Thursday, 24 April 2008

အသောကရဲ့ အက္ခရာများ-၁၃ (အပိုင်း-၃)

တ’မေ၀ စ ဝိဇယံ မနတု, ယေ ဓံမ-ဝိဇယော၊
တရားနှင့် အောင်နိုင်ခြင်းကိုသာ အောင်နိုင်ခြင်းလို့ မှတ်ယူသင့်တယ်။

ဒေဝါနံပိယ ပိယဒသီမင်းသည် အဘိသိက်ခံ၍ ဂနှစ်မြောက်၌ ကလိင်္ဂတိုင်းကို အောင်မြင်၏။ ထိုအခါ ထိုတိုင်းပြည်၌ လူပေါင်း တသိန်း ငါးသောင်း အချုပ်အနှောင်ခံရ၏။ တသိန်းမျှ သတ်ဖြတ်ခြင်းခံရ၍ ထို့ထက်များပြားသော လူတို့ သေကြေပျက်စီးကြ၏။
ကလိင်္ဂပြည်၌ ဒေဝါနံပိယမင်း၏ တရားကျင့်ဆောင်ခြင်း, စောင့်ရှောက်ခြင်း လိုလားခြင်းနှင့် တရားသြဝါဒ အနှ့ံ့အပြား ထွန်းကားလာ၏။ သို့သော်လည်း ယခုအခါ ဒေဝါနံပိယမင်းအား နောင်တရနေ၏။ လူအများကို သတ်ဖြတ်ခြင်း ဖမ်းဆီးခြင်းတို့ဖြင့် အောင်ခြင်းသည် မှားသော အောင်ခြင်းဟု ယူဆ၏။ ယင်းသို့သော အောင်ခြင်းကို ဒေဝါနံပိယမင်းသည် ဝမ်းနည်းကြေကွဲ ဝန်လေး၏။
တိုင်းပြည်ဟူသမျှ၌ ရဟန်းပုဏ္ဏား, ဂိုဏ်းဂဏ, အိမ်ထောင်ရှင်များ ရှိကြ၏။ ထိုတွင် အမိအဖ ဆရာသမားတို့အား ကိုးကွယ်ဆည်းကပ်ခြင်း, အဆွေခင်ပွန်း, အသိမိတ်ဆွေ, ဆွေမျိုးဉာတကာ, ကျေးကျွန်သူခစားတို့၌ ကောင်းသော ကျင့်ဝတ်နှင့် လုံခြုံစွာ စောင့်ရှောက်ခြင်းသည်သာ ရှေးဦးစွာ ဆောင်ရွက်သင့်သော ဝတ္တရားဖြစ်၏။ သို့သော်လည်း ထိုတိုင်းပြည်၌ နေသူတို့သည် သတ်ဖြတ်ခြင်း, ညှင်းဆဲခြင်း, ဖျက်ဆီးခြင်း ခံကြရ၍ အေးချမ်းစွာ နေလိုသူတို့လည်း ပြည်ရွာကို စွန့်ခွာသွားကြရ၏။ သူတို့ ချစ်မြတ်နိုးသော အဆွေခင်ပွန်း, အသိအကျွမ်း, ဆွေမျိုးဉာတကာတို့လည်း ပင်ပန်းဆင်းရဲခြင်းသို့ ရောက်ကြရ၏။ သူတို့အားလုံးကိုလည်း ဖျက်ဆီးရာရောက်၍ ဒေဝါနံပိယမင်းသည် လွန်စွာဝန်လေးသည်ဟု ယူဆ၏။
လောက၌ ဂိုဏ်းဂဏမရှိသော, ရဟန်းပုဏ္ဏားမရှိသော, လူတို့ အညီအညွတ်ဖွဲ့စည်းထားသော အဖွဲ့အစည်း၌ ကြည်ညိုသူမရှိသော တိုင်းပြည်ဟူ၍ မရှိ။ ကလိင်္ဂတိုင်းကို အောင်သောအခါ အသတ်ခံရ, သေကြေပျက်စီးရ, အနှောင်အဖွဲ့ခံရသော လူတို့၏ အပုံတရာ, အပုံတထောင်ပုံ၍ တပုံမျှပင် ပျက်စီးစေကာမူ ဒေဝါနံပိယမင်းသည် အလွန်ဝန်လေးသည်ဟု ယူဆလိမ့်မည်။ ပျက်စီးအောင် ပြုလုပ်သူကိုပင် ဒေဝါနံပိယမင်းသည် သည်းခံသင့်သည်ဟု ယူဆ၍ သည်းခံနိုင်စွမ်း၏။
