Monday, 18 May 2009
Tuesday, 14 October 2008
သမုဒယ, လပြည့်ညနှင့် အတ္တအဘိဓမ္မာ
တချိန်တုန်းက…။
ဖြူစင်တဲ့ ဘဝပန်းချီကားတစ်ချပ်။
အခုတော့ အရောင်တွေ စွန်းလို့။
အရာရာ ပြောင်းလဲ့ခဲ့ပြီကော…။
မနာပတာရာပရိဝါရိတော သော၊
နိသာကရော ဒိပ္ပတိ အန္ဓကာရေ။
သိနေဟဇုဏှာယ.ထ စုမ္ဗိတာနံ၊
အဝဿုတာနံ ဟဒယော သုဖုလ္လော။
လပြည့်ဝန်း
ကြယ်စင်တွေ ဝန်းလို့ ရံလို့
အမှောင်ထဲမှာ လင်းလို့ လက်လို့
အချစ်လရောင်ခြည်က နမ်းလို့ ရှိုက်လို့
တမ်းတမ်းစွဲနေသူတို့ နှလုံးသားကြာပွင့် လန်းလို့ စွင့်လို့…။

Thursday, 2 October 2008
မဇ္စျိမမှ သန္တိသုခသို့
အစွန်းရောက်လမ်းကြောင်းတွေ ရှောင်ရှားလို့ မဇ္စျိမလမ်းစဉ်အတိုင်း လျှောက်လှမ်းကြမယ့် ခြေလှမ်းတွေဟာ ငြိမ်းချမ်းရေးပန်းတိုင်ကို ရှေ့ရှုနေတယ်ဆိုရင် မှားမယ်မထင်ပါဘူး။

ဗီယက်နမ် ဇင်ဗုဒ္ဓဘာသာရဟန်းတော်Thich Nhat Hanhအကြောင်းကို မနှစ်က စသိခဲ့ရတယ်။ Engaged Buddhism in the Westစာအုပ်ကို Book reviewရေးရင်းနဲ့ သူ့အကြောင်းတစေ့တစောင်း ဖတ်ဖြစ်ခဲ့တာ။ ဒီနှစ် ဒီနေ့ ဒီနေရာမှာ သူ့ခြေလှမ်းနောက်က ထပ်ကြပ်မကွာ လိုက်ခွင့်ရလိမ့်မယ်လို့တော့ မမျှော်လင့်ခဲ့မိဘူး။

အိန္ဒိယပါလီမန်ရှေ့ကနေ အိန္ဒိယဂိတ်အထိ ရာဂျပတ်လမ်းတစ်လျှောက် ငြိမ်သက်ငြိမ်းအေးစွာ လျှောက်လှမ်းခဲ့ကြတဲ့ ခြေလှမ်းများကို Thich Nhat Hanhက ဒီလို ရှုမြင်တယ်…

It is truly a miracle to walk on this earth. As you breathe in and out you can remind yourself: “Every step is a miracle.”

After a while you will begin to feel that you have more than enough conditions for happiness right now. You will see how happy you are to be able to walk, to be able to see the blue sky and hear the song of the birds and you can remind yourself: “Every step is happiness.”

If you have any suffering in your body or mind you will discover that walking peacefully like this has the power of healing and you can remind yourself: “Every step is healing.”

Gradually your mental states and physiological state begin to transform, becoming more and more positive and you can remind yourself: “Every step is transforming.”

မဟတ္တမဂန္ဒီရဲ့ မွေးနေ့မှာ လျှောက်လှမ်းခဲ့တဲ့ လမ်းခရီးအတွက်ကိုလည်း သူက ဒီလို ဆိုပါတယ်…
Today we shall enjoy walking as a continuation of the Mahatma and if we succeed today we shall walk as his continuation every day.

Dalia Lamaက သူနဲ့ ပတ်သက်ပြီး ဒီလို မိန့်မြွက်ခဲ့ဘူးတယ်..
Thich Nhah Hanh shows us the connection between personal inner peace, and peace on earth.

