Thursday, 10 April 2008

အသောကရဲ့ အက္ခရာများ-၄

ဘီစီ ၆ရာစုမှာ မြတ်ဗုဒ္ဓက ဒီစကားကို ပြောခဲ့တယ်…
“အာဟဉ ္ဆံ အမတဒုန္ဒုဘိ ံ”
“အမြိုက်နိဗ္ဗာန်စည်ကြီးကို တီးခတ်ပါအံ့”

ဘီစီ ၃ရာစုရောက်တော့ အသောကဘုရင်က ဒီကျောက်စာထဲမှာ ဒီလို ရေးခဲ့ပြန်တယ်…
“ဘေလိဃောသော အဟော ဓံမဃောသော”
“တိိုက်စည်သံသည် တရားစည်သံ ဖြစ်လာခဲ့လေပြီ”

ငြိမ်းချမ်းရေးကို ရှေးရှုသည့်သံစဉ်များပေတည်း…။

၁။ အတိကံတံ အံတလံ ဗဟုနိ ၀သသတာနိ ံ ၀ဓိတေဝါ ပါနာလံဘေ ဝိဟိသာ စာ ဘုတာနံ နာတိနံ အသံပတိပတိ သမန ဗံဘနာနံ အသံပဋိပတိ။ သေ အဇာ ဒေဝါနံ ပိယသာ ပိယဒသိနေ လာဇိနေ ဓံမစလနေနာ ဘေလိဃောသော အဟော ဓံမဃောသော ဝိမနဒသနာ။
၂။ ဟထိနိ အဂိကံဓာနိ အံနာနိ စာ ဒိဝျာနိ လုပါနိ ဒသယိတု ဇနသ။ အာဒိသော ဗဟုဟိ ၀သသတေဟိ နာ ဟုတပုလုဝေ တာဒိသေ အဇာ ၀ဎိတေ ဒေဝါနံ ပိယသာ ပိယဒသိနေ လာဇိနေ ဓံမနုသာထိယေ အနာလံဘေ ပါနာနံ အဝိဟိသာ ဘုတာနံ နာတိသု။
၃။ သံပဋိပတိ ဗံဘနသမနာနံ သံပဋိပတိ မာတာ ပိတိသု သုသုသာ။ ဧသေ စာ အံနေ စာ ဗဟုဝိဓေ ဓံမစလနေ ၀ဓိတေ။ ၀ဓိယိသတိ စေဝါ ဒေဝါနံ ပိယေ ပိယဒသိလာဇေ ဣမံ ဓံမစလနံ။ ပုတ စ ကံ နတာလေ စာ ပနာတိကျာ စာ ဒေဝါနံ ပိယသာ ပိယဒသိနေ လာဇိနေ။
၄။ ပ၀ဎယိသံတိ စေ၀ ဓံမစလနံ ဣမံ အာ၀ကပံ ဓံမသိ သီလသိ စာ စိဌိတု ဓံမံ အနုသာသိသံတိ။ ဧသေဟိသေဌေ ကံမံ အံ ဓံမာနုသာသနံ။ ဓံမံစလနေပိ စာ နော ဟောတိ အသိလသာ။ သေ ဣမသာ အထသာ ၀ဓိ အဟိနိ စာ သာဓု။ ဧတာယေ အထာယေ ဣယံ လိခိတေ။
၅။ ဣမသာ အထသာ ၀ဓိ ယုဇံတု ဟိနိ စာ မာ အလောစယိသု။ ဒုဝါဍသ၀သာဘိသိတေနာ ဒေဝါနံ ပိယေနာ ပိယဒသိနာ လာဇိနာ လေခိတာ။

