Saturday 24 December 2011

အမှုန်အမှိုင်း



ဝဏ္ဏနိဘာ 
ဒီဃံ ရဿံ 
အဏုံ ထူလံ 
ဝဋ္ဋံ ပရိမဏ္ဍလံ 
နိန္နံ ထလံ 
ဆာယာ အာတပေါ 
အာလောကော အန္ဓကာရော။
…..
အတီတံ ပစ္စုပ္ပန္နံ အနာဂတံ 
စက္ခုံ ရူပါ စက္ခုဝိညာဏံ အာလောကော မနသိကာရော၊ 
ပဿိ ဝါ ပဿတိ ဝါ ပဿိဿတိ ဝါ ပဿေ ဝါ။

အဆင်း အရောင်
အရှည် အတို
အပါး အထူ
အလုံး အဝိုင်း
အနိမ့် အမြင့်
အရိပ် အပူ
အလင်း အမှောင် 

…..

မြင်ခဲ့တယ်
မြင်နေတယ်
မြင်လိမ့်မယ်
မြင်နိုင်တယ်

Sunday 18 December 2011

unplugged


သုဘာသိတံ ဒုဗ္ဘာသိတဉ္စ အဗဓိရော သောတေန သုဏာတိ။
ယံ သုတံ၊ န တံ သဗ္ဗံ ဓီရောပိ ပရိစ္စဇိတုံ ဂဟေတုံ ဝါ အရဟတိ။
တသ္မာ ဥဇ္ဈိတဗ္ဗေ သုတေ သောတဝါပိ ဗဓိရော ဝိယ ဘဝေယျ။

အသံတွေ ကြားနေရတယ်…
ရှောင်ဖို့ ဆောင်ဖို့ မလွယ်…
မကြားချင် နားပင်းသလိုနေပါကွယ်။

Monday 5 December 2011

စောင်းအမှီ



ဥဇုကော.ယံ အသဌော အမာယာဝီ။
…..
အနုဇုကော.ယံ သဌော မာယာဝီ။
….
သစ္စံ ဝါ မိစ္ဆာ ဝါတိ အာဇာနိတုံ တာဝ န သုကရာ၊ ပဂေဝ ဝိနိစ္ဆိတုံ။

ဖြောင့်
ကောက်
မှန်
မှား
......
ခက်…ခက်

Friday 18 November 2011

post-၂၂၂


ပဌမယာမော အတိက္ကန္တော၊

မဇ္ဈိမယာမော အတိက္ကန္တော၊

ပစ္ဆိမယာမော အတိက္ကန္တော၊

ပတိဋ္ဌာ ဒီဃမဒ္ဓါနံ၊ သာ အတီတာ အန္ဓကာရတိမိသာ။

နစိရေဿဝ အရုဏုဂ္ဂံ ပညာယိဿတိ။

ဧကံ ဝါ ဒွေ ဝါတိ သင်္ချံ ဂမိဿန္တိ။

ညဉ့်ဦးယံ

သန်းခေါင်ယံ

မိုးသောက်ယံ

အမိုက်အမှောင် ကုန်လွန်ခဲ့ပြီ…

အာရုဏ်တက်ရင် ရေတွက်ခွင့် ရမှာပါ…။

Monday 14 November 2011

Stay Young, Stay Sharp

ဒဟရာ
ပဌမုပ္ပတ္တိကာ
တိဗ္ဗာ
ဒက္ခာ
ငယ်ငယ်
ရွယ်ရွယ်
ထက်ထက်
မြက်မြက်

Friday 11 November 2011

oneဝေး


ဧသ မဂ္ဂေါ၊
ဧသ ဥဇုမဂ္ဂေါ၊
ဧသ န ဒွိဓာပထော၊
ဧဝံ ဂစ္ဆ။
ဥယျောဇနံ ဥပ္ပဇ္ဇေယျ။

မဂ္ဂေါ နု ခေါ၊
န မဂ္ဂေါ နု ခေါ၊
သမော နု ခေါ၊
ဝိသမော နု ခေါ။
ကင်္ခါ ဥပ္ပဇ္ဇေယျ။

အကာလော ဒါနိ ဂန္တုံ၊
ဗဟုပရိဿယော အယံ မဂ္ဂေါ ဒုပ္ပဋိပ္ပန္နော။
ပဋိသေဓော ဥပ္ပဇ္ဇေယျ။

တံ ကိံ မညသိ၊
ယော ဧကော မဂ္ဂေါ၊
ပဿသိ နော တွံ ဣမသ္မိမ္ပိ မဂ္ဂေ ဗဟူ ဇနေ နာနာဝါဒေ။

လမ်းမှန်…သွား
လမ်းကောက်…ကြည့်
လမ်းမှား…ရပ်
တစ်လမ်းထဲ…ဒါပေမယ့်…။

Sunday 6 November 2011

00:00:00


စိရံ ဇီဝါမိ ဒီဃမာယုံ ပါလေမီတိ ယာ အာကင်္ခါ၊
သာ ဣဋ္ဌာ ကန္တာ မနာပါ ဒုလ္လဘာ လောကသ္မိံ။
…..
…..
ခဏော လယော မုဟုတ္တောတိ ယော သြကာသော၊
သော ဝီတိက္ကန္တော။
….
….
ယဿ ဒါနိ တွံ ကာလံ မညသီတိ ယံ ပယောဇနံ၊
တမေဝ ဓုဝံ။
…..
…..
ကာလင်္ကတန္တိ ဧတံ အဓိဝစနံ။
အသက်ရှည်ရှည်

အချိန်တိုတို

နှုတ်ဆက်ခဲ့ပါ

ပြီးပါပြီ…။
inspiration >>>  IN TIME

Monday 31 October 2011

ရင်ထဲကနွယ်

ဒေဝိ... အဘိရူပ... ပိယ...!
သစေ အဘိဘူတော သီတေန တဝ ဟဒယော၊
ပဋိစ္ဆာဒေယျာသိ တနုရတ္တဝတ္ထကေန။
အို… Venusနတ်ဘုရားမ
သင့် အသည်းနှလုံး ချမ်းရှာရော့မယ်…
ပန်းနုရောင် ဖဲပဝါလေး ခြုံထားပါကွယ်…။

Wednesday 26 October 2011

Neoနမက္ကာရ - ၂


“နမော တဿ” ဘုရားရှိခိုးကို တစ်ထောင်ပြည့်အောင် အနက်ပေး ဘာသာပြန်ထားတဲ့ စာအုပ်လေးကို သတိရမိတယ်။ စာအုပ်နာမည်တော့ အတိအကျ မမှတ်မိတော့ဘူး။ “နမော တဿ အနက်တစ်ထောင်”လို့ ထင်တာပဲ။ အံ့သြဖွယ်ရာပါပဲ။ ပါဌ်တစ်ချက် အနက်ဆယ်ထွေဆိုတဲ့ စကားလဲ ရှိနေတာတော့ ဟုတ်ပါတယ်။ ကိုယ့်အနေအထားနဲ့ တွေးကြည့်တော့ အတော့်ကို ခက်ခဲနေတာကို တွေ့ရတယ်။ ပါဠိဝေါဟာရတစ်ခုကို မြင်တဲ့အခါ အနက်ကို အခြေခံအားဖြင့် နားလည်မိပေမယ့် ဘာသာပြန်ဖို့ကို အတော်လေး လက်တွန့်နေမိတယ်။ ဘာသာပြန်လိုက်တိုင်း မူရင်းပါဠိရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရကို လျော့ချလိုက်သလို ဖြစ်ဖြစ်သွားတတ်တယ်။ ကိုယ့်ရဲ့ အားနည်းချက်လို့ပဲ ဆိုရမှာပါ။ မြန်မာဝေါဟာရပိုင်းမှာ ဆိုးဆိုးရွားရွား ညံ့ဖျင်းနေတဲ့ အနေအထားပါပဲ။ အခုလည်း ကိုယ်တိုင်ရေးထားတဲ့ ဂါထာတစ်ပုဒ်ကို ဘာသာပြန်ဖို့ မဝံ့မရဲဖြစ်နေတယ်။ ဂါထာက ဒီလိုပါ…
ဝန္ဒေ ဝိဘဇ္ဇဝါဒိံ၊ သမန္တပဋ္ဌာနဒေသကံ ဗုဒ္ဓံ။
သုဝိစိတ္တပစ္စယနယာ၊ စတုဝီသတိ အစ္ဆရိယဓမ္မာ။