ဒေဝါနံ ပိယမင်းသည် နိုင်ငံအတွင်းရှိ တောင်သူလယ်သမားတို့ကိုလည်း ယဉ်ကျေးစေ၏။ တရား၌ သက်ဝင်စေ၏။ ယင်းသို့ မဆောင်ရွက်ရလျှင် ဒေဝါနံပိယမင်းအား ချမ်းသာမရ၊ နောင်တရနေလိမ့်မည်။ ထိုသူတို့အားလည်း “သင်တို့သည် မကောင်းမှုမှ ရှက်ကြောင်ကြလော့ မပျက်စီးကြစေလင့်”ဟု မှာကြား၏။ ဒေဝါနံပိယမင်းသည် သတ္တဝါတို့ မပျက်စီးခြင်း စောင့်စည်းခြင်း တရားကျင့်ခြင်းနှင့် ရွှင်လန်းဝမ်းသာခြင်းတို့ကို အလိုရှိ၏။
ဒေဝါနံပိယမင်းသည် တရားအောင်ခြင်းကို မုချအောင်ခြင်းဟု ယုံကြည်၏။ ဒေဝါနံပိယမင်း၏ တရားအောင်ခြင်းကို ဤနိုင်ငံနှင့် နယ်စွန်နယ်ဖျား အားလုံးတို့၌၎င်း, ယူဇနာ ရှစ်ရာဝေးကွာသော အန္တိယောဂမည်သော ယောနမင်းနိုင်ငံ၌၎င်း, ထိုနိုင်ငံ၏ တဖက်မှ တုလမယ, အန္တိကိန, မက, အလိသုဒရဟူသော မင်းလေးပါးတို့ နိုင်ငံ၌၎င်း ထိုမှတပါး အောက်ပိုင်းရှိ စောဠ, ပဏ္ဍယ, တမ္ဗပဏ္ဏိတို်င်းတို့၌၎င်း ရရှိခဲ့၏။ ထိုမှတပါး ဝိသ, ၀ဇီ, ယောန, ကမေ္ဗာဇ, နာဘက, နာဘပန္တိ, ဘောဇန, ပတိိနိက္က, အဓ, ပလဒပြည်တို့၌လည်း ဒေဝါနံပိယမင်း၏ တရားဓမ္မသြဝါဒကို လိုက်နာကြ၏။ ဒေဝါနံပိယတမန် မရောက်သောတိုင်းပြည်တို့၌လည်း ဒေဝါနံပိယမင်း၏ ဓမ္မတရားသြဝါဒကို ကြားရ၍ တရားကို အစဉ် လိုက်နာကြ၏။ နောက်လည်း ဆက်လက် လိုက်နာကြလိမ့်မည်။
ယင်းသို့ တရားအောင်ခြင်း ဖြစ်ပေါ်လာသော နှစ်သက်ခြင်းသည် နက်ရှိုင်းသော်လည်း ပေါ့၏။ ဒေဝါနံပိယမင်းသည် တမလွန်လောကနှင့် စပ်လျဉ်းသော အကျိုးကိုသာ ကြီးမြတ်သည်ဟု ယူဆ၏။ ဤအတွက် ဤတရားစာကို ရေးစေခြင်းဖြစ်၏။ ငါ၏ သား, မြေးတို့သည် အသစ်ဖြစ်သော အောင်ခြင်းကို အောင်သင့်သည်ဟု မယူဆသင့်။ မြှားဖြင့် အောင်ခြင်းအစား သည်းခံခြင်းနှင့် ပေါ့ပါးသော ဒဏ်ကို နှစ်သက်ကြရမည်။ တရားအောင်ခြင်းကိုသာ အောင်ခြင်းဟု ယူဆကြရမည်။ ယင်းသည်သာ ဤလောက, နောက်လောက အတွက်ဖြစ်၏။ အလုံးစုံ ချမ်းသာကြောင်းဖြစ်သော ကြိုးစားအားထုတ်၍ရသော ချမ်းသာကိုသာ ဤလောက, နောက်လောက၌ ကြီးကျယ်မြင့်မြတ်၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

