Wednesday 31 March 2010

တစ်ထောင့်တစ်ညလွန် ကိုးဆယ့်ကိုး



Wow!
World Wide Web
We’ll walk within.
၂၀၀၅ခုနှစ် မတ်လမှာ သူငယ်ချင်းတွေ စုပြီး ထုတ်ဝေတဲ့ ကဗျာစာအုပ်အတွက် ရေးဖြစ်ခဲ့တဲ့ စာကြောင်းလေးတွေ။ ခေါင်းစဉ်က “www” ။ အဲဒီတုန်းက ရွာမှာ။ netမရှိသေးဘူး။ ကွန်ပစ်ဖို့ ဧရာ၀တီမြစ်ကို ဖြတ်ပြီး ၂၀ကီလိုမီတာလောက်ဝေးတဲ့ မန်းမြို့တော်ကို သွားရတယ်။

အပြေးအလွှား တစ်ပတ်တစ်ခါလောက်ပဲ။ espressoတစ်ခွက်သောက်ပီး wwwထဲမှာ ဟိုဝင်ဒီထွက်။ အင်း…စွဲမက်ဖွယ်ရာ အရသာတစ်မျိုးပေါ့။ gmailလား။ မသုံးဖူးသေးဘူး။ blogဆိုတာ သိကိုမသိသေးဘူး။ ၂၀၀၅ထဲမှာပဲ ရွာကထွက်လာ။ သန်းခေါင်ယံ လွတ်လပ်ရေးမှာ နားခို။
အစပိုင်းတော့ virtual worldထဲမှာ ITစက္ခု, ITသောတတွေရပြီး သမာပတ်(ဒွယံဒွယ)တွေနဲ့ အပြတ်အသတ် ပျော်မွေ့လို့ပေါ့။ ၂၀၀ရမှာ ဘလော့ဂ်ဘိုးအေတစ်ယောက်နဲ့ တွေ့ဖြစ်ပြီး မတ်လထဲမှာမှ ဘလော့ဂင်း စခဲ့တာ။ တန်းပလိပ်ပြင်ပေးတဲ့ ကျေးဇူးရှင်လေးက ပြင်ရင်းပြင်ရင်းနဲ့ ၂၉ရက်နေ့မှာ အချောသတ်ပြီး ရေးခဲ့တဲ့ ပိုစ့်တွေကိုလဲ အဲဒီနေ့မှာပဲ စုပြီးပြန်တင်လိုက်တော့ စရေးတဲ့နေ့ကို မမှတ်မိတော့ဘူး။ ပိုပိုလိုလို ခုဆို ရက်ပေါင်း ၁၁၀၀။

အစအနများ...
၁) ဘာပဲဖြစ်ဖြစ်ပေါ့
၂) Blogအက္ခရသညာတော
၃) ၁၁၀

Saturday 27 March 2010

မျှော်လင့်ခြင်း, ရှင်သန်ခြင်းနှင့် ဘလော့ဂ်ညနေခင်း


ယော ဇီ၀တိ၊ သော အာသီသတိ။
ယော ပန အာသီသတိ၊ သော ဇီ၀တိယေ၀။

ရှင်သန်ရင်း မျှော်လင့်...
မျှော်လင့်ရင်း ရှင်သန်...။

***အမှတ်တရနေ့တစ်နေ့အတွက်

Wednesday 24 March 2010

post-ဣန္ဒနီ


ယတ္ထ အင်္ကုရာ၊ တတ္ထ မိလာတာ။

ရွက်နုနီတို့ ၀င့်ဝေပြီ။
ရွက်ရော်ရီတို့ သက်သေတည်။

Saturday 20 March 2010

နီဝရဏ

အစက္ခုကရဏံ
အညာဏကရဏံ
အန္ဓကရဏံ

အမြင်မဲ့
အသိမဲ့
အပိတ်အဖွဲ့

Tuesday 9 March 2010

တွင်းနက်



လောကေ ဇိဃစ္ဆာပရမာ၀ ရောဂါ၊
ကိစ္ဆေနေ ဘိက္ခါပိ ဂဝေသိတဗ္ဗာ။
အဿာသကော.ဟံ န စ ပါဏဘူတော၊
ပစ္ဆာ ဘဝိဿာမိ နု ပီတိဘက္ခေါ။

ငတ်မွတ်မှုဟာ တကယ့် ရောဂါ
အစာရေစာလဲ ရှားပါ
အသက်ရှင်ရက်နဲ့ အသက်ရှုမ၀
ပီတိကိုမှ စားရပါ့မလား...။

ဒီမှာ တင်ခဲ့တဲ့ ဂါထာလေးကို နည်းနည်းလေး ပြင်လိုက်ပြီး ဆရာသမားရဲ့ မွေးနေ့ အမှတ်တရ စာအုပ်မှာ ပြန်ထည့်ဖြစ်တယ်။