Thursday, 1 May 2008

အသောကရဲ့ အက္ခရာများ-၁၅(အပိုင်း-၁)

မုနိသော ပဇာ မမာ။
လူအပေါင်းသည် ငါ၏ သားသမီးများဖြစ်၏။

ဒေဝါနံပိယသ ၀စနေန တောသလိယံ မဟာမာတ နဂလပိယောဟာလကာ။
၀တဝိယ။ အံ ကိဆိ ဒခါမိ ဟကံ တံ ဣဆာမိ။
ကိံတိ။ ကံမန ပဋိဝေဒယေဟံ။
ဒု၀လတေ စ အာလဘေဟံ ဧသ ဟ မေ မောချမတ ဒုဝါလ ဧတသိ အဌသိ အံ တုဖေသု။
အနုသထိ။ တုဖေ ဟိ ဗဟူသု ပါနသဟသေသု အာယတာ။ ပနယံ ဂဆေမ သုမုနိသာနံ။ သဝေ
မုနိသော ပဇာ မမာ။ အထာ ပဇာယေ ဣဆာမိ ဟကံ။ ကိံတိ။ သဝေန ဟိတသုခေန ဟိဒလောကိက-
ပါလလောကိကာယေ ယူဇေဝူ တိ။ တထာ (သဝေသု) မုနိသေသု ပိ ဣဆာမိ ဟကံ နော စ ပါပုနာထ အာဝါ ဂ-
မကေ ဣယံ အဌေ။ ကေဆ ၀ ဧကပုလိသေ ပါပုနာတိ ဧတံ၊ သေ ပိ ဒေသံ နော သဝံ။ ဒေခတ ဟိ တုဖေ ဧတံ။
သုဝိဟိတာ ပိ နိတိ။ ဣယံ ဧက ပုလိသေ ပိ အထိ ယေ ဗံဓနံ ဝါ ပလိကိလေသံ ဝါ ပါပုနာတိ။ တတ ဟောတိ
အကသ္မာ တေန ဗံဓနံတိက အံနေ စ ဗဟုဇနေ ဒဝိယေ ဒုခီယတိ။ တတ ဣဆိတဝိယေ
ဟုဖေ ဟိ။ ကိံတိ။ မဈံ ပဋိပါမေဒယေမာတိ။ ဣမေဟိ စု ဇာတေဟိ နော သံပဋိပဇတိ ဣသာယ အာသုလောပေန
နိထူလယေန တုလာနာယ အနာဝူတိယ အာလသိယေန ကိလမထေန။ သေ ဣဆိတဝိယေ။ ကိံတိ၊ ဧတေ
ဇာတာ နော ဟုဝေဝု မမာတိ။ ဧတသ စ သ၀သ မူလေ အနာသုလောပေ အတူလနာ စ နိတိယံ ဧ ကိလံတေ သိယာ
န တေ ဥပဂဆေ။ သံစလိတဝိယေ တု ၀ဋိတဝိယေ ဧတဝိယေ ဝါ။ ဟေဝံမေ၀ ဧ ဒခိယေ တုဖာက တေန ၀တဝိယေ။
အံန နေ ဒေခတ။ ဟေဝံ စ ဟေဝံ စ ဒေဝါနံပိယသ အနုသထိ။ သေ မဟာဖလေ ဧတသ သံပဋိပါဒ
မဟာ အပါယေ အသံပဋိပတိ။ ပိပဋိပါဒယမီနေ ဟိ ဧတံ နထိ သွဂသ အလဓိ နော လာဇာလဓိ။
ဒုအာဟလေ ဟိ ဣမသ ကံမသ မေ ကုတေ မနေ အတိလေကေ။ သံပဋိပဇမီနေ စု ဧတံ သွဂံ။
အာလာဓယိသထ မမ စ အာနနိယံ ဧဟထ ဣယံ စ လိပီ တိသနခတေန သောတဝိယ။
အံတလာ ပိ စ တိသေ ခနသိ ခနသိ ဧကေန ပိ သောတဝိယ ဟေဝံ စ ကလံတံ တုဖေ။
စဃထ သံပဋိပါဒယိတဝေ။ ဧတာယေ အဌာယေ ဣယံ လိပိ လိခိတာ ဟိဒ ဧန။
နဂလဝိယောဟာလကာ သသွတံ သမယံ ယုဇေဝူ တိ နာဂလဇနသ အကသ္မာ ပလိဗောဓေ ၀။
အကသ္မာ ပလိကိလေသေ ၀ နော သိယာ တိ။ ဧတာယေ အဌယေ ဟကံ ဓမတေ ပံစသု ပံစသု ၀သေ--
သု နိခါမယိသာမိ ဧ အခခသေ အစံဍေ သခိနာလံဘေ ဟောသတိ။ ဧတံ အဌံ ဇာနိတု တထာ
ကလံတိ အထ မမ အနသထီတိ။ ဥဇေနိတေ ပိ စု ကုမာလေ ဧတာယေ ၀ အဌာယေ နိခါမယိသ…။
ဟေဒိသံ မေ၀ ၀ဂံ နော စ အတိကာမယိသတိ တိံနိ ၀သာနိ။ ဟေ၀မေ၀ တခသိလာတေ ပိ၊ အဒါ အ…
တေ မဟာမာတာ နိခမိသံတိ အနုသယာနံ တဒါ အဟာပယိတု အတနေ ကမံ ဧတံ ပိ ဇာနိသံတိ
တံ ပိ တထာ ကလံတိ အထ လာဇိနေ အနုသထီ တိ။

