Saturday 28 June 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၄)


စာရေးခြင်းအတတ်ပညာမှာ အစဆိုတာတော့ ရှိမယ်ထင်တယ်။ မြသန်းတင့်ရဲ့ Art of Writingဘာသာပြန်ထဲမှာ အစဆိုတာကို ဒီလို ဖွဲ့ထားတယ်။

“ငယ်ငယ်တုန်းက လှပတဲ့ပစ္စည်းတခုကို အခြားတစ်ခုခုက ဖုံးကွယ်ထားတာမြင်ရင် အဲဒီဖုံးကွယ်ထားတာကို ဖယ်ရှားပစ်ချင််တဲ့စိတ်မျိုး ပေါ်ခဲ့တယ်တဲ့။ အဲဒီလို ဖုံးကွယ်ခံထားရတဲ့ အလှအပကို “အကျဉ်းချခံထားရတဲ့ အလှ”လို့ သူက ခေါ်ခဲ့တယ်။ အကျဉ်းကျခံထားရတဲ့ အမှန်တရားတစ်ခုကို လွတ်မြောက်အောင်လုပ်ပေးဖို့ စိတ်ဆန္ဒမျိုးဖြစ်တယ်ဆိုတာကို သူ အဲဒီတုန်းက မသိခဲ့ဘူးတဲ့။”

အင်း…သူပြောလို့ပဲ။ နို့မို့ရင် စာစရေးတာ ကကြီးခကွေးကလို့ ထင်စရာ။ ဗြဟ္မဏီအက္ခရာ အရေးအဖတ် သင်ခဲ့ရတာ ၂နှစ်ပြည့်တော့မယ်။ ဒီဗြဟ္မဏီမှာလဲ က, ခ စတဲ့ အက္ခရာတွေပဲ။ အတိတ်က အရိပ်လေးတွေကို ပြန်လွမ်းမောမိတယ်။ ငယ်ငယ်တုန်းက ကကြီးခကွေး ဘယ်သူသင်ပေးခဲ့လဲ မမှတ်မိတော့ဘူး။ ကကြီးခကွေး စရေးတတ်တဲ့အချိန်မှာ အမေရော အဖေပါ အနားမှာ မရှိတာတော့ အသေအချာ မှတ်မိတယ်။ ကံကြမ္မာဆိုတာ ဆန်းကြယ်သား။ ရှိစေတော့။ အခုတော့ အသောကအက္ခရာများနဲ့ပဲ နှစ်ပါးသွားလိုက်ပါအုံးမယ်။

အသောကအက္ခရာများ ၁၇, ၁၈, ၁၉တို့ကို အသောကကျောက်ဆောင်စာငယ်လို့ ခေါ်တယ်။ အားလုံးကို ဗြဟ္မဏီအက္ခရာ, ပရာကရစ်ဘာသာစကား အသုံးပြုပြီး ရေးထားတယ်။ အသောကရဲ့ အက္ခရာများ-၁ရကို Bahapur, Bairat, Ahraura, Rupnath, Gujarra, Sahasram, Maski, Gavimath, Palkigundu, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvara,ဆိုတဲ့ နေရာတွေမှာ တွေ့တယ်။
[googlemaps http://maps.google.co.in/maps/ms?hl=en&ie=UTF8&msa=0&msid=107327809118821417000.0004504fac4063c7fd9f3&ll=21.209314,80.739899&spn=14.307498,18.676758&z=5&output=embed&w=425&h=350]
ဒီကျောက်စာမူဟာ တစ်ခုနဲ့တစ်ခု နည်းနည်းပါးပါးပဲ ကွာတယ်။ တစ်ချို့ကျောက်စာတွေက အပျက်အစီး မရှိဘူး။ တစ်ချို့ကတော့ တစ်ပိုင်းတစ်စပဲ ကျန်တယ်။ ဒါပေမယ့် မူတစ်ခုထဲဆိုတာကို တွက်ဆလို့ရတယ်။ အသောကရဲ့ အက္ခရာများ-၁၈ကိုတော့, Erragudi, Rajula-Mandgiri, Brahmagiri, Siddapur, Jatinga-Ramesvaraနေရာတွေမှာ တွေ့တယ်။ Erragudi မှာ ပဓာနကျောက်ဆောင်စာရော ကျောက်ဆောင်စာငယ်ရော ၂မျိုးလုံး ရှိတယ်။ အသောကရဲ့ အက္ခရာများ-၁၉ကိုတော့ Bairatမှာ တွေ့တယ်။ ဒီဒေသမှာ တွေ့တာ ၂ခု ဖြစ်နေလို့ Bairat-Bhabruကျောက်စာလို့ ဒီကျောက်စာကို ခေါ်ကြတယ်။ အခုတော့ ဒီကျောက်စာကို Calcutta မြို့က Asiatic Society of Bengalပြတိုက်မှာ သိမ်းထားတယ်။ အကြောင်းညီညွတ်ရင် ဒီကျောက်စာအကြောင်းကို ပိုစ့်တွေ အတော်များများ ရေးဖြစ်မယ်ထင်တယ်။


Wednesday 25 June 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၃)

ဗုဒ္ဓစာပေတွေထဲက ကုရုတိုင်း ကမ္မာသဓမ္မမြို့ဟာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ အရှေ့တောင်ဘက်ပိုင်းမှာ တည်ရှိခဲ့တယ်လို့ အိန္ဒိယရှေးဟောင်းသုတေသနဌာနက အတည်ပြုထားတယ်။ အဲဒီမြို့ငယ်လေးမှာ မြတ်ဗုဒ္ဓဟာ အာနဉ္ဇသပ္ပါယသုတ္တန်, မဟာနိဒါနသုတ္တန်, မဟာသတိပဋ္ဌာနသုတ္တန်, မာဂဏ္ဍိယသုတ္တန်, အရိယဝါသသုတ္တန်, သမ္မသသုတ္တန်််တွေကို ဟောကြားခဲ့တယ်။ နာမည်အကြီးဆုံးကတော့ မဟာသတိပဋ္ဌာနသုတ္တန်ပါ။ ကုရုတိုင်းဟာ ဥတုအဟာရမျှတပြီး တိုင်းသူပြည်သားတွေကလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့ ဉာဏ်ပညာ ထက်မြက်ကြတဲ့အတွက် သိမ်မွေ့နက်နဲလှတဲ့ မဟာသတိပဋ္ဌာနသုတ္တန်ကြီးကို နားလည်သဘောပေါက်ကြတယ်လို့ ဆိုတယ်။ ဗုဒ္ဓစာပေထဲမှာတော့ ကမ္မာသဓမ္မနဲ့ ပတ်သက်ပြီး အကြောင်းအရာ အတော် များများရှိပါတယ်။



ယမုနာမြစ်ကမ်းနံဘေးက ခေတ်သစ် ဒေလီမြို့မှာ အန္ဒိယအစိုးရ အုပ်ချုပ်မှုယန္တရား တည်ရှိနေသလို ဘာသာတရားပေါင်းစုံ လွှမ်းခြုံတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ အမြောက်အများ သမိုင်းမှတ်တိုင်အဖြစ် တည်ရှိနေပါတယ်။ ဒီအထဲမှာ အသောကကျောက်စာတစ်ခုလဲ ပါတယ်။ ဒီကျောက်စာကို အသောကဟာ ကုရုတိုင်း ကမ္မာသဓမ္မဒေသမှာ ရေးထိုးထားခဲ့တာလို့ ရှေးဟောင်းသုတေသနပညာရှင်တို့က သတ်မှတ်ထားကြတယ်။ ဒီကျောက်စာမူကတော့ “အသောကရဲ့ အက္ခရာများ-၁ရ”ပါ။





ဒီနေရာလေးကို ခဏခဏ ရောက်တယ်။ ဒေလီမြို့က သမိုင်းဝင်နေရာတွေထဲမှာ မြန်မာတွေအနေနဲ့ လွမ်းမောဖွယ်ရာ အကောင်းဆုံးနေရာလေးပါ။ မြတ်ဗုဒ္ဓကိုယ်တော်တိုင် ကြွရောက်သီတင်းသုံးတော်မူခဲ့ပြီး တရားဒေသနာတော်တွေ ဟောကြားသွားခဲ့တဲ့ နေရာမှာ ငြိမ်းအေးသိမ်မွေ့တဲ့ ဓမ္မဓာတ်တွေ ပျံနှံ့နေတယ်ဆိုတာ အသေအချာပါပဲ။ နေရာလေးက ရိုးရိုးလေးပဲ။ ရွှေရောင်ငွေရောင် တပြောင်ပြောင်နဲ့ မဟုတ်ဘူး။ လူနေရပ်ကွက်ထဲ ရောက်နေတော့ တချိန်တုန်းက ဒီနေရာဟာ ဒေသခံတွေရဲ့ တပိုတပါးသွားတဲ့နေရာဖြစ်နေလို့ (Indianတော်တော်များများက အဲဒီကိစ္စကို အဆင်ပြေတဲ့နေရာမှာ ရှင်းလေ့ရှိတယ်။ တစ်ခြားနိုင်ငံတွေအကြောင်းတော့ မသိဘူး။ မြန်မာနိုင်ငံနဲ့ ယှဉ်ရင်တော့ သူတို့က စံပဲ။) ဧည့်သည်တွေ လာတဲ့အခါ ဗုဒ္ဓာနုဿတိ, ဓမ္မာနုဿတိ ကမ္မဋ္ဌာန်း မစီးဖြန်းနိုင်ဘဲ ပဋိကူလသညာ ဘာ၀နာပွားများတဲ့ နေရာဖြစ်ခဲ့တယ်။ အခုတော့ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ အဖြစ်သတ်မှတ်ပြီး တံတိုင်းအကာအရံတွေ လုပ်လိုက်တော့မှ အဆင်ပြေသွားတယ်။






ကျောက်တောင်ကုန်းလေးတစ်ခုပေါ်မှာ မာဂဓဒေသသုံး ပရာကရစ်ဘာသာစကားကို ဗြဟ္မဏီအက္ခရာနဲ့ ဘီစီ-၃ရာစုနှောင်းပိုင်းမှာ ရေးထိုးထားပြီး ၁၉၆၆မှာ ရှာတွေ့ခဲ့တဲ့ ဒီကျောက်စာဟာ အခုအချိန်မှာတော့ ဖတ်လို့ မရနိုင်လောက်အောင် မှုန်ဝါးနေပါပြီ။