ဒီဂါထာလေးကို စပြီး ရေးဖြစ်တာ ကြာပါပြီ။ ပဋ္ဌာန်းကို စပြီး လေ့လာတဲ့ အချိန်ပိုင်းမှာပါ။ ဆယ်စုနှစ်တစ်ခုလောက်ရှိနေပြီ။ ပထမဆုံးဗားရှင်းက ဒီလို မဟုတ်ပါဘူး။ နောက်မှ တဖြည်းဖြည်း မွမ်းမံရင်းနဲ့ ခုဂါထာလေး ဖြစ်လာတာ။ စရေးပြီးတဲ့ အချိန်ကနေ ခုထိ အမြဲရွတ်ဖတ်ပူဇော်ဖို့ အခွင့်ကြုံတယ်။ ပဋ္ဌာန်းပစ္စယုဒ္ဒေသဖြစ်ဖြစ် နိဒ္ဒေသဖြစ်ဖြစ် ပူဇော်အပြီး  အသိမ်းဂါထာအနေနဲ့ပါ။
ဂါထာ အမျိုးအစားက ပထျာအရိယာဂါထာမျိုးပါ။ အင်မတန် လှပတဲ့ ရေးဟန်နဲ့ သီဖွဲ့ထားတဲ့ ဂါထာမျိုး။ ဒီဂါထာကို ရေးဖွဲ့တဲ့အခါ နမူနာအဖြစ် နည်းယူရတဲ့ ဂါထာက “ဂရုဏာသီတလဟဒယံ” အစချီတဲ့ ဂါထာပါ။ ဒီဂါထာကိုတော့ ငယ်ငယ်လေးကထဲက ကြားဖူးနေတာ။ အဖိုးဖြစ်သူက မနက်စောစော သီတဂူဆရာတော်ကြီးရဲ့ တရားခွေတွေ ဖွင့်နားထောင်တဲ့အခါ ဒီဂါထာကို အိပ်ရာမထသေးခင်မှာပဲ အိပ်ရေးမဝတဝနဲ့ ကြားနေရတာ။ ဒါပေမယ့် ဒီဂါထာလေးက ကိုယ်တိုင်ကိုယ်ကျ ပါဠိဂါထာရေးတဲ့အခါ အကြီးအကျယ် အထောက်အကူပြုလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။
သမန္တပဋ္ဌာန၊ စတုဝီသတိ၊ ပစ္စယနယ ဆိုတဲ့ ဝေါဟာရတွေက ပိဋကတ်စာပေမှာ ပဋ္ဌာန်းနဲ့ ပတ်သက်တဲ့ စကားလုံးတွေပါ။ သုဝိစိတ္တ၊ အစ္ဆရိယဓမ္မဆိုတာတွေကတော့ ပဋ္ဌာန်းတရားတော်ကို အထူးပြုထားတဲ့ ဝေါဟာရတွေအနေနဲ့ အသုံးပြုထားတာပါ။ ဝိဘဇ္ဇဝါဒီကလဲ ပဋ္ဌာန်းဒေသနာကို ဟောကြားတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓကို အထူးပြုတဲ့ ဂုဏ်တော်တစ်ခုအနေနဲ့ မှတ်ယူထားပါတယ်။ ဒေသကဆိုတာကလဲ ဗုဒ္ဓကိုပဲ ရည်ညွှန်းပါတယ်။ ဝန္ဒေ ဆိုတာကတော့ ဘုရားရှိခိုးတိုင်း ပါလေ့ရှိတဲ့ ဝေါဟာရတစ်ခုပါ။ အဲဒီဝေါဟာရ တစ်ခုစီရဲ့ အခြေခံအနက်အဓိပ္ပါယ်တွေက ဒီလိုပါ။
စတုဝီသတိ−၂၄
သုဝိစိတ္တ−အဆန်းတကြယ်
ပစ္စယနယ−ကျေးဇူးပြုသောနည်း
အစ္ဆရိယဓမ္မ−အံ့သြဖွယ် သဘောတရား
ဝိဘဇ္ဇဝါဒီ−ခွဲခြမ်းဝေဘန်၍ ဟောပြောတော်မူလေ့ရှိသော (သူ)
သမန္တပဋ္ဌာနဒေသက−သမန္တပဋ္ဌာန်းကို ဟောကြားတော်မူသော (သူ)
ဗုဒ္ဓ−မြတ်ဗုဒ္ဓ
ဝန္ဒေ− ရှိခိုးပါ၏။
ဘုရားရှိခိုး အမျိုးမျိုးလို့ ပြောကြတယ်။ ကိုယ့်ရင်ထဲမှာ ကိုယ့်အတိုင်းအတာနဲ့ ကိုယ့်စိတ်တိုင်းကျ ခံစားမိသမျှ ဝေါဟာရအဖြစ်နဲ့ ဖန်တီးပူဇော်ရတာ တကယ့်ကို ကြည်နူးစရာ ကောင်းတယ်လို့ ထင်မိတာပါပဲ။ တစ်ခုပဲ ပြောစရာရှိတယ်။ တခမ်းတနား မရေးဖွဲ့တတ်တာပဲ။ ဒီတော့ ဘယ်လိုပဲ neo ဖြစ်ဖြစ် “ဝန္ဒာမိ− ဂုဏ်တော်ထုံမွှမ်း ပုံတော်မှန်းလျက် ချီးမွမ်းထောမနာ ပဏာညွှတ်ကျိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏” ဆိုတဲ့ “ရတနာ့ဂုဏ်ရည်” စာအုပ်ထဲက ဖွဲ့သီမှုမျိုးကတော့ နမက္ကာရအနက်ပေးတဲ့ နေရာမှာ စံတစ်ခုအနေနဲ့ ရှိနေမှာပါ။
အစအန...
Neoနမက္ကာရ - ၁

Thursday 13 October 2011

ကြောင်အိမ်

ယေ ကေစိ ဟိ ပဝိသန္တိ
နိက္ခမန္တိ
အနုစင်္ကမန္တိ
အနုဝိစရန္တိ
အပရေ ပန အာလောကေန္တိ
ဥလ္လောကေန္တိ
ဩလောကေန္တိ
ဝိလောကေန္တိ။
တချို့က…
ဝင်လိုက်
ထွက်လိုက်
လှည့်လိုက်
လည်လိုက်…။
တခြားသူတွေကတော့…
တည့်တည့်ကြည့်ကြ
စောင်းငဲ့ကြည့်ကြ
မော်ကြည့်ကြ
ငုံ့ကြည့်ကြ

Sunday 2 October 2011

အကန်းအလှမ်း

သတ္တာ ဇာတိဇရာဗျာဓိမရဏသောကသံကိလေသဓမ္မာ၊
တဒ္ဓမ္မာယေဝ ပရိယိဋ္ဌာ။
အဖြစ် အနွမ်း အနာ အပျက် အငို အညစ်
ရှာကြ ဖွေကြ တွေ့ကြ  ရှိကြ
ဖြစ်သူဖြစ်
နွမ်းသူနွမ်း
နာသူနာ
ပျက်သူပျက်
ငိုသူငို
ညစ်သူညစ်

Thursday 29 September 2011

အလင်း, အမှောင်နှင့် သူ...

ဒိဝါ တပတိ သင်္ကပ္ပေါ၊ ရတ္တိမာဘာတိ သုပိနော။
မဓုရော ဝေါဟာရော တပတိ၊ သူရော တပတိ ဟဒယော။
အတွေး နေ့ခင်း
အိပ်မက် ညခင်း
စကား ချိုချို
နှလုံး ရဲရဲ
*** ဇာတ်ဆရာ အတွက် မွေးနေ့လက်ဆောင်

Monday 26 September 2011

နီသော်မှတည့်...

လောဟိတာနိ ရတ္တာနိ
တထာ စီ၀ရာနိ
တထာ ဗောဓိပတ္တာနိ
သွေးတို့ ရဲရဲနီ
သင်္ကန်းတို့ ရဲရဲနီ
ဗောဓိရွက်တို့ ရဲရဲနီ

Tuesday 13 September 2011

ဧဧငြိမ့်ငြိမ့်


လောဟိတသောတာ ဟောန္တု
ဟဒယနိန္နာ
ဟဒယပေါဏာ
ဟဒယပဗ္ဘာရာ
မာ ဧကဗိန္ဒုပိ ဟာယိ
သွေးရည်အလျဉ်…
နှလုံးသားသို့သာ
သက်ဝင်စေ…
ညွတ်ကိုင်းစေ…
စီးဆင်းစေ…
တစ်စက်တစ်ပေါက်မှ
မလျော့စေသား။

Monday 29 August 2011

blogအက္ခရသညာတော - ၂


post ဝါ ယဒိ ဝါ pages ၊
comment ဝါ ယဒိ ဝါ cbox။
ယတ္ထ bloggers ဝိစရန္တိ။
တံ blogရာမဏေယျကံ။
ပိုစ့်မွေ့
ပေ့ဂ်ျမွေ့
ကွန်မန့်မွေ့
စီဘောက်မွေ့
ဘလော့ဂ်မွေ့

