Thursday, 31 December 2009

သိကြားစေ



ယေ သောတ၀န္တော၊ သုဏန္တု တေယေ၀။
ဃဏ္ဍိပ္ပဟရဏသဒ္ဒဟဒယကမ္ပနသဒ္ဒေါ မာတုပုတ္တာနံ။
စေတိယတလတော ပဋ္ဌာယ ယာ၀ အာကာသတလာ ဝိတ္ထရိ။

သားအမိတတွေရဲ့ ရင်ခုန်သံ ခေါင်းလောင်းထိုးသံတွေ ...
နားရှိသောသူတို့အတွက်သာ...။

Saturday, 19 December 2009

ဝ + ဝ


ဒွေ ပါဏီ ၀ဇ္ဇေယျုံ,
တေသု ယထာ ဧကော ပါဏိ, ဧဝံ စက္ခု ဒဋ္ဌဗ္ဗံ။
ယထာ ဒုတိယော ပါဏိ, ဧဝံ ရူပံ ဒဋ္ဌဗ္ဗံ။
ယထာ တေသံ သန္နိပါတော, ဧဝံ ဖဿော ဒဋ္ဌဗ္ဗော။
လက်ခုပ်တီးသလိုမျိုး။
တစ်ဖက်က စက္ခုပသာဒ၊
နောက်တစ်ဖက်က ရူပါရုံ၊
ပေါင်းဆုံမိတာက ဖဿ။

“ထိမိခိုက်မိ တာဝန်မယူ”တဲ့။
ငယ်ငယ်တုန်းက ကစားဝိုင်းမှာ ပြောခဲ့တဲ့ စကားလေးက သတိပြုစရာ။

Saturday, 12 December 2009

Lazy ဒါပေမယ့် Lion



ဒေလီတက္ကသိုလ်မှာ ကျင်းပတဲ့ Conference တစ်ခု အပြေးအလွှား တက်ဖြစ်တယ်။ Dalai Lamaကြီး ကြွရောက်ချီးမြှင့်မယ် ကြားလို့ပါ။ ပိတ်ပွဲအခမ်းအနားမှာ
Vice Chancellorက ဒီလို ဆိုတော့…
"We have had the Dalai Lama come and speak to us many times and each time he comes, something good happens in the university. So here's welcoming the honorary professor of DU."
Dalai Lamaက သူ့ရဲ့ speechကို ဒီလို စတင်ပါတယ်…
"Delhi University may call me its honorary professor but the reality is that I am a useless professor. And there are two reasons for that. Firstly, I have no time to do my duties as a professor and secondly, I am very lazy, so I don't do any homework. So here you have, a useless professor with a big name."


ဒီပုံရိပ်က ဒီနေရာက။

Wednesday, 18 November 2009

ခေတ်သစ် Yahooနဲ့ Houyhnhnm


ဟိရိနိသေဓော ပုရိသော၊
ကောစိ လောကသ္မိံ ဝိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊
အဿော ဘဒြော ကသာမိ၀။
ကြိမ်စာမမိအောင် ရှောင်တတ်တဲ့ မြင်းကောင်း,
ရှက်ကြောက်မှုနဲ့ မဖွယ်မရာမလုပ်တဲ့ ယောင်္ကျားကောင်း,
နိုးကြားမှုနဲ့ လန်းဆန်းတက်ကြွနေတဲ့ ယောင်္ကျားကောင်း,
ဒါမျိုးတွေ လောကကြီးမှာ ရှိတော့ရှိတယ်,
ရှားတယ်…။

Thursday, 29 October 2009

ဒီဃဒဿီ


ဗဟူ အာဒီနဝါ လောကေ၊ ဥပ္ပဇ္ဇိဿန္တျနာဂတေ။
လောကကြီးမှာ
အန္တရာယ်တွေ
ဒုနဲ့ဒယ်နဲ့
ဖြစ်ဖို့ရှိတယ်။
အနာဂတ်ဆိုတဲ့ အချိန်မှာ…။
ကောဓနော ဥပနာဟီ စ၊ မက္ခီ ထမ္ဘီ သဌာ ဗဟူ။
ဣဿုကီ နာနာဝါဒါ စ၊ ဘဝိဿန္တိ အနာဂတေ။
အမျက်ကြီးခြင်း,
ရန်ငြိုးဖွဲ့ခြင်း,
ကျေးဇူးကန်းခြင်း,
ခက်ထန်ခြင်း,
ကောက်ကျစ်ခြင်း,
မနာလိုခြင်း,
အငြင်းပွားခြင်း။
…………
အနာဂတ်ကာလမှာ ဖြစ်လာမယ့် အန္တရာယ်တွေ…။

