနက်ပေး ဘာသာပြန်ထားတဲ့ စာအုပ်လေးကို သတိရမိတယ်။ စာအုပ်နာမည်တော့ အတိအကျ မမှတ်မိတော့ဘူး။ “နမော တဿ အနက်တစ်ထောင်”လို့ ထင်တာပဲ။ အံ့သြဖွယ်ရာပါပဲ။ ပါဌ်တစ်ချက် အနက်ဆယ်ထွေဆိုတဲ့ စကားလဲ ရှိနေတာတော့ ဟုတ်ပါတယ်။ ကိုယ့်အနေအထားနဲ့ တွေးကြည့်တော့ အတော့်ကို ခက်ခဲနေတာကို တွေ့ရတယ်။ ပါဠိဝေါဟာရတစ်ခုကို မြင်တဲ့အခါ အနက်ကို အခြေခံအားဖြင့် နားလည်မိပေမယ့် ဘာသာပြန်ဖို့ကို အတော်လေး လက်တွန့်နေမိတယ်။ ဘာသာပြန်လိုက်တိုင်း မူရင်းပါဠိရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို လျော့ချလိုက်သလို ဖြစ်ဖြစ်သွားတတ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်လို့ပဲ ဆိုရမှာပါ။ မြန်မာဝေါဟာရပိုင်းမှာ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတဲ့ အနေအထားပါပဲ။ အခုလည်း ကိုယ်တိုင်ရေးထားတဲ့ ဂါထာတစ်ပုဒ်ကို ဘာသာပြန်ဖို့ မဝံ့မရဲဖြစ်နေတယ်။ ဂါထာက ဒီလိုပါ…
ဝန္ဒေ ဝိဘဇ္ဇဝါဒိံ၊ သမန္တပဋ္ဌာနဒေသကံ ဗုဒ္ဓံ။
သုဝိစိတ္တပစ္စယနယာ၊ စတုဝီသတိ အစ္ဆရိယဓမ္မာ။

ဒီဂါထာလေးကို စပြီး ရေးဖြစ်တာ ကြာပါပြီ။ ပဋ္ဌာန်းကို စပြီး လေ့လာတဲ့ အချိန်ပိုင်းမှာပါ။ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ။ ပထမဆုံးဗားရှင်းက ဒီလို မဟုတ်ပါဘူး။ နောက်မှ တဖြည်းဖြည်း မွမ်းမံရင်းနဲ့ ခုဂါထာလေး ဖြစ်လာတာ။ စရေးပြီးတဲ့ အချိန်ကနေ ခုထိ အမြဲရွတ်ဖတ်ပူဇော်ဖို့ အခွင့်ကြုံတယ်။ ပဋ္ဌာန်းပစ္စယုဒ္ဒေသဖြစ်ဖြစ် နိဒ္ဒေသဖြစ်ဖြစ် ပူဇော်အပြီး  အသိမ်းဂါထာအနေနဲ့ပါ။
ဂါထာ အမျိုးအစားက ပထျာအရိယာဂါထာမျိုးပါ။ အင်မတန် လှပတဲ့ ရေးဟန်နဲ့ သီဖွဲ့ထားတဲ့ ဂါထာမျိုး။ ဒီဂါထာကို ရေးဖွဲ့တဲ့အခါ နမူနာအဖြစ် နည်းယူရတဲ့ ဂါထာက “ဂရုဏာသီတလဟဒယံ” အစချီတဲ့ ဂါထာပါ။ ဒီဂါထာကိုတော့ ငယ်ငယ်လေးကထဲက ကြားဖူးနေတာ။ အဖိုးဖြစ်သူက မနက်စောစော သီတဂူဆရာတော်ကြီးရဲ့ တရားခွေတွေ ဖွင့်နားထောင်တဲ့အခါ ဒီဂါထာကို အိပ်ရာမထသေးခင်မှာပဲ အိပ်ရေးမဝတဝနဲ့ ကြားနေရတာ။ ဒါပေမယ့် ဒီဂါထာလေးက ကိုယ်တိုင်ကိုယ်ကျ ပါဠိဂါထာရေးတဲ့အခါ အကြီးအကျယ် အထောက်အကူပြုလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
သမန္တပဋ္ဌာန၊ စတုဝီသတိ၊ ပစ္စယနယ ဆိုတဲ့ ဝေါဟာရတွေက ပိဋကတ်စာပေမှာ ပဋ္ဌာန်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ သုဝိစိတ္တ၊ အစ္ဆရိယဓမ္မဆိုတာတွေကတော့ ပဋ္ဌာန်းတရားတော်ကို အထူးပြုထားတဲ့ ဝေါဟာရတွေအနေနဲ့ အသုံးပြုထားတာပါ။ ဝိဘဇ္ဇဝါဒီကလဲ ပဋ္ဌာန်းဒေသနာကို ဟောကြားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓကို အထူးပြုတဲ့ ဂုဏ်တော်တစ်ခုအနေနဲ့ မှတ်ယူထားပါတယ်။ ဒေသကဆိုတာကလဲ ဗုဒ္ဓကိုပဲ ရည်ညွှန်းပါတယ်။ ဝန္ဒေ ဆိုတာကတော့ ဘုရားရှိခိုးတိုင်း ပါလေ့ရှိတဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီဝေါဟာရ တစ်ခုစီရဲ့ အခြေခံအနက်အဓိပ္ပါယ်တွေက ဒီလိုပါ။
စတုဝီသတိ−၂၄
သုဝိစိတ္တ−အဆန်းတကြယ်
ပစ္စယနယ−ကျေးဇူးပြုသောနည်း
အစ္ဆရိယဓမ္မ−အံ့သြဖွယ် သဘောတရား
ဝိဘဇ္ဇဝါဒီ−ခွဲခြမ်းဝေဘန်၍ ဟောပြောတော်မူလေ့ရှိသော (သူ)
သမန္တပဋ္ဌာနဒေသက−သမန္တပဋ္ဌာန်းကို ဟောကြားတော်မူသော (သူ)
ဗုဒ္ဓ−မြတ်ဗုဒ္ဓ
ဝန္ဒေ− ရှိခိုးပါ၏။
ဘုရားရှိခိုး အမျိုးမျိုးလို့ ပြောကြတယ်။ ကိုယ့်ရင်ထဲမှာ ကိုယ့်အတိုင်းအတာနဲ့ ကိုယ့်စိတ်တိုင်းကျ ခံစားမိသမျှ ဝေါဟာရအဖြစ်နဲ့ ဖန်တီးပူဇော်ရတာ တကယ့်ကို ကြည်နူးစရာ ကောင်းတယ်လို့ ထင်မိတာပါပဲ။ တစ်ခုပဲ ပြောစရာရှိတယ်။ တခမ်းတနား မရေးဖွဲ့တတ်တာပဲ။ ဒီတော့ ဘယ်လိုပဲ neo ဖြစ်ဖြစ် “ဝန္ဒာမိ− ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏” ဆိုတဲ့ “ရတနာ့ဂုဏ်ရည်” စာအုပ်ထဲက ဖွဲ့သီမှုမျိုးကတော့ နမက္ကာရအနက်ပေးတဲ့ နေရာမှာ စံတစ်ခုအနေနဲ့ ရှိနေမှာပါ။
အစအန...
Neoနမက္ကာရ - ၁