“မွေ့သမမွှေ” ဂါထာလို့ ဆိုချင်တယ်။ ဒီremixရဲ့ မူရင်းဂါထာကို လွန်ခဲ့တဲ့ ၁၅နှစ်လောက်က ဓမ္မပဒကို သင်တဲ့အခါ စပြီး တွေ့ခဲ့ရတယ်။ ကြိုက်လွန်းလို့ ခုထိ မမေ့နိုင်သေးဘူး။ ဂါထာရဲ့ အဓိပ္ပါယ်ကလဲ (ကိုယ်နဲ့ မဆိုင်လောက်အောင်) အတော် လေးနက်တယ်။ စကားလုံးဖွဲ့သီမှုကလဲ ခန့်ငြားတယ်။ ဒီလို ဗုဒ္ဓဒေသနာတော်ကို ပုံပျက်သွားအောင် လုပ်ချင်တဲ့ စိတ်မျိုးတော့ လုံး၀ မရှိတာ အမှန်ပါ။ ပစ္စက္ခတ်မှာ ကိုယ် မွေ့နေတဲ့ ရပ်ဝန်းကိုပဲ ပုံဖော်ချင်တဲ့ သဘောလေးတစ်ခုပဲ ရှိတာ။ ဘဝဆိုတာကလဲ ခပ်ခက်ခက်။ ပျော်ရာမှာ မနေရ။ တော်ရာမှာ နေရတဲ့ အခြေအနေ။ ဧရာ၀တီမခမ်းခင် အပြန်လမ်းတွေ စမ်းတဝါးဝါး။ ပျော်ပါးမွေ့လျော်နေရတာက အခုတော့ virtual worldပေါ်မှာ။ မွေ့တာနဲ့ ပတ်သက်ပြီး စိတ်ထဲ ရောက်လာတဲ့ ဝေါဟာရလေးက “ဘူမိရာမဏေယျက”ပါ။ ဂါထာကိုလဲ အလိုလို ရွတ်ပြီးသား။ ဒါကိုပဲ ပုံစံယူပြီး remixလုပ်ဖြစ်သွားတာ။ မူရင်းဂါထာက ဒီလိုပါ…
ဂါမေ ဝါ ယဒိ ဝါရညေ၊
နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရန္တိ၊
တံ ဘူမိရာမဏေယျကံ။
ရွာဖြစ်စေ, တောဖြစ်စေ​ေ
ချိုင့်ဝှမ်းရာ အရပ်ဖြစ်စေ, ကြည်းကုန်းဖြစ်စ
အကြင် အရပ်၌ ရဟန္တာတို့ နေကုန်၏၊
ထိုရဟန္တာတို့ နေရာ မြေအရပ်သည် မွေ့လျော်ဖွယ် အရပ်မည်၏။ [1]
ဒီဂါထာရဲ့ ပထမပိုင်း ဂါထာလဲ ရှိသေးတယ်။ ၂ဂါထာပေါင်းဖတ်မှ ပိုပြီး အဓိပ္ပါယ်ပြည့်စုံတယ်။
အာရာမစေတျာ ဝနစေတျာ, ပေါက္ခရညော သုနိမ္မိတာ်
မနုဿရာမဏေယျဿ, ကလံ နာဂ္ဃန္တိ သောဠသိံ။ [2]
ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော အရိုအသေပြုရာ အရံ, ခြံ, ဥယျာဉ်တို့သည်လည်းကောင်း၊ အရိုအသေပြုရာ သစ်တောတို့သည်လည်းကောင်း၊ ကောင်းစွာ ဖန်တီးစီမံအပ်ကုန်သော ရေကန်တို့သည်လည်းကောင်း လူတို့နှစ်သက် ဖွယ်ရာ မြေအရပ်၏ တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမီနိုင်ကုန်။
ပိဋကထဲက စကားပြေမှာ အာရာမရာမဏေယျက၊ ၀နရာမဏေယျက၊ ပေါက္ခရဏိရာမဏေယျက စတဲ့ ဝေါဟာရတွေလဲ ရှိသေးတယ်။ ဂါထာထဲမှာတော့ ဘူမိရာမဏေယျကကိုပဲ တွေ့မိတယ်။ ဒီလို သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရမြောက်တဲ့ ဝေါဟာရတွေရဲ့ ဖြားယောင်းမှုနဲ့ပဲ ဒီremixလေး ရေးဖြစ်သွားတယ်။ သူကြီးမင်းရဲ့ commentက အားပေးလှုံ့ဆော်တာလဲ ပါသပေါ့။ ရေးပြီးမှ B-dayနဲ့ နီးနေမှန်း သတိရမိတယ်။ ဒါနဲ့ပဲ “blogရာမဏေယျက”ဆိုတဲ့ ဝေါဟာရကို ဘလော့ထက် အက္ခရာတင်ဖြစ်သွားတယ်။ “blogကို အက္ခရာတို့ဖြင့်သာ ကောင်းစွာ သိအပ်၏”တဲ့။

[1] http://tipitakamyanmar.blogspot.com/2010/04/blog-post_08.html
[2] ရာမဏေယျသုတ္တ (သံ၊၁၊ ၂၃၄)

Sunday 21 August 2011

အလွှာအနွှာ


ဘာဝနာရာမော
ပွားမွေ့
ပဟာနာရာမော
ပယ်မွေ့
ရတော
ပျော်မွေ့

Monday 15 August 2011

သူ့ပြေ သူ့မြေ


ဝန္ဒေ မာတရံ
သုဇလံ သုဖလ
မလယဇသီတလံ
သဿသာမလံ
မာတရံ!
ဝန္ဒေ မာတရံ…။
သုဘရ ဇောတနာ
ပုလကိတယာမိနိံ
ဖုလ္လကုသုမိတ
ဒုမဒလ သောဘိနိံ
သုဟာသိနိံ
သုမဓုရဘာသိနိံ
သုခဒံ ဝရဒံ
မာတရံ
ဝန္ဒေ မာတရံ…​။
ဘင်္ဂလီမှ ပါဠိသို့ ပြောင်းလွှဲသည်။
I bow to thee, Mother,
richly-watered, richly-fruited,
cool with the winds of the south,
dark with the crops of the harvests,
The Mother!
Her nights rejoicing in the glory of the moonlight,
her lands clothed beautifully with her trees in flowering bloom,
sweet of laughter, sweet of speech,
The Mother, giver of boons, giver of bliss.
ဘာသာပြန်ကို ဒီက ယူသည်။

Sunday 31 July 2011

ကို့ယို့ကားယား


ပရိပုဏ္ဏော
အဘိနတော
ဖောင်းတဲ့အခါ ဖောင်း
စောင်းတဲ့အခါ စောင်း


မဂ္ဂန္တရေ
ဝိပရိဏာမာ
အက္ခိနိမီလနမတ္တမ္ပိ
အစ္ဆရာသင်္ဃာတမတ္တမ္ပိ
ဒိဋ္ဌေ ဒိဋ္ဌမတ္တံ
ဧဝံ ဒဋ္ဌဗ္ဗံ
လမ်းပေါ်မှာ
အပြောင်းအလဲတွေ
မျက်စိတမှိတ်
လက်ဖျစ်တတွက်
မြင်ရင် မြင်တယ်လို့ပဲ မှတ်လိုက်ပါ…။

Thursday 21 July 2011

အကိုက်အခဲ


ယဿ ဒန္တာ ပရိပုဏ္ဏာ သုက္ကာ သမာ အဝိရဠာ။
တထာပိ သော အဒန္တော
သွား...
ပြည့်ပြည့်စုံစုံ
ဖြူဖြူဖွေးဖွေး
ညီညီညာညာ
စိပ်စိပ်သည်းသည်း
သူ...
ရိုင်းရိုင်းစိုင်းစိုင်း
ယထာ ဗျဂ္ဃော မိဂံ အနုဗန္ဓိတွာ ယသ္မိံ ဌာနေ ပါပုဏာတိ, တသ္မိံယေဝ ဍံသိတွာ ခါဒတိ၊
ဧ၀မေဝံ သော ဗလဝါ အဘိရူပေါပိ အညံ ဒုဗ္ဗလံ အဘိဘဝတိ။
ကျားရိုင်းနဲ့ သမင်ပျို
ပြေးတမ်းလိုက်တမ်း
မိတယ် စားတယ်
အားကောင်းရင် ရန်စ
အားနည်းရင် ခံကြ...။
အဟော မေ ဒန္တာ ခဏ္ဍာ ဝိရဠာ။
အို...ငါ့ သွားတွေလဲ ကျိုးတို့ကျဲတဲ...။

Monday 18 July 2011

အဝင်အထွက်

ဂါထာဟောင်းတစ်ပုဒ် reviewပါ။ ဒီဂါထာလေးတွေကို ခဏခဏ ပိုစ့်လွန်းလို့ မျက်စိနောက်စရာတော့ ဖြစ်နေပြီ။ ဒါပေမယ့် အခုတလော တိုက်ဆိုင်မှုလေးတွေ ဖြစ်လာတော့ ပြန်ပြောချင်လာတာနဲ့...။
ဝဟန္တော စီဝရံ ဘဒ္ဒံ၊
ဝဉ္စစိတ္တော ဝဓာဇီဝေါ။
ဝရသတ္တံ ဝရံ ယာစိ၊
ဝရဒေါယေဝ ဆဒ္ဒန္တော​။