ရာပေါင်းများစွာသော နှစ်တို့ ပတ်လုံး သေးငယ်သော သတ္တဝါတို့ကို သတ်ဖြတ်ခြင်း, ကြီးမားသော သတ္တဝါတို့ကို ညှင်းဆဲခြင်း, ဆွေမျိုး-ဉာတိတို့၌ ဝတ်တရား ကြေလည်အောင် မကျင့်ဆောင်ခြင်း, ရဟန်း-ပုဏ္ဏား-သူတော် သူမြတ်တို့ အပေါ်၌ တရားနည်းကျ မကျင့်ဆောင်ခြင်း- ဤမကောင်းမှု တရားအားလုံး တိုးပွားပြန့်စည်လျက်သာ အသက်အပိုင်းအခြားကာလကို ကုန်လွန်-ပြုန်းတီးခဲ့လေပြီ၊ ထို့ကြောင့် ယနေ့ယခုအခါ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် ကိုယ်တော်တိုင် တရားတော်ကို ကျင့်ဆောင်လိုက်နာခြင်းဖြင့် တရားစည်ကြီး ရိုက်တီး ကြွေးကျော်လိုက်သည်, တရားတော်ဟူသောကြွေးကျော်သံသည် အော်…အဖန်ဖန် ဝမ်းမြောက်စဖွယ် ဖြစ်စွာ့တကား။
ဤလောက၌ ထိုထို ရှုမခန်းသော ဘုံနန်း-ဗိမာန် အထွေထွေကို ကြည့်ရှု-ရွှင်ပျရခြင်း,တန်းဆာ အတင့်-အတယ် ဆင်ယဉ်ထားသော ဆင်ယာဉ်-မြင်းယာဉ်စသည်ကို ကြည့်ရှုချမ်းမြေ့ရခြင်း, အတင့်အတယ် ထွန်းညှိရှို့မြှိက်သော မီးပန်း, မီးပိတုန်း, မီးပန်းခိုင်, မီးစု မီးတောက်ကို ကြည့်ရှု နစ်သက်ရခြင်း (ဤသို့ စသည်ဖြင့်) ဤမှတပါး များစွာကုန်သော ရွှင်ပျ ပျော်မွေ့ဖွယ် ဝတ္ထုအာရုံတို့ကို ကြည့်ရှုကြ၍့ (အချိန်အခါ ကုန်ဆုံးကြသော) လူအပေါင်းတို့အား မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏့ တရားအဆုံးအမ စာတော်ဖြင့် ရာပေါင်းများစွာသော ကာလပတ်လုံး ရံခါ တဆစ် မဖြစ်ပေါ်ဖူးသော တရားတော်ကို ကျင့်ဆောင်ခြင်း အခွင့်ကြီးမှာ ယခုအခါ တိုးတက် ပြန့်ပွားဆဲး ရှိလေသည်။
သတ္တဝါတို့ကို မသတ်ဖြတ်ခြင်း, ထင်ရှားဖြစ်သော သတ္တဝါတို့ကို မညှင်းဆဲး, မနှိပ်စက်ခြင်း, မိခင်-ဘခင် ကျေးဇူးရှင်တို စကားကို နားထောင် လိုက်နာခြင်း, အသက် ဂုဏ်အားဖြင့် ကြီးမြတ်သူတို့ အဆုံးအမကို လိုက်နာ ကျင့်ဆောင်ခြင်း-- ဤဆိုခဲ့ပြီး တရားကျင့်ဝတ်တို့ကို၄င်း, ဤမှတပါး မြောက်များစွာသော တရားကျင့်ဝတ်တို့ကို၄င်း, ဤသို့အားဖြင့် တရားကျင့်ဝတ်တို့ကို တိုးတက် ပွားစည်းအောင် ကျင့်ဆောင် လိုက်နာကြလျှင်, အနာရောဂါ ကင်း၍့ ကျန်းမာခြင်း, ဥစ္စာပစ္စည်း တိုးတက်ခြင်း စသည်ဖြင့် ကြီးပွားတိုးတက်ကြရလိမ့်သတည်း၊ ဤသည်ကား မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏့ တရားကျင့်ဝတ်များ ဖြစ်၏။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏့ သားတော် အစဉ် မြေးတော် အဆက်, မြစ်တော် အညွန့်တို့သည်လည်း (ငါ မင်းတြား၏့) ဤတရားကျင့်ဝတ်များကို ကျင့်ဆောင် ဆင့်ပွားကြကုန်စေသတည်း၊ ဤငါ့၏့ တိုင်းပြည်အလုံးသည် ကပ္ပါအားလုံး အာယုကပ်ဆုံးသည်တိုင်အောင် တရားကျင့်ဆောင်၍့ သီလ၌လည်း တည်ကြစေကုန်စေသတည်း၊ ဤငါမင်းတြား၏့ တရားကျင့်ဝတ်တို့ကို ဆုံးမ ကန့်မြစ်ခြင်းသည် သာလျှင် ပစ္စုပ္ပန် တမလွန်၌ တိုးတက်ကြီးပွားကြောင်း ဖြစ်၍့ မြင့်မြတ်သော မင်းတို့ ကိစ္စဖြစ်သတည်း။
(ဤလောက၌) အကျင့်သီလ မတည်ရှိသော သူအား တရားကျင့်ဝတ်မျှပင် မရှိနိုင်ချေ၊ ထိုသို့ဖြစ်ရကား ဤဆိုခဲ့ပြီး တရားတည်ထောင်ရေး ကိစ္စကြီး၌ တိုးတက်အားထုတ်, မဆုတ်မယုတ် မလျောပေါ့ခြင်းသည် ပစ္စုပ္ပါန် တမလွန်၌ တိုးတက်ကြီးပွားဖွယ်ဖြစ်၍့ ကောင်းမွန်လှလေသတည်း၊ ဤသို့သော တရားအကျင့်ဖြင့် ဤမျှသော တိုးပွားခွင့် အလို့ငှာသာလျှင် ဤတရားစာတော်ကို ရေးသားတည်ထားခဲ့သတည်း၊ ဤဆိုခဲ့သော စီးပွားမျှော်လင့် တရားကျင့်ရေး ကိစ္စကြီး၏့ ကြီးပွားတိုးတက်ရေးကိုသာ အားထုတ် ကြိုးပမ်းကြကုန်စေလဿေး၊ ထိုသို့မဟုတ် ဆုတ်ယုတ်ပျက်ပြားရန် မနစ်ခြိုက်ပဲး, ဖြစ်ကြကုန်စေလဿေး၊ အဘိသိက် သွန်းတော်မူ၍့ တဆဲ့နှစ်နှစ်မြောက်ရှိသောအခါ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် ဤတရားစာတော်ကို ရေးသား တည်ထားစေအပ်သတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)

