Wednesday, 22 July 2009
Wednesday, 15 July 2009
Thursday, 9 July 2009
Tuesday, 30 June 2009
Culvertလမ်းမှာ စမ်းတဝါးဝါး
ရွာက သတိတရဖြစ်စရာ နေရာတစ်ခုကို ပြောရရင် Culvert Street ပါ။ အခုတော့ မြန်မာ့ဂုဏ်ရည်လမ်း။
ပန်းဆိုးတန်းလမ်းနဲ့ သိမ်ဖြူလမ်းကြား မြန်မြန်လျှောက်ရင် ၅မိနစ်စာလောက်ပဲရှိတဲ့ အဲဒီ့လမ်းလေးကို အာရုံထဲကနေ ဘယ်လိုမှ ဖျောက်လို့ မရဘူး။ ပိုပြီး အမှတ်တရဖြစ်ဖို့ကောင်းတာက မြောင်းကြီးတွေ။
ကန်တော်ကြီးဘက်ကနေ စပြီး ကန်တော်လေး, ဖို့မြေ, ဘင်္ဂါလီစု, ရေကျော်ကိုဖြတ်ပြီး ပုဇွန်တောင် ချောင်းထဲကို စီးဝင်သွားတာ။ အဲဒီမြောင်းတွေ ကန်တော်လေးကို အဖြတ် မိုးအကြီးအကျယ် ရွာတဲ့အခါ ကန်တော်လေးသားတိုင်း ကြုံရတဲ့ အဖြစ်က မြန်မာဂုဏ်ရည်လမ်းတလျှောက် ရေလျှံတာပါ။ များလား နည်းလားတော့ မသိဘူး။ လမ်းလယ်ခေါင်မှာ ဆိုက်ကား မြုတ်ရုံလောက်ပါပဲ။ Hollywoodက Walk of Fameလိုတော့ သမိုင်းမတွင်ပေမယ့် ဒီလမ်းပေါ်မှာ လျှောက်ခဲ့တဲ့သူတွေအတွက်ကတော့ Walk of Floodပါ။ ငယ်ငယ်တုန်းကတော့ ရေလျှံရင် သိပ်ပျော်။ ကြီးလာတော့ စိတ်ပျက်စရာ။ ဘာပဲ ဖြစ်ဖြစ် လွမ်းတော့ လွမ်းစရာ။
ဒီလမ်းပေါ်က မြောင်းကြီးတွေရဲ့ ဘောင်တွေအပေါ် အဖော်သဟာများနဲ့ တပျော်တပါး ထိုင်ပြီး အုတ်ခုံထိုင်လူတန်းစားတစ်ရပ်ကို ထူထောင်ရင်း မိုးသည်းနေ့တွေ, ဆောင်းချမ်းနေ့တွေ, နွေပြင်းနေ့တွေ...ဒီလိုနေ့တွေကို ပုံဖော်ရင်း ဒီလမ်းပေါ်မှာ ခြေရာတွေ အကွက်ရိုက်ခဲ့ကြတယ်။ ကြာလာတော့လဲ လျှောက်ရင်း သွားရင်းနဲ့ ခြေရာပျောက်တဲ့သူပျောက်လို့ ဤခရီး နီးသလား ဖြစ်ခဲ့ကြလေပြီ...။
ဒီဃာ ဇာဂရတော ရတ္တိ၊
ဒီဃံ သန္တဿ ယောဇနံ။
အိပ်မပျော်သူအတွက် ညတာ ရှည်၏ ။
မောပန်းသူအတွက် ခရီးလမ်း ရှည်၏ ။
*** အိပ်မပျော် မောပန်းနေတဲ့ ကန်တော်လေးက ကောင်လေးတွေအတွက် အမှတ်တရ။

Sunday, 21 June 2009
မြက်ခင်းစိမ်းနဲ့...
အခုတလော မြက်တွေ ဓာတ်ကျနေတယ်။ လူမို့လို့ပေါ့ဗျာ။ နွားဆိုရင်တော့ ဓာတ်စာပဲဗျ။
မနှစ်က ခြင်္သေ့ကျွန်းရောက်ခိုက် တွေ့ရကြုံရတဲ့ mouth-wateringတွေထဲက အကြိုက်ဆုံး အခင်းအကျင်းလေးတစ်ခု။ မြက်ငတ်တုန်း မြက်ခင်းထဲကျတာပါပဲ။ ကန်ရေသောက် မြက်ခြောက်စားနေရတဲ့ မနုဂ္ဂေါဏ-လူ့ငနွားအနေနဲ့ Chilled Cokeသောက်ပြီး Green Grassစားရတော့ စားမြုံပြန်လို့ ကောင်းမှကောင်းပေါ့။ အဲဒီအချိန် သတိရမိတာက သီချင်းတစ်ပုဒ်...ကိုတိုးကြီးရဲ့ မြက်ခင်းစိမ်းနဲ့ တဲငယ်လေး

Saturday, 13 June 2009
၃ဝမှ ၄၀သို့
ရွာကနေ ဒီကို ပြန်ရောက်လာတော့ ပူလိုက်တာဗျာ။ ၄၀ ဒီဂရီ ကျော်ဆိုတော့ ၃၀မကျော်တဲ့ နေရာမှာ ၁လလောက်နေလာတဲ့သူ အငွေ့ပျံသွားမယ့် အနေအထားပဲ။ အညာအငွေ့အသက်နဲ့ အတော်ကြီး ရင်းရင်းနှီးနှီးနေလာတာ ၁ဝနှစ် နီးပါး ရှိနေပြီ။ မိုးရေထဲ ၁လလောက် ပြန်ရောက်သွားတဲ့အချိန်မှာ စိမ်းစိမ်းစိုစိုလေးကို မြင်ရပေမယ့် ခြောက်ခြောက်သွေ့သွေ့ကိုပဲ လွမ်းမိနေတယ်။ အခု ပြန်ရောက်ပါပြီ။ ပူလောင်ခြောက်သွေ့။ ဒီမှာ လိုအပ်တာက တစ်ခုထဲ။ မျက်မှန်စိမ်းတလက်ပါ။
Wednesday, 10 June 2009
Subscribe to:
Posts (Atom)