Friday, 26 September 2008
ငါ့သွေး ငါ့သင်္ကန်း ငါ့ဗောဓိညောင်ရွက်
Tuesday, 9 September 2008
ဤသည့်စားဖွယ်
“စားကြမယ်ဟေ့ကောင်းကောင်း”တဲ့။ ဘာအတွက် စားမှာလဲ။ စားဖို့ ရှင်သန်နေတာလား။ ရှင်သန်ဖို့ စားနေတာလား။ မြတ်ဗုဒ္ဓရဲ့ စားသောက်ခြင်းအတတ်ပညာက ဒီလို…
ဣတိ ပုရာဏဉ္စ ဝေဒနံ ပဋိဟင်္ခါမိ၊ နဝဉ္စ ဝေဒနံ န ဥပ္ပါဒေဿာမိ။
ဝေဒနာအဟောင်းကိုလည်း ပယ်ဖျောက်ပါအံ့။ ဝေဒနာအသစ်ကိုလည်း မဖြစ်စေပါအံ့။
အာဟာရနဲ့ ပတ်သက်ပြီး မှတ်မှတ်ရရဖြစ်မိတဲ့ အကြောင်းအရာတစ်ခုကို ဆရာကြီးရွှေဥဒေါင်းရဲ့ "တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ"စာအုပ်ထဲက ကူးယူဖော်ပြလိုက်တယ်။ တိုင်းသားပြည်သူ ပေးလှူတဲ့ ဘောဇဉ်ကို အလဟဿမဖြစ်အောင် သုံးစွဲတဲ့ ရွှေဝါရောင်နိမိတ်ပုံတစ်ခုပါ…။
ဆရာတော် ဦးဥတ္တမ
သူရိယတိုက်၌ သိကျွမ်းရသော ပုဂ္ဂိုလ်ကျော်များအကြောင်းကို ဖော်ပြရာတွင် ဆရာတော်ဦးဥတ္တမအကြောင်းကိုလည်း ဖော်ပြရန် လိုပေလိမ့်မည်။ သူရိယတိုက်သို့ ကျွနု်ပ် ရောက်ပြီးနောက် များမကြာမီအတွင်း ဆရာတော်ဦးဥတ္တမသည် ကျွနု်ပ်၏ စားပွဲသို့ လာ၍ထိုင်လေ့ရှိ၏။ ဆရာတော်သည် ကျွနု်ပ်၏ ဝတ္ထုများ ဖတ်လေ့ရှိသူဖြစ်ရာ ကျွနု်ပ်အား (ဦးဘဖေ၊ ဦးလှဖေတို့မှတပါး) တိုက်သားများအနက်တွင် စိတ်ဝင်အစားဆုံးတစ်ယောက် ဖြစ်ဟန်ရှိ၏။ ဆရာတော်သည် အိန္ဒိယပြည်နှင့် မြန်မာပြည်တို့ကို ခေါက်တုံ့ခေါက်ပြန် ကူးသန်းသွားလာနေသော နိုင်ငံရေးဘုန်းကြီးတပါးဖြစ်ခြင်း၊ ရခိုင်သားဖြစ်သည် ဆိုခြင်းမှတပါး ကျွနု်ပ် ဘာမှမသိချေ။ ကျွနု်ပ်မှာ ထိုစဉ်က စာပေမှတပါး နိုင်ငံရေး၌ စိတ်ဝင်စားခြင်း မရှိသေးသည်ဖြစ်၍ ဆရာတော်အပေါ်၌ အထင်လည်းမကြီး၊ စိတ်ဝင်စားမှုလည်း နည်းပါးလှသည်။ ကျွနု်ပ်သည် သူရိယတတိုက်လုံးတွင် (မဂ္ဂဇင်းအယ်ဒီတာ အဖြစ်နှင့်) အလုပ်အချောင်ဆုံးသော စာဖတ်သူတယောက် ဖြစ်ခဲ့ဘူးရာ ဆရာတော်သည် ကျွနု်ပ်အလုပ်ချောင်ခြင်းကို သိသည်တကြောင်း၊ ဝတ္ထုဝါသနာပါ၍ ကျွနု်ပ်အား ဝတ္ထုရေးသမားတယောက်အနေဖြင့် ခင်မင်လေးစားသည်တကြောင်းကြောင့် ကျွနု်ပ်၏ စားပွဲတွင် အကြာကြီးထိုင်ကာ စကားပြောလေ့ရှိ၏။ ကျွနု်ပ်ကမူ စာဖတ်ပျက်သည်ဆိုကာ ဆရာတော်အား အသာတကြည်ပြော၍မရလျှင် ငေါက်၍ပင် ထုတ်ခဲ့မိဘူးပါသည်။