Friday, 23 October 2009

ခွက်တို့၏ မာယာ



လက်ဆုံစား, ခွက်ဆုံသောက်
တစ်ခွက်ပြီးတစ်ခွက်ပေါ့လေ...။

Friday, 16 October 2009

starbucks, singaporeနဲ့ schizophreniaည



ဘဝ ခါးခါး...
အတ္တ ထွားထွား...
ဒုက္ခ များများ...

Thursday, 8 October 2009

ခွက်၂ခွက်ရဲ့ story


ချိုသလား ချဉ်သလား...
ဖန်မလား ဆိမ့်မလား...
......
......
အသေအချာ မသိရင်တော့
အဖြူနဲ့ အမဲ ရောမွှေကြည့်ပါ။

Sunday, 4 October 2009

ကျောင်းတစ်ကျောင်း၏ အတ္ထုပ္ပတ္တိ



ဖွင့်ထားသော စာသင်ခန်းတံခါးများ...


စာမေးပွဲခန်းကို ပြူတင်းပေါက်မှ ငေးမော့အကြည့်…

စာသင်ခုံပေါ်က လွယ်အိတ်လေးတွေ…

ပဉ္စမတန်းကျောင်းသူတစ်ဦးရဲ့ မြန်မာစာအဖြေလွှာတစ်ရွက်…

ပွင့်ပန်းတို့ ပျော်နေကြပြီ...

Saturday, 12 September 2009

လမ်းကြောင်း



ဒွေဓာပထောတိ ဝိစိကိစ္ဆာယေတံ အဓိ၀စနံ။
ဝါမောမဂ္ဂေါတိ မိစ္ဆာမဂ္ဂဿေတံ အဓိ၀စနံ။
ဒက္ခိဏောမဂ္ဂေါတိ အရိယမဂ္ဂဿေတံ အဓိ၀စနံ။
တိဗ္ဗော ၀နသဏေ္ဍာတိ အဝိဇ္ဇာယေတံ အဓိ၀စနံ။
မဟန္တံ ပလ္လလန္တိ ကာမာနမေတံ အဓိ၀စနံ။
သောဗ္ဘော ပပါတောတိ ကောဓူပါယာသဿေတံ အဓိ၀စနံ။
သမော ဘူမိဘာဂေါ ရမဏီယောတိ နိဗ္ဗာနဿေတံ အဓိ၀စနံ။


သံသယလမ်းဆုံမှာ ငေးမနေနဲ့။
ဘယ်ဘက်က လမ်းမှား
ညာဘက်က လမ်းမှန်။
ဆက်လျှောက်...
အမိုက်အမဲတောအုပ်
အတွယ်အငြိညွန်အိုင်
အကြမ်းအရမ်းချောက်ကမ္ဘား
ဒါတွေ လွန်မြောက်ရင်...
ကြည်နူးအေးမြရာ...ငြိမ်သက်လွင်ပြင်...။

Saturday, 5 September 2009

ဤခရီးနီးသလား



“ဧဟိ, ဘော ပုရိသ, အယံ မဂ္ဂေါ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ ဒွေဓာပထံ, တတ္ထ ဝါမံ မုဉ္စိတွာ ဒက္ခိဏံ ဂဏှာဟိ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ တိဗ္ဗံ ၀နသဏ္ဍံ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ မဟန္တံ နိန္နံ ပလ္လလံ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ သောဗ္ဘံ ပပါတံ။ တေန မုဟုတ္တံ ဂစ္ဆ။ တေန မုဟုတ္တံ ဂန္တာ ဒက္ခိဿသိ သမံ ဘူမိဘာဂံ ရမဏီယ”န္တိ။