မုဆိုးညစ် သောနုတ္တိုရ် သင်္ကန်းဘန်းပြလို့ လိုရာတောင်းဆို…။
ဆုကြီးပန် ဆဒ္ဒန်ဆင်မင်း အသက်နှင်းအပ်ခဲ့လေပြီ…
ဒီမြန်မာပြန်က “အပေးအယူ” ပိုစ့်တင်မယ်ဆိုမှ ရေးလိုက်တာ။ ဒီဂါထာလေး ရေးပြီးခါစက ဘာသာပြန်က ဒီလို…
မြတ်ဆုတောင်းဆို သောနုတ္တိုရ်ထံ
မြတ်ပျိုစွယ်ရင်း စွန့်လွှတ်နှင်းအပ်
မြတ်မင်းသခင် ဆဒ္ဒန်ဆင်မော်
မြတ်ရှင်ဉာဏ်တော် ရည်မှန်းမျှော်လျှက်…။
မြန်မာပြန်တွေက သိပ်မခန့်ဘူးလို့ ထင်မိတယ်။ မြန်မာစာ မကျွမ်းကျင်တဲ့ အနေအထားကြောင့်ပဲ ဖြစ်မယ်။ ကိုယ်တိုင်ရေးတဲ့ စကြာဂါထာကိုတော့ ကိုယ်တိုင်ပဲ အကုန် ကြိုက်တယ်။ အကြိုက်ဆုံးက "၀ရဒေါ"ဆိုတဲ့ ဝေါဟာရပဲ။ ဒီလိုမျိုး စကြာဂါထာလေးတွေ ရေးရတာကိုလဲ ကြိုက်တာပဲ။ ဒီစကြာဂါထာလေးကို ရေးဖြစ်တဲ့အကြောင်းက ဂါထာ ၂ပုဒ်ကြောင့်ပါ။
အနိက္ကသာဝေါ ကာသာဝံ, ယော ဝတ္ထံ ပရိဒဟိဿတိ်
အပေတော ဒမသစ္စေန, န သော ကာသာဝမရဟတိ။
ယော စ ဝန္တကသာဝဿ, သီလေသု သုသမာဟိတော။
ဥပေတော ဒမသစ္စေန, သ ဝေ ကာသာဝမရဟတိ။
ဘာသာပြန်က မေဓာဝီ တင်ဆက်တဲ့ ဆဒ္ဒန်ဆင်မင်းဝတ္ထုထဲမှာ ပါတယ်။ ဒီဇာတ်တော် ဖတ်ဖြစ်ပြီးမှ စကြာဂါထာလေးနဲ့ ဒီဂါထာ ၂ပုဒ်နဲ့ အဆက်အစပ်ကို ပြန်တွေးမိနေတယ်။
“ကော ဇာနာတိ ကိံ ဘဝိဿတိ”
“ဘာဖြစ်လာမလဲဆိုတာ ဘယ်သူ သိနိုင်မလဲ”
ဆဒ္ဒန်ဆင်မင်းဇာတကအဋ္ဌကထာထဲက ဆဒ္ဒန်ဆင်မင်းရဲ့ အတွေးတစ်စပါ။ ဒီအတွေးလေးကို အခြေခံပြီး ထပ်တွေးနေမိတယ်...
ဖြစ်သင့်တာတွေ တိမ်းမှောက်ကုန်ပြီး ဖြစ်ချင်တာတွေ တည့်မတ်ကုန်တာ သဘာဝပါ်
ရည်ရွယ်ချက်တွေ ယိမ်းယိုင်ကုန်ပြီး တပ်မက်ချက်တွေ ခိုင်မာလာတာ သဘာဝပါ။
ပီတိတွေ လျော့ပါးကုန်ပြီး သောကတွေ ပြည့်လျှံလာတာ သဘာဝပါ။
သစ္စာတွေ နွမ်းခြောက်ကုန်ပြီး မိစ္ဆာတွေ ဖွံ့ထွားလာတာ သဘာဝပါ်
….. ….. ….. ….. ….. ….. …..
သဘာဝဟာ သဘာဝပါ်
*** မျှော်လင့်ချက်တွေ အရောင်ပြောင်းကုန်တဲ့ ညီနောင်များအတွက် အမှတ်တရ။

Monday 11 July 2011

အသဲအသန်


ကိဉ္စာပိ တုဏ္ဍနခပါဒပက္ခာ ဘိန္နာ၊
ဇီဝိတန္တရာယောတိ သချင်္မ္ပိ န ဥပေတိ။
သူရော ဝတ ဘော...။
ယဒါ ပန ဒွိဓာ ဘိန္နော ဟဒယော၊
တဒါ သဗ္ဗေန သဗ္ဗံ ဘိဇ္ဇိဿတိ
ဒွိဓာ တိဓာ စတုဓာ…အနေကဓာ။
ဘီတော ဝတ ဘော...။
ငါ၏ နှုတ်သီး, ခြေထောက်, တောင်ပံတို့ ကျိုးပဲ့…။
ငါ၏ ဇီဝိန်ကား မယိုင်မနဲ့…။
အို...ရင့်ရဲလေစွ...။
….

ငါ၏ နှလုံးအသည်း ကြွေကွဲ
အားလုံး အားလုံး
အပိုင်းပိုင်း ပြတ်စဲ…။
အို...ရွံ့ရှားလေစွ...။

Friday 8 July 2011

နံရံ၏ အခြားတစ်ဖက်


ဒေလီတက္ကသိုလ်ရဲ့ အလှအပတွေ ဘာတွေများ ရှိလဲလို့ တက္ကသိုလ်မြေတလျှောက် လှည့်ပတ်ကြည့်။ ထူးထူးခြားခြား ဘာမှ တွေ့ရမှာ မဟုတ်ဘူး။ သွေ့ခြောက်ခြောက် ပရဝုဏ်အတွင်းမှာ ခြောက်သွေ့သွေ့ ကျောင်းဆောင်တွေပဲ ရှိတာ။ အခြေခံအဆောက်အဦအနေအထားအရ ဆွဲဆောင်မှု တစ်ခုမှ မရှိ။ တကယ် ရုပ်ပျက်တာက တံတိုင်းနံရံတွေမှာ အပေါ့အပါးသွားထားတာ။ ပြီးတော့ အလွန့်အလွန် အနံ့ပြင်းတဲ့ အမှိုက်ပုံတွေ။ နံရံတွေနားမှာ ဟိုတစ်ပုံ ဒီတစ်ပုံ။ ကျောင်းတော်သူ ကျောင်းတော်သားတွေရဲ့ အခင်းအကျင်းလို့တော့ မဆိုနိုင်ဘူး။ တားမရဆီးမရ မွန်းကြပ်တဲ့ မြို့ပြရဲ့ ဘေးထွက်ရလာဒ်တွေလို့သာ မှတ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် သိုလှောင်ထားတဲ့... မြိုသိပ်ထားတဲ့... ပေါက်ကွဲမှုတွေဟာ ဒေလီတက္ကသိုလ်ရဲ့ အုတ်တံတိုင်းနံရံတွေနားမှာ ပြန့်ကျဲနေလေရဲ့။

ဒေလီတက္ကသိုလ်တဝိုက် လှုပ်ရှားပြေးလွှားရင်း လွမ်းမောစရာ တက္ကသိုလ်နေ့ညများရဲ့ မပီဝိုးတဝါး ပုံရိပ်တွေထဲမှာ ရင်ကို လာမှန်စေတဲ့ ဒေလီတက္ကသိုလ်ရဲ့ စုတ်ချက်ကြမ်းကြမ်း ကိုယ်တိုင်ရေးပုံတူတွေကလဲ ပေကျံနေတဲ့ နံရံတွေပေါ်မှာပါပဲ။


တက္ကသိုလ်တံတိုင်းနံရံတွေရဲ့ သင့်တော်ရာ နေရာတွေမှာ ဒီလို သီးခြားနေရာလေးတွေ ရှိတယ်။ အပေအပွတွေကြားက အလှအပတစ်ရပ်လို့ မြင်မိတယ်။ Righting wall writingsလို့ Delhiသားများကိုယ်တိုင်က ပြောယူရလောက်အောင် နေရာတကာ ပိုစတာ ကပ်တတ်တဲ့ အလေ့အကျင့်တစ်ခုဟာ နေရာရနေတာ အံ့သြစရာ။
ဒီပုံရိပ်တွေကို ကြည့်ရင်း “သီလံ ပါကာရကံ တတ္ထ”ဆိုတဲ့ ပိဋကတ်စာပေထဲက ကဗျာ အပိုင်းအစလေးကို သတိရမိတယ်။ ဘာသာပြန်ဖို့ မဝံ့မရဲ ဖြစ်နေမိတယ်။ ပါဠိစာပေကို စိတ်ဝင်စားတဲ့သူများ ပုံနဲ့ စာနဲ့ သဟဇာတဖြစ်အောင် သင့်တော်သလို ခံစားနိုင်ပါတယ်။

Sunday 3 July 2011

အတက်အကြွ



သီချင်းတစ်ပုဒ်ကို ပါဠိဘာသာပြန်ဖြစ်တယ်။ "If I rise"တဲ့။ ဒီသီချင်းကို "127 Hours" ရုပ်ရှင်ကြည့်ရင်း ကြိုက်သွားတာ။ တိုက်ဆိုင်မှုလေးကို ပြောချင်တာပါ။ "Slamdog Millionaire"ထဲက "Jai Ho"သီချင်းကို မကြိုက်ပေမယ့် Jai Hoနဲ့ If I rise ဆက်နွယ်မှုလေးကို နောက်မှ သိရတယ်။ ဒီသီချင်းတွေရဲ့ composerက တစ်ယောက်ထဲ။ A.R. Rahmanတဲ့။ “The Mozart of Madras”လို့ တင်စားကြတယ်။ Oscar, Grammyစတဲ့ ဂီတဆိုင်ရာဆုတွေ တသီကြီး ပွေ့ပိုက်ထားတဲ့ အိန္ဒိယသားတစ်ယောက်ပါ။

