Saturday 22 September 2012

ရေစုန်မြောတဲ့ မြစ်

Mansarovar  (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။

Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။

ရာဇဝင်ထဲလဲ ပါရဲ့။

နဒီဝင်ထဲလဲ ပါရဲ့။

တောင်ပေါ်က ဆင်းလာတဲ့ မြစ်

တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။

ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။


အေးတဲ့နေရာမှာ အေးတယ်။

ဖွေးတဲ့နေရာမှာ ဖွေးတယ်။

နွေးတဲ့နေရာမှာ နွေးတယ်။

စွေးတဲ့နေရာမှှာ စွေးတယ်။

ကမ်းပါးတစ်နေရာမှှာ…

ထိုင်တွေးမနေနဲ့

မှိုင်ငေးမနေနဲ့

ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။

Friday 21 September 2012

အကြည့်

ဥဒ္ဓံ ဝါ အဓော ဝါ ဣတော စိတော ဝါ

ဥလ္လောကေတိ

သြလောကေတိ

ဝိပေက္ခတိ


အောက် ထက် ဟို ဒီ

မော့ကြည့်

ငုံ့ကြည့်

ငဲ့ကြည့်

Sunday 8 July 2012

ဒေါင်း 7

ယုဇ္ဈောကာသော နတ္ထိ။

ကုတော နစ္စောကာသော ?

ခွပ်ခွင့် မရှိမှတော့

ကခွင့်လဲ မရှိပြီ။

Thursday 5 July 2012

No On



လောကေ

ယဒါ ယေ ဇာနန္တိ အဘိရူပံ။

တဒါ တေ ဇာနန္တိယေဝ ဝိရူပမ္ပိ။

ယဒါ သာဓုံ။ တဒါ အသာဓုမ္ပိ။

တသ္မာ

ဘူတ ဉ္စ အဘူတ ဉ္စ သဟ ဥပ္ပဇ္ဇတိ။

သုကရ ဉ္စ ဒုက္ကရ ဉ္စ သဟ သိဇ္ဈတိ။

ဒီဃ ဉ္စ ရဿ ဉ္စ သဟ မိနာတိ။

ဥစ္စ ဉ္စ နိန္န ဉ္စ သဟ နမတိ။

ဂီတ ဉ္စ သဒ္ဒ ဉ္စ သဟ သမေတိ။

ပုဗ္ဗ ဉ္စ အပရ ဉ္စ သဟ အနွေတိ။

တသ္မာ

ဓီရာ

တံ ကရောန္တိ၊ ယံ ကမ္မံ အ-ကိရိယံ၊

တံ သြဝါဒေန္တိ၊ ယာ ကထာ အ-ဗျ ဉ္ဇနာ။

တတ္ထ ယံ သဗ္ဗံ အာပါထမာဂတံ ဟောတိ၊

သဗ္ဗံ တံ အနဘိဘူတံ။

တေ မာပေန္တိ၊ တထာပိ န အဇ္ဈာဝသန္တိ။

ကရောန္တိ၊ တထာပိ န ဗျာကရောန္တိ။

ဇယန္တိ၊ တထာပိ န အာသီသန္တိ။

ယတ္ထ နတ္ထိ နိစယနံ၊

တတ္ထ တေသံ အဟာနိယေဝ။

ပါဠိဘာသာပြန်တစ်ပုဒ်ပါ။ မူရင်းက Chinese Classicဖြစ်တဲ့ Lǎo Zǐရဲ့ Dàodéjīngပါ။ Dàodéjīngရဲ့ ဘာသာပြန်တွေ အတော်များပါတယ်။ အခု ပါဠိဘာသာပြန်ကတော့ အသစ်ဖြစ်ဖို့ ရှိပါတယ်။ တရုပ်စာမတတ်တော့ အင်္ဂလိပ်ဘာသာပြန်တွေကို မှီးပြီး ပါဠိလို စမ်းကြည့်ဖြစ်တယ်။ ညီသယ်ရင်းတယောက်အတွက် မွေးနေ့လက်ဆောင်ပါ။


天下皆知
美之為美
斯惡已;
皆知
善之為善
斯不善已。
有無相生,
難易相成,
長短相形,
高下相傾,
音聲相和,
前後相隨.
是已聖人處
無為之事,
行不言之教.
萬物作焉
而不辭,
而不有,
爲而不侍,
功成
而不居.
夫唯不居,
是已不去
是以不去.
(Lǎo Zǐ’s   Dàodéjīng  Chapter II)

When all in the world know beauty as beauty,
There is ugliness;
When all know goodness,
There is evil.
That’s why …
being and non-being mutually create
difficult and easy mutually complete
long and short mutually measure
high and low mutually lean towards
song and voice mutually harmonize
front and back mutually follow.
Therefore:
wise men manage affairs without action
they practice the wordless teaching.
All things unfold there,
yet not controlled by them!
They create, yet don’t possess,
act, yet don’t claim,
succeed, yet don’t take credit.
For only not piling up anything,
they have nothing to lose.


Wednesday 23 May 2012

Instaနတ္ထိ


ဒီရက်ပိုင်း blogဘက်ကို ဦးမလှည့်ဖြစ်ဘူး။ ပါဠိဝေါဟာရတွေ ရှားပါးလာလို့လဲ ဖြစ်နိုင်တယ်။ အာရုံက platformတစ်ခုပေါ် ပြောင်းသွားလို့လဲ ဖြစ်နိုင်တယ်။ လက်ထဲမှာ ရှိနေကျ mobileနဲ့ပဲ နှစ်ပါးသွားဖြစ်နေတယ်။

တွေ့သမျှ ကြုံသမျှ ပုံတိုပတ်စလေးတွေ သွားရင်း လာရင်း ငေးရင်း မောရင်း mobileပေါ်ကနေ instagramနဲ့ postထားတာ အတော် များနေပြီ။ webပေါ်ကနေလဲ ကြည့်လို့ရပြီ။ ဒီမှာပါ။

Thursday 15 March 2012

march in March

 ဒဠှံ ပဋိဂ္ဂဟ သစ္စံ ။ မာ နိဝတ္တ အဘိက္ကမ။

သစ္စာတရား
မြဲမြဲကိုင်ထား
နောက်မလှည့်နဲ့
ရှေ့ဆက်


 အပ္ပမတ္တကမ္ပိ ဟိ လောဏစုဏ္ဏံ ဝဏေ ပဝိဋ္ဌံ ကဋုကံ ၊ ပဂေဝ ဗဟုကာနိ။

အနာထဲ ၀င်တဲ့ ဆား တစ်ပွင့်ထဲလဲ စပ်မှာပဲ။ တစ်ပုံကြီးဆို ပိုဆိုးမယ်။

inspiration>>> Salt March