Monday, 29 August 2011

blogအက္ခရသညာတော - ၂


post ဝါ ယဒိ ဝါ pages ၊
comment ဝါ ယဒိ ဝါ cbox။
ယတ္ထ bloggers ဝိစရန္တိ။
တံ blogရာမဏေယျကံ။
ပိုစ့်မွေ့
ပေ့ဂ်ျမွေ့
ကွန်မန့်မွေ့
စီဘောက်မွေ့
ဘလော့ဂ်မွေ့

“မွေ့သမမွှေ” ဂါထာလို့ ဆိုချင်တယ်။ ဒီremixရဲ့ မူရင်းဂါထာကို လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ဓမ္မပဒကို သင်တဲ့အခါ စပြီး တွေ့ခဲ့ရတယ်။ ကြိုက်လွန်းလို့ ခုထိ မမေ့နိုင်သေးဘူး။ ဂါထာရဲ့ အဓိပ္ပါယ်ကလဲ (ကိုယ်နဲ့ မဆိုင်လောက်အောင်) အတော် လေးနက်တယ်။ စကားလုံးဖွဲ့သီမှုကလဲ ခန့်ငြားတယ်။ ဒီလို ဗုဒ္ဓဒေသနာတော်ကို ပုံပျက်သွားအောင် လုပ်ချင်တဲ့ စိတ်မျိုးတော့ လုံး၀ မရှိတာ အမှန်ပါ။ ပစ္စက္ခတ်မှာ ကိုယ် မွေ့နေတဲ့ ရပ်ဝန်းကိုပဲ ပုံဖော်ချင်တဲ့ သဘောလေးတစ်ခုပဲ ရှိတာ။ ဘဝဆိုတာကလဲ ခပ်ခက်ခက်။ ပျော်ရာမှာ မနေရ။ တော်ရာမှာ နေရတဲ့ အခြေအနေ။ ဧရာ၀တီမခမ်းခင် အပြန်လမ်းတွေ စမ်းတဝါးဝါး။ ပျော်ပါးမွေ့လျော်နေရတာက အခုတော့ virtual worldပေါ်မှာ။ မွေ့တာနဲ့ ပတ်သက်ပြီး စိတ်ထဲ ရောက်လာတဲ့ ဝေါဟာရလေးက “ဘူမိရာမဏေယျက”ပါ။ ဂါထာကိုလဲ အလိုလို ရွတ်ပြီးသား။ ဒါကိုပဲ ပုံစံယူပြီး remixလုပ်ဖြစ်သွားတာ။ မူရင်းဂါထာက ဒီလိုပါ…
ဂါမေ ဝါ ယဒိ ဝါရညေ၊
နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရန္တိ၊
တံ ဘူမိရာမဏေယျကံ။
ရွာဖြစ်စေ, တောဖြစ်စေ​ေ
ချိုင့်ဝှမ်းရာ အရပ်ဖြစ်စေ, ကြည်းကုန်းဖြစ်စ
အကြင် အရပ်၌ ရဟန္တာတို့ နေကုန်၏၊
ထိုရဟန္တာတို့ နေရာ မြေအရပ်သည် မွေ့လျော်ဖွယ် အရပ်မည်၏။ [1]
ဒီဂါထာရဲ့ ပထမပိုင်း ဂါထာလဲ ရှိသေးတယ်။ ၂ဂါထာပေါင်းဖတ်မှ ပိုပြီး အဓိပ္ပါယ်ပြည့်စုံတယ်။
အာရာမစေတျာ ဝနစေတျာ, ပေါက္ခရညော သုနိမ္မိတာ်
မနုဿရာမဏေယျဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။ [2]
ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော အရိုအသေပြုရာ အရံ, ခြံ, ဥယျာဉ်တို့သည်လည်းကောင်း၊ အရိုအသေပြုရာ သစ်တောတို့သည်လည်းကောင်း၊ ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော ရေကန်တို့သည်လည်းကောင်း လူတို့နှစ်သက် ဖွယ်ရာ မြေအရပ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်။
ပိဋကထဲက စကားပြေမှာ အာရာမရာမဏေယျက၊ ၀နရာမဏေယျက၊ ပေါက္ခရဏိရာမဏေယျက စတဲ့ ဝေါဟာရတွေလဲ ရှိသေးတယ်။ ဂါထာထဲမှာတော့ ဘူမိရာမဏေယျကကိုပဲ တွေ့မိတယ်။ ဒီလို သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရမြောက်တဲ့ ဝေါဟာရတွေရဲ့ ဖြားယောင်းမှုနဲ့ပဲ ဒီremixလေး ရေးဖြစ်သွားတယ်။ သူကြီးမင်းရဲ့ commentက အားပေးလှုံ့ဆော်တာလဲ ပါသပေါ့။ ရေးပြီးမှ B-dayနဲ့ နီးနေမှန်း သတိရမိတယ်။ ဒါနဲ့ပဲ “blogရာမဏေယျက”ဆိုတဲ့ ဝေါဟာရကို ဘလော့ထက် အက္ခရာတင်ဖြစ်သွားတယ်။ “blogကို အက္ခရာတို့ဖြင့်သာ ကောင်းစွာ သိအပ်၏”တဲ့။