ထိုစဉ်က ဆရာတော်သည် ဘယ်ဆီမှာ ဆွမ်းဘုမ်းပေးသည်မသိ၊ ညဉ့်အချိန်များတွင်မူကား သူရိယတိုက်၌ပင် ကျိန်းစက်သည်ဟူ ကျွနု်ပ် သိရ၏။ ကျွနု်ပ်၏ မျက်စိ၌ ဆရာတော်သည် ဘုန်းကြီး “ဂျပိုး”ထဲက ထင်မိသည်နှင့် ငေါက်၍ ထုတ်မိခြင်း ဖြစ်ပါသည်။ “တပည့်တော်တို့က ကိုယ်တော်တို့လို လူအားမဟုတ်ပါဘူး ဘုရား၊ လုပ်နိုင်မှ စားရတဲ့လူတွေပါ၊ အရှင်ဘုရားလို လေမပန်းအားပါဘူး ဘုရား” စသည်များဖြင့် နှင်ထုတ်ခဲ့မိဘူးပါသည်။ သို့သော် ဆရာတော်သည် ဤမျှဖြင့်လည်း မနာတတ်၊ ဤထက် ကြမ်းကြမ်း လျှောက်၍လည်း မနာတတ်၊ နှင်ထုတ်သည့်အခိုက်တွင် ခဏတဖြုတ် ထသွား၍ တော်တော်ကြာလျှင် စပ်ဖြဲစပ်ဖြဲနှင့် ရောက်လာပြန်ပါတော့သည်။ နောက်ပိုင်းတွင် မြန်မာပြည်၌ ဟုမ္မရူး တစခန်းထလာသော အချိန်တွင်မူကား ကျွနု်ပ်သည် အလွတ်တန်ခိုးကြီးလျက်ရှိသော “ငယ်ပေါင်း”ဆရာတော်ဆို၍ ဖူးတွေ့ရန် ရောက်သွားသောအခါ အစောင့်အကြပ်တွေ အထပ်ထပ် ဝိုင်းရံလျက်ရှိသည်နှင့် ပုဂ္ဂိုလ်ကြီးအဆင့်ဆင့်ထံ ဝင်ခွင့်တောင်းပြီးမှ ဆရာတော်ရှေ့မှောက်သို့ ရောက်ခဲ့ရခြင်းကို ကြုံခဲ့ရဘူးပါသည်။ ထိုအခါတွင် ရှေးယခင်က ရှုပ်သည်ထင်၍ စားပွဲမှ နှင်ထုတ်ခဲ့မိဖူးသော အခြင်းအရာကို သတိရမိသဖြင့် ပြုံးခဲ့မိပါသေးသည်။ “ဟေ့ ဖေသိန်း၊ မင်းက ငါ့ကို ရှုပ်တယ်ဆို”ဟူသော မျက်နှာထားမျိုး ပြချေမည်လောဟု ကျွနု်ပ် အကဲခတ်သေးရာ ထိုအမူအရာမျိုးကား ပြတော်မမူရှာပေ။
အံသြဖွယ် ဘုန်းပေးနိုင်ခြင်း
ကျွနု်ပ်သည် ဆရာတော်အား နှင်ထုတ်မိခဲ့ဘူးသော်လည်း စင်စစ်မှာ ဆရာတော် မကြီးကျယ်သေးမီ အချိန်ကပင် ဆရာတော်၏ အချို့သော စိတ်နေသဘောထားများကို ကြည်ညိုရကောင်းမှန်း သိသည်နှင့် အိမ်သို့ပင့်၍ ဆွမ်းနှစ်ကြိမ် ကျွေးဖူးပါသည်။ ဆွမ်းကျွေးခြင်းကို လူသိစေလို၍ မဟုတ်၊ ဆရာတော်ဦးဥတ္တမ၏ ဘုန်းပေးပုံ ထူးခြားခြင်းကို ဖော်ပြလိုသောကြောင့် ဖြစ်ပါသည်။ ဆွမ်းနှစ်ကြိမ် ကျွေးဘူးသည့်အနက် ပထမအကြိမ်မှာ ဆွမ်းလိုက်သောဇလုံကြီးနှင့် ဘုန်းပေး၍ တဇလုံလုံး အကုန်ချွတ်ခြင်းမျှလောက်သာ ရှိသဖြင့် စာမဖွဲ့လောက်ပါ။ သို့ရာတွင် ဒုတိယအကြိမ် ကျွေးသော အခါ၌မူ ကျွနု်ပ်ကိုယ်တိုင် တအံ့တသြဖြစ်မိသည့်နှင့် ဆရာတော်ဦးဥတ္တမအကြောင်းနှင့် ပတ်သက်၍ စိတ်ဝင်စားမှု ရှိသူများအဖို့ ဖော်ပြလိုက်ပါသည်။ ဒုတိယအကြိမ် ပင့်သောအခါတွင် ဆရာတော်က “ငါ့မှာ ဆီးချိုရောဂါရှိတယ်။ ထမင်းလဲမစား၊ ဂျုံလဲမစား၊ သားငါးသက်သက်သာ စားတယ်” ဟု အမိန့်ရှိလိုက်၏။