ကိုယ့်လူ…
လာ…ဒီမှာ လမ်း။
နည်းနည်း ဆက်လျှောက်။
လမ်းဆုံရောက်မယ်။
ညာဘက်ကွေ့။
နည်းနည်း ဆက်လျှောက်။
တောထဲ ရောက်မယ်။
နည်းနည်း ဆက်လျှောက်။
နွံထဲရောက်မယ်။
နည်းနည်း ဆက်လျှောက်။
ချောက်ထဲ ရောက်မယ်။
နည်းနည်း ဆက်လျှောက်။
အဲဒီမှာ …. ငြိမ်းအေးချမ်းမြတဲ့ နေရာ…။




Saturday, 29 August 2009

မီးရောင်အောက်ကိုဝင်လျှင်



ပဒီပေါ
အန္ဓကာရံ ဝိဓမေတိ၊
သြဘာသံ ဇနေတိ၊
အာလောကံ ဝိဒံသေတိ၊
ရူပါနိ ပါကဋာနိ ကရောတိ။
အမှောင်
အလင်း
အရောင်
အဆင်း

Tuesday, 18 August 2009

မီးတောက်အနမ်း



အန္ဓကာရေန သြနဒ္ဓာ၊ ပဒီပံ န ဂဝေသထ။
အမှောင်လွှမ်းတဲ့အခါ အလင်းရောင် လိုအပ်တယ်။

Saturday, 8 August 2009

မျှော်တိုင်းဝေး


ယသ္မိံ ပဒေသေ
ဟရိတာနိ တိဏာနိ,
အနာဝိလာနိ သီတာနိ ပါနီယာနိ,
သီတော စ ဝါတော။
အတိဒူရော ၀တ သော အမှာကံ စက္ခုပထတော ။



မြက်ခင်းစိမ်းစိမ်းနဲ့…
ရေကြည်အေးအေးနဲ့…
လေပြေမြမြနဲ့...
........
……....
…….......
ဟိုး...အဝေးဆီမှာ….။

Wednesday, 5 August 2009

neon nightနဲ့ လမိုက်ည

န တတ္ထ စန္ဒိမာ ဘာတိ၊ တမော တတ္ထ န ဝိဇ္ဇတိ။
လမသာတဲ့ ဒီ???မှာ အမိုက်မှောင် မရှိ။

Monday, 27 July 2009

မှောင်မိုက်မှာ


အန္ဓဘူတော အယံ လောကော။
လောကကြီးက ခပ်မိုက်မိုက်...။
တနုကေတ္ထ ဝိပဿတိ။
မြင်နိုင်တာက ခပ်ပါးပါး...။

Wednesday, 22 July 2009

သာသာယာယာ


နိသာကရော ဒိပ္ပတိ အန္တလိက္ခေ၊
ဒိဝါကရသ္မိံ သုဂတေ မနာပေ။
ဘဝေယျ အညဿုပကာရော ယော၊
နိရောဓတော ဟောတိ ဥဒါဟု နော သော။
နေတက်ချိန်မှာ
လသာလို့...။
ချုပ်ငြိမ်းခြင်းရော ပွင့်လင်းခြင်းပါ
အပြန်အလှန် ကျေးဇူးပြုနေလေရဲ့...။

Wednesday, 15 July 2009

Starbucksနဲ့ So-called Singaporeans

ဘဝခါးခါး,
အတ္တခါးခါး,
စိတ်ကူးခါးခါး,
အတွေ့ခါးခါးတွေ နေ့စဉ် သောက်သုံးနေရပေမယ့်
ကော်ဖီခါးခါးကိုတော့ ကြုံမှပဲ သောက်ဖြစ်တယ်…။
Starbucksနဲ့ So-called Singaporeanတွေကတော့
အမှန်တကယ် သုံးစွဲသူတွေကို သက်သေပြုလို့…။

Thursday, 9 July 2009

ယဉ်ယဉ်လေးနဲ့ ယာဟူး

ဂါလီဗာ ကြုံတွေ့ခဲ့ရတဲ့ ယာဟူးတွေရဲ့ အနေအထားဟာ ရာစုသစ်မှာ အသွင်ပြောင်းနေပြီ။

ခြင်္သေ့ကျွန်းကို အလည်ရောက်ခိုက် ဆုံမိတဲ့ ယာဟူးပါ...။
ဘယ်နားမှာလဲတော့ မမှတ်မိဘူး။
ဒီယာဟူးက ရန်မလုပ်ပါဘူး။
ရိုင်းလဲ မရိုင်းဘူး။
ယဉ်ယဉ်လေးပဲ...။

