Friday, 8 July 2011

နံရံ၏ အခြားတစ်ဖက်


ဒေလီတက္ကသိုလ်ရဲ့ အလှအပတွေ ဘာတွေများ ရှိလဲလို့ တက္ကသိုလ်မြေတလျှောက် လှည့်ပတ်ကြည့်။ ထူးထူးခြားခြား ဘာမှ တွေ့ရမှာ မဟုတ်ဘူး။ သွေ့ခြောက်ခြောက် ပရဝုဏ်အတွင်းမှာ ခြောက်သွေ့သွေ့ ကျောင်းဆောင်တွေပဲ ရှိတာ။ အခြေခံအဆောက်အဦအနေအထားအရ ဆွဲဆောင်မှု တစ်ခုမှ မရှိ။ တကယ် ရုပ်ပျက်တာက တံတိုင်းနံရံတွေမှာ အပေါ့အပါးသွားထားတာ။ ပြီးတော့ အလွန့်အလွန် အနံ့ပြင်းတဲ့ အမှိုက်ပုံတွေ။ နံရံတွေနားမှာ ဟိုတစ်ပုံ ဒီတစ်ပုံ။ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ အခင်းအကျင်းလို့တော့ မဆိုနိုင်ဘူး။ တားမရဆီးမရ မွန်းကြပ်တဲ့ မြို့ပြရဲ့ ဘေးထွက်ရလာဒ်တွေလို့သာ မှတ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သိုလှောင်ထားတဲ့... မြိုသိပ်ထားတဲ့... ပေါက်ကွဲမှုတွေဟာ ဒေလီတက္ကသိုလ်ရဲ့ အုတ်တံတိုင်းနံရံတွေနားမှာ ပြန့်ကျဲနေလေရဲ့။

ဒေလီတက္ကသိုလ်တဝိုက် လှုပ်ရှားပြေးလွှားရင်း လွမ်းမောစရာ တက္ကသိုလ်နေ့ညများရဲ့ မပီဝိုးတဝါး ပုံရိပ်တွေထဲမှာ ရင်ကို လာမှန်စေတဲ့ ဒေလီတက္ကသိုလ်ရဲ့ စုတ်ချက်ကြမ်းကြမ်း ကိုယ်တိုင်ရေးပုံတူတွေကလဲ ပေကျံနေတဲ့ နံရံတွေပေါ်မှာပါပဲ။


တက္ကသိုလ်တံတိုင်းနံရံတွေရဲ့ သင့်တော်ရာ နေရာတွေမှာ ဒီလို သီးခြားနေရာလေးတွေ ရှိတယ်။ အပေအပွတွေကြားက အလှအပတစ်ရပ်လို့ မြင်မိတယ်။ Righting wall writingsလို့ Delhiသားများကိုယ်တိုင်က ပြောယူရလောက်အောင် နေရာတကာ ပိုစတာ ကပ်တတ်တဲ့ အလေ့အကျင့်တစ်ခုဟာ နေရာရနေတာ အံ့သြစရာ။
ဒီပုံရိပ်တွေကို ကြည့်ရင်း “သီလံ ပါကာရကံ တတ္ထ”ဆိုတဲ့ ပိဋကတ်စာပေထဲက ကဗျာ အပိုင်းအစလေးကို သတိရမိတယ်။ ဘာသာပြန်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ ပါဠိစာပေကို စိတ်ဝင်စားတဲ့သူများ ပုံနဲ့ စာနဲ့ သဟဇာတဖြစ်အောင် သင့်တော်သလို ခံစားနိုင်ပါတယ်။

Sunday, 3 July 2011

အတက်အကြွ



သီချင်းတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ "If I rise"တဲ့။ ဒီသီချင်းကို "127 Hours" ရုပ်ရှင်ကြည့်ရင်း ကြိုက်သွားတာ။ တိုက်ဆိုင်မှုလေးကို ပြောချင်တာပါ။ "Slamdog Millionaire"ထဲက "Jai Ho"သီချင်းကို မကြိုက်ပေမယ့် Jai Hoနဲ့ If I rise ဆက်နွယ်မှုလေးကို နောက်မှ သိရတယ်။ ဒီသီချင်းတွေရဲ့ composerက တစ်ယောက်ထဲ။ A.R. Rahmanတဲ့။ “The Mozart of Madras”လို့ တင်စားကြတယ်။ Oscar, Grammyစတဲ့ ဂီတဆိုင်ရာဆုတွေ တသီကြီး ပွေ့ပိုက်ထားတဲ့ အိန္ဒိယသားတစ်ယောက်ပါ။