“ပကမေ ဟောတု”

“ကြိုးစားအားထုတ်ကြကုန်လော့…”

ဒီကျောက်စာပါ စကားလုံးလေးတွေက မှတ်သားစရာ။ တကယ်တော့ အက္ခရာစာလုံးတွေသာ မှုန်ဝါးဝါးဖြစ်နေတာပါ။ သဘောတရားကတော့ ထာ၀ရ သစ်လွင်ပြောင်မြောက်နေဆဲပါပဲ…။


Sunday 22 June 2008

အသောကရဲ့ အက္ခရာများ-၁၉

အသောကကျောက်စာတွေထဲမှာ စိတ်ဝင်စားစရာ အကောင်းဆုံး ကျောက်စာတစ်ခုလို့ ဆိုနိုင်တယ်။ ဒီကျောက်စာနဲ့ ပတ်သက်ပြီး စာတစ်စောင် ပေတစ်ဖွဲ့ ရေးထားကြတာတွေ အများကြီး။ နောက်မှ အကျယ်တဝင့် ရေးတာပေါ့။ အခုတော့ အရင် ကျောက်စာသန့်သန့်ပဲ ဖတ်ကြည့်ပါအုံး။

ပိယဒသိ လာဇာ မာဂဓေ သံဃံ အဘိဝါဒနံ အာဟာ။ အပါဗာဓတံ စ ဖာသု၀ဟာလတံ စာ။
ဝိဒိတေ ဝေ ဘံတေ အာ၀တကေ ဟမာ ဗုဓသိ ဓံမသိ သံဃသီ တိ ဂါလဝေ စ ပသာဒေ စ။ ဧ ကေစိ ဘံတေ
ဘဂ၀တာ ဗုဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ဝါ ဧ စု ခေါ ဘံတေ ဟမိယာယေ ဒိသေယာ ဟေဝံ သဓံမေ
စိလဌိတီကေ ဟောသတီ တိ အလဟာမိ ဟကံ တံ ၀တဝေ။ ဣမာနိ ဘံတေ ဓံမပလိယာယာနိ ဝိနယသမုကသေ
အလိယ၀သာနိ အနာဂတဘယာနိ မုနိဂါထာ မောနေယသူတေ ဥပတိသပသိနေ ဧ စာ လုဃုလော-
ဝါဒေ မုသာဝါဒံ အဓိဂိဈ ဘဂ၀တာ ဗုဓေန ဘာသိတေ ဧတာနိ ဘံတေ ဓံမပလိယာယာနိ ဣဆာမိ
ကိံတိ ဗဟုကေ ဘိခုပါယေ စာ ဘိခုနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလေယေယု စာ
ဟေဝံမေဝါ ဥပါသကာ စာ ဥပါသိကာ စာ။ ဧတေန ဘံတေ ဣမံ လိခါပယာမိ အဘိဟေတံ မေ ဇာနံတူ တိ။

ပိယဒသီမည်သော အသောကမင်းတြားကြီးသည် မဂဓတိုင်း အတွင်းရှိ သံဃာတော်များသို့ ကပ်ရောက်ဖူးမျှော် ရှိခိုးလျက်, အနာရောဂါ ကင်းရှင်းစွာ နေထိုင်သီတင်းသုံးတော်မူ ကြရပါ၏လောဟု မေးလျှောက်လေပြီ၊ သံဃာများက ရောဂါကင်းကြောင်း, ချမ်းသာစွာ နေရကြကြောင်းကို ပြန်ကြား သိရပြီးနောက်, အရှင်ဘုရားတို့, အကျွနုပ်သည် ဘုရားတရား သံဃာတော် ဤ၃မျိုး၌ အလွန်ကြည်ညိုလေးစားခြင်း ဖြစ်ပါသည်။ အရှင်ဘုရားများ, ဘုရားရှင် ဟောကြားတော်မူခဲ့သမျှ တရားတော်သည် အားလုံးပင် ကောင်းစွာ ဟောကြားထားချက်သာ ဖြစ်ပါပေ၏။ အိုအရှင်ကောင်းများ, ဤတရားဒေသနာတော်များအနက် သူတော့်တရား ရှည်လျားစွာ တည်တန့်နိုင်ကြောင်းဖြစ်၍ အကျွနုပ် တကာတော် ကိုယ်တိုင်လည်း ကျေးဇူးဖြစ် ကျင့်စွမ်းနိုင်လောက်သော တရားတော်စုကို ဟောကြားတော်ကြပါကုန်။
အို သံဃာတော် အရှင်မြတ်တို့, ဘုရားရှင် နှုတ်တော်ထွက် ဝိနည်းပိဋကတ်တော်၌ အရိယဝံသတရားတော်, အနာဂတဘယဒေသနာတော်, ထိုမှတပါး မောနေယျအကျင့်ကိုပြရာ မောနေယျပဋိပဒါသုတ်၊ (တနည်း- ရဟန်းအဖြစ် မုနိမည်ကြောင်း ဟောရာ ဂါထာများနှင့် မောနေယျ ပဋိပဒါသုတိ) ဥပတိဿမည်သော အရှင်သာရိပုတ္တမထေရ်မြတ်အား သုစိမုခီပုရိပိုဒ်မ ကြည်ညိုသော သုစိမုခီသုတ်, သို့မဟုတ် ဥပတိဿက ဘုရားအား ကြည်ညိုသော သမ္ပသာဒနီယသုတ် (သို့မဟုတ် အရှင်သာရိပုတ္တထေရ်၏့ အမေးဖြစ်သော သာရိပုတ္တသုတ်) နှင့် မုသာဝါဒကို အကြောင်းပြု၍့ ဟောတော်မူသော ရာဟုလောဝါဒသုတ်, အရှင်ဘုရားတို့, ဤတရားတော်များကို မည်သို့အားဖြင့် ရဟန်းယောကျင်္ား ရဟန်းမိန်းမတို့ မပြတ်နာယူ ဆောင်ရွက်ကုန်အံ့နည်း, ဥပါသကာ, ဥပါသိကာမအပေါင်းတို့လည်း ထို့အတူ အဘယ်သို့ မပြတ်ဆောင်ယူကုန်မည်နည်းဟု တကာတော် အလိုအာသာရှိပါ၏။ အိုအရှင်ကောင်းတို့ ဤတရားတော်တို့ကို အစွဲးပြု၍့ ဤယခုပြောကြားလျှောက်ထားချက်ကို ရေးသားစေပါ၏။ ဤသို့အားဖြင့် တကာတော်၏့ အလိုဆန္ဒကို အများသိမြင်ကြပါလိမ့်မည်ဟု လျှောက်ထားလေပြီ။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


ပိယဒသီမင်းကြီးသည် မာဂဓတိုင်း၌ သံဃာတော်တို့အား ရိုသေစွာ ရှိခိုး၍ လျှောက်ထားသည်မှာ
အသျှင်တို့သည် အနှောင့်အရှက်ကင်းသည်ဖြစ်၍ ကျန်းမာချမ်းသာစွာ နေကြရပါ စေကုန်သတည်း။
တကာတော် မင်းကြီးသည် ဖုရား၌၎င်း တရား၌၎င်း သံဃာ၌၎င်း အဘယ်မျှ ရိုသေမြတ်နိုးကြည်ညိုသည်ကို အသျှင်တို့ အသိဖြစ်ပါသည်။
အိုအရှင်တို့ ဖုန်းတော်ကြီးမြတ်တော်မူသော ဗုဒ္ဓဖုရားသျှင် ဟောကြားတာ်မူခဲ့သော တရားတော်အပေါင်းတို့သည်ကား ကောင်းစွာ ဟောကြားတော်မူခဲ့သည်ချည်းသာဖြစ်၏။ ထိုတရားတော်တို့တွင် အကြင်တရားတော်တို့သည် ကောင်းမြတ်သော တရားတော်ဖြစ်၍ ရှည်မြဲစွာ တည်ထိုက်သည်ဟု တကာတော် သိမြင်ခဲ့အံ့။ ထိုတရားတော်တို့ကို ကြေငြာလတံ့။
အိုအသျှင်တို့ ဤသည်တို့သည်ကား (ဆိုအပ်ခဲ့သော) တရားတော်တို့၏ အစိတ်အပိုင်း ကျမ်းဂန်တို့ပေတည်း။
ဝိနယသမုက္ကံသ၊ အရိယဝံသ၊ အနာဂတဘယ၊ မုနိဂါထာ၊ မောနေယျသုတ္တ၊ ဥပတိသပသိန၊ ရာဟုလောဝါဒ (မုသာဝါဒကို အကြောင်းပြု၍ ဖုန်းတော်ကြီးမြတ်တော်မူသော ဖုရားသျှင် ဟောကြားတော်မူသည်)။
ထိုတရားကျမ်းဂန်တို့အား များစွာစော ရဟန်းတော် ဘိက္ခူတို့သည်၎င်း ရဟန်းတော်မ ဘိက္ခုနီတို့သည်၎င်း မပြတ်မလတ် ကြားနာ၍ စိတ်၌ မှတ်သားဆောင်ထားကြရန် တကာတော် အလိုရှိပါ၏ဖုရား။ လူယောကျာင်္း လူမိန်းမ (ဥပါသကာ၊ ဥပါသိကာ)တို့သည်လည်း ထိုနည်းတူစွာ ကြားနာ မှတ်သား ဆောင်ထားကြပါစေကုန်သတည်း။
တကာတော်၏ ရည်ရွယ်ချက်ကို အားလုံးသိနားလည်ကြစေရန် ဤကဗျည်းကို ရေးသားစေ၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ပိယဒသီမင်းသည် မာဂဓတိုင်းသံဃာကို ရှိခိုးလျှောက်ကြား၏။ အနာရောဂါ မရှိမူ၍ ချမ်းသာစွာ နေရပါစေသတည်း။ အရှင်တို့ ဘုရား, တရား, သံဃာ၌ ကျွနု်ပ်၏ ရိုသေမြတ်နိုးခြင်းကို အရှင်တို့ သိကြပါ၏။ အရှင်တို့ မြတ်စွာဘုရား ဟောကြားသော တရားတို့သည် ကောင်းစွာ ဟောကြားထားခြင်းတို့ ဖြစ်ပါ၏။ အရှင်တို့ ထိုတွင် သူတော်ကောင်းတရား အဓွန့်ရှည်ရန် ဟောကြားသော တရားအချို့ကို ကျွနု်ပ် ညွှန်ကြားပါမည်။
အရှင်တို့ ယင်းတရားတို့မှာ ဝိနယသမုသက, အရိယဝံသ, အနာဂတဘယ, မုနိဂါထာ, မောနေယသုတ်, ဥပတိသပသိနနှင့် မြတ်စွာဘုရား မုသာဝါဒနှင့် စပ်လျဉ်း၍ ဟောကြားသော ရာဟုလောဝါဒတို့ ဖြစ်ပါသည်။ ဤတရားတို့ကို ကျွနု်ပ် လိုလားပါသည်။
အဘယ်ကြောင့်နည်းဟူမူ များစွာသော ဘိက္ခု, ဘိက္ခုနီတို့ မပြတ်နာယူကျင့်ဆောင်ရန်နှင့် ဤနည်းတူ ဥပါသကာ, ဥပါသိကာတို့ နာယူကျင့်ဆောင်ရန်ဖြစ်ပါသည်။ အရှင်တို့ ကျွနု်ပ်၏ အလိုဆန္ဒကို သိကြစေရန် ယင်းအကြောင်းကို ရေးသားစေပါသည်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