Tuesday, 30 June 2009

Culvertလမ်းမှာ စမ်းတဝါးဝါး

ရွာက သတိတရဖြစ်စရာ နေရာတစ်ခုကို ပြောရရင် Culvert Street ပါ။ အခုတော့ မြန်မာ့ဂုဏ်ရည်လမ်း။

ပန်းဆိုးတန်းလမ်းနဲ့ သိမ်ဖြူလမ်းကြား မြန်မြန်လျှောက်ရင် ၅မိနစ်စာလောက်ပဲရှိတဲ့ အဲဒီ့လမ်းလေးကို အာရုံထဲကနေ ဘယ်လိုမှ ဖျောက်လို့ မရဘူး။ ပိုပြီး အမှတ်တရဖြစ်ဖို့ကောင်းတာက မြောင်းကြီးတွေ။
ကန်တော်ကြီးဘက်ကနေ စပြီး ကန်တော်လေး, ဖို့မြေ, ဘင်္ဂါလီစု, ရေကျော်ကိုဖြတ်ပြီး ပုဇွန်တောင် ချောင်းထဲကို စီးဝင်သွားတာ။ အဲဒီမြောင်းတွေ ကန်တော်လေးကို အဖြတ် မိုးအကြီးအကျယ် ရွာတဲ့အခါ ကန်တော်လေးသားတိုင်း ကြုံရတဲ့ အဖြစ်က မြန်မာဂုဏ်ရည်လမ်းတလျှောက် ရေလျှံတာပါ။ များလား နည်းလားတော့ မသိဘူး။ လမ်းလယ်ခေါင်မှာ ဆိုက်ကား မြုတ်ရုံလောက်ပါပဲ။ Hollywoodက Walk of Fameလိုတော့ သမိုင်းမတွင်ပေမယ့် ဒီလမ်းပေါ်မှာ လျှောက်ခဲ့တဲ့သူတွေအတွက်ကတော့ Walk of Floodပါ။ ငယ်ငယ်တုန်းကတော့ ရေလျှံရင် သိပ်ပျော်။ ကြီးလာတော့ စိတ်ပျက်စရာ။ ဘာပဲ ဖြစ်ဖြစ် လွမ်းတော့ လွမ်းစရာ။
ဒီလမ်းပေါ်က မြောင်းကြီးတွေရဲ့ ဘောင်တွေအပေါ် အဖော်သဟာများနဲ့ တပျော်တပါး ထိုင်ပြီး အုတ်ခုံထိုင်လူတန်းစားတစ်ရပ်ကို ထူထောင်ရင်း မိုးသည်းနေ့တွေ, ဆောင်းချမ်းနေ့တွေ, နွေပြင်းနေ့တွေ...ဒီလိုနေ့တွေကို ပုံဖော်ရင်း ဒီလမ်းပေါ်မှာ ခြေရာတွေ အကွက်ရိုက်ခဲ့ကြတယ်။ ကြာလာတော့လဲ လျှောက်ရင်း သွားရင်းနဲ့ ခြေရာပျောက်တဲ့သူပျောက်လို့ ဤခရီး နီးသလား ဖြစ်ခဲ့ကြလေပြီ...။

ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။



အိပ်မပျော်သူအတွက် ညတာ ရှည်၏ ။
မောပန်းသူအတွက် ခရီးလမ်း ရှည်၏ ။



*** အိပ်မပျော် မောပန်းနေတဲ့ ကန်တော်လေးက ကောင်လေးတွေအတွက် အမှတ်တရ။

Sunday, 21 June 2009

မြက်ခင်းစိမ်းနဲ့...