ကျွနု်ပ်သည် ဆရာတော်၏ ဘုန်းပေးပုံအစွမ်းကို သိပြီးဖြစ်၍ အောက်ပါစားစရာများကို ချက်ပြုတ်ပြင်ဆင်ထား၏။ (၁) ကြက်တစ်ကောင် ရိုစ့်(ပြုတ်ကျော်)၊ (၂) အရည်ခပ်များများနှင့် ဘဲတစ်ကောင်စွပ်ပြုတ်၊ (၃) ဝမ်းဘဲဥ ခြောက်လုံး ဟတ်ဘွိုင်၊ (၄) ဝက်အူချောင်းကင် ၂၅ကျပ်သား၊ (၅) ငါးကြင်းသားကျော် ၂၅ကျပ်သား၊ (၆) နွားနို့ ၅၀သားတို့ကို အသင့်ပြင်ထားပြီးလျှင် မိတ်ဆွေ ကိုခင်မောင်တင့်အားလည်း ထမင်းစားဖိတ်ထား၏။ ၎င်းနံနက်တွင် ကျွနု်ပ်တို့အတွက် အထူးတလည် မစီမံပဲ ထမင်းအိုးတလုံးသာ ချက်ထား၏။ ဆရာတော်ကြွလာ၍ ထို်င်လိုက်ရာတွင် ကျွနု်ပ်တို့လင်မယားနှင့် ကိုခင်မောင်တင့်သည် အနီးတွင် ထို်င်လျက် စောင့်ကြည့်နေကြ၏။ ဆရာတော်သည် ဘဲတကောင်လုံးပေါင်းပြီး ဝမ်းဘဲဥပုံပန်းကန်ကြီးတွင် ထည့်ထားသော စွပ်ပြုတ်ရည်ထဲမှ တဝက်ခန့်မျှသော အရည်များကို သောက်လိုက်ပြီး ဘဲသားကို ဖဲ့၍ ဘုန်းပေး၏။ ရင်အုပ်နှင့်ပေါင်များ ကုန်သည့်နောက် တောင်ပံရိုးစသည်များကို ကိုက်လိုက်သေး၏။ ၎င်းနောက် ရိုစ့်လုပ်ထားသော ကြက်ကောင်ကို လှမ်းကိုင်၍ ဘဲကောင်ရောက်နှင့်သော နေရာသို့ ပို့လိုက်၏။ ကြွင်းကျန်သော ဘဲရိုးနှင့် ကြက်ရိုးများမှာ အညီအမျှလောက်ရှိ၍ မည်သည့် အရိုးတွင်မှ အသားထူထူ ကပ်လျက် မရှိတော့ချေ။ ကြက်ကောင်ကုန်သည့်နောက် တဝက်ခန့် ကျန်နေသေးသော ဘဲစွပ်ပြုတ်ရည်ထဲမှ နောက်ထပ်တစ်ဝက် သောက်ပြန်၏။ အနီးမှ ထိုင်ကြည့်နေသော ကျွနု်ပ်တို့ သုံးယောက်သည် တယောက်မျက်နှာကို တယောက်လှမ်းကြည့်နေကြလေပြီ။ ၎င်းနောက် ဆရာတော်သည် ဘဲဥဟတ်ဘွိုင်ခြောက်လုံးနှင့် ဝက်အူချောင်းကို ဘုန်းပေးရင်း ကျန်နေသေးသော ဘဲစွပ်ပြုတ်ရည်ထဲမှ တချက်တချက် တဇွန်းနှစ်ဇွန်း ခပ်၍သောက်၏။ ၎င်းတို့ ကျွတ်သောအခါ ငါးကြင်းသားကြော်ကို လှမ်းကိုင်၍ အာခြောက်သောအခါတွင် စွပ်ပြုတ်ရည်ဖြင့် ကျိုက်ချ၏။ ငါးကြော်လည်းကုန်၍ စွပ်ပြုတ်ရည်လည်း ပြောင်လေပြီ။ ဤတွင်မှ ဆရာတော်သည် နွားနို့ ၅၀သားကို စကားတပြောပြောနှင့် တဖြည်းဖြည်း ကျိုက်၍ကျိုက်၍ ချလေရာ ကျွနု်ပ်မှာ ဆရာတော် ဘုန်းပေးပြီးနောက် စောင့်၍မကြည့်နိုင်တော့ပဲ ဖိတ်ခေါ်ထားမိသော ဧည့်သည်နှင့် ကျွနု်ပ်တို့အတွက် ဘဲကင်တစ်ကောင် ပြေးဝယ်ရပါတော့သည်။ မရွံတတ်လျှင် ဆရာတော်ကိုက်၍ ချထားသော ဘဲရိုးကြက်ရိုးများမှ အသားအကပ်အသပ်လေးများကို ကိုက်စုတ်ယူရန်မှတပါး ဘာတခုမျှ စားစရာမကျန်တော့ပါ။ ဤသည်ကား ဆရာတော်ဦးဥတ္တမ ကိုယ်တော်၏ တထပ်စာ ဆွမ်းဘုဉ်းပေးတော်မူခြင်းပေတည်း။