When he had been consecrated eight years the Beloved of the Gods, the king Piyadassi, conquered Kalinga. A hundred and fifty thousand people were deported, a hundred thousand were killed and many times that number perished. Afterwards, now that Kalinga was annexed, the Beloved of the Gods very earnestly practiced Dhamma, desired Dhamma, and taught Dhamma. On conquering Kalinga the Beloved of the Gods felt remorse, for, when an independent country is conquered the slaughter, death, and deportation of the people is extremely grievous to the Beloved of the Gods, and weights heavily on his mind. What is even more deplorable to the Beloved of the Gods, is that those who dwell there, whether brahmans, sramanas, or those of other sects, or householders who show obedience to their superiors, obedience to mother and father, obedience to their teachers and behave well and devotedly towards their friends, acquaintances, colleagues, relatives, slaves, and servants-all suffer violence, murder, and separation from their loved ones. Even those who are fortunate to have escaped, and whose love is undiminished (by the brutalizing effect of war), suffer from the misfortunes of their friends, acquaintances, colleagues, and relatives. This participation of all men in suffering, weights heavily on the mind of the Beloved of the Gods. Except among the Greeks, there is no land where the religious orders of brahmanas and sramanas are not to be found, and there is no land anywhere where men do not support one sect or another. Today if a hundredth or a thousandth part of those people who were killed or died or were deported when Kalinga was annexed were to suffer similarly, it would weigh heavily on the mind of the Beloved of the Gods.
the Beloved of the Gods believes that one who does wrong should be forgiven as far as it is possible to forgive him. And the Beloved of the Gods conciliates the forest tribes of his empire, but he warns them that he has power even in his remorse, and he asks them to repent, lest they be killed. For the Beloved of the Gods wishes that all beings should be unharmed, self-controlled, calm in mind, and gentle.
The Beloved of the Gods considers victory by Dhamma to be the foremost victory. And moreover the Beloved of the Gods has gained this victory on all his frontiers to a distance of six hundred yojanas (i.e. about 1500 miles), where regains the Greek king named Antiochus, and beyond the realm of that Antiochus in the land of the four kings named Ptolemy, Antigonus, Magas, and Alexander; and in the south over the Colas and Pandyas as far as Ceylon. Likewise here in the imperial territories among the Greeks and Kambojas, Nabhakas and Nabhapanktis, Bhojas and Pitinikas, Andhras and Parindas, everywhere the people follow the Beloved of the Gods’ instructions in Dhamma. Even where the envoys of the Beloved of the Gods have not gone, people hear of his conduct according to Dhamma, his precepts and his instruction in Dhamma, and they follow Dhamma and will continue to follow it.
What is obtained by this is victory everywhere, and everywhere victory is pleasant. This pleasure has been obtained through victory by Dhamma-yet it is but a slight pleasure, for the Beloved of the Gods only looks upon that as important in its results which pertains to the next world.
This inscription of Dhamma has been engraved so that any sons or great grandsons that I may have should not think of gaining new conquest, and in whatever victories they may gain should be satisfied with patience and light punishment. They should only consider conquest by Dhamma to be a true conquest, and delight in Dhamma should be their whole delight, for this is value in both this world and the next.
(Asoka and the decline of the Mauryas- Romila Thapar)