His Grace" the King of Magadha addresses the Church with greetings and bids its members prosperity and good health. 'You know, Reverend Sirs, how far extend my respect for and faith in the Buddha, the Sacred Law, and the Church. Whatsoever, Reverend Sirs, has been said by the Venerable Buddha, all of that has been well said. However, Reverend Sirs, if on my own account I may point out (a particular text), I venture to adduce this one: "Thus the Good Law will long endure." Reverend Sirs, these passages of the Law, to wit:
1 The Exaltation of Discipline (Vinaya-samukkase);
2 The Course of Conduct of the Great Saints (Aliyavascini);
3 Fears of what may happen (Andgata-bhaydni);
4 The Song of the Hermit (Muid-ydtka);
5 The Dialogue on the Hermit's Life (Money a- stile);
6 The Questioning of Upatishya (Upatisa-pasine);
7 The Address to Rahula, beginning with the Subject of Falsehood (Ldyhulovdde musdvddam adhigidhya) spoken by the Venerable Buddha these, Reverend
Sirs, I desire that many monks and nuns should frequently hear and meditate; and that likewise the laity, male and female, should do the same. For this reason, Reverend Sirs, I cause this to be written, so that people may know my intentions (abhipretam).'
(Asoka, the Buddhist Emperor of India- V. A. Smith)


His Gracious Majesty, King of Magadha, saluting the Sangha, and wishing them all health and happiness, addresses them as follows: Known is it to you, Reverend Sirs, to what extent is my reverence as well as faith in the Buddha, the Dharma and the Samgha. Whatsoever has been said, Reverend Sirs, by the Lord
Buddha, all that has of course been well said. But of such, what has been selected by me that the True Dharma may be everlasting I may be privileged to state. The following, Reverend Sirs, are the passages of the scripture:
1. The excellent treatise on Moral Discipline (Vinayasamukasa)*
2. The course of conduct followed by the sages modes of ideal life (Aliyavasdni)*
3. Fears of what may come about in future (Andgatabhaydni) dangers threatening the Sahgha and the doctrine.
4. Poem on “Who is a hermit?" (Muni-gatha).
5. Discourse on Quietism (Mauneya-sute).
6. The Questions of Upatisya (Upatisa-pasine).
7. The Sermon to Rahula l beginning with the Sermon on Falsehood, as delivered by the Lord Buddha (Ldghulovdde musdvddam adhigichya).
These sections of the Dharma, Reverend Sirs, I desire that most of the reverend monks and nuns should repeatedly listen to and meditate, and in the same way, the lay-disciples, male as well as female (should act). For this reason, Reverend Sirs, am I causing this to be inscribed that they may know of my intention.
(Asoka-R.K. Mookerji)


The king of Magadha, Piyadassi, greets the Order and wishes it prosperity and freedom from care. You know Sirs, how deep is my respect for and faith in the Buddha, the Dhamma and the Samgha [i.e. the Buddhist creed]. Sirs, whatever was spoken by the Lord Buddha was well spoken. And Sirs, allow me to tell you what I believe contributes to the long survival of the Buddhist Dhamma. These sermons on Dhamma, Sirs-the Excellence of the Discipline, the Linage of the Noble One, the Future Fear, the Verses of the Sage, the Sutra of Silence, the Questions of Upatissa, and the Admonition spoken by the Lord Buddha to Rahula on the subject of flase speech-these sermons on the Dhamma, Sirs, I desire that many monks and nuns should hear frequently and meditate upon, and likewise laymen and laywomen. I am having this engraved Sirs, so that you may know what I desire.
(Asoka and the decline of the Mauryas- Romila Thapar)


King Priyadarsi, of Magadha having saluted the Samgha wishes them good health and happiness and says: “ You know, respected sirs, how firm is my faith and reverence in the Buddha, Dharma and Samgha. Respected Sirs, whatever has been said by the Enlightened Buddha all that has been well said. But, respected sirs, if I may suggest (anything) so that the noble Dharma may thus survive long, I may be given to opportunity to speak. These, respected sirs, the passages of the (holy and ) religious texts; Vinaya Samuksa, Aliya Vamsas, Anagatabhayas, Munigatha, Moneya Suta, Upatisa Pasina and, the sermon preached to Rahula by the Enlightened Buddha regarding ‘flasehood’. These religious texts, respected sirs, I wish the monks and nuns to regularly listen to and concentrate upon. The lay men and women devotees should act similarly. It is for this matter, respected sirs, that I have caused it to be inscribed so that they may know my desire.
(Inscriptions of Asoka- N. P. Rastogi)


King Priyadarsin of Magadha, having sluted the Samgha, wishes them good health and comfortable (bodily) movement. Ye know, Reverend Sirs, how great are my respect and kindliness towords Buddha, Dhamma and Samgha. Whatever, Reverend Sirs, has been said by the Blessed Buddha-all that has been well said. But, Reverend Sirs, if I may point out (anything) in order that the sublime Dhamma may thus endure long. I deem it proper to speak it out. Reverend Sirs, these are the text of Dhamma: (1) Vinaya-samukasa, (2) Aliya-vamsas, (3) Anagatabhayas, (4) Muni-gatha, (5) Moneya suta, (6) Upatisa-pasina, and (7) the Sermon to Rahula delivered by the Blessed Buddha concerning ‘falsehood.’ These texts of Dhamma, Reverend Sirs, I desire the majority of monks and nuns to constantly listen to and meditate upon. They laymen and laywomen (should do) similarly. It is for this reason, Reverend Sirs, that I am causing this to be engraved: in order that they may know my wish.
(Asoka- D.R. Bhandarkar)

Friday 20 June 2008

အသောကရဲ့ အက္ခရာများ-၁၈

ကျောက်စာတွေ ဖတ်ရတာ မောရောပေါ့။ ဒီတစ်ခါ တိုတိုရှင်းရှင်းလေးပါ။ ဒါပေမယ့် အသက်ရှည်ကြောင်း နည်းလမ်းကောင်းတွေပါတယ်။

သေ ဟေဝံ ဒေဝါနံပိယေ
အာဟ။ မာတာပိတိသု သုသူသိတဝိယေ။ ဟေ၀မေ၀ ဂရုတွ ပြဏေသု ဒြဟျိတဝျံ။ သစံ
၀တဝိယံ။ သေ ဣမေ ဓံမဂုဏာ ပ၀တိတဝိယာ။ ဟေ၀မေ၀ အံတေဝါသိနာ
အာစရိယေ အပစာယိတဝိယေ ဉာတိကေသု စ ကုယ(ထာ) ရဟံ ပ၀တိတဝိယေ။
ဧသာ ပေါရာဏာ ပကိတီ ဒိဃာဝုသေ စ ဧသ ဟေဝံ ဧသ ကဋဝိယေ။
စပဍေန လိခိတံ လိပိကရဏေ။


ထို့ကြောင့် မင်းတကာတို့ လေးစားချစ်ကြည်အပ်သော အသောကမင်းတြားကြီး ဤသို့ ပြန်ကြားတော်မူလေပြီ၊ အမိ အဘတို့ စကားကို နားထောင်လိုက်နာရာ၏။ ဤအတူပင် ဆရာသမား, (အသက်အရွယ် ကြီးသူတို့ စကားကို လိုက်နာရာ၏။ အဆွေခင်ပွန်း, ချစ်ကျွမ်းဝင်သူ, ဆွေမျိုးဉာတိတို့၌၎င်း, ကျေးကျွန်အစေခံ အမှုလုပ်အထိ၎င်း ကောင်းစွာ ကျင့်ရာ၏။ သတ္တဝါတို့ကို ညှင်းဆဲးသတ်ဖြတ်ခြင်းကို မပြုအပ်၊) စကားကို ဖြောင့်မှန်စွာ ပြောဆိုအပ်၏၊ ထိုသို့အားဖြင့် ဤတရား၏ ဂုဏ်ကျေးဇူးကို ဤသို့ လိုက်နာ ကျင့်ဆောင်ရာ၏၊ ဤသို့လျှင် ဆရာသမား အပေါ်၌ တပည့်ကောင်းသည် ကျိုးနွံစွာ ကျင့်ဆောင်အပ်၏။ ဆွေညာသင်္ဂဟတို့ အပေါ်၌လည်း (ကောင်းစွာ ကျင့်ရာ၏၊) ဤသည်ကား ရှေးသူဟောင်းစဉ်လာ ကျင့်ကြံလိုက်နာသော တရားလမ်းတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