Friday, 5 September 2008
တောင်အရပ်သို့ ဦးညွှတ်ခြင်း
မွေးကထဲက ဆရာတွေနဲ့ လက်ပွန်းတတီးနေခဲ့ရတာ။ မိဘတွေက ကျောင်းဆရာတွေလေ။ ကံမကောင်းချင်တော့ သိတတ်တဲ့ အရွယ်ကစပြီး ပုဗ္ဗာစရိယဆိုတဲ့ သူတို့ရဲ့ အဆုံးအမတွေနဲ့ ဝေးခဲ့ရတယ်။ ပါဠိအလင်္ကာကျမ်းကတော့ ဒီလို ဆိုတယ်။
ကိံ တေဟိ ပါဒသုဿူသာ၊
ယေသံ နတ္ထိ ဂရူနိဟ။
ယေ တပ္ပါဒရဇောကိဏ္ဏာ၊
တေ ၀ သာဓူ ဝိဝေကိနော။
ဆရာသမားခြေရင်းမှာ ဝပ်စင်းခစားခြင်း မရှိတဲ့သူတွေဟာ အသုံးမကျပါ။
ဆရာ့ခြေထောက်က မြေမှုန်တွေနဲ့ ပေကျံနေတဲ့သူတွေသာ လူချွန်လူမွန်တွေပါ။
ငယ်ငယ်တုန်းကတော့ ညီညာထကြွတို့ အတတ်လည်းသင်တို့ ဘာတို့ အော်ဖတ်နေတာပဲလေ။ ဘာလဲလို့ မသိပါဘူး။ မြတ်ဗုဒ္ဓရဲ့ သိင်္ဂါလသုတ်မှာပါတဲ့ အရပ်၆မျက်နှာ လုံခြုံရေးဆိုတာကိုတော့ ပါဠိစာပေ သင်တော့မှ မူရင်းဖတ်ဖြစ်တယ်။ ပါဠိစာပေလေ့လာ့ဖြစ်တဲ့အချိန်မှာ သတိတရဖြစ်မိတာက ငယ်ငယ်က ဆရာတစ်ယောက်ကိုပါ။ ဒီအကြောင်းကို တစ်ချိန်တုန်းက တစ်နေရာက ဘလော့ဂ်တစ်ခုမှာ ရေးခဲ့ဖူးတယ်။ အခု ပြန်ဖတ်ပြီး ပြန်လွမ်းမိတယ်…။ ဒီမှာ ဒီနေ့ ဆရာများနေ့လေ။ ဒက္ခိဏသို့ ငဲ့ကြည့်ရအောင်…
ပါဠိစာပေဟာ လေးနက်တဲ့ အဓိပ္ပါယ်ပြည့်၀တဲ့ လောကကောင်းကျိုးရှေ့ရှုတဲ့ စာကောင်း ပေမွန် တစ်ခုပါ။ ဖတ် မှတ် လော့လာကြည့်ရုံနဲ့ သိသာပါတယ်။ မိမိ သူတပါးကို တစ်စိုးတစ်စိမျှ ထိပါးခြင်း မရှိဘဲ မိမိရဲ့ ကျင့်ကြံကြိုးကုတ်မှုအပေါ် မူတည်ပြီး အကျိုးအမြတ်ကောင်းများ ရနိုင်ပါတယ်။ မျက်ကန်း ယုံကြည်မှုကို ဖယ်ရှားပြီး မိမိရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ လွပ်လပ်သော အတွေးအခေါ် အယူအဆများကို ကိုင်စွဲကာ ဘဝရဲ့ ဒုက္ခများကို မရှောင်တမ်း ရင်ဆိုင် နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ အမြင်များနဲ့ လောကရဲ့ မညီညာမှုတွေ အပြောင်းအလဲတွေ အရှုပ်အထွေးတွေကြားမှာ ငြိမ်းအေးစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
တိတိကျကျ ပြောရရင် ၁၉၈၆/၈၇ မှာ။ ၉တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ပျော်စရာအတိ။ ပူပင်စရာ မရှိ။ ကျောင်းကတော့ အောင်ဆန်းကွင်းနဲ့ stone throw away။ ကျောင်းသွား ကျောင်းပြန် စာမှန်မှန်ကျက် ဒါပဲ( ဟိုဟိုဒီဒီ အလေလိုက်ချင်တဲ့ စိတ် တဖြည်းဖြည်း ရင့်လာတာလေးတော့ ရှိတာပေါ့)။ ကျောင်သားတစ်ယောက်ရဲ့ ဘဝ ပြန်တွေးကြည့်ရင် လွမ်းမောစရာထက် မတည်ငြိမ်သေးတဲ့ သဘောတွေ ရှိနေတာကို တွေ့ရမှာပါ။ ဒီအထဲက တစ်ခုကို ပြောချင်လို့ပါ။ ကျောင်းတက်နေတုန်းမှာ အတန်း အကူးအပြောင်းမှာ ဆရာ မလာတဲ့ အချိန်များ ရှိတတ်ပါတယ်။ အလွန် ပျော်ပေါ့။ အဲဒီလို အချိန်လေးမှာ….။
ဟိန်း….အသံကြီးတစ်ခု ကြားလိုက်ရပါတယ်။ သိလိုက်ပါပြီ။ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင် သံစဉ် တစ်ခု ဖြစ်ပါတယ်။ ကျောင်းဝန်းထဲမှာ ဒီလို အသံမျိုး ကြားလို့ကတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့။ ပြေးစမ်း။ ဟုတ်တယ်။ ကျောင်းအုပ်ကြီးနဲ့ ရင်ဆိုင်တိုးမိရင် မလွယ်ပါ။ အနည်းဆုံး တစ်ချက်တော့ အတီးခံရမှာ သေချာတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး တီးပါတယ်( သားရေကွင်း လက်မှာ ပတ်ထားသည်ကို တွေ့၍ အရိုက်ခံရဘူးပါသည်)။ တမတ်စေ့အောက် မရော့့သော လုံးပတ် ရှိတဲ့ ကြိမ်လုံးကို လက်ထဲက မချပါ( မတ်စေ့ မမြင်ဘူး သူများ ခွင့်လွှတ်ပါ)။ သူ့ အတီးကလည်း စိန်ဗေဒါ ထက် ပြင်းပါတယ်။