The state of Kalinga was conquered when King Pryiadarsi, the Beloved of the Gods, was consecrated eight years. One hundred and fifty thousand were carried off (as prisoner), one hundred thousand were slain, and many times as many those who were dead. Thereafter, when the state of Kalinga has been conquered, practice of Dharma, love of Dharma and elevation of that Dharma were introduced by the Beloved of the Gods. After having conquered Kalinga, the Beloved of the Gods suffered from repentance. For, when an unconquered country is conquered, it envolves bloodshed, death and imprisonment of the people and such happening are regarded as intensively painful and regrettable by the Beloved of the Gods. But this is even more serious, because there live Brahmanas, Sramanas followers of other religions and householders amog whom are established respect to elders, to parents and preceptors, proper treatment towards friends, companions, supporters and relatives, servants and dependents and sincerity of devotion, whom befalls violence, death or banishment from the dear ones. Or there are those who are well established and possess intense affection, but their friends, acquaintances, companions and relatives meet with a misery; them that (misery) become a personal violence to those (former). This (ill) luck of all men alike is felt serious by the Beloved of the Gods. And there is no state except that of the Yavanas where do not exist these religious orders, namely, the Brahamanas, and the Sramanas; and there is no place in any state where people have no faith in one sect or another. Therefore, even one hundredth or one thousandth of those who were slain, died, or were made prisoners in the state of Kalinga, is now considered serious by the Beloved of the Gods. Nay, if any one does wrong (to him), he is pardoned till the tolerable extend. Even those forest tribesmen who have come under the dominion of the Beloved of the Gods, he thinks to mould them to his way of life and thinking. Though the Beloved of the Gods repents over it, yet tells them of his might, why? so that they may confer a sense of remorse, and not be massacred. The Beloved of the Gods wishes for all living beings non-violence, self-control, equal treatment and gentleness. Conquest through the Dharmavijaya is regarded supreme by the Beloved of the Gods in his empire and the neighboring kingdoms, even as far as six hundred Yojanas, where lives king Amtiyoka, and in the neighborhood of this king Amtiyoka, the four kings namely Turamaya, Antekida, Maga and Alikasundara, (similarly) downwards, where exist the Colas, the Pandyas, as far as the Tamraparni river,-- similarly in the king’s (own) empire among the Yona and the Kambojas, the Nabhakas and the Nabhapanktis, the hereditary Bhoja rulers, Andhras and Pulinda-everywhere they follow the instructions of the Beloved of the Gods, do not go, they, listening to the doctrine of Dharma, the ordinances, and the instruction in Dharma by the Beloved of the Gods, render obedience to Dharma, and will so continue. And the victory which is thereby gained, everywhere becomes a victory enamored in love. The love has been gained (by me) in the victory through Dharma. That love, however, is a small thing. That which is connected with the other world is considered by the Beloved of the Gods as productive of important consequences. And this religious edict has been inscribed for this purpose, why?-in order that, my sons, and great grandsons, may never imagine of a new victory as worth with forgiveness and lightness of punishment. And they should regard that to be the (real) victory which is gained through Dharma. That (conquest) is good for this world and the next. May their joy be the joy through exertion. That is good for this and the other world.
(Inscriptions of Asoka- N. P. Rastogi)

1 comment:

  1. စိုးထက် - Soe Htet !25 April 2008 at 03:26

    မင်းအဖြစ်ရဖို့ ကလည်း မလွှဲ သာ မရျောင်သာ ဖြစ်ရပ် ဆိုးတွေ က မနည်းမနော ပဲ :)

    ReplyDelete