[1] http://tipitakamyanmar.blogspot.com/2010/04/blog-post_08.html
[2] ရာမဏေယျသုတ္တ (သံ၊၁၊ ၂၃၄)

Sunday, 21 August 2011

အလွှာအနွှာ


ဘာဝနာရာမော
ပွားမွေ့
ပဟာနာရာမော
ပယ်မွေ့
ရတော
ပျော်မွေ့

Sunday, 31 July 2011

ကို့ယို့ကားယား


ပရိပုဏ္ဏော
အဘိနတော
ဖောင်းတဲ့အခါ ဖောင်း
စောင်းတဲ့အခါ စောင်း


မဂ္ဂန္တရေ
ဝိပရိဏာမာ
အက္ခိနိမီလနမတ္တမ္ပိ
အစ္ဆရာသင်္ဃာတမတ္တမ္ပိ
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ
ဧဝံ ဒဋ္ဌဗ္ဗံ
လမ်းပေါ်မှာ
အပြောင်းအလဲတွေ
မျက်စိတမှိတ်
လက်ဖျစ်တတွက်
မြင်ရင် မြင်တယ်လို့ပဲ မှတ်လိုက်ပါ…။

Friday, 8 July 2011

နံရံ၏ အခြားတစ်ဖက်


ဒေလီတက္ကသိုလ်ရဲ့ အလှအပတွေ ဘာတွေများ ရှိလဲလို့ တက္ကသိုလ်မြေတလျှောက် လှည့်ပတ်ကြည့်။ ထူးထူးခြားခြား ဘာမှ တွေ့ရမှာ မဟုတ်ဘူး။ သွေ့ခြောက်ခြောက် ပရဝုဏ်အတွင်းမှာ ခြောက်သွေ့သွေ့ ကျောင်းဆောင်တွေပဲ ရှိတာ။ အခြေခံအဆောက်အဦအနေအထားအရ ဆွဲဆောင်မှု တစ်ခုမှ မရှိ။ တကယ် ရုပ်ပျက်တာက တံတိုင်းနံရံတွေမှာ အပေါ့အပါးသွားထားတာ။ ပြီးတော့ အလွန့်အလွန် အနံ့ပြင်းတဲ့ အမှိုက်ပုံတွေ။ နံရံတွေနားမှာ ဟိုတစ်ပုံ ဒီတစ်ပုံ။ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ အခင်းအကျင်းလို့တော့ မဆိုနိုင်ဘူး။ တားမရဆီးမရ မွန်းကြပ်တဲ့ မြို့ပြရဲ့ ဘေးထွက်ရလာဒ်တွေလို့သာ မှတ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သိုလှောင်ထားတဲ့... မြိုသိပ်ထားတဲ့... ပေါက်ကွဲမှုတွေဟာ ဒေလီတက္ကသိုလ်ရဲ့ အုတ်တံတိုင်းနံရံတွေနားမှာ ပြန့်ကျဲနေလေရဲ့။

ဒေလီတက္ကသိုလ်တဝိုက် လှုပ်ရှားပြေးလွှားရင်း လွမ်းမောစရာ တက္ကသိုလ်နေ့ညများရဲ့ မပီဝိုးတဝါး ပုံရိပ်တွေထဲမှာ ရင်ကို လာမှန်စေတဲ့ ဒေလီတက္ကသိုလ်ရဲ့ စုတ်ချက်ကြမ်းကြမ်း ကိုယ်တိုင်ရေးပုံတူတွေကလဲ ပေကျံနေတဲ့ နံရံတွေပေါ်မှာပါပဲ။