နတ်တို့ချစ်မြတ်နိုးသော မင်းကြီး မိန့်တော်မူသည်မှာ--
မိဖတို့အား ရိုသေကျိုးနွံရာ၏၊ ထိုနည်းတူစွာ သတ္တဝါတို့အား လေးစာသော စိတ်ကို ရင့်သန်စေရာ၏၊ အမှန်ကို ပြောဆိုရာ၏။ ဤတရားတော်၏ ဂုဏ်တို့ကို ပြန့်နှံ့စေရာ၏။
ထိုနည်းတူစွာ တပည့်တို့သည် ဆရာတို့အား ရိုသေမြတ်နိုးရာ၏။ အဆွေအမျိုးတို့အားလည်း လျောက်ပတ်စွာ ပြုစုရာ၏။
ဤသည်တို့သည်ကား အသက်ကို ရှည်စေသော ရှေးဟောင်းကျင့်စဉ် တရားရင်းတို့ပေတည်။ ဤသို့ တရားတော်ရှိသည်အတိုင်း ကျင့်သုံးရာ၏။ (စာရေး စပဍ ရေးထိုး၏)
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ဒေဝါနံပိယသည် ဤသို့ မိန့်ဆို၏။ အမိအဖတို့၌ ကိုးကွယ်ဆည်းကပ်ရာ၏။ ဤအတူ သတ္တဝါတို့၌ လေးစားမှု အမြဲ ပြုရာ၏။ အမှန်သစ္စာကို ပြောဆိုရာ၏။ ဤတရားဓမ္မဂုဏ်ကျေးဇူးကို ပြန့်နှံ့အောင် ပြုရာ၏။ ဤအတူ အနေ္တဝါသိကတပည့်သည် ဆရာသမားကို ရိုသေစွာ ဆည်းကပ်ရာ၏။ ဆွေမျိုးဉာတကာနှင့် အမျိုးသားတို့၌ သင့်တင့်လျောက်ပတ်စွာ ပြုကျင့်ရာ၏။ ဤသည်တို့ကား ရှေးပေါရာဏဓမ္မလမ်းကြောင်း အသက်ရှည်ကြောင်းတို့ဖြစ်၍ လိုက်နာကျင့်ဆောင်ကြရမည်။ ပဋမည်သော စာရေးသူရေး၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)


Thus saith His Sacred Majesty (Devanaihpiya): ' Father and mother must be hearkened to; similarly, respect for living creatures must be firmly established; truth must be spoken. These are the virtues of the Law which must be practiced. Similarly, the teacher must be reverenced by the pupil, and fitting courtesy must be shown to relations.' This is the ancient nature of things this leads to length of days, and according to this men must act.
Written by Pada the scribe.
(Asoka, the Buddhist Emperor of India- V. A. Smith)


Thus saith again His Sacred Majesty: Father and mother must be properly served; likewise, a respect for all life should be an established principle, truth must be spoken. These religious requisites or virtues must be promoted.
Likewise the preceptor must be reverenced by his pupil and proper treatment should be shown towards relations. This is the traditional rule of conduct, and this makes for long life. Thus should one act. Written by the scribe Chapada.
(Asoka-R.K. Mookerji)


Even thus saith the Beloved of the Gods: “Father and mother must be properly respected; similarly, respect for all living beings should be a definite principle; Truth must be spoken.” These (fundamentals or) virtues of religion should be propagated. Likewise, the preceptor should be revered by the disciples; and relatives should be given due regard. This is the conventional law of conduct and this is long enduring. Hence it should be followed. Inscribed by Pada the scribe.
(Inscriptions of Asoka- N. P. Rastogi)

Even thus saith the Beloved of the gods: “Father and mother shall be hearkened to: Likewise, respect for living creatures shall be made firm. Truth should be spoken.” These are the qualities of Dhamma which ought to be practiced. Likewise, the preceptor shall be reverenced by the pupil; and one should behave onself fittingly towards the blood-relatives. This is primeval nature; and this is long-enduring. Hence it should be acted upon. Written by Pada the scribe.
(Asoka- D.R. Bhandarkar)

Thursday 19 June 2008

တိသဋ္ဌိမ

ပုတ္တော စ ရဟဒသဒိသော၊
အတိသီတလပုဏ္ဏစန္ဒိမာ မာတာ။
ဖုသတိ ပဘာ ရဟဒတလေ၊
တံ တံ အာရဗ ္ဘ ဘယမောက္ခေါ။

သားက စမ်းရေအိုင်
လပြည့်ဝန်းက အမေ
ရေပြင်ပေါ် လရောင်ဖြာ
ကြောက်ရွံ့ ခြင်းမှ ကင်းဝေးပေါ့…။

Tuesday 17 June 2008

အသောကရဲ့ အက္ခရာများ-၁ရ

“နှုတ်တစ်ရာ စာတစ်လုံး” ဆိုတဲ့စကားက တခါတလေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားနိုင်တယ်။
ဘီစီ ၃ရာစုက အသောကကျောက်စာ တစ်လုံးတစ်ပါဒကို ပညာရှင်တွေ ဝေဖန်လေ့လာသုံးသပ်ကြတဲ့အခါ မတူညီတဲ့ အယူအဆလေးတွေကို ဘာသာပြန်တွေ ဖတ်ကြည့်ရင် တွေ့နိုင်ပါတယ်။ တစ်ချို့ကျောက်စာတွေကို မူတစ်ခုပဲ ရှာတွေ့တယ်။ တစ်ချို့ကိုတော့ နေရာအနှ့ံ့မှာ မူအမျိုးမျိုး တွေ့ရတယ်။ ရှာမတွေ့တာတွေလဲ အများအပြား ရှိနိုင်တာပဲ။ ပဲ့ရွဲ့မှုန်ဝါးပျက်စီးတာတွေလဲရှိတော့ မူရင်းကျောက်စာရေးထိုးသူရဲ့ သဘောထားနဲ့ နှီးနှောတိုက်ဆိုင်ဖို့ နှစ်ပေါင်းအတော်ကြာ အကြီးအကျယ် ကြိုးစားထားရမယ့်သဘောကို အခုမှ မတောက်တခေါက်နဲ့ လေ့လာမိတဲ့့ သူတစ်ယောက်ကတောင် သဘောပေါက်မိပါတယ်။ အင်း…ဒီတော့ ရှေးက ပညာရှင်တွေ စိုက်ပျိုးခဲ့လို့ ဖြစ်ထွန်းလာတဲ့ အသီးအပွင့်တွေကို စားသုံးရအုံးမှာပါ။ နောင်တစ်ချိန်မှာတော့ ကိုယ်တိုင် စိုက်ပျိုးခွင့် ကြုံတဲ့အခါ အခွင့်အရေးကို လက်မလွှတ်နဲ့ပေါ့။

သုဝံဝဂိရီတေ အယပုတသ မဟာမာတာနံ စ ၀စနေန ဣသိလသိ မဟာမာတာ အာရောဂိယံ ၀တဝိယာ ဟေဝံ စ ၀တဝိယာ ဒေဝါဏံပိယေ အာဏာပယတိ။
အဓိကာနိ အဎာတိယာနိ ၀သာနိ ယ ဟကံ ဥပသကေ နော တု ခေါ ဗာဎံ ပကံတေ ဟုသံ ဧကံ သ၀ဆရံ။ သာတိရေကေ တု ခေါ သံ၀ဆရံ
ယံ မယာ သံဃေ ဥပယီတေ ဗာဎံ စ မေ ပကံတေ။ ဣမိနာ စု ကာလေန အမိသာ သမာနာ မုနိသာ ဇံဗုဒီပသိ
မိသာ ဒေဝေဟိ။ ပကမသ ဟိ ဣယံ ဖလေ။ နော ဟီယံ သကျေ မဟာ တ္ပေနေ၀ ပါပေါတဝေ။ ကာမံတု ခေါ ခုဒကေနပိ
ပကမမိဏေဏ ဝိပုလေ သွဂေ သကျေ အာရာဓေတဝေ။ ဧတာယဌာယ ဣယံ သာ၀ဏေ သာဝါပိတေ
ယထာ ခုဒကာ စ မဟာတ္ပါ စ ဣမံ ပကမေယု တိ အံတာ စ မေ ဇာနေယု စိရဌိတီကေ စ ဣယံ
ပကမေ ဟောတု။ ဣယံ စ အဌေ ၀ဎိသိတိ ဝိပုလံ ပိ စ ၀ဎိသိတိ အဝရဓိယာ ဒိယဎိယံ
၀ဎိသိတိ။ ဣယံ စ သာ၀ဏေ သာဝါပိတေ ဝျုထေန ၂၀၀ ၅၀ ၆

သုဝဏ္ဏ-ဂိရိမြို့၌ တည်နေ၍့ အရှင် မင်းတြား၏ သားတော် စကား, အမတ်ကြီးတို့၏ စကားဖြင့် ဣ(သိ) လ၀သိ အမတ်ကြီးသည် မပျက်မကွက် လိုက်နာရမည်၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောကမင်းတြားကြီး ဤသို့ မိန့်ကြားတော်မူပြီ၊ ငါ မင်းမြတ်သည် လက်မွန်မဆွ ၂နှစ်ခွဲးကျော် ကာလပတ်လုံး ရတနာ ၃ပါးကို ကိုးကွယ် ဆည်းကပ်သော ဥပါသကာဖြစ်သော်လည်း မြဲးစွဲးစွာ ဆည်းကပ်သော ဥပါသကာ တဦးကား မဟုတ်သေးချေ၊ တနှစ်ကို လွန်သောအခါ၌ကား ငါ, မင်းမြတ်သည် သံဃာတော်များထံ ဆည်းကပ်လေသော်, ၎င်းတို့ထံလည်း ငါမင်းမြတ်သည် မြဲးစွဲးကောင်းမွန်စွာ ကပ်ရောက်လေသော်, ဤအခါ၌ကား (ရှေးအခါ) ဤဇမ္ဗူဒိပ်ကျွန်း၌ လူမျိုးလူဇတ်ဖြစ်လျက် နတ်တို့နှင့် နှီးနှောနိုင်ခြင်းကား ဤလူ့အဖြစ်က အားထုတ်ခြင်း၏့ အကျိုးတည်း၊ ထိုသို့သော အကျိုးကို ကြီးကျယ် မြောက်မြားသော လုံ့လဖြင့်သာ ရရောက်ရန် စွမ်းနိုင်ကြသည် မဟုတ်ကုန်, သေးငယ်နုံနဲ့သော အားထုတ်ခြင်းဖြင့်လည်း ပြန့်ပြော ကြီးကျယ်သော ချမ်းသာကို ရ၍့ နတ်ပြည်၌ နစ်ခြိုက်ရန် စွမ်းနိုင်ကုန်၏၊ ဤအတ္ထုပ္ပတ်တို့ကို ကြားသိတော်မူရ၏။
ငါမင်းမြတ် ကြားသိတော်မူရသကဲ့သို့ (ဤလူ့ပြည်၌) ငယ်ရွယ်သူ ဖြစ်စေ, အိုမင်းသူဖြစ်စေ ဤနတ်ရွာ ရောက်ကြောင်းတရားကို အားထုတ်ကြစေ၊ ထို့အတိုင်းလည်း ငါ့စကားကို သိနားလည်ကြစေ၊ ဤနည်းကိုသာ ပြုလုပ်၍့, ရှည်မြင့်စွာ အားစိုက်ကြစေ၊ ယင်းသို့ အားထုတ်ခြင်းသည် ထိုအကျိုးကို တိုးစေလတ္တံ့၊ နှစ်ဆထပိုး တိုးတက်ပြန့်ပွားသော အကျိုးကိုလည်း တိုးတက် ပွားစီးစေလတ္တံ့၊ မချွတ်လျှင် ၂ဆ ထပိုး တိုးပွားလတ္တ့ံ့၊ ဤသို့သော အကြောင်းအရာကို တောင်တို့အထက်၌ ရေးသား တည်ထားအပ်၏၊ (ဝါသတဟဓ) အရပ် ကျောက်တိုင်ထက်၌ ရေးသားစေအပ်၏၊ ဤသို့သော တရား သိမှတ်ကြောင်း စာတော်ဖြင့်လည်း (တွေ့မြင် သိနားလည်သမျှ သူတို့သည် ပြုကျင့် လိုက်နာစေသတည်း၊ ဤမိန့်မြွက်ချက် တရားစာတော်ကို ထုတ်ပြန်ပြီးလျှင်, ပြောကြားစေခြင်း, ပြောကြားရန် အားထုတ်စေသူ ထားရှိစေခြင်း-- ဤနှစ်မျိုးကို ပြည့်စုံစွာ အမြဲး အခိုင် အားထုတ် နှိုးဆော်စေရန် မြဲးစွဲးစွာ ထားရှိစေ၏၊ ဤအဓိပ္ပါယ်ကို တောင်ထက်တို့၌ လည်းကောင်း ထိုအတူ ကျောက်တိုင်တို့၌လည်းကောင်း ရေးသားစိုက်ထားစေအပ်၏။……
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


