Tuesday 31 May 2011

အသောကရဲ့ အက္ခရာများ - ၃၂

(၁) ဒေဝါနံ ပိယေန ပိယဒသိန လာဇိန စောဒသ၀သာဘိသိတေန
(၂) ဗုဓသ ကောနာကမနသ ထုဗေ ဒုတိယံ ၀ဎိတေ
(၃) (ဝီသတိ၀) သာဘိသိတေန စ အတန အာဂါစ မဟီယိတေ
(၄) ---- (သိလာထဘေ စ ဥသ)ပါပိတေ။

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် အဘိသိက်ခံသည်မှ တစ်ဆဲ့လေးနှစ်မြောက်၌ ဂေါနာဂမနသျှင်တော်ဖုရား၏ ထူပါရုံ (စေတီတော်)ကို ဒုတိယအကြိမ် တိုးချဲ့တည်တော်မူ၏။ အဘိသိက်ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌လည်း ကိုတော်တိိုင် ကြွလာ၍ ရှိခိုးပူဇော်ပြီးလျှင် ကျောက်တိုင်ကို စိုက်ထူပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

“His Sacred and Gracious Majesty the King, when he has been consecrated fourteen years enlarged for the second time the stupa of Buddha Konakammana; and when he has been consecrated [twenty years] having come in person, did reverence and erected [a stone pillar].” (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King consecrated fourteen years was doubly enlarged the stupa of Buddha Konakamana and (by him) consecrated (twenty years), coming in person, and reverence being made, was set up (a stone pillar). (R.K. Mookerji, Asoka.)

Monday 30 May 2011

အသောကရဲ့ အက္ခရာများ - ၃၁

(၁) ဒေဝါနပိယေန ပိယဒသိန လာဇိန ဝီသတိ၀သာဘိသိတေန
(၂) အတန အာဂါစ မဟီယိတေ ဟိဒ ဗုဓေ ဇာတေ သကျမုနီတိ
(၃) သိလာဝိဂဍဘီ စာ ကာလာပိတ သိလာထဘေ စ ဥသပါပိတေ
(၄) ဟိဒ ဘဂဝံ ဇာတေ တိ။ လုံမိနိဂါမေ ဥဗလိကေ ကဋေ
(၅) အဌဘာဂိယေ စ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီးသည် ကိုယ်တော်မြတ် အဘိသိက် ခံယူ၍့ အနှစ်နှစ်ဆယ်မြောက်အခါ သာကီဝင်မင်းမျိုး၏့ အထွတ် ရဟန်းတို့ တမွတ်ဥသျှောင် ဖြစ်တော်မူသော ဘုရားသခင် ဖွားမြင်တော်မူရာ ဤအရပ်၌ ဖူးမြော်လာရောက်တော်မူလျက် ပူဇော်တော်မူအပ်၏၊ ထို့ပြင် (ဤနေရာ၌ ကျောက်အတိပြီးသော) (ဖွားမြင်တော်မူရာ) တိုက်ခန်းကိုလည်း တည်ထားပြုလုပ်စေ၍့ ကျောက်ကမ္ဗည်းတိုင်ကိုလည်း စိုက်ထူခဲ့၏။ ဤလုမ္ဗိနီဟု [ယခု လက်ရှိ အမည်တွင်သော] ရွာနေရာ၌ ပုဉ်းတော် သခင်ဘုရားရှင်သည် ဖွားမြင်တော်မူခဲ့ပြီးဟု မှတ်သားထားရှိတောမူခဲ့၏။ ဤကုသိုလ်၏့ အဖို့ကိုလည်း နတ်လူတိို့အား ပေးဝေတော်မူ၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး အဘိသိက် ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌ သကျမုနိ ဗုဒ္ဓရှင်တော်ဖုရား ဖွားမြင်ရာ ဤအရပ်သို့ ကိုတော်တိုင် ကြွလာ၍ ရှိခိုးပူဇော်တော်မူ၏။ ဤအရပ်၌ ဖုန်းတော် ကြီးမြတ်တော်မူသော ဖုရားသျှင် ဖွားမြင်တော်မူသည် ဟူ၍ ကျောက်တန်တိုင်း ကန့်၍ ကျောက်တိုင်းကိုလည်း စိုက်ထူထားစေ၏။ လုမ္ဗိနိရွာအားလည်း ရှစ်ဖို့တဖို့ စည်းကြပ်ခြင်းနှင့် အခွန်တော်ကို လွတ်ငြိမ်းခွင့်ပေးတော်မူ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