လွန်ခဲ့သော နှစ်ရာပေါင်းများစွာ ကာလတို့၌ သူ့အသက်ကို သတ်ခြင်း၊ သတ္တဝါတို့အား နှိပ်စက်ညှင်းဆဲခြင်း၊ အဆွေအမျိုးတို့အား မရိုသေ မလေးစားခြင်း၊ ရဟန်းပုဏ္ဏားတို့အား မဆီးကပ် မကိုးကွယ်ခြင်းတို့သည် တိုးတက်လျှက် လာခဲ့၏။ သို့ရာတွင် ယခုသော် နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ တရားကျင့်သုံး ဆောက်တည်ခြင်းကြောင့် တိုက်စည်သံအစား တရားသံကို ကြားရ၍ နတ်ဗိမာန်ပုံများ ဆင်များ မီးစိုင် မီးရှူးများနှင့် အခြားနတ်တို့၏ အဆင်းသဏ္ဌာန်များကို လူတို့ မြင်ကြရလေပြီ။
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ တရားအဆုံးအမကြောင့် သူ့အသက်ကို မသတ်ခြင်း၊ သတ္တဝါတို့အား မနှိပ်စက် မညှင်းဆဲခြင်း၊ အဆွေအမျိုးတို့အား ရိုသေလေးစားခြင်း၊ ရဟန်းပုဏ္ဏားတို့အား ဆည်းကပ်ကိုးကွယ်ခြင်း၊ အမိအဖတို့အား ကျိုးနွံခြင်းတို့သည် ရှေးအနှစ်ရာပေါင်းများစွာတို့၌ မကြုံဘူးအောင် ယခု တိုးတက်ပြန့်ပွားလျှက် ရှိလေပြီ။
ဤနည်း အခြားနည်းတို့နှင့် တကွ များစွာသော နည်းတို့ဖြင့် တရားကျင့်သုံး ဆောက်တည်ခြင်းကို တိုးတက်ပြန့်ပွားစေခဲ့လေပြီ။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ဤတရားကျင့်သုံးဆောက်တည်ခြင်းကို ဆက်လက်၍လည်း တိုးတက်ပြန့်ပွားစေလိမ့်ဦးအံ့။ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ သားတော် မြေးတော် မြစ်တော်တို့သည်လည်း ထိုနည်းတူစွာ ကပ္ပါပတ်လုံး တရားကျင့်သုံးဆောက်တည်ခြင်းကို ဆက်လက်၍ တိုးတက်ပြန့်ပွားစေလိမ့်ဦးအံ့။ မိမိတို့ကိုတိုင် တရား၌၄င်း အကျင့်သီလ၌၄င်း မြဲစွာတည်လျက် တရားအဆုန်းအမကို ပေးကြကုန်လတံ့။ ဤသို့ တရားအဆုံးအမပေးခြင်းသည် အမွန်မြတ်ဆုံးသော အမှုစင်စစ်ဖြစ်၏။ အကျင့်သီလမဲ့သူတို့အဖို့့ တရားကျင့်သုံးဆောက်တည်ခြင်း မဖြစ်နိုင်။ ထို့ကြောင့် တရားကျင့်သုံးဆောက်တည်ခြင်း၏ မဆုတ်မယုတ် ပွွားတိုးခြင်းသည် ကောင်း၏။
ဤအလို့ငှာ ဤတရားကဗျည်းကို ရေးထိုးစေ၏။ တရားကျင့်သုံးဆောက်တည်ခြင်း၏ ဆုတ်ယုတ်ခြင်းကို မဖြစ်စေပဲ ပွားတိုးခြင်းအလို့ငှာ အားထုတ်ကြကုန်လော့။
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် အဘိသိက်ခံသည်၏ တစ်ဆဲ့နှစ်နှစ်မြောက်၌ (ဤတရားကဗျည်းကို) ရေးထိုးစေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