တက္ကသိုလ်တံတိုင်းနံရံတွေရဲ့ သင့်တော်ရာ နေရာတွေမှာ ဒီလို သီးခြားနေရာလေးတွေ ရှိတယ်။ အပေအပွတွေကြားက အလှအပတစ်ရပ်လို့ မြင်မိတယ်။ Righting wall writingsလို့ Delhiသားများကိုယ်တိုင်က ပြောယူရလောက်အောင် နေရာတကာ ပိုစတာ ကပ်တတ်တဲ့ အလေ့အကျင့်တစ်ခုဟာ နေရာရနေတာ အံ့သြစရာ။
ဒီပုံရိပ်တွေကို ကြည့်ရင်း “သီလံ ပါကာရကံ တတ္ထ”ဆိုတဲ့ ပိဋကတ်စာပေထဲက ကဗျာ အပိုင်းအစလေးကို သတိရမိတယ်။ ဘာသာပြန်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ ပါဠိစာပေကို စိတ်ဝင်စားတဲ့သူများ ပုံနဲ့ စာနဲ့ သဟဇာတဖြစ်အောင် သင့်တော်သလို ခံစားနိုင်ပါတယ်။

Thursday, 23 June 2011

အကွာအဟ



အဝိဝေကာရာမော
မငြိမ်မသက်
အနုပသမာရာမော
မငြိမ်းမချမ်း
သဥပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်
အနုပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်း
သုဝိဒူရဝိဒူရာနိ ဝတ ဣမာနိ။
ဝေး…ဝေး...

Thursday, 16 June 2011

အသောကခြေရာ (၃)


ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။


တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။

တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။

ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော

စိတ်ကလဲ လေးလေး...


အတ္တဘောကလဲ လေးလေး...

‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ

ဒီနေ့ အတွက်


မနက်ဖြန်အတွက်

အာသင်္ဂေါ


အပေက္ခေါ

အငြိအကပ် များများ...။


အငဲ့အကွက် များများ...။

ဒီဃော သယတော သုပိနော။

အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။


အသောကကျောက်ဆောင်စာငယ်

Sunday, 12 June 2011

အသောကခြေရာ (၂)

သင်္ဂါမော
ဇယော
ပရာဇယော
သန္တော

စစ်...
နိုင်...
ရှုံး...

ငြိမ်း..

Kalinga Rock Edicts on Googlemap
ကလိင်္ဂကျောက်စာ
(၁/က)(၁/ခ)(၂)

Friday, 10 June 2011

အသောကခြေရာ

ယာတာနုယာယီ
သွားသောသူသို့ အစဉ်လိုက်သောသူ
သွားသူ...သွား၊
လိုက်သူ...လိုက်၊
gooသူ...goo.
gelသူ...gel.
Major Rock Edicts on Googlemap
အသောကပဓာနကျောက်ဆောင်စာ
(၁) (၂) (၃) (၄) (၅/၁) (၅/၂) (၆/၁) (၆/၂) (၇) (၈) (၉/၁) (၉/၂) (၁၀) (၁၁) (၁၂/၁) (၁၂/၂) (၁၃/၁) (၁၃/၂) (၁၃/၃) (၁၄)

Tuesday, 18 January 2011

ဒဿနကို ထရံပေါက်မှ ချောင်းကြည့်ခြင်း



ပဿတိ ပဿော ပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပ္ပဿန္တော အပ္ပဿန္တံ၊ ပဿန္တဉ္စ နပဿတိ။

" မြင်တဲ့သူဟာ မြင်တဲ့လူကိုရော၊ မမြင်တဲ့လူကိုရော မြင်တယ်။
မမြင်တဲ့လူဟာ မမြင်တဲ့လူကိုရော မြင်တဲ့လူ ကိုပါ မမြင်ဘူး "

သိမှ သိ/မသိ ကို သိသည်၊
မသိက သိ/မသိ ကို မသိ။
မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်
တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။
မသိက တစ်ပတ်ပတ်၊ သိ မှ အပြီးသတ်သည်။
မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။
ဒီပဲယင်းဆရာတော်

"The End of the Long Peregrination."
He who knows not, that he knows not and knows;
He who knows not, knows not that he knows not and knows;
He who knows not, is attached and who knows, is detached;
He who is attached, runs the risk of danger;
He who knows detached, enjoys the bliss of peace;
He who knows not turns around a round;
He who knows, turns no other round;
For who knows not, it is the beginning.
For who knows, it is the end and passing over of all things.
Translated by Mya Than Tint

ဒါတွေကို ဒီက တွေ့တာ။
ဒီမှာလဲ ဒီလို တွေ့သေးတယ်…။

Knows and Knows Not (variations)

He who knows not and knows not that he knows not is a fool; avoid him.
He who knows not and knows that he knows not is a student; teach him.
He who knows and knows not that he knows is asleep; wake him.
He who knows and knows that he knows is a wise man; follow him.
Attributions: Persian apothegm, Sanskrit Saying

He who knows not, and knows not that he knows not, is a fool. Shun him.
He who knows not, and knows that he knows not is simple. Teach him.
He who knows, and knows not that he knows, is asleep. Wake him.
He who knows, and knows that he knows is wise. Follow him.
Sir Richard Burton, Anonymous Arabic Proverb,

He who knows not, and knows not that he knows not, is a fool...shun him.
He who knows not, and knows that he knows not, is willing...teach him.
He who knows, and knows not that he knows, is asleep...awaken him.
He who knows, and knows that he knows, is wise...follow him.
Chinese Probverb