‘By His Sacred and Gracious Majesty the King when he had been consecrated twenty years, having come in person and reverence having been done inasmuch as “Here was born Buddha, the sage of the Sakyas” a stone bearing a horse was caused to be made and a stone pillar was erected. Inasmuch as “Here the Holy One was born,” the village of Lummini was released from religious cesses and required to pay [only] one-eighth as land revenue.’ (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King, consecrated twenty years, coming in person, was worshipped (this spot), in as much as here was born the Buddha Sakyamuni. A stone bearing a figure was caused to be constructed and a pillar of stone was also set up, to show that the Blessed One was born here. The village Lummini was made free of religious cesses and also liable to pay only one-eighth share (of the produce). (R.K. Mookerji, Asoka.)

Sunday 29 May 2011

အသောကရဲ့ အက္ခရာများ - ၃၀

(၁) ဒေဝါနံပိယဂါ ၀စနေနာ သ၀တ မဟာမတာ
(၂) ၀တဝိယာ။ ဧ ဟေတာ ဒုတိယာယေ ဒေဝီယေ ဒါနေ
(၃) အံဗာ၀ဍိကာ ဝါ အာလမေ ၀ ဒါနဂဟေ ဝါ ဧ ဝါ ပိ အံနေ
(၄) ကီဆိ ဂနီယတိ တာယေ ဒေဝိယေ ဂေ နာနိ ဟေဝံ (ဝိ) န (တိ)
(၅) ဒုတီယာယေ ဒေဝိယေ တိ တီ၀လမာတု ကာလုဝါကိယေ။

ဒေဝါနံ ပိယမင်းကြီး၏ အမိန့်တော်ဖြင့် အမတ်ကြီးအပေါင်းတို့အား ကြားသိစေအပ်သည်မှာ-
ဒုတိယမိဖုရား လှူသော အရာဟူသ၍ကို သရက်ဥယာဉ်ဖြစ်စေ၊ ပန်းဥယာဉ်ဖြစ်စေ၊ အလှူစရပ်ဖြစ်စေ၊ အခြား မည်သည့်အရာပင်ဖြစ်စေ၊ မိဖုရား၏ အလှူဟု ရေတွက်မှတ်သားရာ၏။ ဤသို့လျှင် တီ၀ရ၏ မိခင် ဒုတိယမြောက် မိဖုရား ကာရုဝါကီ တောင်းပန်ပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

According to the words of His Sacred Majesty, the High Officers everywhere are to be addressed: "Whatever gift has been given here by the Second Queen be it a mango-garden, or pleasure-grove, or almshouse, or aught else is reckoned as proceeding from that queen." [Thus is the request] of the Second queen, the Karuvaki, mother of Tivara.' (V. A. Smith, Asoka, the Buddhist Emperor of India)

The Mahamatras of all places are to be instructed as follows at the word of His Sacred Majesty: Whatever gifts here be of the Second Queen, whether mango-groves or gardens or alms-houses or whatever else, these must be reckoned as of that Queen. [This is the request] of the Second Queen, the mother of Tivara, Karuvaki. (R.K. Mookerji, Asoka.)