တကယ်တမ်းပြောရရင် ကုလားပြည် ရောက်နေတာ ရက်ပေါင်း ၂၀၀ဝကျော်ပြီ။ ကုလားသီချင်းတစ်ပုဒ်ကို ဆုံးအောင် အာရုံစိုက်ပြီး နားမထောင်ဖြစ်ဘူး။ စာသား နားမလည်တာ ထားပါ။ သံစဉ်ကို ခံစားလို့ မရတာ။ အိန္ဒိယအငွေ့အသက်တွေ အမိမြေမှာ အတော် လွှမ်းမိုးနေတာတော့ ဟုတ်ပါတယ်။ မြန်မာက မြန်မာ့အရသာ သန့်သန့်လေး လို့ ခံစားမိတယ်။ အကြောင်းမညီညွတ်လို့ ကုလားကား ကြည့်မိရင်တောင် သီချင်းဆိုတဲ့အခန်းကို မျက်နှာလွှဲဖြစ်တယ်။ များသောအားဖြင့် မျက်စိနောက်စရာတွေ။ ခြုံပြောရရင် အာရုံငါးပါး အကုန် အဆင်မပြေချင်ဘူး။ ဒီလိုကနေ If I riseကို ခံစားမိတော့ indian productမှန်း နောက်မှ သိရတာ ခပ်ကောင်းကောင်းလို့ပဲ တွေးမိတော့တယ်။ အဆင်ပြေရင်တော့ နောင်တချိန် ဘဂဝါဂီတတို့ ဂီတဉ္ဇလီတို့ကို ပါဠိversionနဲ့ ခံစားဖြစ်အုံးမလား မသိ။ အခုတော့ If I rise ပါဠိဘာသာပြန်ပါ။ Lyricsကိုတော့ netထဲက ရတာ။ တစ်ခုနဲ့ တစ်ခု မတူတတ်ဘူး။ အဆင်ပြေတာလေးပဲ ယူလိုက်တယ်။ မွေးနေ့လက်ဆောင် ကဗျာတစ်ပုဒ် ပေးပါလို့ တောင်းဆိုတဲ့ ညီသယ်ရင်း ZZZအတွက်ပါ။


[Dido:]
In your life, you’re mad
In your car, you’re sad
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
ဥမ္မတ္တောသိ တဝ ဘဝေ
သောစကော တဝ ယာနေ
ဘော… တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A. R. Rahman:]
If I rise, they are on my drive
If I believe, it's more than it is
More than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Dido:]
If I rise, one more chance
All our dreams, more than this
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
သစာဟံ ဥဋ္ဌဟန္တော, ဧကော အတိရေကအဝသရော
အမှာကံ သဗ္ဗသုပိနာ, အတိရေကတရာယေဝ
ဘော…တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘ​​​ဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A R R:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေ​ဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more call
Though I've never lost
Believe I don't care
Never again
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဂဏှ ဇီဝံ အတိရေကေ
ဧကမေဝ အတိရေကအာလပန
တထာပိ ပရာဇယံ အပတ္တောဟံ
သဒ္ဒဟ ဥပေက္ခကောဟံ
န ကထဉ္စိ ပုန
[A R R & Dido:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more cal
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဟရ ဇီဝံ အတိရေကေ
ဧကမေ၀ အတိရေကအာလပနံ
[Dido:]
If I believe, there's more than this
Anymore than this
သစာဟံ သဒ္ဒဟန္တော, တတ္ထ အတိရေကတရမေဝ
ယံ တံ အတိရေကတရမေဝ
*** If I rise on Youtube

Monday, 27 June 2011

အသောကခြေရာ (၄)

Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။
Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။ ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။ ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… "If India can ask back Kohinoor, why can't Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… "The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last 600 years."
ဒီလို ပြန်လိုချင်သူတွေနဲ့ ပတ်သက်ပြီး Mr. Cameron ပြန်ပြောတာ ရှိတယ်။ Kohinoor စိန်ကြီးနဲ့ ပတ်သက်တာပါ။ အိန္ဒိိယက ဒီစိန်ကြီးကို ပြန်တောင်းနေတော့ သူက ဒီလို ပြောတယ်… "If you say yes to one you suddenly find the British Museum would be empty," BBC သတင်းပါ။
ဒီလိုဆိုတော့…
တောင်းကား တောင်း၏…မရ။
ယူကား ယူ၏…မပေး။
ဒါကတော့ ဝေဒနာတွေပါ။ ခြေရာတွေကတော့ google mapပေါ်မှာ…
အသောကပဓာနကျောက်တိုင်စာ...
(၁)(၂)(၃)(၄)(၅)(၆)(၇/၁)(၇/၂)
ခြေရာအစအန...

Thursday, 23 June 2011

အကွာအဟ



အဝိဝေကာရာမော
မငြိမ်မသက်
အနုပသမာရာမော
မငြိမ်းမချမ်း
သဥပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်
အနုပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်း
သုဝိဒူရဝိဒူရာနိ ဝတ ဣမာနိ။
ဝေး…ဝေး...

Sunday, 19 June 2011

အနည်းအပါး

ယဒါ မာတာ နတ္ထိ၊ ပုတ္တော မစ္ဆော ဝိယ ပရိတ္တောဒကသရမှိ။
အမိမဲ့သား... ရေနည်းငါး...။
ယဒါ ပိတာ နတ္ထိ၊ ပုတ္တော...
အဖမဲ့သား...


*** မွေးဖခင်အတွက် ရက်လည်အလွမ်း

Thursday, 16 June 2011

အသောကခြေရာ (၃)


ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။


တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။

တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။

ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော

စိတ်ကလဲ လေးလေး...


အတ္တဘောကလဲ လေးလေး...

‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ

ဒီနေ့ အတွက်


မနက်ဖြန်အတွက်

အာသင်္ဂေါ


အပေက္ခေါ

အငြိအကပ် များများ...။


အငဲ့အကွက် များများ...။

ဒီဃော သယတော သုပိနော။

အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။


အသောကကျောက်ဆောင်စာငယ်

Sunday, 12 June 2011

အသောကခြေရာ (၂)

သင်္ဂါမော
ဇယော
ပရာဇယော
သန္တော

စစ်...
နိုင်...
ရှုံး...

ငြိမ်း..

Kalinga Rock Edicts on Googlemap
ကလိင်္ဂကျောက်စာ
(၁/က)(၁/ခ)(၂)