ဒီထက် သိတဲ့မြင်တဲ့သူရှိရင်လဲ လမ်းညွှန်ပါအုံးဗျာ။

Thursday, 15 July 2010

အထိအခိုက်



ဇိဝှါသမ္ဖဿံ....။

လျှာရင်းမြက်မြက်...။

Monday, 21 June 2010

တဖက်သတ်



အဖြူ --- ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော။

အနက် --- ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။

ဒီဂါထာ အပိုင်းအစလေးက ဒီမှာ တင်ပြီးသား။ ရေးခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေပြီ။ အခုထိ ဂါထာတစ်ပုဒ်ဖြစ်အောင် ဆက်မရေးဖြစ်တော့ဘူး။ ဒီလောက်နဲ့ပဲ လိုချင်တဲ့ အနေအထားတစ်ခုကို ရောက်ပြီလို့ တွေးမိတယ်။

ဧရာ၀တီမြစ်ကမ်းနဘေးက နှမ်းဖတ်ချဉ်ပေါတဲ့ အညာမြို့လေးမှာ နေခဲ့တုန်းက ရေးဖြစ်ခဲ့တာ။ ရေးပြီး သရုပ်ဖော်ပုံလေးနဲ့ သူငယ်ချင်းတွေနဲ့အတူ စီစဉ်တဲ့ နံရံကပ်စာစောင်ပြပွဲမှာ ပြခဲ့တာ ဘောခရေဇီတွေက ပါဠိunited clubထောင်ဖို့ လိုလိုလားလား အဆိုပြုကြတယ်။ အဲဒီတုန်းက လူငယ်ခြေတက်လေး။ အခုတော့ မကစားတော့ပဲ blogပေါ်မှာ commentatorလုပ်စားနေတယ် :D

၁ပါဒမှာ ဒီလို “ဂရု-ဂရု-လဟု-ဂရု-ဂရု-လဟု-လဟု-ဂရု-လဟု-ဂရု-ဂရု” အက္ခရာ ၁၁လုံးပါတဲ့ “ဣန္ဒ၀ဇီရ” ပါဠိဂါထာ (ဒီဂါထာမျိုးနဲ့ ပတ်သက်ပြီး ဒီမှာ ရေးခဲ့ဘူးတယ်) ၂ပါဒကို First Eleven ၂သင်းပုံစံနဲ့ ကစားကွက်ဖော်ထားတာ။ ရလာဒ်ကတော့ ရှင်းပါတယ်။ ဘဝဟာ သတ်ကွင်း...။

Sunday, 16 May 2010

အငတ်အပြတ်



ပတ္ထေတိ...
ပရိယေသတိ ...
သကိံ ပရိဘုဉ္ဇတိ...
တဒင်္ဂဝသေန ပဟီယတိ...။
နိစ္စကာလံ ပန တိကိစ္ဆိတဗ္ဗော။

အတောင့်အတ...
အရှာအဖွေ...
အသုံးအစွဲ...
တဒင်္ဂ...အသက်အသာ။
ထာဝရ...အကုအသ။

Tuesday, 11 May 2010

နာမ်

ယဿ ယတ္ထ စိတ္တံ နမတိ၊
တဿ တတ္ထ စိတ္တံ ရမတိ။

စိတ်ညွတ်...။
စိတ်ပျော်...။

Saturday, 8 May 2010

မပြီးတော့မယ့် ပန်းချီကား



ကိလိဋ္ဌံ အာဝိလံ စိတ္တံ။
ဝိမလံ ဝိသုဒ္ဓံ စိတ္တံ။

စိတ်ညစ်…စိတ်နောက်။
စိတ်သန့်…စိတ်ကြည်။

Thursday, 8 October 2009

ခွက်၂ခွက်ရဲ့ story


ချိုသလား ချဉ်သလား...
ဖန်မလား ဆိမ့်မလား...
......
......
အသေအချာ မသိရင်တော့
အဖြူနဲ့ အမဲ ရောမွှေကြည့်ပါ။

Saturday, 23 May 2009

ရွှေတိဂုံကိုမြင်လျှင်

တောက်လို့သာ ကဲတော့တယ်
ပေါက်ဆဲ သူရိန်လို
ဘူမိန္ဒါမြေရိုက်တွင်မှ
ရွှေသိုက်စောင်ပေါ်ထွန်းလို့
မော်ကွန်းအောင်လံထူးပါဘိ
တောင်ညွှန့်ရင်...

ဆိုပြီး စာအုပ်တစ်အုပ် (ရွှေတိဂုံစေတီတော်သမိုင်းလို့ထင်တယ်)ထဲက ရခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးကို မှီးပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်စီထားတာလေး ရှိတယ်။ ဒီလို...
တင့်လို့သာထွန်းတော့တယ်
ပြည့်ဝန်း စန္ဒာလို
သန္တာပြာတိမ်ဖျားတွင်မှ
ငွေသားရောင်ပေါ်လင်းလို့
မှန်ကင်းအောင်လံထူးပါဘိ
စိန်ဖူးရှင်...
ရေးခဲ့တာ ကြာလှနေပြီ။ အခု ရွာခဏပြန်ရောက်တုန်း Sakura Towerပေါ်ကနေ ဖူးမြင်ရတဲ့အခါ ပြန်ပြီး သတိရမိတယ်။
အော်...ဝေးဝေးကသာ လွမ်းရပါတော့သည်...။

