Tuesday, 18 August 2009

မီးတောက်အနမ်း



အန္ဓကာရေန သြနဒ္ဓာ၊ ပဒီပံ န ဂဝေသထ။
အမှောင်လွှမ်းတဲ့အခါ အလင်းရောင် လိုအပ်တယ်။

Saturday, 8 August 2009

မျှော်တိုင်းဝေး


ယသ္မိံ ပဒေသေ
ဟရိတာနိ တိဏာနိ,
အနာဝိလာနိ သီတာနိ ပါနီယာနိ,
သီတော စ ဝါတော။
အတိဒူရော ၀တ သော အမှာကံ စက္ခုပထတော ။



မြက်ခင်းစိမ်းစိမ်းနဲ့…
ရေကြည်အေးအေးနဲ့…
လေပြေမြမြနဲ့...
........
……....
…….......
ဟိုး...အဝေးဆီမှာ….။

Wednesday, 5 August 2009

neon nightနဲ့ လမိုက်ည

န တတ္ထ စန္ဒိမာ ဘာတိ၊ တမော တတ္ထ န ဝိဇ္ဇတိ။
လမသာတဲ့ ဒီ???မှာ အမိုက်မှောင် မရှိ။

Monday, 27 July 2009

မှောင်မိုက်မှာ


အန္ဓဘူတော အယံ လောကော။
လောကကြီးက ခပ်မိုက်မိုက်...။
တနုကေတ္ထ ဝိပဿတိ။
မြင်နိုင်တာက ခပ်ပါးပါး...။

Wednesday, 22 July 2009

သာသာယာယာ


နိသာကရော ဒိပ္ပတိ အန္တလိက္ခေ၊
ဒိဝါကရသ္မိံ သုဂတေ မနာပေ။
ဘဝေယျ အညဿုပကာရော ယော၊
နိရောဓတော ဟောတိ ဥဒါဟု နော သော။
နေတက်ချိန်မှာ
လသာလို့...။
ချုပ်ငြိမ်းခြင်းရော ပွင့်လင်းခြင်းပါ
အပြန်အလှန် ကျေးဇူးပြုနေလေရဲ့...။

Wednesday, 15 July 2009

Starbucksနဲ့ So-called Singaporeans

ဘဝခါးခါး,
အတ္တခါးခါး,
စိတ်ကူးခါးခါး,
အတွေ့ခါးခါးတွေ နေ့စဉ် သောက်သုံးနေရပေမယ့်
ကော်ဖီခါးခါးကိုတော့ ကြုံမှပဲ သောက်ဖြစ်တယ်…။
Starbucksနဲ့ So-called Singaporeanတွေကတော့
အမှန်တကယ် သုံးစွဲသူတွေကို သက်သေပြုလို့…။

Thursday, 9 July 2009

ယဉ်ယဉ်လေးနဲ့ ယာဟူး

ဂါလီဗာ ကြုံတွေ့ခဲ့ရတဲ့ ယာဟူးတွေရဲ့ အနေအထားဟာ ရာစုသစ်မှာ အသွင်ပြောင်းနေပြီ။

ခြင်္သေ့ကျွန်းကို အလည်ရောက်ခိုက် ဆုံမိတဲ့ ယာဟူးပါ...။
ဘယ်နားမှာလဲတော့ မမှတ်မိဘူး။
ဒီယာဟူးက ရန်မလုပ်ပါဘူး။
ရိုင်းလဲ မရိုင်းဘူး။
ယဉ်ယဉ်လေးပဲ...။