တကယ်တမ်းပြောရရင် ကုလားပြည် ရောက်နေတာ ရက်ပေါင်း ၂၀၀ဝကျော်ပြီ။ ကုလားသီချင်းတစ်ပုဒ်ကို ဆုံးအောင် အာရုံစိုက်ပြီး နားမထောင်ဖြစ်ဘူး။ စာသား နားမလည်တာ ထားပါ။ သံစဉ်ကို ခံစားလို့ မရတာ။ အိန္ဒိယအငွေ့အသက်တွေ အမိမြေမှာ အတော် လွှမ်းမိုးနေတာတော့ ဟုတ်ပါတယ်။ မြန်မာက မြန်မာ့အရသာ သန့်သန့်လေး လို့ ခံစားမိတယ်။ အကြောင်းမညီညွတ်လို့ ကုလားကား ကြည့်မိရင်တောင် သီချင်းဆိုတဲ့အခန်းကို မျက်နှာလွှဲဖြစ်တယ်။ များသောအားဖြင့် မျက်စိနောက်စရာတွေ။ ခြုံပြောရရင် အာရုံငါးပါး အကုန် အဆင်မပြေချင်ဘူး။ ဒီလိုကနေ If I riseကို ခံစားမိတော့ indian productမှန်း နောက်မှ သိရတာ ခပ်ကောင်းကောင်းလို့ပဲ တွေးမိတော့တယ်။ အဆင်ပြေရင်တော့ နောင်တချိန် ဘဂဝါဂီတတို့ ဂီတဉ္ဇလီတို့ကို ပါဠိversionနဲ့ ခံစားဖြစ်အုံးမလား မသိ။ အခုတော့ If I rise ပါဠိဘာသာပြန်ပါ။ Lyricsကိုတော့ netထဲက ရတာ။ တစ်ခုနဲ့ တစ်ခု မတူတတ်ဘူး။ အဆင်ပြေတာလေးပဲ ယူလိုက်တယ်။ မွေးနေ့လက်ဆောင် ကဗျာတစ်ပုဒ် ပေးပါလို့ တောင်းဆိုတဲ့ ညီသယ်ရင်း ZZZအတွက်ပါ။


[Dido:]
In your life, you’re mad
In your car, you’re sad
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
ဥမ္မတ္တောသိ တဝ ဘဝေ
သောစကော တဝ ယာနေ
ဘော… တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A. R. Rahman:]
If I rise, they are on my drive
If I believe, it's more than it is
More than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Dido:]
If I rise, one more chance
All our dreams, more than this
O' you’re taller now I've found
Hold your fire course
O' you’re fallen out
Go and sow your courses
သစာဟံ ဥဋ္ဌဟန္တော, ဧကော အတိရေကအဝသရော
အမှာကံ သဗ္ဗသုပိနာ, အတိရေကတရာယေဝ
ဘော…တဝ ဝုဒ္ဓိ ဣဓ မယာ ဒိဋ္ဌာ
ဇုဟ တဝ အဂ္ဂိက္ခန္ဓံ
ဘော… ပရိဘ​​​ဋ္ဌောသိ
ဂစ္ဆ , ဝပ္ပ တဝ ဗီဇာနိ
[A R R:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေ​ဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more call
Though I've never lost
Believe I don't care
Never again
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဂဏှ ဇီဝံ အတိရေကေ
ဧကမေဝ အတိရေကအာလပန
တထာပိ ပရာဇယံ အပတ္တောဟံ
သဒ္ဒဟ ဥပေက္ခကောဟံ
န ကထဉ္စိ ပုန
[A R R & Dido:]
If I rise, they are on my drive
If I believe, it's more than it is
It's more than it is
သစာဟံ ဥဋ္ဌဟန္တော, ဥဋ္ဌိတာ တေ မေ ပထေ
သစာဟံ သဒ္ဒဟန္တော, ယံ တံ အတိရေကတရမေဝ
အတိရေကတရမေဝ
[Chorus:]
If I thought I wanted more
Get the life more
Just one more cal
သစာဟံ မနသိကရောန္တော ဣစ္ဆိတံ မယာ အတိရေကန္တိ
ဟရ ဇီဝံ အတိရေကေ
ဧကမေ၀ အတိရေကအာလပနံ
[Dido:]
If I believe, there's more than this
Anymore than this
သစာဟံ သဒ္ဒဟန္တော, တတ္ထ အတိရေကတရမေဝ
ယံ တံ အတိရေကတရမေဝ
*** If I rise on Youtube

Monday 27 June 2011

အသောကခြေရာ (၄)

Indian National Highway No.1 လမ်းကြောအတိုင်း Delhiက ထွက်လာရင် Sonepatရောက်တဲ့အခါ Meerutလမ်းခွဲရှိတယ်။ Delhiနဲ့ Panjabနဲ့ သွားလိုက်လာလိုက်လုပ်တဲ့အခါတိုင်း ဒီလမ်းဆုံကို ရောက်တယ်။ ရောက်တိုင်း Delhi-Meerut အသောကကျောက်စာတိုင်ကို သတိရဖြစ်တယ်။ ဒီကျောက်စာတိုင်က Meerutကနေ Delhiကို ရွှေ့ထားတာ။ ဒီလမ်းကြောအတိုင်းပဲ ဆက်သွားလို့ Kurukshetraကို ရောက်ရင်လဲ Delhi-Topraကျောက်စာတိုင်ကို သတိိရတယ်။ Topra Kalanက Kurukshetraလမ်းဆုံကနေ Radaur Mandalကို သွားတဲ့ လမ်းပေါ်မှာ။ အဲဒီကနေ Delhiကို သယ်ထားတာ။ Delhiစူလတန် Ferozshah Tughlaqရဲ့ အမိန့်အတိုင်း ကျောက်စာတိိုင် ၂တိုင်လုံးကို Delhiကို သယ်ဖို့ ယမုနာမြစ်ကြောင်းကို အသုံးပြုခဲ့ကြတယ်။
Hindustantimes သတင်း အရ Topraရွာသားတွေက ဒီကျောက်စာတိုင်ကို ပြန်သယ်ဖို့ ရှေးဟောင်းသုတေသနဌာန(ASI)ကို တောင်းဆိုတယ်လို့ သိရတယ်။ ASIက လက်မခံတော့ ကျောက်စာတိုင်ပုံစံတူ လုပ်ပြီး ရွာက ပန်းခြံတခုထဲမှာ စိုက်ထားဖို့ စီစဉ်နေကြတယ်။ ပြန်လိုချင်သူတွေက ဒီလိုပြောတယ်… "If India can ask back Kohinoor, why can't Topra claim its own property? ASIက ဒီလို ပြန်ပြောတယ်… "The ASI act does not permit any such transfer of archaeological monuments because it has become a part of history where it is now situated for last 600 years."
ဒီလို ပြန်လိုချင်သူတွေနဲ့ ပတ်သက်ပြီး Mr. Cameron ပြန်ပြောတာ ရှိတယ်။ Kohinoor စိန်ကြီးနဲ့ ပတ်သက်တာပါ။ အိန္ဒိိယက ဒီစိန်ကြီးကို ပြန်တောင်းနေတော့ သူက ဒီလို ပြောတယ်… "If you say yes to one you suddenly find the British Museum would be empty," BBC သတင်းပါ။
ဒီလိုဆိုတော့…
တောင်းကား တောင်း၏…မရ။
ယူကား ယူ၏…မပေး။
ဒါကတော့ ဝေဒနာတွေပါ။ ခြေရာတွေကတော့ google mapပေါ်မှာ…
အသောကပဓာနကျောက်တိုင်စာ...
(၁)(၂)(၃)(၄)(၅)(၆)(၇/၁)(၇/၂)
ခြေရာအစအန...

Thursday 23 June 2011

အကွာအဟ



အဝိဝေကာရာမော
မငြိမ်မသက်
အနုပသမာရာမော
မငြိမ်းမချမ်း
သဥပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်
အနုပါဒိသေသနိဗ္ဗာနဓာတု
ငြိမ်း
သုဝိဒူရဝိဒူရာနိ ဝတ ဣမာနိ။
ဝေး…ဝေး...

Sunday 19 June 2011

အနည်းအပါး

ယဒါ မာတာ နတ္ထိ၊ ပုတ္တော မစ္ဆော ဝိယ ပရိတ္တောဒကသရမှိ။
အမိမဲ့သား... ရေနည်းငါး...။
ယဒါ ပိတာ နတ္ထိ၊ ပုတ္တော...
အဖမဲ့သား...


*** မွေးဖခင်အတွက် ရက်လည်အလွမ်း

Thursday 16 June 2011

အသောကခြေရာ (၃)


ယထာ ပက္ခီ သကုဏော ယေန ယေနေဝ ဍေတိ, သပတ္တဘာရောဝ ဍေတိ။


တထာဟံ ဣစ္ဆာမိ ဥပ္ပတိတွာ ဂမိတုံ။

တောင်ပံဖြန့်ပြီး သွားလိုရာ သွားနိုင်တဲ့ ငှက်တစ်ကောင်လို ပျံကြည့်ချင်လိုက်တာ။

ဣဓ ပန စိတ္တံ မေ ဘာရံ၊ အတ္တဘာဝေါ ဘာရော

စိတ်ကလဲ လေးလေး...