Friday, 5 September 2008

တောင်အရပ်သို့ ဦးညွှတ်ခြင်း

မွေးကထဲက ဆရာတွေနဲ့ လက်ပွန်းတတီးနေခဲ့ရတာ။ မိဘတွေက ကျောင်းဆရာတွေလေ။ ကံမကောင်းချင်တော့ သိတတ်တဲ့ အရွယ်ကစပြီး ပုဗ္ဗာစရိယဆိုတဲ့ သူတို့ရဲ့ အဆုံးအမတွေနဲ့ ဝေးခဲ့ရတယ်။ ပါဠိအလင်္ကာကျမ်းကတော့ ဒီလို ဆိုတယ်။

ကိံ တေဟိ ပါဒသုဿူသာ၊
ယေသံ နတ္ထိ ဂရူနိဟ။
ယေ တပ္ပါဒရဇောကိဏ္ဏာ၊
တေ ၀ သာဓူ ဝိဝေကိနော။

ဆရာသမားခြေရင်းမှာ ဝပ်စင်းခစားခြင်း မရှိတဲ့သူတွေဟာ အသုံးမကျပါ။
ဆရာ့ခြေထောက်က မြေမှုန်တွေနဲ့ ပေကျံနေတဲ့သူတွေသာ လူချွန်လူမွန်တွေပါ။

ငယ်ငယ်တုန်းကတော့ ညီညာထကြွတို့ အတတ်လည်းသင်တို့ ဘာတို့ အော်ဖတ်နေတာပဲလေ။ ဘာလဲလို့ မသိပါဘူး။ မြတ်ဗုဒ္ဓရဲ့ သိင်္ဂါလသုတ်မှာပါတဲ့ အရပ်၆မျက်နှာ လုံခြုံရေးဆိုတာကိုတော့ ပါဠိစာပေ သင်တော့မှ မူရင်းဖတ်ဖြစ်တယ်။ ပါဠိစာပေလေ့လာ့ဖြစ်တဲ့အချိန်မှာ သတိတရဖြစ်မိတာက ငယ်ငယ်က ဆရာတစ်ယောက်ကိုပါ။ ဒီအကြောင်းကို တစ်ချိန်တုန်းက တစ်နေရာက ဘလော့ဂ်တစ်ခုမှာ ရေးခဲ့ဖူးတယ်။ အခု ပြန်ဖတ်ပြီး ပြန်လွမ်းမိတယ်…။ ဒီမှာ ဒီနေ့ ဆရာများနေ့လေ။ ဒက္ခိဏသို့ ငဲ့ကြည့်ရအောင်…

ပါဠိစာပေဟာ လေးနက်တဲ့ အဓိပ္ပါယ်ပြည့်၀တဲ့ လောကကောင်းကျိုးရှေ့ရှုတဲ့ စာကောင်း ပေမွန် တစ်ခုပါ။ ဖတ် မှတ် လော့လာကြည့်ရုံနဲ့ သိသာပါတယ်။ မိမိ သူတပါးကို တစ်စိုးတစ်စိမျှ ထိပါးခြင်း မရှိဘဲ မိမိရဲ့ ကျင့်ကြံကြိုးကုတ်မှုအပေါ် မူတည်ပြီး အကျိုးအမြတ်ကောင်းများ ရနိုင်ပါတယ်။ မျက်ကန်း ယုံကြည်မှုကို ဖယ်ရှားပြီး မိမိရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ လွပ်လပ်သော အတွေးအခေါ် အယူအဆများကို ကိုင်စွဲကာ ဘဝရဲ့ ဒုက္ခများကို မရှောင်တမ်း ရင်ဆိုင် နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ အမြင်များနဲ့ လောကရဲ့ မညီညာမှုတွေ အပြောင်းအလဲတွေ အရှုပ်အထွေးတွေကြားမှာ ငြိမ်းအေးစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။

