Friday, 25 June 2010

အလည်အပတ်


မဂ္ဂါ
...
ဝင်္ကာ
ဥဇုကာ
မိစ္ဆာ
သမ္မာ
ပုရာဏာ
နဝါ
...
သံန္ဓာဝိတာ
သံသရိတာ

အကွေ့အကောက် လမ်းများ
အဖြောင့်အတန်း လမ်းများ
အမှားအယွင်း လမ်းများ
အမှန်အကန် လမ်းများ
အစုတ်အပြတ် လမ်းများ
အသစ်အဆန်း လမ်းများ
...
အပြေးအလွှား
အဝေ့အဝိုက်

Monday, 21 June 2010

တဖက်သတ်



အဖြူ --- ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော။

အနက် --- ပုတ္တော နု တာဒိဿ ဝဓတ္ထိကော သော။

ဒီဂါထာ အပိုင်းအစလေးက ဒီမှာ တင်ပြီးသား။ ရေးခဲ့တာ ဆယ်စုနှစ်တစ်ခုတောင် ကျော်နေပြီ။ အခုထိ ဂါထာတစ်ပုဒ်ဖြစ်အောင် ဆက်မရေးဖြစ်တော့ဘူး။ ဒီလောက်နဲ့ပဲ လိုချင်တဲ့ အနေအထားတစ်ခုကို ရောက်ပြီလို့ တွေးမိတယ်။

ဧရာ၀တီမြစ်ကမ်းနဘေးက နှမ်းဖတ်ချဉ်ပေါတဲ့ အညာမြို့လေးမှာ နေခဲ့တုန်းက ရေးဖြစ်ခဲ့တာ။ ရေးပြီး သရုပ်ဖော်ပုံလေးနဲ့ သူငယ်ချင်းတွေနဲ့အတူ စီစဉ်တဲ့ နံရံကပ်စာစောင်ပြပွဲမှာ ပြခဲ့တာ ဘောခရေဇီတွေက ပါဠိunited clubထောင်ဖို့ လိုလိုလားလား အဆိုပြုကြတယ်။ အဲဒီတုန်းက လူငယ်ခြေတက်လေး။ အခုတော့ မကစားတော့ပဲ blogပေါ်မှာ commentatorလုပ်စားနေတယ် :D

၁ပါဒမှာ ဒီလို “ဂရု-ဂရု-လဟု-ဂရု-ဂရု-လဟု-လဟု-ဂရု-လဟု-ဂရု-ဂရု” အက္ခရာ ၁၁လုံးပါတဲ့ “ဣန္ဒ၀ဇီရ” ပါဠိဂါထာ (ဒီဂါထာမျိုးနဲ့ ပတ်သက်ပြီး ဒီမှာ ရေးခဲ့ဘူးတယ်) ၂ပါဒကို First Eleven ၂သင်းပုံစံနဲ့ ကစားကွက်ဖော်ထားတာ။ ရလာဒ်ကတော့ ရှင်းပါတယ်။ ဘဝဟာ သတ်ကွင်း...။

Monday, 7 June 2010

အတင်းအကြပ်

အန္တော ဗဟိ
ဇဋာ၊
ဆိန္နာ ဝိဇဋိတာ။

အတွင်းအပြင်
အရှုပ်အထွေး

အပြတ်အသတ်
အဖြေအရှင်း

Friday, 28 May 2010

အကြပ်အတည်း


ကောဓော.ယံ ဒဠှော ထိရော။
ယေန သတ္တော ဗန္ဓနေန ဗဒ္ဓော
တတ္ထေဝ ဝဓံ ဝါ ဗဒ္ဓံ ဝါ မရဏံ ဝါ အာဂမေယျ။

အခိုင်အခံ့
အမြဲအမြံ
အရစ်အပတ်

…အမျက်…

အညှင်းအပမ်း
အနှောင်အဖွဲ့
အသေအကြေ

Sunday, 16 May 2010

အငတ်အပြတ်



ပတ္ထေတိ...
ပရိယေသတိ ...
သကိံ ပရိဘုဉ္ဇတိ...
တဒင်္ဂဝသေန ပဟီယတိ...။
နိစ္စကာလံ ပန တိကိစ္ဆိတဗ္ဗော။

အတောင့်အတ...
အရှာအဖွေ...
အသုံးအစွဲ...
တဒင်္ဂ...အသက်အသာ။
ထာဝရ...အကုအသ။

Tuesday, 11 May 2010

နာမ်

ယဿ ယတ္ထ စိတ္တံ နမတိ၊
တဿ တတ္ထ စိတ္တံ ရမတိ။

စိတ်ညွတ်...။
စိတ်ပျော်...။

Saturday, 8 May 2010

မပြီးတော့မယ့် ပန်းချီကား



ကိလိဋ္ဌံ အာဝိလံ စိတ္တံ။
ဝိမလံ ဝိသုဒ္ဓံ စိတ္တံ။

စိတ်ညစ်…စိတ်နောက်။
စိတ်သန့်…စိတ်ကြည်။