အခုတလော မြက်တွေ ဓာတ်ကျနေတယ်။ လူမို့လို့ပေါ့ဗျာ။ နွားဆိုရင်တော့ ဓာတ်စာပဲဗျ။

မနှစ်က ခြင်္သေ့ကျွန်းရောက်ခိုက် တွေ့ရကြုံရတဲ့ mouth-wateringတွေထဲက အကြိုက်ဆုံး အခင်းအကျင်းလေးတစ်ခု။ မြက်ငတ်တုန်း မြက်ခင်းထဲကျတာပါပဲ။ ကန်ရေသောက် မြက်ခြောက်စားနေရတဲ့ မနုဂ္ဂေါဏ-လူ့ငနွားအနေနဲ့ Chilled Cokeသောက်ပြီး Green Grassစားရတော့ စားမြုံပြန်လို့ ကောင်းမှကောင်းပေါ့။ အဲဒီအချိန် သတိရမိတာက သီချင်းတစ်ပုဒ်...ကိုတိုးကြီးရဲ့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး

Saturday, 13 June 2009

၃ဝမှ ၄၀သို့


ရွာကနေ ဒီကို ပြန်ရောက်လာတော့ ပူလိုက်တာဗျာ။ ၄၀ ဒီဂရီ ကျော်ဆိုတော့ ၃၀မကျော်တဲ့ နေရာမှာ ၁လလောက်နေလာတဲ့သူ အငွေ့ပျံသွားမယ့် အနေအထားပဲ။ အညာအငွေ့အသက်နဲ့ အတော်ကြီး ရင်းရင်းနှီးနှီးနေလာတာ ၁ဝနှစ် နီးပါး ရှိနေပြီ။ မိုးရေထဲ ၁လလောက် ပြန်ရောက်သွားတဲ့အချိန်မှာ စိမ်းစိမ်းစိုစိုလေးကို မြင်ရပေမယ့် ခြောက်ခြောက်သွေ့သွေ့ကိုပဲ လွမ်းမိနေတယ်။ အခု ပြန်ရောက်ပါပြီ။ ပူလောင်ခြောက်သွေ့။ ဒီမှာ လိုအပ်တာက တစ်ခုထဲ။ မျက်မှန်စိမ်းတလက်ပါ။

Wednesday, 10 June 2009

မိုးထဲလေထဲ


၀ဿတိ ဒေဝေါ ယထာ သုဂီတံ၊
ဆန္နာ မေ ကုဋိကာ သုခါ နိဝါတာ။
စိတ္တံ သုသမာဟိတဉ္စ မယှံ၊
အထ စေ ပတ္ထယသိ ပဿ၀ ဒေ၀။
မိုးရွာနေပြီ...
အမိုးအကာအောက်မှာ ငါ အေးဆေးပါ...
ငါ့ရဲ့ စိတ်အစဉ်ကလဲ ငြိမ်သက်လို့...
ရွာချင်သလိုသာ ရွာပါတော့...မိုးရေ...။

Thursday, 4 June 2009

အဖွင့်, အပိတ်

အဂုတ္တဒွာရဿ ဘဝန္တိ မောဃာ၊
သုပိနေ၀ လဒ္ဓံ ပုရိသဿ ဝိတ္တံ။
တံခါးတွေ မလုံခြုံရင်တော့
အိပ်မက်ထဲက ပိုင်ဆိုင်မှုတွေလို
အားလုံး အလကားဖြစ်ကုန်မယ်...။

Saturday, 30 May 2009

တံခါးတစ်ချပ်၏ အတ္ထုပ္ပတ္တိ


အပါရုတာ တေသံ အမတဿ ဒွာရာ၊
ယေ သောတ၀န္တော ပမုဉ္စန္တု သဒ္ဓံ။
နားရှိသူတို့အတွက် အမြိုက်တခါးကို ဖွင့်လှစ်ခဲ့ပါပြီ။
သက်ဝင်ယုံကြည်ကြကုန်လော့။

အဂ္ဂေါဟမသ္မိ လောကဿ၊ ဇေဋ္ဌောဟမသ္မိ လောကဿ၊ သေဋ္ဌောဟမသ္မိ လောကဿ၊
ငါသည် လောကတွင် အမြတ်ဆုံး, အကြီးဆုံး, အသာဆုံးဖြစ်၏။

ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္စျဂါ။
သင်္ခါရကင်းဝေးရာသို့ ရောက်ပြီးသော စိတ်သည် တဏှာချုပ်ငြိမ်းရာသို့ ရောက်ခဲ့ပြီ။

အဟမနုသာသာမိ၊ အဟံ ဓမ္မံ ဒေသေမိ။
ငါဘုရား တရားဟောကြားဆုံးမတော်မူအံ့။


၀ယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပါဒေထ။
သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကုန်၏။ သတိတရားနှင့် ပြည့်စုံကြကုန်လော့။