တိတိကျကျ ပြောရရင် ၁၉၈၆/၈၇ မှာ။ ၉တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ပျော်စရာအတိ။ ပူပင်စရာ မရှိ။ ကျောင်းကတော့ အောင်ဆန်းကွင်းနဲ့ stone throw away။ ကျောင်းသွား ကျောင်းပြန် စာမှန်မှန်ကျက် ဒါပဲ( ဟိုဟိုဒီဒီ အလေလိုက်ချင်တဲ့ စိတ် တဖြည်းဖြည်း ရင့်လာတာလေးတော့ ရှိတာပေါ့)။ ကျောင်သားတစ်ယောက်ရဲ့ ဘဝ ပြန်တွေးကြည့်ရင် လွမ်းမောစရာထက် မတည်ငြိမ်သေးတဲ့ သဘောတွေ ရှိနေတာကို တွေ့ရမှာပါ။ ဒီအထဲက တစ်ခုကို ပြောချင်လို့ပါ။ ကျောင်းတက်နေတုန်းမှာ အတန်း အကူးအပြောင်းမှာ ဆရာ မလာတဲ့ အချိန်များ ရှိတတ်ပါတယ်။ အလွန် ပျော်ပေါ့။ အဲဒီလို အချိန်လေးမှာ….။
ဟိန်း….အသံကြီးတစ်ခု ကြားလိုက်ရပါတယ်။ သိလိုက်ပါပြီ။ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင် သံစဉ် တစ်ခု ဖြစ်ပါတယ်။ ကျောင်းဝန်းထဲမှာ ဒီလို အသံမျိုး ကြားလို့ကတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့။ ပြေးစမ်း။ ဟုတ်တယ်။ ကျောင်းအုပ်ကြီးနဲ့ ရင်ဆိုင်တိုးမိရင် မလွယ်ပါ။ အနည်းဆုံး တစ်ချက်တော့ အတီးခံရမှာ သေချာတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး တီးပါတယ်( သားရေကွင်း လက်မှာ ပတ်ထားသည်ကို တွေ့၍ အရိုက်ခံရဘူးပါသည်)။ တမတ်စေ့အောက် မရော့့သော လုံးပတ် ရှိတဲ့ ကြိမ်လုံးကို လက်ထဲက မချပါ( မတ်စေ့ မမြင်ဘူး သူများ ခွင့်လွှတ်ပါ)။ သူ့ အတီးကလည်း စိန်ဗေဒါ ထက် ပြင်းပါတယ်။
အခုလည်း တုတ်ကြီးကိုင်ပြီး စာသင်ခန်းထဲ ဝင်လာပါတယ်။ သေချာပြီ။ အတန်းမှာ ဆရာ မရှိတုန်း သူကိုယ်တိုင် ဝင်ပြီး သင်မယ်ပေါ့။ ဒါမျိုး မကြာခဏ လုပ်တတ်ပါတယ်။ သင်တော့လဲ သင်ခန်းစာနဲ့ ပတ်သက်တာ သင်ခဲပါတယ်။ သင်ချင်တာ သင်ပြီး ဆိုခိုင်းတော့တာပဲ။ သူ ပါးစပ်ကြီး ဟဟပြီး ဆိုတဲ့အတိုင်း လိုက်ဆိုရပါတယ်။ သူ့ ပုံက အလွန် ရယ်ဖွယ် ဖြစ်ပါတယ်( အခု စာရိုက်နေရငး် မျက်လုံးထဲ ပြန် မြင်ယောင် နေမိပါတယ်)။ ရီလို့ မရပါ။ သူ့ရှေ့့မှာ ရီဖူးသူများ လွမ်းလောက်အောင် အတီးခံရဘူးပါတယ်။ အဲဒီနေ့မှာတော့ စာတစ်ပုဒ် သင်ပါတယ်။ ဖတ်ပြတယ်။ လိုက်ဆိုရတယ်။ အဓိပ္ပါယ် ပြောခဲ့သလား မမှတ်မိတော့ပါ( သူငယ်ချင်းများထဲက မှတ်မိသူများ ရှိမလား မသိပါ)။ အတန်းပြောင်း ခေါင်းလောင်းခေါက် နောက်ဆရာ တစ်ယောက်လာ ကျောင်းအုပ်ကြီးလည်း သွားရော ပြီးသွားတာပါပဲ။
နောက် (၈)နှစ်လောက် အကြာမှာ ကျောင်းအုပ်ကြီး သင်ခဲ့တဲ့ စာတစ်ပုဒ်ကို ပြန်လည် သင်ကြားရပါတယ်။

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ဒီစာပိုဒ်ပါ။ ငယ်စဉ်က ဒါဟာ ပါဠိဂါထာ(ကဗျာ), ဗုဒ္ဓဒေသနာလို့ မသိခဲ့ပါ။ သိတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကို အလွန် သတိရပါတယ်။ ဒါပေမယ့် သူ ကွယ်လွန်ခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ (သူ့ရဲ့ ဈာပနမှာ ဆရာကြီးလာပြီလို့ တစ်ယောက်က အော်လိုက်တာ နောက်လှည့်ကြည့်မိတယ်။ တကယ်များ ရောက်လာတာလားလို့လေ။ ကျောင်းတုန်းက လန့်ခဲ့တာတွေ လွမ်းစရာဖြစ်ကုန်တယ်)။ Erich Segalရဲ့ The Classကို မြသန်းတင့်က လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ လို့ ဘာသာပြန်တယ်။ အခုက တက္ကသိုလ်မဟုတ်ပါ။ အထက်တန်းကျောင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော လွမ်းတော့ လွမ်းရပါတယ်။
ဒီကဗျာရဲ့ အဓိပ္ပါယ်က အတော် သိမ်မွေ့နက်နဲပါတယ်( ကျောင်းအုပ်ကြီးက သူ့တပည့်များကို အတော် အထင်ကြီးပုံ ရပါတယ်)။ ဆရာတော် အရှင် သေဋ္ဌိလရဲ့ မြန်မာပြန်က ဒီလိုပါ….