အခုလည်း တုတ်ကြီးကိုင်ပြီး စာသင်ခန်းထဲ ဝင်လာပါတယ်။ သေချာပြီ။ အတန်းမှာ ဆရာ မရှိတုန်း သူကိုယ်တိုင် ဝင်ပြီး သင်မယ်ပေါ့။ ဒါမျိုး မကြာခဏ လုပ်တတ်ပါတယ်။ သင်တော့လဲ သင်ခန်းစာနဲ့ ပတ်သက်တာ သင်ခဲပါတယ်။ သင်ချင်တာ သင်ပြီး ဆိုခိုင်းတော့တာပဲ။ သူ ပါးစပ်ကြီး ဟဟပြီး ဆိုတဲ့အတိုင်း လိုက်ဆိုရပါတယ်။ သူ့ ပုံက အလွန် ရယ်ဖွယ် ဖြစ်ပါတယ်( အခု စာရိုက်နေရငး် မျက်လုံးထဲ ပြန် မြင်ယောင် နေမိပါတယ်)။ ရီလို့ မရပါ။ သူ့ရှေ့့မှာ ရီဖူးသူများ လွမ်းလောက်အောင် အတီးခံရဘူးပါတယ်။ အဲဒီနေ့မှာတော့ စာတစ်ပုဒ် သင်ပါတယ်။ ဖတ်ပြတယ်။ လိုက်ဆိုရတယ်။ အဓိပ္ပါယ် ပြောခဲ့သလား မမှတ်မိတော့ပါ( သူငယ်ချင်းများထဲက မှတ်မိသူများ ရှိမလား မသိပါ)။ အတန်းပြောင်း ခေါင်းလောင်းခေါက် နောက်ဆရာ တစ်ယောက်လာ ကျောင်းအုပ်ကြီးလည်း သွားရော ပြီးသွားတာပါပဲ။
နောက် (၈)နှစ်လောက် အကြာမှာ ကျောင်းအုပ်ကြီး သင်ခဲ့တဲ့ စာတစ်ပုဒ်ကို ပြန်လည် သင်ကြားရပါတယ်။
ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။
ဒီစာပိုဒ်ပါ။ ငယ်စဉ်က ဒါဟာ ပါဠိဂါထာ(ကဗျာ), ဗုဒ္ဓဒေသနာလို့ မသိခဲ့ပါ။ သိတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကို အလွန် သတိရပါတယ်။ ဒါပေမယ့် သူ ကွယ်လွန်ခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ (သူ့ရဲ့ ဈာပနမှာ ဆရာကြီးလာပြီလို့ တစ်ယောက်က အော်လိုက်တာ နောက်လှည့်ကြည့်မိတယ်။ တကယ်များ ရောက်လာတာလားလို့လေ။ ကျောင်းတုန်းက လန့်ခဲ့တာတွေ လွမ်းစရာဖြစ်ကုန်တယ်)။ Erich Segalရဲ့ The Classကို မြသန်းတင့်က လွမ်းမောခဲ့ရသော တက္ကသိုလ် နွေညများ လို့ ဘာသာပြန်တယ်။ အခုက တက္ကသိုလ်မဟုတ်ပါ။ အထက်တန်းကျောင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော လွမ်းတော့ လွမ်းရပါတယ်။
ဒီကဗျာရဲ့ အဓိပ္ပါယ်က အတော် သိမ်မွေ့နက်နဲပါတယ်( ကျောင်းအုပ်ကြီးက သူ့တပည့်များကို အတော် အထင်ကြီးပုံ ရပါတယ်)။ ဆရာတော် အရှင် သေဋ္ဌိလရဲ့ မြန်မာပြန်က ဒီလိုပါ….
“မြေတပြင်လုံးကို အစိုးရသော စကြာ၀တေးမင်း အဖြစ်ထက်လည်းကောင်း၊
နတ်ပြည် ဗြဟ္မပြည်သို့ သွားရသည်ထက် လည်းကောင်း
သောတာပတ္တိဖိုလ်ကို ရခြင်းသည် မြတ်၏။”
မြတ်ဗုဒ္ဓရဲ့ ဒေသနာထဲမှာ “ဓမ္မပဒ”လို့ အမည်ရတဲ့ စာစုထဲက ဖြစ်ပါတယ်။ ဆရာတော် အရှင် သေဋ္ဌိလကပဲ “လူအမျိုးမျိုးတို့၏ စိတ်သဘော အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verses) တရားတော် ညွှန့်ပေါင်းကျမ်း ဖြစ်ပါသည်” ဟု “ဓမ္မပဒ”ကို အဓိပ္ပါယ် ဖွင့်ပါတယ်။ အဲဒီထဲက တစ်ဂါထာဟာ အခုထိ ရင်ထဲမှာ ရိုက်ခတ်နေဆဲပါ။
ဆရာကြီးအား ဤစာတိုပေစဖြင့် ပူဇော်ပါသည်။