ဒေဝါနံပိယမင်းကြီး၏ စကားတော်ဖြင့် တောသာလိပြည်အမတ်ကြီး၊ ဝါ၊ ဝန်ကြီးတို့နှင့် မြို့ဝန်တို့အား မိန့်ကြားအပ်သည်မှာ--
တစုံတရာအား ငါမြင်၍ အလိုရှိလျှင် ဆောင်ရွက်ဖွယ် လုပ်ငန်းကို ငါစီစဉ်၍ နည်းလမ်းကို ငါ ရှာကြံပြီးသော် အရေးအကြီးဆုံးဟု ငါထင်သော နည်းလမ်းကို သင်တို့အား ညွှန်ကြားချက် ဖြစ်စေ၏။
သင်တို့သည် ထောင်ပေါင်းများစွာသော သတ္တဝါတို့၏ မှီခိုရာ ဖြစ်၏။ ငါတို့သည် သူတော်ကောင်းတို့၏ ကြည်ညိုခြင်းကို ခံယူကြကုန်အံ့။
ခပ်သိမ်းသော သူတို့သည် ငါ၏ သားသမီးများ ဖြစ်ကြကုန်၏။ ငါ၏ သားသမီးများအား ဤလောကနှင့် တမလွန်လောကတို့၏ စီပွားချမ်းသာအပေါင်းနှင့် ငါယှဉ်စေလိုသည်နည်းတူ၊ ခပ်သိမ်းသော သူတို့အားလည်း ငါယှဉ်စေလို၏။ ဤငါ၏ ရည်ရွယ်ချက် ရှိသ၍ သင်တို့ သိကြမည် မဟုတ်။ အကယ်၍ တယောက်တလေ သိသော်လည်း တစိတ်တဒေသကိုသာ သိပေမည်။ အလုံးစုံ သိမည် မဟုတ်ပေ။
ဤအချက်ကို သင်တို့ သတိမူကြကုန်။ ဥပဒေစည်းကမ်းများကို ကောင်းစွာ ပြဌာန်းထားငြားလည်း တစုံတယောက်သောသူသည် အကျဉ်းချထားခြင်းကို၎င်း နှိပ်စက် ညှင်းပန်းခြင်းကို၎င်း အကြောင်းမဲ့ခံရသော် ထိုအကျဉ်းခံရသူနှင့် နီးစပ်သူ (ဆွေမျိုးသားချင်း) တို့သည်၎င်း အခြား များစွာသော သူတို့သည်၎င်း အတိုင်းထက် အလွန် ဆင်းရဲ ဒုက္ခရောက်ကြရကုန်၏။
ထိုကြောင့် သင်တို့သည် မယုတ်မလွန် အလယ်အလတ်လမ်းကို လိုက်ရန် အားထုတ်ကြရာ၏။ သို့ရာတွင် ငြူစူခြင်း ပေါ့လျော့ခြင်း ကြမ်းကြုတ်ခက်ထန်ခြင်း အဆောတလင်ပြုခြင်း မကျွမ်းကျင်ခြင်း ပျင်းရိခြင်း မောပမ်းလွယ်ခြင်းတို့သည် (ကိုစိတ်နှစ်ပါး၌) ဖြစ်ပေါ်နေခဲ့သော် ဤအလယ်အလတ်လမ်းသို့ မရောက်နိုင်ရာ။ ထိုကြောင့် မိမိ၏ သဏ္ဍာန်၌ ထိုအခြင်းအရာတို့ မဖြစ်ပေါ် မကိန်းအောင်းရန် အားထုတ်ရာ၏။
ဤခပ်သိမ်းသော အခြင်းအရာတို့၏ (မဖြစ်ပေါ်ရာသော) အကြောင်းရင်းသည်ကား မပေါ့လျော့ခြင်းနှင့် အဆောတလင်မပြုခြင်း ဖြစ်၏။ (အားထုတ်ဆောင်ရွက်ရာ၌) အမြဲ မောပန်းလွယ်သော သူသည် ထိုအလယ်အလတ်လမ်းသို့ မရောက်နိုင်ရာ။
ထို့ကြောင့် သင်တို့သည် ထကြွလုံ့လပြုကြလော့။ မနားမနေ ဆောင်ရွက်ကြလော့။ သင်တို့သည် ဤအကြောင်းကို သိမြင်လျက် ဤသို့ ပြောကြားရာ၏။
ဤအမိန့်တော်ကို သင်တို့ ရှုကြကုန်။ နတ်တို့ ချစ်မြတ်နိုးသော မင်းကြီးသည် ဤသို့ ဤသို့လျှင် ညွှန်ကြားဆုန်းမပိ၏။ ထိုအဆုန်းအမတို့အား ကောင်းစွာ လိုက်နာသော် ကြီးစွာသော အကျိုးရကို ရ၍ မလိုက်နာသော် ကြီးစွာသော ပျက်စီးခြင်းတို့ ရောက်ရာ၏။ ဤအဆုန်းအမမှ ဖောက်ပြန်၍ ကျင့်သော သူတို့သည် နတ်တို့အားလည်း မနှစ်မြို့စေ။ မင်းကြီးအားလည်း မနှစ်မြို့စေ။
ငါ၏ အမှုတော်ကို အလွန်လေးစားသော စိတ်ဖြင့် ဆောင်ရွက်သူတို့သည်ကား အကျိုးနှစ်ပါးကို ပြီးစေအံ့။ ထိုသူတို့သည် ငါ၏ အဆုန်းအမကို လိုက်နာသဖြင့် နတ်ပြည်ချမ်းသာကို ရ၍ ငါမင်းကြီးအား တင်ရှိသော ဝတ္တရားကြွေးမှ ကင်းလွတ်ခြင်းသို့လည်း ရောက်ကြကုန်အ့ံ့။
ဤကဗျည်းကို တိသ (ဖုသျှ) နက္ခတ်နှင့် ယှဉ်သော နေတို့၏ အကြား၌လည်း မကြာမကြာ တယောက်တည်းပင် ဖြစ်စေကာ ကြားနာရာ၏။ ဤသို့ ဆောင်ရွက်ခြင်းဖြင့် သင်တို့သည် မိမိတို့၏ ဝတ္တရားများကို ကျေပွန်ရန် အားထုတ်ကြကုန်လော့။
မြို့ဝန်တို့သည် မြို့သူမြို့သားတို့အား အကြောင်းမဲ့ ချုတ်ချယ်ခြင်း ညှင်းဆဲခြင်း မရှိရန် အခါခပ်သိမ်း အားထုတ်စေခြင်းအလို့ငှာ ဤကဗျည်းကို ရေးစေ၏။
ဤအလို့ငှာ ငါသည် ငါးနှစ် ငါးနှစ်မြောက်တိုင်း အမတ်ကြီးတို့ကို စေလွှတ်အံ့။ ထိုသူတို့သည် မကြမ်းထမ်း မရက်စက် သိမ်မွေ့သည် ဖြစ်လိမ့်အံ့၊ ဤအချက်ကို သတိမူလျက် ထိုအမတ်ကြီးများသည် ငါညွှန်ကြားသည့်အတိုင်း ဆောင်ရွက်ကြကုန်အံ့။
ဤအလို့ငှာပင် ဥဇ္ဇေနီပြည်ရှိ ငါ၏ သားတော်မင်းသားသည်လည်း သုံးနှစ် မလွန်မှီ တကြိမ်ကျ အလားတူ အမှုထမ်းတို့အား စေလွှတ်ရာ၏။ တက္ကသိုလ်ပြည်မှလည်း ထိုနည်းတူ စေလွှတ်စေသတည်း။
အမတ်ကြီးတို့သည် ခရီးထွက်ခွာ သွားလာကြသောအခါ မိမိတို့၏ အမှုကိစ္စများကို မလစ်ဟင်းစေပဲ ဤကိစ္စကိုလည်း သတိမူလျက် မင်းကြီးညွှန်ကြားတော်မူသည်အတိုင်း ဆောင်ရွက်ကြစေကုန်သတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

