အစွန်းရောက်လမ်းကြောင်းတွေ ရှောင်ရှားလို့ မဇ္စျိမလမ်းစဉ်အတိုင်း လျှောက်လှမ်းကြမယ့် ခြေလှမ်းတွေဟာ ငြိမ်းချမ်းရေးပန်းတိုင်ကို ရှေ့ရှုနေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
ဗီယက်နမ် ဇင်ဗုဒ္ဓဘာသာရဟန်းတော်Thich Nhat Hanhအကြောင်းကို မနှစ်က စသိခဲ့ရတယ်။ Engaged Buddhism in the Westစာအုပ်ကို Book reviewရေးရင်းနဲ့ သူ့အကြောင်းတစေ့တစောင်း ဖတ်ဖြစ်ခဲ့တာ။ ဒီနှစ် ဒီနေ့ ဒီနေရာမှာ သူ့ခြေလှမ်းနောက်က ထပ်ကြပ်မကွာ လိုက်ခွင့်ရလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့မိဘူး။
အိန္ဒိယပါလီမန်ရှေ့ကနေ အိန္ဒိယဂိတ်အထိ ရာဂျပတ်လမ်းတစ်လျှောက် ငြိမ်သက်ငြိမ်းအေးစွာ လျှောက်လှမ်းခဲ့ကြတဲ့ ခြေလှမ်းများကို Thich Nhat Hanhက ဒီလို ရှုမြင်တယ်…
It is truly a miracle to walk on this earth. As you breathe in and out you can remind yourself: “Every step is a miracle.”
After a while you will begin to feel that you have more than enough conditions for happiness right now. You will see how happy you are to be able to walk, to be able to see the blue sky and hear the song of the birds and you can remind yourself: “Every step is happiness.”
If you have any suffering in your body or mind you will discover that walking peacefully like this has the power of healing and you can remind yourself: “Every step is healing.”
Gradually your mental states and physiological state begin to transform, becoming more and more positive and you can remind yourself: “Every step is transforming.”
မဟတ္တမဂန္ဒီရဲ့ မွေးနေ့မှာ လျှောက်လှမ်းခဲ့တဲ့ လမ်းခရီးအတွက်ကိုလည်း သူက ဒီလို ဆိုပါတယ်…
Today we shall enjoy walking as a continuation of the Mahatma and if we succeed today we shall walk as his continuation every day.
Dalia Lamaက သူနဲ့ ပတ်သက်ပြီး ဒီလို မိန့်မြွက်ခဲ့ဘူးတယ်..
Thich Nhah Hanh shows us the connection between personal inner peace, and peace on earth.
http://myatlone.blogspot.com/2007/04/blog-post_5201.html
ReplyDeleteကိုနတ္ထိခင်ဗျာ
ကျွန်တော့် စုံစီနဖာတွေရေးတဲ့ ဗလာစာအုပ်ထဲက တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဝေဖန်ဆန်းစစ်ပေးပါဦး။
ဝေဒါသာကု၊ ကုသာဒါဝေ၊
ဒါယသာတ၊ တသာယဒါ၊
သာသာဓိကု၊ ကုဓိသာသာ၊
ကုတဘုကု၊ ဘုကုတကု၊
ငါ၏ရန်သူတို့သည် ဝေးစွာသော အရပ်သို့သာ လျင်စွာပြေးစေကုန်သတည်း။
ငါ့အား မကောင်းကြံကုန်သော သူတို့သည် အကြံပျက်သဖြင့် လျင်စွာ ပြေးစေကုန်သတည်း။
ငါ၏ ဒါနစေတနာကြောင့် အခြံအရံ အကျော်အစောတို့သည် ပြန့်ပွားများပြားစေကုန်သတည်း။
ငါပြုမိသော အကုသိုလ် ဒုစရိုက်တရား ဆယ်ပါးတို့သည် ငါပြုမိသော ကုသိုလ်ဆယ်ပါး သုစရိုက်တရားတို့ကြောင့် ပြေပျောက်စေကုန်သတည်း။
စက်ဆုပ်ဖွယ်သော အဖျက်မာန ဒေါသ အစရှိသော သူတို့ကို ငါဆိုသဖြင့် နာယူကြသည် ဖြစ်စေကုန်သတည်း။
ထိုနာယူကြသောသူတို့သည် ငါဆိုသဖြင့် အဖျက်မာန ဒေါသတို့သည် ကင်းစေကုန်သတည်း။
အကုသိုလ် ဒုစရိုက်ပြုကျင့်သောသူတို့နှင့် ဘဝအဆက်ဆက်တို့၌ မပေါင်းဖော်၊ မကြုံရ၊ မတွေ့ရသည် ဖြစ်ပါစေတည်း။
ကုသိုလ် သုစရိုက်တရား ပြည့်စုံသူတို့နှင့်သာလျင် ဘဝအဆက်ဆက်တို့၌ ပေါင်းဖော်၊ ကြုံတွေ့ရသည် ဖြစ်ပါစေတည်း။
ရေးသူ = မျက်လုံး
အဲဒါလေး လာပြောပြတာ ... :P