Thursday, 4 September 2008
အက္ခရာများရဲ့ အခင်းအကျင်း
စာမဖတ်
ငတ်လဲငတ်
မှောင်လဲမှောင်…
ဒီကဗျာအပိုင်းအစလေး စိတ်ထဲမှာ စွဲနေတယ်။ ငတ်နေတဲ့အခါမျိုး မှောင်နေတဲ့အခါမျိုးတွေမှာ စာဖတ်ဖို့ သတိမရ။ မဖတ်တောလဲ့ ငတ်လို့ပြတ်လို့ မှောင်လို့မိုက်လို့။ အခုအချိန် မငတ်ခင် မမှောင်ခင်လေး စာဖတ်နိုင်ဖို့ စာအုပ်ဈေးပွဲတော်မှာ ဖတ်စရာစာအုပ် သွားရှာဖြစ်ခဲ့တယ်။

ဒေလီမှာ နေတဲ့နှစ်တွေမှာ ၃ကြိမ် book fair နဲ့ ကြုံတယ်။ တစ်နှစ်တစ်ကြိမ်။ ဒီနှစ်တော့ မေ့နေတာ။ သူငယ်ချင်းတစ်ယောက်က ပြောမှပဲ သတိတရ သွားဖြစ်တယ်။ ရာသီဥတုကလဲ ပူစပ်ပူလောင်နဲ့ သွားရမှာ ခပ်ပျင်းပျင်း။ မြန်မာပြည်မှာဆိုရင် တော်သလင်းလအပူက ခပ်ပြင်းပြင်းပဲ။ အရင်နှစ်တွေကဆို ဒေလီက အပူချိန် ၄၅ဒီဂရီလောက် ရှိတာ။ ဒီနှစ်တော့ ၃၅ဝန်းကျင်ပဲ ရှိတယ်။ တစ်နှစ်တစ်ခေါက်ဆိုတော့လဲ သွားသင့်တယ်လို့ တွေးပြီး အေးအေးဆေးဆေး Metroစီးပြီး သွားလိုက်တယ်။ အရင်နှစ်က book fairလုပ်တဲ့နေရာအထိ Metro မရောက်သေးဘူး။ ဒီနှစ်တော့ အတော်အဆင်ပြေတယ်။ ကျောင်းကနေ ၁၁ဘူတာ မြေအောက်က စီး။ ၄ဘူတာ မြေပေါ်ကစီးပြီး ၁၀မိနစ်လောက် လမ်းလျှောက်လိုက်တာနဲ့ Pragati Maidanဆိုတဲ့ နေရာကို ရောက်ရော။ ဒီနေရာက ဒေလီမှာ ကုန်စည်ပြပွဲလို ပြပွဲမျိုးတွေ လုပ်တဲ့နေရာ။ ဝင်းကြီးထဲမှာ အဆောက်အဦတွေ အများကြီး။ ဒီနှစ် book fairက ၁၄ကြိမ်မြောက်။ အဆောက်အဦ ၅ခုမှာ ခင်းကျင်းပြသထားတယ်။ ဝင်ကြေးက ရူးပီး ၁၀။ ရေသန့်တစ်ဘူးစာပါပဲ။