အတ္တဘောကလဲ လေးလေး...

‘ဣဒံ အဇ္ဇတနာယ, ဣဒံ သွာတနာယ

ဒီနေ့ အတွက်


မနက်ဖြန်အတွက်

အာသင်္ဂေါ


အပေက္ခေါ

အငြိအကပ် များများ...။


အငဲ့အကွက် များများ...။

ဒီဃော သယတော သုပိနော။

အိပ်နေရင်တော့ အိပ်မက်ရှည်မှာပဲ။


အသောကကျောက်ဆောင်စာငယ်

Sunday 12 June 2011

အသောကခြေရာ (၂)

သင်္ဂါမော
ဇယော
ပရာဇယော
သန္တော

စစ်...
နိုင်...
ရှုံး...

ငြိမ်း..

Kalinga Rock Edicts on Googlemap
ကလိင်္ဂကျောက်စာ
(၁/က)(၁/ခ)(၂)

Friday 10 June 2011

အသောကခြေရာ

ယာတာနုယာယီ
သွားသောသူသို့ အစဉ်လိုက်သောသူ
သွားသူ...သွား၊
လိုက်သူ...လိုက်၊
gooသူ...goo.
gelသူ...gel.
Major Rock Edicts on Googlemap
အသောကပဓာနကျောက်ဆောင်စာ
(၁) (၂) (၃) (၄) (၅/၁) (၅/၂) (၆/၁) (၆/၂) (၇) (၈) (၉/၁) (၉/၂) (၁၀) (၁၁) (၁၂/၁) (၁၂/၂) (၁၃/၁) (၁၃/၂) (၁၃/၃) (၁၄)

Thursday 2 June 2011

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၆)

အသောကကျောက်စာတိုင်ငယ် ၆-တိုင် ရှိတယ်။
(၁) Sarnath
(၂) Kausambi
(၃) Sanchi
(၄) Karuvaki Queen
(၅) Lumbini
(၆) Nigliva
အသောကရဲ့ အက္ခရာများ ၂၇၂၈၂၉၃၀၃၁၃၂။ အစဉ်အတိုင်းပဲ။ Sarnathကျောက်တိုင်ကို Uttar Pradeshပြည်နယ် Varanasiက မိဂဒါဝုန်မှာ တွေ့ရတယ်။ Kausambi နဲ့ Karuvaki-Queenကျောက်စာတွေကို ကောသမ္ဗီကနေ Uttar Pradeshပြည်နယ် Allahabadမြို့ ကို ရွှေ့ထားတဲ့ Allahabad-Kosamကျောက်တိုင်ကြီးမှာ တစ်စုထည်း တွေ့ရတယ်။ Sanchiကျောက်စာတိုင်ကို Madhya Pradeshပြည်နယ် Bhopalမြို့ အရှေ့မြောက်ဖက်က Sanchiစေတီနားမှာ တွေ့ရတယ်။ Lumbiniကျောက်စာတိိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က လုမ္ဗိနီဥယျာဉ်မှာ တွေ့ရတယ်။ Niglivaကျောက်တိုင်ကို Nepalနိုင်ငံ Rupandehiခရိုင်က Niglivaရွာမှာ တွေ့ရတယ်။
Minor Rock Edicts on Googlemap
Sarnath, Kausambi နဲ့ Sanchi ကျောက်စာတွေရဲ့ အကြောင်းအရာက အခြေခံအားဖြင့် တခုထဲ။ သံဃဘေဒကကံကို မကျူးလွန်ဖို့ရာ တားမြစ်တဲ့ ကျောက်စာတွေ။ “သုခါ သင်္ဃဿ သာမဂ္ဂီ, သမဂ္ဂါနံ တပေါ သုခေါ”ဆိုတဲ့ သြဝါဒပါတိမောက်ရယ်၊ “သမဂ္ဂေါ ဟိ သင်္ဃော သမ္မောဒမာနော အဝိဝဒမာနော ဧကုဒ္ဒေသော ဖာသု ဝိဟရတိ”ဆိုတဲ့ အာဏာပါတိမောက်ရယ် ပေါင်းစည်းထားတဲ့ သမိုင်းကြောင်း အစအနတွေကို ဒီကျောက်စာတွေမှာ တွေ့ရမှာပါ။
သံဃာအရေးအခင်းမှာ အသောက ဂရုတစိုက် ရှိပုံလေးက စိတ်ဝင်စားစရာ။ “သင်္ဃရာဇိ, သင်္ဃဘေဒ”တွေနဲ့ ပြည်ထဲရေး အဆက်အစပ်ကို တိုင်းပြည်အုပ်ချုပ်သူတွေ နားလည်ဖို့ လိုမလိုတော့ မသိ။ ဘယ်လိုပဲဖြစ်ဖြစ် “သမဂ္ဂါနံ ဝါ ဘေတ္တာ, ဘိန္နာနံ ဝါ အနုပ္ပဒါတာ, ဝဂ္ဂါရာမော, ဝဂ္ဂရတော, ဝဂ္ဂနန္ဒီ, ဝဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုတဲ့အတိုင်း ညီညွတ်သူတွေကို သင်းခွဲ။ ကွဲနေသူတွေကို ထောက်ခံအားပေး။ ကွဲရေးပြဲရေးကိုသာ နှစ်သက်မွေ့လျော်ပြီး ကွဲကြောင်းပြဲကြောင်းကို ပြောဆိုနေတာထက် “ဘိန္နာနံ ဝါ သန္ဓာတာ, သဟိတာနံ ဝါ အနုပ္ပဒါတာ, သမဂ္ဂါရာမော သမဂ္ဂရတော သမဂ္ဂနန္ဒီ သမဂ္ဂကရဏိံ ဝါစံ ဘာသိတာ”လို့ ဆိုထားသလို အကွဲအပြဲကို စေ့စပ်၊ ညီညွတ်သူတွေကို အားပေး၊ ညီညွတ်ရေးကို နှစ်သက်မွေ့လျော်၊ ညီညွတ်ကြောင်း ပြောဆိုနေတာက ပိုကောင်းပါတယ်။

Tuesday 31 May 2011

အသောကရဲ့ အက္ခရာများ - ၃၂

(၁) ဒေဝါနံ ပိယေန ပိယဒသိန လာဇိန စောဒသ၀သာဘိသိတေန
(၂) ဗုဓသ ကောနာကမနသ ထုဗေ ဒုတိယံ ၀ဎိတေ
(၃) (ဝီသတိ၀) သာဘိသိတေန စ အတန အာဂါစ မဟီယိတေ
(၄) ---- (သိလာထဘေ စ ဥသ)ပါပိတေ။

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် အဘိသိက်ခံသည်မှ တစ်ဆဲ့လေးနှစ်မြောက်၌ ဂေါနာဂမနသျှင်တော်ဖုရား၏ ထူပါရုံ (စေတီတော်)ကို ဒုတိယအကြိမ် တိုးချဲ့တည်တော်မူ၏။ အဘိသိက်ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌လည်း ကိုတော်တိိုင် ကြွလာ၍ ရှိခိုးပူဇော်ပြီးလျှင် ကျောက်တိုင်ကို စိုက်ထူပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

“His Sacred and Gracious Majesty the King, when he has been consecrated fourteen years enlarged for the second time the stupa of Buddha Konakammana; and when he has been consecrated [twenty years] having come in person, did reverence and erected [a stone pillar].” (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King consecrated fourteen years was doubly enlarged the stupa of Buddha Konakamana and (by him) consecrated (twenty years), coming in person, and reverence being made, was set up (a stone pillar). (R.K. Mookerji, Asoka.)