သုဝဏ္ဏပြည်ရှိ အသျှင် သားတော်နှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာကြောင်း နှုတ်ဆက်ပြီးသော် ဤသို့ မိန့်ကြားရာ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီး အမိန့် ထုတ်ပြန်တော်မူလိုက်သည်မှာ--
ငါသည် နှစ်နှစ်ခွဲကျော်မျှ ဥပသကာ ဖြစ်ခဲ့သော်လည်း တစ်နှစ်တာမျှ ကောင်းစွာ အားမထုတ်ခဲ့ချေ။ သို့ရာတွင် တစ်နှစ်ကျော်လောက်က သံဃာတော်အား ဆည်းကပ်ပြီးသော် ကောင်းစွာ အားထုတ်ခဲ့လေပြီ။ ဤမျှတိုင် ကာလအတွင်း ဇမ္ဗူဒီပါကျွန်း၌ လူတို့သည် နတ်တို့နှင့် နှီးနှောခြင်း မရှိခဲ့ဖူးသော်လည်း ယခု နတ်တို့နှင့် နှီးနှောလျက်ရှိချေပြီ။ ဤကား ငါ၏ လုံ့လအကျိုးပေတည်း။ ဤအကျိုးကို ကြီးမြင့်သူတို့သည်သာ ခံစားနိုင်သည် မဟုတ်၊ သေးငယ်သူတို့ပင်လည်း ကြိုးစားအားထုတ်ခြင်းဖြင့် ကြီးကျယ်သော နတ်ပြည်စည်းစိမ်ကို ခံစားနိုင်ချေ၏။
ဤအလို့ငှာ ဤစာတမ်းကို ထုတ်ပြန်တော်မူသည်။ သေးငယ်သူတို့သည်၎င်း၊ ကြီးမြင့်သူတို့သည်၎င်း ဤညွှန်ကြားချက်အတိုင်း ကြိုးစားအားထုတ်ကြကုန်လော့။ ငါ၏နိုင်ငံအစွန်အပသားတို့သည်လည်း ဤအကြောင်းကို သိကြပါစေကုန်သတည်း။ ဤသို့ အားထုတ်ခြင်းသည်လည်း ရှည်မြင့်စွာ တည်ပါစေသတည်း။ ဤလုပ်ငန်းစဉ်သည်လည်း ပွားတိုးလတံ့။ ဖွံ့ဖွ ံ့ဖြိုးဖြိုးပင် ပွားတိုးလတံ့။ ယုတ်ဆွအဆုံး နှစ်ဆခွဲမျှပင် ပွားတိုးလတံ့။
ဤပြန်တမ်းကို တိုင်းခမ်းလှည့်လည်စဉ် ၂၅၆ကြိမ်တိုင် ထုတ်ပြန်ခဲ့လေပြီ။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

သုဝဏ္ဏဂိရိမှ မင်းသားနှင့် အမတ်ကြီးတို့၏ စကားဖြင့် ဣသိလပြည်ရှိ အမတ်ကြီးတို့အား ကျန်းမာခြင်း သတင်းကို မေးပြီး ဤစကားကို ပြောကြားကြလော့။
ဒေဝါနံ ပိယ မှာကြားလိုက်၏။ ငါသည် ၂နှစ်ခွဲ အလွန်က တပည့်သာ၀က ဖြစ်ခဲ့သော်လည်း ကောင်းစွာ ကြိးစား အားထုတ်ခြင်း မရှိခဲ့။ ၁နှစ်ခွဲအလွန်မှ သံဃာကို ကိုးကွယ်ဆည်းကပ်ပြီး ငါသည် ကောင်းစွာ ကြိုးစားအားထုတ်၏။ ဤအတွင်း ဇမ္ဗူဒီပါကျွန်းမှာ နတ်တို့နှင့် အဆက်အသွယ် မရှိခဲ့၊ ယခုအခါ ဆက်သွယ်နှီးနှောနေ၏။ ယင်းသည် ငါ၏ ကြိုးစားအားထုတ်ခြင်း အကျိုးကျေးဇူးပင်ဖြစ်၏။ ဤအကျိုးကို လူကြီးတို့သာ ရသည်မဟုတ်၊ လူငယ်သည်လည်း ကြိုးစားအားထုတ်လျှင် ပြန့်ပြောသော နတ်စည်းစိမ်ကို ခံစားနိုင်၏။
ဤအကျိုးတရားကို ကြားသိစေရန် ဤစကားကို ပြောကြားခြင်းဖြစ်၏။ သို့ကြောင့် လူငယ်ဖြစ်စေ, လူကြီးဖြစ်စေ ကြိုးစားအားထုတ်ကြလော့၊ ပြည်နီးချင်း မင်းတို့လည်း ကြိုးစားအားထုတ်ကြလော့၊ ကြာရှည်စွာ အားထုတ်ကြလော့၊ သို့ဖြင့် ဤအကျိုးတရား ကြီးပွားပြန့်ပြော တိုးတက်လိမ့်မည်။ အယုတ်ဆုံး တဆခွဲမျှ တိုးပွားလိမ့်မည်။ ၂၅၆ကြိမ်မြောက် တိုင်းခမ်းလှည့်လည်ရာ၌ ဤစကားကို ကြားသိစေ၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'His Sacred Majesty (Devdnanpiya) gives these instructions: “For more than two-and-a-half years I was a lay disciple, without, however, exerting myself strenuously. But a year in fact, more than a year ago I entered the Order, and since then have exerted myself strenuously.
During that time the men in India who had been unassociated with the gods became associated with them. For this is the fruit of exertion. Nor is this to be attained by greatness only, because even by the small man who chooses to exert himself, immense heavenly bliss may be won. For that purpose has this proclamation been proclaimed: ' Let [small] and great exert themselves to this end.'
My neighbors, too, should learn this lesson, and may this lesson long endure! And this purpose will increase-- yea, it will increase vastly, at least half as much again will it increase." And this proclamation was proclaimed by the body of missioners (vyuthena), [to wit], 256 [persons].'
(Asoka, the Buddhist Emperor of India- V. A. Smith)

Under the instructions of the Prince (aryaputra) and Ministers (mahamatras) from Suvarnagiri, the Ministers of Isila are to be wished good health and then addressed as follows: Thus ordains His Sacred Majesty : For more than two years and a half that I had been a lay-disciple (upasaka), I had not exerted myself well. But a year indeed, for more than a year that I visited the Samgha, I exerted myself greatly. Thus during this time the people in Jambudvipa who had remained unassociated with the gods became associated with the gods. Of exertion, indeed, is this the result! But this cannot be attained by the great alone. For the small, too, can attain to a wide heaven of bliss by sustained exertion.
For this purpose has this message been proclaimed that (the small) along with the great may exert themselves in this manner, and that even my frontagers, may know (it), and that this exertion may be of long duration. Nay, it shall increase, shall immensely increase, it shall increase by at least one and a half times. And this message has been caused to be proclaimed 256 times by the king on tour.
(Asoka-R.K. Mookerji)


By order of the prince-viceroy and the mahamatras from Suvanagari, the mahamatras at Isila are to be asked of good health and addressed thus: “The Beloved of the Gods sath: For more than two years and a half that I am lay devotee. I have not exerted much myself for a year; but of course, for more than one year that I have passed in the Samgha, I have exerted myself much.” During this interval, however, people who were not mixed, were caused to be mixed with the Gods throughout Jambudviapa. For, this is the consequence of exertion. This is not possible only for the higher officers to achieve, but of course it is possible for a lower (officer), if he exerts himself, to cause (men) to attain much divine pleasure. This announce has been made for this purpose, in order that the lower and the higher (officers) will exert themselves for this (end), that my neighbors too, may understand this, and that this exertion may live for a long time. And this object will grow, and will grow immensely, will grow (at least) one and half fold. And this has been caused to be heard when there have passed 256 days (of my tour.)
(Inscriptions of Asoka- N. P. Rastogi)


