Thursday, 23 June 2011
Sunday, 19 June 2011
Thursday, 16 June 2011
အသောကခြေရာ (၃)
ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။
တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။
တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။
တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။
ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော
စိတ်ကလဲ လေးလေး...
အတ္တဘောကလဲ လေးလေး...
အတ္တဘောကလဲ လေးလေး...
‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ
ဒီနေ့ အတွက်
မနက်ဖြန်အတွက်
မနက်ဖြန်အတွက်
အာသင်္ဂေါ
အပေက္ခေါ
အပေက္ခေါ
အငြိအကပ် များများ...။
အငဲ့အကွက် များများ...။
အငဲ့အကွက် များများ...။
ဒီဃော သယတော သုပိနော။
အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။
အသောကကျောက်ဆောင်စာငယ်
Sunday, 12 June 2011
အသောကခြေရာ (၂)
သင်္ဂါမော
ဇယော
ပရာဇယော
ပရာဇယော
သန္တော
စစ်...
နိုင်...
ရှုံး...
ရှုံး...
Kalinga Rock Edicts on Googlemap
ကလိင်္ဂကျောက်စာ
(၁/က)။ (၁/ခ)။ (၂)။
Friday, 10 June 2011
Thursday, 2 June 2011
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၆)
အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။
(၁) Sarnath
(၂) Kausambi
(၃) Sanchi
(၄) Karuvaki Queen
(၅) Lumbini
(၆) Nigliva
အသောကရဲ့ အက္ခရာများ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁၊ ၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။
Minor Rock Edicts on Googlemap
Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြဝါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။
သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ ဝါ ဘေတ္တာ, ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော, ဝဂ္ဂရတော, ဝဂ္ဂနန္ဒီ, ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုတဲ့အတိုင်း ညီညွတ်သူတွေကို သင်းခွဲ။ ကွဲနေသူတွေကို ထောက်ခံအားပေး။ ကွဲရေးပြဲရေးကိုသာ နှစ်သက်မွေ့လျော်ပြီး ကွဲကြောင်းပြဲကြောင်းကို ပြောဆိုနေတာထက် “ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုထားသလို အကွဲအပြဲကို စေ့စပ်၊ ညီညွတ်သူတွေကို အားပေး၊ ညီညွတ်ရေးကို နှစ်သက်မွေ့လျော်၊ ညီညွတ်ကြောင်း ပြောဆိုနေတာက ပိုကောင်းပါတယ်။

Tuesday, 31 May 2011
အသောကရဲ့ အက္ခရာများ - ၃၂
(၁) ဒေဝါနံ ပိယေန ပိယဒသိန လာဇိန စောဒသ၀သာဘိသိတေန
(၂) ဗုဓသ ကောနာကမနသ ထုဗေ ဒုတိယံ ၀ဎိတေ
(၃) (ဝီသတိ၀) သာဘိသိတေန စ အတန အာဂါစ မဟီယိတေ
(၄) ---- (သိလာထဘေ စ ဥသ)ပါပိတေ။
နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် အဘိသိက်ခံသည်မှ တစ်ဆဲ့လေးနှစ်မြောက်၌ ဂေါနာဂမနသျှင်တော်ဖုရား၏ ထူပါရုံ (စေတီတော်)ကို ဒုတိယအကြိမ် တိုးချဲ့တည်တော်မူ၏။ အဘိသိက်ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌လည်း ကိုတော်တိိုင် ကြွလာ၍ ရှိခိုးပူဇော်ပြီးလျှင် ကျောက်တိုင်ကို စိုက်ထူပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)
“His Sacred and Gracious Majesty the King, when he has been consecrated fourteen years enlarged for the second time the stupa of Buddha Konakammana; and when he has been consecrated [twenty years] having come in person, did reverence and erected [a stone pillar].” (V. A. Smith, Asoka, the Buddhist Emperor of India)
By His Sacred and Gracious Majesty the King consecrated fourteen years was doubly enlarged the stupa of Buddha Konakamana and (by him) consecrated (twenty years), coming in person, and reverence being made, was set up (a stone pillar). (R.K. Mookerji, Asoka.)

Subscribe to:
Posts (Atom)