စာအုပ်တွေကတော့ အစုံပဲ။ အရွယ်စုံအတွက် အမျိုးစုံပဲ။ အရောင်အသွေးကလဲ စုံပါ့။ စာဂျပိုးတွေအတွက်တော့ တကယ့်ပွဲတော်ကြီးပေါ့။ စာအုပ်စာပေ လူ့မိတ်ဆွေတဲ့။ ရန်သူလို့တော့ မထင်ပါဘူး။ လိုချင်တဲ့ စာအုပ်တွေက ဈေးကြီးနေတော့ စာအုပ်ကို ရန်လုပ်ချင်နေတယ်။

သူတို့လေးတွေလဲ ပါတယ်။ ငယ်ငယ်လေးကထဲက အငွေ့အသက်တွေ ရနေတော့ နောင်တစ်ချိန် စာတွေ ကဗျာတွေ ရေးလို့ စာပေနိုဗယ်ဆုတွေ ဘာတွေ မရဘူးမပြောနိုင်ဘူးလေ။ သူတိုရဲ့ အဘိုးနံမည်ကိုက တဂိုးတဲ့။ ဒီကလေးတွေ ဂီတဉ္ဇလီတောင် အလွတ်များ ရနေကြပြီလားမသိ။

ဒီနှစ်တော့ စာအုပ်တစ်အုပ်မှ မဝယ်ဖြစ်ဘူး။ ငတ်ပြတ်နေလို့ စာအုပ်တွေပဲ ငေးပြီး ပြန်လာခဲ့တယ်။

Subscribe to:
Posts (Atom)