Monday 27 June 2011

အသောကခြေရာ (၄)

Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။
Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။ ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။ ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… "If India can ask back Kohinoor, why can't Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… "The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last 600 years."
ဒီလို ပြန်လိုချင်သူတွေနဲ့ ပတ်သက်ပြီး Mr. Cameron ပြန်ပြောတာ ရှိတယ်။ Kohinoor စိန်ကြီးနဲ့ ပတ်သက်တာပါ။ အိန္ဒိိယက ဒီစိန်ကြီးကို ပြန်တောင်းနေတော့ သူက ဒီလို ပြောတယ်… "If you say yes to one you suddenly find the British Museum would be empty," BBC သတင်းပါ။
ဒီလိုဆိုတော့…
တောင်းကား တောင်း၏…မရ။
ယူကား ယူ၏…မပေး။
ဒါကတော့ ဝေဒနာတွေပါ။ ခြေရာတွေကတော့ google mapပေါ်မှာ…
အသောကပဓာနကျောက်တိုင်စာ...
(၁)(၂)(၃)(၄)(၅)(၆)(၇/၁)(၇/၂)
ခြေရာအစအန...

Thursday 23 June 2011

အကွာအဟ



အဝိဝေကာရာမော
မငြိမ်မသက်
အနုပသမာရာမော
မငြိမ်းမချမ်း
သဥပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်
အနုပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်း
သုဝိဒူရဝိဒူရာနိ ဝတ ဣမာနိ။
ဝေး…ဝေး...

Sunday 19 June 2011

အနည်းအပါး

ယဒါ မာတာ နတ္ထိ၊ ပုတ္တော မစ္ဆော ဝိယ ပရိတ္တောဒကသရမှိ။
အမိမဲ့သား... ရေနည်းငါး...။
ယဒါ ပိတာ နတ္ထိ၊ ပုတ္တော...
အဖမဲ့သား...


*** မွေးဖခင်အတွက် ရက်လည်အလွမ်း

Thursday 16 June 2011

အသောကခြေရာ (၃)


ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။


တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။

တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။

ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော

စိတ်ကလဲ လေးလေး...


အတ္တဘောကလဲ လေးလေး...

‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ

ဒီနေ့ အတွက်


မနက်ဖြန်အတွက်

အာသင်္ဂေါ


အပေက္ခေါ

အငြိအကပ် များများ...။


အငဲ့အကွက် များများ...။

ဒီဃော သယတော သုပိနော။

အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။


အသောကကျောက်ဆောင်စာငယ်

Sunday 12 June 2011

အသောကခြေရာ (၂)

သင်္ဂါမော
ဇယော
ပရာဇယော
သန္တော

စစ်...
နိုင်...
ရှုံး...

ငြိမ်း..

Kalinga Rock Edicts on Googlemap
ကလိင်္ဂကျောက်စာ
(၁/က)(၁/ခ)(၂)

Friday 10 June 2011

အသောကခြေရာ

ယာတာနုယာယီ
သွားသောသူသို့ အစဉ်လိုက်သောသူ
သွားသူ...သွား၊
လိုက်သူ...လိုက်၊
gooသူ...goo.
gelသူ...gel.
Major Rock Edicts on Googlemap
အသောကပဓာနကျောက်ဆောင်စာ
(၁) (၂) (၃) (၄) (၅/၁) (၅/၂) (၆/၁) (၆/၂) (၇) (၈) (၉/၁) (၉/၂) (၁၀) (၁၁) (၁၂/၁) (၁၂/၂) (၁၃/၁) (၁၃/၂) (၁၃/၃) (၁၄)

Thursday 2 June 2011

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၆)

အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။
(၁) Sarnath
(၂) Kausambi
(၃) Sanchi
(၄) Karuvaki Queen
(၅) Lumbini
(၆) Nigliva
အသောကရဲ့ အက္ခရာများ ၂၇၂၈၂၉၃၀၃၁၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။
Minor Rock Edicts on Googlemap
Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြဝါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။
သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ ဝါ ဘေတ္တာ, ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော, ဝဂ္ဂရတော, ဝဂ္ဂနန္ဒီ, ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုတဲ့အတိုင်း ညီညွတ်သူတွေကို သင်းခွဲ။ ကွဲနေသူတွေကို ထောက်ခံအားပေး။ ကွဲရေးပြဲရေးကိုသာ နှစ်သက်မွေ့လျော်ပြီး ကွဲကြောင်းပြဲကြောင်းကို ပြောဆိုနေတာထက် “ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုထားသလို အကွဲအပြဲကို စေ့စပ်၊ ညီညွတ်သူတွေကို အားပေး၊ ညီညွတ်ရေးကို နှစ်သက်မွေ့လျော်၊ ညီညွတ်ကြောင်း ပြောဆိုနေတာက ပိုကောင်းပါတယ်။