Monday 30 May 2011

အသောကရဲ့ အက္ခရာများ - ၃၁

(၁) ဒေဝါနပိယေန ပိယဒသိန လာဇိန ဝီသတိ၀သာဘိသိတေန
(၂) အတန အာဂါစ မဟီယိတေ ဟိဒ ဗုဓေ ဇာတေ သကျမုနီတိ
(၃) သိလာဝိဂဍဘီ စာ ကာလာပိတ သိလာထဘေ စ ဥသပါပိတေ
(၄) ဟိဒ ဘဂဝံ ဇာတေ တိ။ လုံမိနိဂါမေ ဥဗလိကေ ကဋေ
(၅) အဌဘာဂိယေ စ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီးသည် ကိုယ်တော်မြတ် အဘိသိက် ခံယူ၍့ အနှစ်နှစ်ဆယ်မြောက်အခါ သာကီဝင်မင်းမျိုး၏့ အထွတ် ရဟန်းတို့ တမွတ်ဥသျှောင် ဖြစ်တော်မူသော ဘုရားသခင် ဖွားမြင်တော်မူရာ ဤအရပ်၌ ဖူးမြော်လာရောက်တော်မူလျက် ပူဇော်တော်မူအပ်၏၊ ထို့ပြင် (ဤနေရာ၌ ကျောက်အတိပြီးသော) (ဖွားမြင်တော်မူရာ) တိုက်ခန်းကိုလည်း တည်ထားပြုလုပ်စေ၍့ ကျောက်ကမ္ဗည်းတိုင်ကိုလည်း စိုက်ထူခဲ့၏။ ဤလုမ္ဗိနီဟု [ယခု လက်ရှိ အမည်တွင်သော] ရွာနေရာ၌ ပုဉ်းတော် သခင်ဘုရားရှင်သည် ဖွားမြင်တော်မူခဲ့ပြီးဟု မှတ်သားထားရှိတောမူခဲ့၏။ ဤကုသိုလ်၏့ အဖို့ကိုလည်း နတ်လူတိို့အား ပေးဝေတော်မူ၏။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး အဘိသိက် ခံသည်မှ အနှစ်နှစ်ဆယ်မြောက်၌ သကျမုနိ ဗုဒ္ဓရှင်တော်ဖုရား ဖွားမြင်ရာ ဤအရပ်သို့ ကိုတော်တိုင် ကြွလာ၍ ရှိခိုးပူဇော်တော်မူ၏။ ဤအရပ်၌ ဖုန်းတော် ကြီးမြတ်တော်မူသော ဖုရားသျှင် ဖွားမြင်တော်မူသည် ဟူ၍ ကျောက်တန်တိုင်း ကန့်၍ ကျောက်တိုင်းကိုလည်း စိုက်ထူထားစေ၏။ လုမ္ဗိနိရွာအားလည်း ရှစ်ဖို့တဖို့ စည်းကြပ်ခြင်းနှင့် အခွန်တော်ကို လွတ်ငြိမ်းခွင့်ပေးတော်မူ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

‘By His Sacred and Gracious Majesty the King when he had been consecrated twenty years, having come in person and reverence having been done inasmuch as “Here was born Buddha, the sage of the Sakyas” a stone bearing a horse was caused to be made and a stone pillar was erected. Inasmuch as “Here the Holy One was born,” the village of Lummini was released from religious cesses and required to pay [only] one-eighth as land revenue.’ (V. A. Smith, Asoka, the Buddhist Emperor of India)

By His Sacred and Gracious Majesty the King, consecrated twenty years, coming in person, was worshipped (this spot), in as much as here was born the Buddha Sakyamuni. A stone bearing a figure was caused to be constructed and a pillar of stone was also set up, to show that the Blessed One was born here. The village Lummini was made free of religious cesses and also liable to pay only one-eighth share (of the produce). (R.K. Mookerji, Asoka.)

Sunday 29 May 2011

အသောကရဲ့ အက္ခရာများ - ၃၀

(၁) ဒေဝါနံပိယဂါ ၀စနေနာ သ၀တ မဟာမတာ
(၂) ၀တဝိယာ။ ဧ ဟေတာ ဒုတိယာယေ ဒေဝီယေ ဒါနေ
(၃) အံဗာ၀ဍိကာ ဝါ အာလမေ ၀ ဒါနဂဟေ ဝါ ဧ ဝါ ပိ အံနေ
(၄) ကီဆိ ဂနီယတိ တာယေ ဒေဝိယေ ဂေ နာနိ ဟေဝံ (ဝိ) န (တိ)
(၅) ဒုတီယာယေ ဒေဝိယေ တိ တီ၀လမာတု ကာလုဝါကိယေ။

ဒေဝါနံ ပိယမင်းကြီး၏ အမိန့်တော်ဖြင့် အမတ်ကြီးအပေါင်းတို့အား ကြားသိစေအပ်သည်မှာ-
ဒုတိယမိဖုရား လှူသော အရာဟူသ၍ကို သရက်ဥယာဉ်ဖြစ်စေ၊ ပန်းဥယာဉ်ဖြစ်စေ၊ အလှူစရပ်ဖြစ်စေ၊ အခြား မည်သည့်အရာပင်ဖြစ်စေ၊ မိဖုရား၏ အလှူဟု ရေတွက်မှတ်သားရာ၏။ ဤသို့လျှင် တီ၀ရ၏ မိခင် ဒုတိယမြောက် မိဖုရား ကာရုဝါကီ တောင်းပန်ပိ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

According to the words of His Sacred Majesty, the High Officers everywhere are to be addressed: "Whatever gift has been given here by the Second Queen be it a mango-garden, or pleasure-grove, or almshouse, or aught else is reckoned as proceeding from that queen." [Thus is the request] of the Second queen, the Karuvaki, mother of Tivara.' (V. A. Smith, Asoka, the Buddhist Emperor of India)

The Mahamatras of all places are to be instructed as follows at the word of His Sacred Majesty: Whatever gifts here be of the Second Queen, whether mango-groves or gardens or alms-houses or whatever else, these must be reckoned as of that Queen. [This is the request] of the Second Queen, the mother of Tivara, Karuvaki. (R.K. Mookerji, Asoka.)

Saturday 28 May 2011

အသောကရဲ့ အက္ခရာများ -၂၉

(၁) --- ---
(၂) --- ယာ ဘေတ(ဝေ)။ (သံ)ဃေ သမဂေ ကဋေ
(၃) ဘိခူနံ စ ဘိခုနီနံ စာ တိ ပုတပ=
(၄) ပေါတိကေ စံဒမသူရိယိကေ။ ယေ သံဃံ
(၅) ဘာခတိိ ဘိခု ဝါ ဘိခုနိ ဝါ သြဒါတာ-
(၆) နိ ဒုသာနိ သံနဓာပယိတု အနာဝါ=
(၇) သသိ ဝါသာပေတဝိယေ။ ဣဆာ ဟိ မေ ကိံ-
(၈) တိ။ သံဃေ သမဂေ စိလထိတီကေ သိယာ တိ။

(သံဃာကိုမ) ကွဲပြားစေရာ။ ဘိက္ခုသံဃာ (ရဟန်းယောကျင်္ားအဖွဲ့) ဘိက္ခုနီသံဃာ (ရဟန်းမိန်းမအဖွဲ့)တို့ကို စည်းလုံးညီညွတ်စေခဲ့လေပြီ။ ဤသို့ ညီညွတ်ခြင်းသည် သားစဉ်မြေးဆက် နေလနှစ်ပါး တည်သ၍ တည်ပါစေသတည်း။ ရဟန်းယောကျင်္ားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ သံဃာတို့၏ စည်းလုံးညီညွတ်ခြင်း အရှည်တည်မြဲစေရန် ကျွနုပ် အလိုရှိပေ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

. . . 'path is prescribed both for the monks and the nuns. As long as (my) sons and great-grandsons (shall reign and) as long as the sun and moon (shall shine), the monk or nun who shall cause divisions in the Samgha should be caused to put on white robes and to reside in a non-residence. For what is my desire? That the Samgha may be united and of long duration.' (V. A. Smith, Asoka, the Buddhist Emperor of India)

. . . (cannot) be divided. . . . the Samgha of the monks and nuns is made united as long as (my) sons and great- grandsons (shall reign and) as long as the sun and moon (shall shine). The monk or nun who shall break up the Samgha should be caused to put on white robes and reside in a non-residence. For what is my desire? That the Samgha may be united and be ever-lasting. (R.K. Mookerji, Asoka.)

Wednesday 25 May 2011

အသောကရဲ့ အက္ခရာများ -၂၈

(၁)ဒေဝါနံပိယေ အာနာပယတိ။ ကောသံဗိယံ မဟာမာတ
(၂)----သမဂေ ကဋေ။ သံဃသိ နော လဟိယေ
(၃)----သံဃံ ဘာခတိ ဘိခု ဝါ ဘိခုနိ ဝါ သေ ပိ စာ
(၄) သြဒါတာနိ ဒုသာနိ သနံဓာပသိတု အနာဝါသသိ အာဝါသယိယေ။

ဒေဝါနံပိယမင်းကြီး အမိန့် ချမှတ်တော်မူသည်မှာ-
ကောသမ္ဗီပြည်၌ အမတ်ကြီးတို့သည်---- ---- ညီညွတ်စေ၏။ သံဃာဘောင်၌ လက်မခံစေရာ။
ရဟန်းယောင်္ကျားသော်၎င်း၊ ရဟန်းမိန်းမသော်၎င်း၊ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍၊ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

'His Sacred Majesty, [Devdnampi]ye, commands the High Officers of Kosambi.' Whosoever, be it monk or be it nun, shall mislead the Church, shall be vested in white garments and compelled to dwell in an external residence.' (V. A. Smith, Asoka, the Buddhist Emperor of India)

His Sacred Majesty commands (thus). The Mahamatras, at Kaursambi ... is made united . . . should not be received into the Samgha. Also whosoever, monk or nun, breaks up the Samgha, after being clothed in white garments, shall take up abode in a place other than a monastery. (R.K. Mookerji, Asoka.)