Thus saith His Sacred Majesty: At Samapa the High Officers are to be addressed in the King's words, as follows: ' Whatsoever my views are I desire them to be acted on in practice and carried into effect by certain means. And in my opinion the chief means for attaining this purpose are my instructions to you.
"All men are my children;" and, just as I desire for my children that they may enjoy every kind of prosperity and happiness both in this world and, in the next, so also I desire the same for all men. [If you ask] "With regard to the unsubdued borderers what is the king's command to us?” [The answer is that] “The King desires that ' they should not be afraid of me, that they should trust me, and should receive from me happiness, not sorrow.' Moreover, they should grasp the truth that ' the King will bear patiently with us,' and that 'for my sake they should follow the Law of Piety and so gain both this world and the next.' “And for this purpose I give you instructions. Thereby being freed from my debt, giving instructions to you and making known my will, my inflexible resolve and promise.
Now you, acting accordingly, must do your work, and must make these people trust me and grasp the truth that "the King is to us even as a father; he loves us even as he loves himself ; we are to the King even as his children."
By instructing you and intimating my will, my inflexible resolve and promise, I shall be provided with [trained] local officials for this business, because you are in a position to make these people trust me and to ensure their prosperity both in this world and in the next, and by so doing you may win heaven and also effect my release from debt [or " discharge your debt to me "].
And for this purpose has this scripture of the law of piety been written here, in order that the High Officers may strive without ceasing both to secure the confidence of these borderers and to set them moving on the path of piety.
And this scripture must be recited at the beginning of each season of four months on the Tishya day. In the intervals also it may be recited. On occasion it may be recited even to one person. By acting this you should endeavor to fulfil my instructions.'
(Asoka, the Buddhist Emperor of India- V. A. Smith)