“မြေတပြင်လုံးကို အစိုးရသော စကြာ၀တေးမင်း အဖြစ်ထက်လည်းကောင်း၊
နတ်ပြည် ဗြဟ္မပြည်သို့ သွားရသည်ထက် လည်းကောင်း
သောတာပတ္တိဖိုလ်ကို ရခြင်းသည် မြတ်၏။”

မြတ်ဗုဒ္ဓရဲ့ ဒေသနာထဲမှာ “ဓမ္မပဒ”လို့ အမည်ရတဲ့ စာစုထဲက ဖြစ်ပါတယ်။ ဆရာတော် အရှင် သေဋ္ဌိလကပဲ “လူအမျိုးမျိုးတို့၏ စိတ်သဘော အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verses) တရားတော် ညွှန့်ပေါင်းကျမ်း ဖြစ်ပါသည်” ဟု “ဓမ္မပဒ”ကို အဓိပ္ပါယ် ဖွင့်ပါတယ်။ အဲဒီထဲက တစ်ဂါထာဟာ အခုထိ ရင်ထဲမှာ ရိုက်ခတ်နေဆဲပါ။

ဆရာကြီးအား ဤစာတိုပေစဖြင့် ပူဇော်ပါသည်။

Sunday, 31 August 2008

ပထဝီထဲက သမိုင်း

၂၀၀၇ နှစ်ဆန်းပိုင်းတုန်းက ရာဇဂြိုလ်နဲ့ သာဝတ္ထိကို သွားဖြစ်တယ်။ အဲဒီကို ရောက်တော့ ဖတ်ထားမှတ်ထားသမျှ ပါဠိစာပေတွေထဲက သတိရမိတဲ့ အကြောင်းတွေ အများကြီး။ ပါဠိစာပေသင်ခါစက ရေးထားတဲ့ ကဗျာတွေထဲက တစ်ပုဒ်ကိုတော့ မှတ်မှတ်ရရ သတိရမိတယ်။ ဒေ၀ဒတ်အကြောင်းပါ။ ဇတ်လမ်းကတော့ အားလုံး သိပြီးသားပါပဲ။

devadatta


၀ရာနုဘာ၀သဉ္ဇာတ-ဝမ္မိနောပိ ၀ဓတ္ထိက။
၀သုဓာ ဝိ၀ဋာ အတ္တ-၀ဓာယ ဒေ၀ဒတ္တ တေ။

မဟာကရုဏာတော်ဝတ်ရုံ ဆင်မြန်းထားသော မြတ်ဗုဒ္ဓကိုမှ
အသေသတ်ဖို့ ကြိုးစားသည့် အို…ဒေ၀ဒတ်
သင့်အတွက်တော့
မြေအပြင်သည်
ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့
ဟင်းလင်းပွင့်ခဲ့ပြီ…။

ဒီလို စင်္ကြာဂါထာလေးတွေကို အမြဲတမ်း မရေးဖြစ်ဘူး။ တကယ့်ကို အကြောင်းညီညွတ်မှ။ ဒီဂါထာလေးကို ရေးဖြစ်တဲ့ အဓိကအကြောင်းကတော့ ပါဠိစာလုံးလေး တစ်လုံးကို တွေ့မိလို့ပါ။ “အတ္တ၀ဓ”တဲ့။ အတ္တ=မိမိကိုယ်။ ၀ဓ=သတ်ခြင်း။ Pali Test Society ပါဠိအဘိဓာန်က self-destructionလို့ ဖွင့်တယ်။
၀ဓမှာ “၀”အက္ခရတစ်လုံးပါတယ်။ ဒီတော့ ဒီအက္ခရာကို အသုံးပြုပြီး ဒီဂါထာလေးကို စပြီး ပုံဖော်ရတယ်။ ကိုယ်ရေးချင်တဲ့ အကြောင်းမှာ ပါတဲ့ သူကလဲ ဒေ၀ဒတ္တ။ ဒီမှာလဲ “၀”အက္ခရာတစ်လုံးပါပြန်ရော။ နည်းနည်း ရုပ်လုံးပေါ်လာတာပေါ့။ ပြီးတော့ ၀ဓတ္ထိက=သတ်ဖြတ်ဖို့ လိုလားသူ။ “၀” ၃လုံး ရှိသွားရော။ ပြီးတော့ ၀သုဓာ=မြေပြင်။ ဝိ၀ဋာ=ဟင်းလင်းပွင့်။ “၀” ၅လုံး ဖြစ်သွားပြီ။ ဒါတွေက ဒေ၀ဒတ်နဲ့ ပတ်သက်တဲ့ အက္ခရာတွေ။
မြတ်ဗုဒ္ဓနဲ့ ဆိုင်တဲ့ စကားရပ်ကတော့ တစ်ခုထဲ။ ၀ရာနုဘာ၀သဉ္ဇာတဝမ္မီ=ထူးမြတ်သော အာနုဘော်ကြောင့်ဖြစ်သော ချပ်ဝတ်တန်ဆာရှိသူ။ ဒါက တိုက်ရိုက် ဘာသာပြန်တာ။ “မဟာကရုဏာတော်ဝတ်ရုံနဲ့ မြတ်ဗုဒ္ဓ”ကတော့ ဆိုလိုချင်တဲ့ အဓိပ္ပါယ်ပါ။ ဒီဝေါဟာရမှာ “၀”အက္ခရာ ၃လုံးပါတယ်။
ဒီတော့ အားလုံးပေါင်း “၀” ၈လုံး။ ဒီဂါထာ ဖွဲ့စပ်နည်းအရ “၀” ၈လုံး ပါကိုပါရမယ်။ သူ့နေရာနဲ့သူ ထားရတယ်။ ဒီလို ဇတ်လမ်းနဲ့ သက်ဆိုင်ရာ အက္ခရာတွေကို စုစည်းပြီး ဒီိလို စင်္ကြာဂါထာလေးတွေ ရေးဖြစ်ခဲ့တာပါပဲ။ အခုတော့ မရေးဖြစ်တာ ကြာနေပြီ။ အင်း...အက္ခရာတွေလဲ ပထဝီဝင်ဖြစ်ကုန်ပြီလားမသိ။