Saturday 28 May 2011

အသောကရဲ့ အက္ခရာများ -၂၉

(၁) --- ---
(၂) --- ယာ ဘေတ(ဝေ)။ (သံ)ဃေ သမဂေ ကဋေ
(၃) ဘိခူနံ စ ဘိခုနီနံ စာ တိ ပုတပ=
(၄) ပေါတိကေ စံဒမသူရိယိကေ။ ယေ သံဃံ
(၅) ဘာခတိိ ဘိခု ဝါ ဘိခုနိ ဝါ သြဒါတာ-
(၆) နိ ဒုသာနိ သံနဓာပယိတု အနာဝါ=
(၇) သသိ ဝါသာပေတဝိယေ။ ဣဆာ ဟိ မေ ကိံ-
(၈) တိ။ သံဃေ သမဂေ စိလထိတီကေ သိယာ တိ။

(သံဃာကိုမ) ကွဲပြားစေရာ။ ဘိက္ခုသံဃာ (ရဟန်းယောကျင်္ားအဖွဲ့) ဘိက္ခုနီသံဃာ (ရဟန်းမိန်းမအဖွဲ့)တို့ကို စည်းလုံးညီညွတ်စေခဲ့လေပြီ။ ဤသို့ ညီညွတ်ခြင်းသည် သားစဉ်မြေးဆက် နေလနှစ်ပါး တည်သ၍ တည်ပါစေသတည်း။ ရဟန်းယောကျင်္ားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ သံဃာတို့၏ စည်းလုံးညီညွတ်ခြင်း အရှည်တည်မြဲစေရန် ကျွနုပ် အလိုရှိပေ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

. . . 'path is prescribed both for the monks and the nuns. As long as (my) sons and great-grandsons (shall reign and) as long as the sun and moon (shall shine), the monk or nun who shall cause divisions in the Samgha should be caused to put on white robes and to reside in a non-residence. For what is my desire? That the Samgha may be united and of long duration.' (V. A. Smith, Asoka, the Buddhist Emperor of India)

. . . (cannot) be divided. . . . the Samgha of the monks and nuns is made united as long as (my) sons and great- grandsons (shall reign and) as long as the sun and moon (shall shine). The monk or nun who shall break up the Samgha should be caused to put on white robes and reside in a non-residence. For what is my desire? That the Samgha may be united and be ever-lasting. (R.K. Mookerji, Asoka.)

Wednesday 25 May 2011

အသောကရဲ့ အက္ခရာများ -၂၈

(၁)ဒေဝါနံပိယေ အာနာပယတိ။ ကောသံဗိယံ မဟာမာတ
(၂)----သမဂေ ကဋေ။ သံဃသိ နော လဟိယေ
(၃)----သံဃံ ဘာခတိ ဘိခု ဝါ ဘိခုနိ ဝါ သေ ပိ စာ
(၄) သြဒါတာနိ ဒုသာနိ သနံဓာပသိတု အနာဝါသသိ အာဝါသယိယေ။

ဒေဝါနံပိယမင်းကြီး အမိန့် ချမှတ်တော်မူသည်မှာ-
ကောသမ္ဗီပြည်၌ အမတ်ကြီးတို့သည်---- ---- ညီညွတ်စေ၏။ သံဃာဘောင်၌ လက်မခံစေရာ။
ရဟန်းယောင်္ကျားသော်၎င်း၊ ရဟန်းမိန်းမသော်၎င်း၊ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍၊ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

'His Sacred Majesty, [Devdnampi]ye, commands the High Officers of Kosambi.' Whosoever, be it monk or be it nun, shall mislead the Church, shall be vested in white garments and compelled to dwell in an external residence.' (V. A. Smith, Asoka, the Buddhist Emperor of India)

His Sacred Majesty commands (thus). The Mahamatras, at Kaursambi ... is made united . . . should not be received into the Samgha. Also whosoever, monk or nun, breaks up the Samgha, after being clothed in white garments, shall take up abode in a place other than a monastery. (R.K. Mookerji, Asoka.)