The High Officers of Tosali in charge of the administration of the city, are to be addressed as follows at the command of His Sacred Majesty: Whatsoever I view (as right) I want to see how it can be carried out in practice and fulfilled by proper means.
And this is regarded by me as the principal means to this end, viz., (to give) instructions to you.
For you are placed over thousands of souls l with the object of getting to the people's affection.
All men are as my children. As, on behalf of my own children, I desire that they may be provided with complete welfare and happiness both in this world and the next, the same I desire also for (all) men. Now you do not understand how far this matter goes. Some individual person understands this, but he, too, only a part, not the whole. See to it then, although you are well provided for. In administration, it happens that some individual undergoes imprisonment or torture, which accidentally becomes the cause of his death, and many other persons are deeply aggrieved over it. There must you demand that the Middle Path (i.e., moderation or justice) be observed. But one cannot achieve success through the following traits: envy, volatility, cruelty, impatience, want of application, laziness, and lethargy. "That these traits be not mine" is to be wished for. The root of the whole matter is, indeed, Steadiness and Patience. He who is tired in administration will not rise up; but one should move, advance and march on.
He who will look after this must tell you: "See to the discharge of your obligations (to the king). Such and such is the instruction of His Sacred Majesty."
Observance of same produces great good, non-observance great calamity. For if one fails to observe this, there will not be attainment of either heaven or royal favor. The reason why (there is) my excessive thought (is) that of this duty (there is) a twofold gain, for by properly fulfilling it you will win both heaven and release from your obligations to me.
And this edict is to be listened to on (every day of) the Tisya, 1 and in the intervals between the Tisya days, on auspicious occasions, it may be listened to even by individuals.
Thus doing you will be able to accomplish (this object). For this purpose has this edict been inscribed here that the city Magistrates 4 may strive all the time that there might not be the imprisonment of the citizens or their torture without cause.
And for this purpose shall I depute every five years [a Mahamatra (Jaugada text)] who would be neither harsh nor violent but considerate in action, (in order to ascertain whether (the Judicial Officers) understanding this purpose are acting thus, as (is) my injunction.
But from Ujjayim, too, the prince (governor) will, for the self -same purpose, depute a similar body of officers and will not allow (more than) three years to elapse. So also from Takhasila. When . . . these High Officers would thus set out on tour, then they would, without neglecting their own duties, will ascertain this as well, viz., whether (the Judicial Officers) are carrying out this also thus, as is the king's injunction.
(Asoka-R.K. Mookerji)

No comments:

Post a Comment