By command of the Prince Viceregent and the Mahamatra from Suvarnagiri the Mahamatra at Isila should be asked: (their) health, and (then) addressed as follows: “The Beloved of the Gods sath: ‘It is more than two years and a half that I am a lay worshipper. I did not exert myself strenuously for one year: but, indeed, more than one year that I have lived with the Samgha, I have exerted myself strenuously. During this period, however, men who were unmixed, were caused to be mixed, with gods throughout Jambudvipa. [R.-During this period gods, who were unmixed, were caused to be mixed (with men), throughout Jambudvipa.] For this is the fruit of exertion. This is possible not only for the superior (official) to achieve, but indeed it is possible for even a subordinate one, if he exerts himself, to cause (people) to attain much heavenly bliss. For this purpose this proclamation has been made; in order that the subordinate ones and the superior ones shall exert themselves to this (end), that my neighbors should know this and that this exertion may long endure. And this object shall grow, indeed shall grow profusely, shall grow (at least) one-and-half fold. And this discourse has been caused to be heard when there had elapsed 256 (years)’.”
(Asoka- D.R. Bhandarkar)

Sunday 15 June 2008

လောကီသား

ပုတ္တဿ ဇီဝံ စဇိ ဗိမ္ဗိသာရော၊
ပုတ္တော နု တာဒိဿ ၀ဓတ္ထိကော သော။

ဗိမ္ဗိသာရသည် အဇာတသတ်အတွက် အသက်စွန့်ခဲ့ပြီးသားပါ။
ဒီသားက ဒီအဖေ့ကိုမှ အသေသတ်ချင်သတဲ့။

Saturday 14 June 2008

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ-၂)

ကလိင်္ဂဟာ အသောကသမိုင်းမှာ ထူးခြားတဲ့ နေရာတစ်ခုပါ။ စစ်နဲ့ ငြိမ်းချမ်းရေးတို့ရဲ့ မွေးဖွားရာဒေသတစ်ခုလို့ ဆိုနိုင်ပါတယ်။ အဲဒီဒေသမှာ အသောကဘုရင်ဟာ ကျောက်စာ နှစ်ခု ရေးထိုးခဲ့တယ်။


အသောကရဲ့ အက္ခရာများ (၁) ကနေ (၁၄) အထိကို Ginar, Kalsi, Yerragudi, Sopara ၊ Shahbazarhi, Mansehra ဒေသတွေမှာ ရေးထိုးထားတာကို တွေ့ရပေမယ့် Dhauliနဲ့ Jaugada ဒေသနှစ်ခုမှာတော့ (၁) ကနေ (၁၀) အထိ, (၁၄), ပြီးတော့ (၁၅)နဲ့ (၁၆)ကို ရေးထိုးထားတာပါ။ ဒါကြောင့် (၁၅)နဲ့ (၁၆)ကို သီးခြားကျောက်ဆောင်စာလို့ ခေါ်ကြတယ်။ ကလိင်္ဂတိုင်းမှာ ရေးထိုးထားလို့ ကလိင်္ဂကျောက်စာလို့လဲ ခေါ်ကြသေးတယ်။ မှတ်သားစရာ တစ်ခုက ကလိင်္ဂတိုင်းထဲမှာ ရေးထိုးထားတဲ့ ကျောက်စာတွေမှာ ကလိင်္ဂစစ်ပွဲအကြောင်း ရေးထားတဲ့ (၁၃) မပါတာပါပဲ။ စဉ်းစားစရာပေ့ာနော။ ကလိင်္ဂစစ်ပွဲအကြောင်းတွေကို ကလိင်္ဂတိုင်းမှာ ကျောက်စာရေးထိုးခဲ့မယ်ဆိုရင် နိုင်ငံရေးအရ မိုက်မဲတဲ့ အပြုအမူမျိုး ဖြစ်နိုင်တဲ့အတွက် (၁၃)ကို ချန်ထားခဲ့တာလို့ အသောကသမိုင်း ကျွမ်းကျင်သူတစ်ချို့က ဆိုကြတယ်။ ဒါကြောင့်လဲ အသောကဓမ္မကို ရာဇဓမ္မလို့ ခေါ်ကြတာဖြစ်မယ်။

Kalinga Rock Edict (Dhauli)

ခရီးထွက်ဖို့ ပြင်နေတာ အတော်ကြာပြီ။ ဘယ်မှလဲ မသွားဖြစ်ဘူး။ မသွားနိုင်တာလဲပါတယ်။ ဒီနှစ်ဆောင်းတွင်းတော့ စိတ်ကူးထားတယ်။ အိန္ဒိယတလွှားက အသောကရဲ့ အက္ခရာတွေကို လိုက်လံဖတ်ရှုဖို့ပါ။ တစ်ချို့ကျောက်စာတွေ ရှိတဲ့နေရာကိုတော့ ရောက်ဖူးပြီးပြီ။ နီပေါက “လုမ္ဗိနီ”, အိန္ဒိယက “ဗာရာဏသီ”နဲ့ “ဆန်ချီ”ပါ။ ပါကစ္စတန်ကိုတော့ ဆရာသမားက သွားခိုင်းတာတောင် လုံခြုံရေးစိတ်မချတာနဲ့ ကြောက်လို့ မရောက်ဖြစ်ဘူး။ အဟဲ..Indiana Jonesနဲ့တော့ နင်လားငါလားပေါ့။ နီးနီးနားနားမှာလဲ အသောကကျောက်စာတွေ ရှိပါ့။ ကျောက်စာတိုင်ဆိုရင် အခု နေတဲ့နေရာကနေ နာရီဝက်လောက် လမ်းလျှောက်သွားရင် ရောက်တယ်။ ကျောက်ဆောင်စာရှိတဲ့ နေရာကိုတော့ တစ်နာရီလောက် ကားစီးသွားရင် ရောက်တယ်။ အဲဒီကျောက်စာတွေအကြောင်း နောက်ပိုစ့်တွေမှာ ရေးတာပေါ့။

Thursday 12 June 2008

အသောကရဲ့ အက္ခရာများ-၁၆

ပိုစ့်မတင်ဖြစ်တာ တစ်လကျော်ကျော်။ ဘာမှတော့ မဖြစ်ပါဘူး။ လူတစ်ခြား စိတ်တခြား ဖြစ်နေတာက လွဲလို့ပေါ့။ အခုတော့ အက္ခရာများ ဆက်ပါအုံးမယ်ဗျာ။ ကျောက်စာဘာသာပြန် အသစ်တစ်အုပ် ထပ်ရထားလို့ ဘာသာပြန်တစ်ခု တိုးထားတယ်။

ဒေဝါနံပိယေ ဟေဝံ အာဟ။ သမာပါယံ မဟာမတာ လဇ၀စနိက၀တဝိယာ။ အံ ကိဆိ ဒခါမိ ဟကံ၊ ကိံတိ၊ ကံ ကမန
ပဋိပါတယေတံ ဒုဝါလတေ စ အာလဘေဟံ။ ဧသ စ မောခိယမတံ ဒုဝါလ ဧတသ အထသ အံ တုဖေသု အနုသတိ။ သ၀မုနိ-
သာ မေ ပဇာ။ အထ ပဇာယေ ဣဆာမိ၊ ကိံတိ၊ မေ သဝေဏာ ဟိတသုခေန ယုဇေယူ အထ ပဇာယေ ဣဆာမိ၊ ကိံတိ၊ မေ သဝေန ဟိတသု-
ခေန ယုဇေသု တိ ဟိဒလောဂိကပါလလောကိကေန။ ဟေဝံမေ၀ မေ ဣဆ သ၀မုနိသေသု။ သိယာ အံတာနံ အဝိဇိတာ-
နံ ကိံ ဆံဒေ သု လာဇာ အဖေသူ တိ။ ဧတကာ ဝါ မေ ဣဆ အံတေသု၊ ပါပုနေယု၊ လာဇာ ဟေဝံ ဣဆတိ အနုဝိဂိန ဟေယု
မမိယာယေ အသွသေယု စ မေ သုခံမေ၀ စ လဟေယူ မမ တေ နော(ဒု)ခံ။ ဟေဝံ စ ပါပုနေယု ခမိသတိ နေ လာဇာ
ဧ စကိယေ ခမိတဝေ။ မမံ နိမိတံ စ ဓံမစလေယူ တိ ဟိဒလောဂံ စ ပရလောဂံ စ အာလာဓယေယု။ ဧတာယေ
စ အဌာယေ ဟကံ တုဖေနိ အနုသာသာမိ။ အနနေ ဧတကေန ဟကံ၊ တုဖေနိ အနုသာသိတု ဆံဒံ စ ဝေဒိ-
တု အာ မမ ဓိတိ ပတိံနာ စ အစလ။ သ ဟေဝံ ကဋု ကံမေ စလိတဝိယေ အသွာသနိယာ စ တေ၊ ဧန တေ ပါပုနေ-
ယု အထာ ပိတ ဟေဝံ နေ လာဇာတိ၊ အထ အတာနံ အနုကံပတိ၊ ဟေဝံ အဖေနိ အနုကံပတိ၊ အထာ ပဇာ ဟေ-
ဝံ မယေ လာဇိနေ။ တုဖေနိ ဟကံ အနုသာသိတုံ ဆံဒံ ဝေဒိတု အာ မမ ဓိတိ ပဋိံနာ စာ အစလ၊ သကလာ
ဒေသာယုတိကေ ဟောသာမီ ဧတသိ အထသိ။ အလံ ဟိ တုဖေ အသွာသနာယေ ဟိတသုခါယေ စ တေသံ ဟိဒ-
လောဂိကပါလလောကိကာယေ။ ဟေဝံ စ ကလံတံ သွဂံ စ အာလာဓယိသထ မမ စ အနနေယံ ဓသထ။
တာယေ စ အထာယေ ဣယံ လိပီ လိခိတာ ဟိဒ ဧန မဟာမတာ သသွတံ သမယံ ယုဇေယု အသွာသနာယေ စ
ဓံမစလနာယေ စ အံတာနံ။ ဣယံ စ လိပီ အနုစာတုံမာသံ သောတဝိယာ တိသေန အံတလာ ပိ စ သောတဝိယာ။
ခနေ သံတံ ဧကေန ပိ သောတဝိယ။ ဟေဝံ စ ကလံတံ စဃထ သံပဋိပါတယိတဝေ။