Tuesday, 26 May 2009

၁၁၀

နတ္ထိ၂၂နဲ့ အက္ခရ ဘလော့ဂ်၂ခုကို ဒီwordpressမှာ ဆွဲထည့်လိုက်တာ စုစုပေါင်း ပိုစ့် ၁၀၈ခု။ အခု ရေးမယ့် ပိုစ့်က ၁၁၀ခုမြောက်။

တစ်ချိန်က ဖြစ်တည်ကျင်လည်ခဲ့တဲ့ နေရာဟောင်းလေးတစ်ခုကို သတိရမိတယ်။ ရန်ကုန်မှာ တစ်ခုပဲရှိတဲ့ ၁၁၀နဲ့ ပတ်သက်နေတဲ့ နေရာလေးပါ။ ဒီတစ်ခေါက် ရွာရောက်တုန်း အဲဒီကို ခြေဦးမလှည့်ဖြစ်သေးဘူး။ သွားဖြစ်အောင် သွားရမှာ။ သံယောဇဉ်တွေ ရှိတယ်လေ။ အငွေ့အသက်လေးတွေလဲ ကျန်ကောင်းကျန်နေဦးမှာပဲလေ။

ဆယ်ကျော်သက်ရွယ်ကာလဟာ ဘဝရဲ့ တစ်ဆစ်ချိုးအကွေ့တွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေကို မရောက်နိုင်သေးပေမယ့် အရောင်အသွေး ပြောင်းလဲဖို့ရာ အဖြစ်နို်င်ဆုံးအချိန်တစ်ခုလို့ ထင်တယ်။ အဲဒီအချိန်မှာ ၁၁၀နဲ့ ပတ်သက်ဖြစ်ခဲ့တယ်။ မမေ့နိုင်တဲ့ နေရာဟောင်းတစ်ခုပါပဲ။

ပျော်ရွှင်ကြည်နူးခဲ့ရသော
မူးယစ်ရီဝေခဲ့ရသော
ညစ်ပတ်ပေကျံခဲ့ရသော
အတ္တဘောနဲ့
ချိုမြိန်သော
ခါးသက်သော
မြို့ပြရဲ့ နေ့ညများကို
ဒီနေရာလေးမှာ ဖွဲ့သီခဲ့ဘူးတယ်...။

လမ်းကြောင်း  >>>၁၁၀

Saturday, 23 May 2009

ရွှေတိဂုံကိုမြင်လျှင်

တောက်လို့သာ ကဲတော့တယ်
ပေါက်ဆဲ သူရိန်လို
ဘူမိန္ဒါမြေရိုက်တွင်မှ
ရွှေသိုက်စောင်ပေါ်ထွန်းလို့
မော်ကွန်းအောင်လံထူးပါဘိ
တောင်ညွှန့်ရင်...

ဆိုပြီး စာအုပ်တစ်အုပ် (ရွှေတိဂုံစေတီတော်သမိုင်းလို့ထင်တယ်)ထဲက ရခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးကို မှီးပြီး ကိုယ့်အတွေးနဲ့ကိုယ် ပြန်စီထားတာလေး ရှိတယ်။ ဒီလို...
တင့်လို့သာထွန်းတော့တယ်
ပြည့်ဝန်း စန္ဒာလို
သန္တာပြာတိမ်ဖျားတွင်မှ
ငွေသားရောင်ပေါ်လင်းလို့
မှန်ကင်းအောင်လံထူးပါဘိ
စိန်ဖူးရှင်...
ရေးခဲ့တာ ကြာလှနေပြီ။ အခု ရွာခဏပြန်ရောက်တုန်း Sakura Towerပေါ်ကနေ ဖူးမြင်ရတဲ့အခါ ပြန်ပြီး သတိရမိတယ်။
အော်...ဝေးဝေးကသာ လွမ်းရပါတော့သည်...။

Monday, 18 May 2009

အန္တရာ

အန္တရာယံ အနန္တရာယေ၀...။
ကသ္မာ?
ယံ ၀ရစက္ကံ အပဋိဝတ္တိယံ၊ တံ မေ သိရသ္မိံ ပတိဋ္ဌိတံ။
တသ္မာ။