လွန်လေပြီးသော နှစ်ပေါင်းများစွာက သတ္တဝါတို့ကို သတ်ဖြတ်ညှင်းပန်း နှိပ်စက်ခြင်း၊ ဆွေမျိုး, ဉာတကာ, ရဟန်း, ပုဏ္ဏားတို့အား မရိုသေ မကိုင်းရှိုင်းခြင်းတို့ တိုးပွားနေခဲ့ကြ၏။ သို့သော်လည်း ယနေ့ ဒေဝါနံပိယ ပိယဒသီမင်း၏ တရားအကျင့်ကြောင့် စည်သံသည် တရားစည်သံဖြစ်၍ လူများသည် ဗိမာန်, ဆင်, မီးတန်ဆောင်နှင့် အခြားတောက်ပသော အဆင်းတို့ကို တွေ့မြင်ကြရ၏။
သတ္တဝါတို့ကို မသတ်ဖြတ်, မညှင်းပန်းခြင်း၊ ဆွေမျိုး, ဉာတကာ, ရဟန်း, ပုဏ္ဏားတို့အား ရိုသေ ကိုင်းညွတ်ခြင်း, အမိအဖတို့ စကား နာယူခြင်း၊ ပညာရှိတို့အား မှီဝဲဆည်းကယ်ခြင်းတို့သည် ရှေးနှစ်ပေါင်းများစွာက မဖြစ်ခဲ့ဘူး၊ ယနေ့ ဒေဝါနံပိယ ပိယဒသီမင်း၏ တရားအဆုံးအမကြောင့် တိုးပွားနေ၏။ ဤမှတပါး အခြား အထူးထူး အပြားပြားသော တရားအကျင့်တို့လည်း ပြန့်ပွားနေ၏။
ဒေဝါနံပိယ ပိယဒသီမင်း၏ သား, မြေး, မြစ်တို့သည် ဤတရားအကျင့်ကို ကမ္ဘာပတ်လုံး မလှုပ်မရှား တိုးပွားစေကြရမည်။ တရားဓမ္မ, အကျင့်သီလ၌ တည်လျက် တရားသို့ အစဉ် လိုက်ပြီး သွန်သင်ဆုံးမကြရမည်။ ဤတရားအဆုံးအမသည်သာ မွန်မြတ်သော အလုပ်ကိစ္စ စင်စစ်ဖြစ်၏။ သီလမရှိသူအား အဘယ်မှာ တရားကျင့်ခြင်း ရှိမည်နည်း။ ထို့ကြောင့် ဤအကျိုးတရား၏ တိုးပွားခြင်း, မဆုတ်ယုတ်ခြင်းသည် ကောင်း၏။ ယင်းအကျိုးတရားအတွက် ဤစကားကို ရေးသားစေခြင်းဖြစ်၏။ ဤအကျိုးတရား၏ တိုးတက်ကြီးပွားခြင်း၌လည်း ယှဉ်ကြလော့။ ဆုတ်ယုတ်ပျက်စီးခြင်းကို မရှုကြလင့်။
ဒေဝါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ၁၂နှစ်မြောက်၌ ဤစာကို ရေးသားစေခြင်းဖြစ်၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