ဒေဝါနံပိယ မင်းကြီးသည် ဤသို့ မိန့်တော်မူ၏။ သမာပါမြို့ရှိ အမတ်ကြီးတို့အား ဒေဝါနံပိယ မင်းကြီး၏ စကားတော်ဖြင့် ဤသို့ မိန့်ကြားရာ၏။
တစုံတရာအား ငါမြင်၍ အလိုရှိလျှင် ဆောင်ရွက်ဖွယ် လုပ်ငန်းကို ငါစီစဉ်၍ နည်းလမ်းကို ငါရှာကြံပြီးသော် အရေးအကြီးဆုံးဟု ငါထင်သော နည်းလမ်းကို သင်တို့အား ငါညွှန်ကြားချက်ဖြစ်စေ၏။
ခပ်သိမ်းသော သူတို့သည် ငါ၏ သားသမီးများ ဖြစ်ကြကုန်၏။ ငါ၏ သားသမီးများအား ဤလောကနှင့် တမနွန်လောကတို့၏ စီးပွားချမ်းသာအပေါင်းနှင့် ငါယှဉ်စေလိုသည့်နည်းတူ ခပ်သိမ်းသော သူတို့အားလည်း ငါယှဉ်စေလို၏။
ငါမသိမ်းပိုက်ထားသော နိုင်ငံတော် အစွန်အပ၌ နေသူတို့သည် ငါတို့၏ အပေါ်၌ မင်းကြီးအသို့ ဆန္ဒထားတော်မူသနည်းဟု မေးကြကုန်အံ့။ ထိုနိုင်ငံတော်အစွန်အပ၌ နေသူတို့အပေါ်၌ ငါ၏ ဆန္ဒကား ဤသို့တည်းဟု ပြန်ကြားရာ၏။
“မင်းကြီး အလိုရှိတော်မူသည်မှာ သင်တို့သည် မင်းကြီးအား မကြောက်မရွံ့ပဲ မင်းကြီးသည် ငါတို့၏ ဆင်းရဲကို မဆောင်၊ ချမ်းသာကိုသာ ဆောင်အံ့ဟု မင်းကြီးအပေါ်၌ ယုံကြည်ရန်ဖြစ်၏။”
ဤသို့လည်း ပြန်ကြားရာသေး၏။
“မင်းကြီးသည် သင်တို့အပေါ်၌ သည်းခံနိုင်သလောက် သည်းခံအံ့။ သင်တို့သည် မင်းကြီးအား ထောက်ထားသဖြင့် တရားကို ကျင့်ပြီးသော် ဤလောကနှင့် တမနွန်လောကတို့၏ စီးပွားချမ်းသာတို့ကို ခံစားကြကုန်လော့။”
ဤအလို့ငှာ သင်တို့အား ငါညွှန်ကြားပေ၏။ ဤသို့ သင်တို့အား ညွှန်ကြားပြီးသော် ငါ၏ ဆန္ဒတော်နှင့် တကွ ငါ၏ အဓိဌာန် ပဋိဉာဏ်တို့၏ မယိမ်းမယိုင် ခိုင်မြဲခြင်းကို သင်တို့အား သိစေပြီးသဖြင့် ငါ၏ တာဝန်ကား ကျေလေပြီ။
နိုင်ငံတော် အစွန်အပသားတို့သည် နှစ်သိမ့်ရောင့်ရဲ၍ ငါ၏ အပေါ်၌ ယုံကြည်ကိုးစားရန် သင်တို့ပြုမူကာ အမှုကိစ္စတို့ကို ဆောင်ရွက်ကုန်ရာ၏။ မည်သို့ ယုံကြည်ကိုးစားစေရာ သနည်းဆိုသော် မင်းကြီးသည် ငါတို့၏ အဖသဖွယ်ဖြစ်၏။ မင်းကြီးသည် မိမိကိုကို ကြင်နာသကဲ့သို့ ငါတို့အားလည်း ကြင်နာ၏။ ငါတို့သည် မင်းကြီး၏ သားသမီးများသဖွယ်သာ ဖြစ်ချေ၏။
ဤသို့လျှင် သင်တို့အား ငါညွှန်ကြားပိ၏။ ငါ၏ ဆန္ဒတော်နှင့်တကွ ငါ၏အဓိဌာန်နှင့် ပဋိဉာဏ်တို့၏ မယိမ်းမယိုင် ခိုင်မြဲခြင်းကိုလည်း သိစေပိ၏။ ဤအလို့ငှာ နေရာတိုင်း၌ ဒေသဆိုင်ရာ အရာရှိများကို ငါခန့်ထားတော်မူမည်။ သင်တို့သည် နိုင်ငံတော် အစွန်အပသားတို့၏ နှစ်သိမ့်ရောင့်ရဲမှု ဤလောက တမနွန်လောကတို့၏ စီးပွားချမ်းသာမှုတို့ကို ဆောင်ရွက်ပေးစွမ်းနိုင်၏။ ဤသို့ဆောင်ရွက်သော် သင်တို့သည် နတ်ပြည် ချမ်းသာကို ရ၍ ငါ၌ တင်ရှိသော ဝတ္တရားကြွေးမှလည်း ကင်းကြကုန်အံ့။
နိုင်ငံတော် အစွန်အပသားတို့သည် နှစ်သိမ့်ရောင့်ရဲ၍ တရားကို ကျင့်စေခြင်းငှာ ငါ၏ အမတ်ကြီးတို့သည် အခါခပ်သိမ်း အားထုတ်ကြရန် ဤကဗျည်းကို ရေးစေပိ၏။ ဤကဗျည်းအား လေးလလျှင် တကြိမ် ကြားနာရာ၏။ တိသ(ဖုသျှ) နက္ခတ်နှင့် ယှဉ်သော နေ့တို့နှင့် ကြားနေ့တို့၌လည်း အခါအခွင့်ရက တယောက်တည်းဖြစ်စေကာ ကြားနာရာ၏။ ဤသို့ ပြုခြင်းဖြင့် သင်တို့သည် ငါ၏ အမိန့်ကို လိုက်နာဆောင်ရွက်ကုန်ရာသတည်း။
(အသောကကျောက်စာများ-ဦးဖိုးလတ်)

ဒေဝါနံပိယ မင်းသည် ဤသို့ မိန့်ကြား၏။ သမာပါမြို့ အမတ်ကြီးတို့အား မင်း၏ စကားဖြင့် ပြောကြားရမည်။ ငါတွေ့မြင်သော အကြောင်းအရာတို့ကို သင်တို့အား သိသေလို၏။ အသို့နည်း ငါသည် ပြုသင့်သော အမှုကို နည်းလမ်း အမျိုးမျိုးဖြင့် စတင်အားထုတ်မည်။ အကျိုးကျေးဇူးရှိသော နည်းလမ်းကို သင်တို့အား ညွှန်ကြားမည်။ ယင်းသည် အမှန်မုချ ငါအလိုရှိသော နည်းလမ်းဖြစ်၏။
လူအပေါင်းသည် ငါ၏ သားသမီးများဖြစ်၏။ အသို့နည်း၊ ငါ၏ သားသမီးများကို ပစ္စုပ္ပန် တမလွန်နှင့် စပ်လျဉ်းသော စီးပွားချမ်းသာကို ယှဉ်စေလိုသကဲ့သို့ လူအပေါင်း၌လည်း ငါအလိုရှိ၏။
နိုင်ငံ၏ အပအစွန်အဖျား၌ နေသူများသည် ငါတို့အပေါ် မင်းဘယ်သို့ အလိုဆန္ဒ ရှိသနည်းဟူမူ ထို အစွန်အဖျား၌ နေသူများအပေါ် ငါ၏ အလိုဆန္ဒ ဤသို့တည်းဟု ပြောကြားရမည်။ “မင်းအလိုရှိသည်မှာ သင်တို့သည် မင်းအား မကြောက်ကြပဲ မင်းသည် ငါတို့ချမ်းသာကိုသာ ဆောင်မည်။ ဆင်းရဲဖြစ်စေလိမ့်မည်မဟုတ်ဟု မင်းအပေါ် ယုံကြည်ရန် ဖြစ်၏”
ထို့ပြင်လည်း “မင်းသည် သင်တို့ အပေါ် သည်းခံနိုင်သမျှ သည်းခံမည်၊ သင်တို့သည် မင်းကို အကြောင်းပြု၍ တရားကျင့်ကြပြီးလျှင် ပစ္စုပ္ပန် တမလွန်လောက၏ စီးပွားချမ်းသာကို ခံစားကြလော”ဟု ပြောကြားရမည်။
ဤအတွက် သင်တို့အား ငါညွှန်ကြား၏။ ယင်းသို့ ညွှန်ကြားပြီးသော် ငါ၏ အလိုဆန္ဒနှင့် ငါ၏ ပဋိညာဉ် ဝန်ခံခြင်းတို့ တည်တံ့ခိုင်မြဲခြင်းကို သင်တို့အား သိစေသဖြင့် ငါ၏ တာဝန်ကျေခဲ့ပြီ။
နိုင်ငံမှ အပအစွန်အဖျား၌ နေသူတို့သည် နှစ်သိမ့်ရောင့်ရဲ၍ ငါ၏ အပေါ် ယုံကြည် ကိုးစားရန် သင်တို့ ပြုမူကြလျက် အမှုကိစ္စတို့ကို ဆောင်ရွက်ကြရမည်။ “မင်းသည် ငါတို့၏ အဖဖြစ်၏။ မင်းသည် မိမိကိုယ်ကို မြတ်နိုးသကဲ့သို့ ငါတို့ကိုလည်း မြတ်နိုး၏။ ငါတို့သည် မင်း၏ သားသမီးများ ဖြစ်၏”ဟု ယုံကြည်ကိုးစားစေရမည်။
ယင်းသို့လျှင် သင်တို့အား ငါညွှန်ကြား၏။ ငါ၏ အလိုဆန္ဒနှင့် ငါ၏ ပဋိညာဉ် ခံဝန်ချက်တို့ တည်တံ့ခိုင်မြဲခြင်းကိုလည်း သိစေ၏။ ဤအတွက် အရပ်ဒေသအားလုံးမှာ အရာရှိများကို ငါခန့်ထားမည်။ သင်တို့သည် နိုင်ငံတော်မှ အပအစွန်အဖျားတို့၌ နေသူတို့၏ နှစ်သိမ့်ရောင့်ရဲမှုနှင့် ပစ္စုပ္ပန်တမလွန်လောက၏ စီးပွားချမ်းသာတို့ကို ဆောင်ရွက်နိုင်၏။ သို့ဖြင့် သင်တို့သည် နတ်ချမ်းသာကို ရ၍ ငါ၏ ကြွေးမြီမှလည်း လွတ်ကင်းကြပေလိမ့်မည်။
နိုင်ငံတော်မှအပ အစွန်အဖျား၌ နေသူတို့ နှစ်သိမ့်ရောင့်ရဲ၍ တရားကျင့်ဆောင်စေရန်အတွက် ငါ၏ အမတ်ကြီးများ အစဉ်ကြိုးစား အားထုတ်ကြရန် ဤစာကို ရေးစေခြင်းဖြစ်၏။ ဤစာကို လေးလတကြိမ် ကြားနာကြရမည်။ ဖုသျှနက္ခတ်နှင့် ယှဉ်သော နေ့တို့နှင့် စပ်ကြားနေတို့၌လည်း တယောက်ထည်းဖြစ်စေ ကြားနာရမည်။ သို့ဖြင့် သင်တို့သည် ငါ၏ အလိုဆန္ဒပြည့်စုံစေရန် ကြိုးပမ်းကြလော့။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

In the words of His Sacred Majesty the High Officers administering the town are to be addressed as follows: 'Whatsoever my views are I desire them to be acted on in practice and carried into effect by certain means. And in my opinion the chief means for this purpose are my instructions to you, because you have been set over many thousands of living beings that you may gain the affection of good men.
"All men are my children;” and, just as I desire for my children that they may enjoy every kind of prosperity and happiness both in this world and in the next, so also I desire the same for all men. You, however, do not grasp this truth to its full extent. Some individual, perchance, pays heed, but to a part only, not the whole. See then to this, for the principle of government is well established. Again, it happens that some individual incurs imprisonment or torture, and when the result is his imprisonment without due cause, many other people are deeply grieved. In such a case you must desire to do justice. However, with certain natural dispositions success is impossible, to wit, envy, lack of perseverance, harshness, impatience, want of application, laziness, indolence. You must desire that such dispositions be not yours. The root of the whole matter lies in perseverance and patience in applying this principle of government. The indolent man cannot rouse himself to move, yet one must needs move, advance, go on.
In the same way you must see to your duty, and be told to remember: “See to my commands; such and such are the instructions of His Sacred Majesty." Fulfillment of these bears great fruit, non-fulfillment brings great calamity. By those who fail neither heaven nor the royal favor can be won. Ill performance of this duty can never gain my regard, whereas in fulfilling my instructions you will gain heaven and also pay your debt to me. This scripture must be recited every constellation of Tishya day, and in the intervals between the Tishya days, on fit occasions it may be recited even to a single hearer. By such action you must endeavor to fulfill my intentions. For this purpose has this scripture been here inscribed in order that the administrators of the town may strive without ceasing [lit. "all the time "] that the restraint or torture of the townsmen may not take place without due cause. And for this purpose, in accordance with the Law of Piety, I shall send forth in rotation every five years such persons [lit. " a person "] as are of mild and temperate disposition, and regardful of the sanctity of life, who knowing this my purpose will comply with my instructions.
From Ujjain, however, the Prince for this purpose will send out a similar body [of officials], and will not over-pass three years. n the same way from Taxila. When the High Officers aforesaid . . . proceed on transfer in rotation, [then without neglecting their own [ordinary] business, they will attend to this matter also, and thus will carry out the king's instructions.'
(Asoka, the Buddhist Emperor of India- V. A. Smith)


His Sacred Majesty thus says: At Samapa the High Officers entitled to receive the king's messages are to be addressed as follows: Whatsoever I view (as right) I want to see how it can be executed in practice and fulfilled by proper means.
And this is regarded by me as the principal means to this end, viz., to give my instructions to you. All men are as my children; as, on behalf of my own children, I desire that they may be provided with complete welfare and happiness both in this world and the next, the same I desire also for all men. It might occur to the unconquered borderers (to ask): "What does the king desire with regard to us?”
This alone is my desire with regard to the borderers (that) they may understand that the king desires this (that) they should be free from fear of me, but should trust in me; (that) they would receive from me only happiness and not sorrow; that they should further understand (this) that the king will tolerate in them what can be tolerated; that they may be persuaded by me to practice Dharma or morality; (and that) they may gain both this world and the next. And for this purpose am I instructing you, (viz. that) by this do I render myself free from debt (to animate beings), that I instruct you, and make known to you my will, my determination, and promise, not to be shaken. Therefore acting thus, should you perform your duties and assure them that they may understand that "the king is to us even as a father ; (that) he feels for us even as he feels for himself; we are to him as his children.' By instructing you, and making known to you my will, my determination and vow inviolable, I shall have (i.e., post) for this end officers in all provinces. For you have the capacity to produce their confidence, their good and happiness both in this world and the next. Thus doing you will also win heaven and release from your obligations to me (or win me release from my debts). And for this purpose has this edict been inscribed in this place that the High Officers may be all the time at work for the confidence and practice of religion of these frontier peoples. This same edict is also to be proclaimed at the commencement of every quarter of the year on the Tisya day, and also in the intervals between the Tisya days and even to individuals, when an occasion offers. Thus working should you strive towards accomplishment.
(Asoka-R.K. Mookerji)


By order of the Beloved of the Gods; At Tosali the prince and the officers/ at Samapa the officers charged with announcing the royal decrees, are to be ordered thus: Whatever I approve of, that I desire either to achieve by taking action or to obtain by some effective means. This is what I consider the chief method in this matter, and these are my instructions to you. All men are my children and just as I desire for my children that they should obtain welfare and happiness both in this world and the next, the same do I desire for all men. If the unconquered peoples on my borders ask what is my will, they should be made to understand that this is my will with regard to them- ‘the king desires that they should have no trouble on his account, should trust in him, and should have in their dealings with him only happiness and no sorrow. They should understand that the king will forgive them as far as they can be forgiven, and that through him they should follow Dharma and gain this world and the next.’
For this purpose I instruct you, that having done so I may discharge my debt to them, by making known to you my will, my resolve and my firm promise. By these actions, my work will advance, and they will be reassured and will realize that the king is like a father, and that he feels for them as for himself, for they are like his own children to him. My couriers and special officers will be in contact with you, instructing you and making known to you my will, my resolve, and my firm promise. For you are able to give the frontier people confidence, welfare, and happiness in this world and the next. Doing this you will reach heaven and help me discharge my debt to my people.
This inscription has been engraved here for this purpose-that the officers shall act all times attend to the conciliation of the people of the frontiers and to promoting Dhamma among them. This edict is to be proclaimed every four months on the day of the star Tisya; it may optionally be proclaimed from time to time in the interval between Tisya-days, and on occasions may be proclaimed even to a single person. By doing this you will be able to conform to my instruction.
(Asoka and the decline of the Mauryas- Romila Thapar)


By the order of the Gods, the prince-viceroys and the mahamatras stationed at Tosalia and Samapa should be addressed thus: whatever I conceive (with the mind) I wish what? That I may put it into practice. And I consider this to be the chief instrument to this end, namely, instructions to you. All men are my children. As I wish for (my) children that they may be united with all well-being and happiness of this world and the next, similarly I wish it for all people.
It may be (in the mind) of the unconquered bordering kings ‘what is the desire of the king in our respect?’ This much only is my desire in respect to (the people) of the bordering kings, that they may understand (this), (that) the Beloved of the Gods wishes: ‘they should not be afraid of me, they should place confidence in me, (and) they will gain from me happiness not misfortune.’ And they should further know: ‘the emperor will tolerate with us to the extent he can possibly tolerate’; they should follow Dharma for my sake and attain this world and the next. For this purpose do I instruct you, namely, that having given you injunctions and expressed my desire, nay, my vow and oath, may I be free from debt (to them). Thus acting likewise you must do your duty and must inspire them with confidence, so that they might know: ‘the king is fatherly to us: he sympathises with us as he sympathises with himself; we are to the king as his children. So having instructed you and told the desire, my vow and oath, I will become emperor of the universe, for this end; for you are able to inspire them with confidence and (assure) their well-being and happiness of this world and the next. Acting thus you will gain heaven and fulfill your duty to me.
So for this purpose has this edict been inscribed: in order that mahamatras may remain engaged for a long time in creating confidence and establishing the practice of Dharma amongst themselves as well as amongst the bordering kings.
And this edict should be listened to during the Tisya naksatra every four monthly season and, of course, it may be listened to even by an individual on every festive occasion and also without the Tisya (period). By doing so, strive to discharge my instructions.
(Inscriptions of Asoka- N. P. Rastogi)

By command of the Beloved of the gods, the Prince Royal and the Mahamatras at Tosali should be addressed (as follow): whatever I perceive (with the mind), I desire-what-that I may put it into action; and I initiate it through the proper means. And I deem this to be the principal means to this end, namely instructions to you. All men are my offspring. Just as for (my) offspring I desire that they may be united with all welfare and happiness of this world and of the next, precisely do I desire it for all men.
It may be (in the mind) of (the people) the unconquered frontier sovereigns: ‘what is the will of the king in respect of us?’ This much alone is my wish in regard to (the people) of the frontier sovereigns, that they may understand (this), namely, that the beloved of the gods desires: ‘they should be unperturbed towards me, they should trust mine, (and) they would receive from me happiness, not misery.’ And they should further understand: ‘the king will bear with us as far as it is possible to bear,’ (but) they should follow Dhamma for my sake and gain this world and the next. For this end do I instruct you, namely, that having given you instructions and made known my will, nay, my immovable resolve and vow, may I be free from debt (to them)! So acting accordingly, you must discharge your functions and must inspire them with confidence, so that they might understand: ‘the king is to us even as a father; he sympathises with us even as he sympathises with himself; we are to the king even as (his) children.’ So having instructed you and intimated the will, my immovable resolve and vow, I shall become a sovereign over all countries for this object; for you are competent to inspire them with confidence and (ensure) their welfare and happiness of this world and the next. By so doing you will gain heaven and also discharge your debt to me.
And for this purpose has this document been here written: in order that the Mahamatras may be devoted to the eternal rule of conduct for inspiring (the people of) those frontier sovereigns with confidence and ensuring (their) practice of Dhamma. And this document should be heard on the Tishya day every four-monthly season; the Tishya days it may be heard even by one (official). By acting thus, endeavor to fulfill (my instructions).
(Asoka- D.R. Bhandarkar)