For a long period past, for many hundreds of years, have increased the sacrificial slaughter of animals, cruelty towards living beings and improper treatment of relatives, of Brahmans and Sramanas. But today in consequence of the practice of morality by His Sacred and Gracious Majesty the King, the sound of war drum has become the call (not to arms but) to Dharma, exhibiting to the people the sight of the cars of the gods, of elephants, masses of fire and other heavenly shows.
As were not seen before for many hundreds years, so now have increased through the religious ordinances of His Sacred and Gracious Majesty the King cessation of slaughter of animals, non-violence towards living beings, proper treatment of relatives, of Brahmans and Sramanas, obedience to mother and father and to the seniors.
And the sons, grandsons, and great-grandsons, too of His Sacred and Gracious Majesty the King will increase this practice of morality up to the end of time (“the aeon of universal destruction”) and will preach the Dharma, themselves abiding in Dharma and righteous conduct. For this is the highest work, viz., preaching the Dharma.
The practice of morality, too, is not of one devoid of virtue. The increase of this work, nay, even its non-diminution is laudable. For this purpose has this been inscribed that they (i.e., Asoka’s successors) may apply themselves to the promotion of this object, and that its decline should not be entertained.
By His Sacred and Gracious Majesty the King consecrated twelves years was this caused to be inscribed.
(Asoka-R.K. Mookerji)

For a long time, for many hundreds of years, have increased the immolation of animals, violence of living beings and disrespect towards relatives, Brahmanas and Sramanas. But now in consequence of the practice of Dharma by King Priyadarsi, the Beloved of the Gods, the echo of war drums has been converted into the call of Dharma after (his) displaying before public the divine sight of the chariots of the Gods, of elephants, masses of fire and other divine shows.
As has not happened ever before for many hundreds of years-now have increased through the religious instruction of King Priyadarsi, the Beloved of the Gods, non-violence towards animals, protection of living beings, respect of relations, Brahamanas and Sramanas, hearkening to mother, father and elderly people. This and other practices of Dharma have increased, and, King Priyadarsi, the Beloved of the Gods, will do the best for the furtherance of the religious practices.
And the sons, grandsons and great grandsons of King Priyadarsi, the Beloved of the Gods, will increase the religious practices till the end of Samvarta kalpa and will propagate the Dharma, themselves obeying Dharma and morality. For obedience of Dharma is a work of higher order and practice of Dharma is difficult to be achieved by one who is devoid of morality. The progress of this obedience of Dharma and not its diminution is praiseworthy. With this intention has this been inscribed so that people may put forth their effort in promoting it and should not allow it to decline.
By King Priyadarsi, the Beloved of the Gods, was this caused to be inscribed when he was consecrated twelve years.
(Inscriptions of Asoka- N. P. Rastogi)

In the past, the killing and injuring of living beings, lack of respect towards relatives, brahmans and sramanas had increased. But today, thanks to the practice of Dhamma on the part of the Beloved of the Gods, the king Piyadassi, the sound of war drum has become the sound of Dhamma, showing the people displays of heavenly chariots, elephants, balls of fire, and other divine forms. Thorough his instruction in Dhamma abstention from killing and non-injury to living beings, deference to relatives, brahmas and sramanas, obedience to mother and father, and obedience to elders have all increased as never before for many centuries. These and many other forms of the practice of Dhamma have increased and will increase.
The Beloved of the Gods, the king Piyadassi, his sons, his grandsons and his great grandsons will advance the practice of Dhamma, until the end of the world and will instruct in the law, standing firm in Dhamma. For this, the instruction in the law, is the most valuable activity. But there is no practice of Dhamma without goodness, and in these matters it is good to progress and not to fall back. For this purpose, the inscription has been engraved-that men should make progress in this matter, and not be satisfied with their shortcomings. This was engraved here when the Beloved of the Gods, the king Piyadassi, had been consecrated twelve years.
(Asoka and the decline of the Mauryas- Romila Thapar)

2 comments:

  1. စိုးထက် - Soe Htet !11 April 2008 at 07:11

    တကယ့် တရား မင်းမြတ်ကြီးပါ ... :)

    ReplyDelete
  2. အက္ခရ11 April 2008 at 19:21

    ဆရာစိုး...တကယ့် တကယ်ပါဗျာ။

    ReplyDelete