Tuesday 29 March 2011

အသောကရဲ့ အက္ခရာများ - ၂၇

၁။ ဒေဝါ (နံပိယေ ပိယဒသိ လာဇာ)
၂။ ဧ လ
၃။ ပါဋ (လိပုတေ) ---ယေ ကေနပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ
၄။ ဘိခူ ဝါ ဘိခုနိ ဝါ သံဃံ ဘာခဆိ သေ သြဒါတာနိ ဒုသာနိ သံနံဓာပယိယာ အာနာဝါသသိ
၅။ အာဝါသယိယေ။ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိံနပယိတဝိယေ။
၆။ ဟေဝံ ဒေဝါနံပိယေ အာဟာ။ ဟေဒိသာ စ ဣကာ လိပီ တုဖာကံတိကံ ဟုဝါတိ သံသလနသိ နိခိတာ
၇။ ဣကံ စ လိပိံ ဟေဒိသမေ၀ ဥပါသကာနံတိကံ နိခိပါထ။ တေ ပိ စ ဥပါသကာ အနုပေါသထံ ယာဝု
၈။ ဧတမေ၀ သာသနံ ဝိသွံသယိတဝေ အနုပေါသထံ စ ဓုဝါယေ ဣတိကေ မဟာမာတေ ပေါသထာယေ
၉။ ယာတိ ဧတမေ၀ သာသနံ ဝိသွံသယိတဝေ အာဇာနိတဝေ စ။ အာ၀တေ စ တုဖာကံ အာဟာလေ
၁၀။ သ၀တာ ဝိဝါသယာထ တုဖေ ဧတေန ဝိယံဇနနေ။ ဟေမေဝံ သဝေသု ကောဋဝိဂဝေသု ဧတေန
၁၁။ ဝိယံဇနေန ဝိဝါသာပယာထာ။


(မူ-၁) မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီးသည်……….(ဤနေရာ၌ စာ ၂ကြောင်းခွဲးခန့် ပျက်စီး ရှိ၏၊)…ရဟန်းယောကျင်္ား, ရဟန်းမ-သံဃာတော်၏ အလုပ်အကျွေး အဖြစ်ဖြင့် အနာဂါရိက အဝတ်ဖြူ ဝတ်တို့ကို နေထိုင်စေတော်မူ၏၊ ဤအတိုင်း ဤသတင်းစကားကို ရဟန်းသံဃာတော် များ အထံတော်သို့၎င်း, ရဟန်းမ-သံဃာတော်များ အထံတော်သို့ ၎င်း, လျှောက်ထားခွင့်ပန်တော်မူ၏၊ မင်းတကာတို့ ချစ်ကြည်အပ်သော အသောက မင်းတြားကြီး မိန့်ပြန်တော်မူပြီ၊ ဤနှင့်အလားတူ စာသဝဏ် တခုကိုလည်း သင်တို့အထံ၌ ရှိပြီဟု ခရီးယာယီဆောင် စာတော် တခု ထားရှိစေတော်မူ၏၊ ဤနှင့်အလားတူ အမိန့်သဝဏ်စာ တစောင်ကိုလည်း ဥပါသကာတို့ အထံ၌ အပ်နှံထားကြစေ၊ ထိုဥပါသကာတို့လည်း ဥပုသ်နေ့တိုင်း ဤသဝဏ်စာတော်ကိုပင် ကောင်းစွာ ဖတ်ရှု၍့ သံသယကင်းအောင် ပြုလုပ်ကြစေ၊ ဥပုသ်နေ့တိုင်းလည်း ၂ကြိမ်တိုင် တယောက် တယောက်သော အမတ်ကြီးတို့ကို ဥပုသ် စောင့်သုံးပြုစုကြစေကုန်၊ ဤသဝဏ်စာ တခုကိုပင် သံသယ ကင်းအောင် သိနားလည်ကြစေ၊ ဤအမိန့်မှတ်ချက်စာတော်ဖြင့်ပင် သင်တို့ အခွင့်အလှည့် ကုန်သည်တိုင်အောင် ထိုထို နေရပ်တို့၌ ပြောင်းလှဲး နေထိုင်ကြစေ၊ အလုံးစုံသော ကျောင်း-အာရာမ်တို့၌ ဤစာဖြင့်သာ ပြောင်းရွှေ့နေထိုင်ကြစေ။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

(မူ-၂) နတ်တို့ချစ်အပ်သော အသောကမင်တြားကြီး ဤသို့ မြွက်ကြား၏၊ သံဃာတော်များသည် ဂိုဏ်းအသင်းအပင်း မကွဲးပြားရ၊ မည်သူမဆို, ရဟန်းဖြစ်စေ, ရဟန်းမဖြစ်စေ ဂိုဏ်း-အသင်းအပင်းခွဲးခဲ့လျှင်, အဝတ်ဖြူ ဝတ်စေ၍့ ရဟန်းတို့ နေရာမဟုတ်ရာတွင် နေထိုင်စေလိမ့်မည်။ ဤစာတော်ကို ရဟန်းနှင့် ရဟန်းမတို့အား ပြန်ကြားသိကြစေရမည်။
အသောကမင်းတြားကြီး ဤသို့ မြွက်ကြားတော်မူ၏။ -ဤနှင့်အလားတူ အမိန့်စာကို တည်ထား ရှိစေရမည်ဟု စည်းဝေးရာ၌ သင်တို့အား မြွက်ကြားပူးပြီ၊ ထိုမှ တပါး ရေးသားသည့် စာချွန်ကိုလည်း ဥပါသကာမတို့အတွက် ဖော်ပြရေးသားရမည်။ ဥပါသကာတို့ကလည်း ဤစာတော်ကို ယုံကြည် လေးစားစွာ အားထုတ်ရန် လ၏့ ပထမနေ့တိုင်း ဂရုစိုက်ကြရမည်။ ထို့အတူ လ၏့ ပထမနေ့တိုင်း ဤစာတော်၌ ပါဝင်စေ၍့ မိမိတို့ကိုယ်တိုင် ယုံကြည်စွာ အားထုတ်ရန် ကြောင့်ကြစိုက်ကြရမည်။
ထို့ပြင်, သင်တို့ ဒိုင်နယ် အကျယ်အဝန်း ရှိသမျှ အတွင်း၌ အစေ့-အင စာတော်၏့ အာဘော်ကို သိနားလည်စေရမည်၊ ထို့အတူလျှင် မြို့တော်များ ဒိုင်နယ်များအတွင်း၌လည်း ဤစာတော်နှင့် အညီ ပြုကျင့်လိုက်နာစေရန် ပြန်ကြားသိစေရမည်။ (အသောကမင်းတရားကြီး၏ အသောကကျောက်စာတော် - အရှင်အာဒိစ္စဝံသ)

နတ်တို့ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး မိန့်တော်မူသည်မှာ-
ပါဋလိပုတ်ပြည်၌၎င်း၊ ပြင်ပမြို့တို့၌၎င်း၊ မည်သူမျှ သံဃာကို ဂိုဏ်းမခွဲရာ။ တစုံတယောက်သော ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမသည်၊ သံဃာကို ဂိုဏ်းခွဲအံ့။ ထိုသူအား ဝတ်ဖြူကို ဝတ်စေ၍၊ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။
ဤသို့လျှင်၊ ဤအကြောင်းကို၊ ဘိက္ခု သံဃာ (ရဟန်းယောင်္ကျားအဖွဲ့)အား၎င်း၊ ဘိက္ခုနိသံဃာ (ရဟန်းမိန်းမအဖွဲ့)အား၎င်း၊ လျှောက်ကြားထားစေရာ၏။
နတ်တို့ချစ်မြတ်နိုးသော မင်းကြီး ဤသို့ မိန့်တော်မူ၏။
ဤအမိန့်စာ၏ မိတ်တူတစောင်ကို အသျှင်တို့ အထံ၌ ရှိစေ၍၊ အသျှင်တို့ စုရုံးသတင်းသုံရာ ကျောင်း၌ သိမ်းဆည်းထားပါလေ၊ အခြား မိတ်တူတစောင်ကို၊ အသျှင်တို့၏ လူဒါယကာများထံ၌ သိမ်းဆည်းထားပါလေစေ။ ထိုလူဒါယကာတို့သည်လည်း ဥပုသ်နေ့တိုင်း ဤအမိန့်တော်၌ ယုံကြည်ကိုးစားစိတ် ဖြစ်ပေါ်စေခြင်းငှာ (သံဃာတို့ ရှိရာသို့) သွားကြစေသတည်း။ ဥပုသ်နေ့တိုင်းပင်၊ အမတ်ကြီးတဦးကျစီလည်း၊ ဥပုသ်စောင့်သုံးရန်၊ ဤအမိန့်တော်၌ ယုံကြည်ကိုးစားစိတ် ဖြစ်စေရန်နှင့်၊ ဤအမိန့်တော်ကို ကြေငြာရန် မပျက်မကွက် သွားကြပေလိမ့်အံ့။ သင်တို့ မှီကမ်းနိုင်သလောက် အရပ်တိုင်းတို့သို့လည်း၊ ဤအကြောင်းကို၊ အမိန့်တော်ပါစကားအတိုင်း သတင်းဖြန့်လွှင့်ကြကုန်ရာ၏။ ထိုနည်းတူစွာ ဤအကြောင်းကို အမိန့်တော်ပါ စကားအတိုင်း ခပ်သိမ်းသော ခရိုင်မြို့တို့သို့လည်း၊ သတင်းဖြန့်လွှင့်စေရာ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

[Thus saith] His Sacred [and Gracious] Majesty [the King]:
(I) ‘[Both] at Pata[liputra and in the provinces, His Sacred Majesty instructs the High Officers that] the Church may not be rent in twain by any person Whosoever, be it monk or be it nun, shall mislead [lit. “deflect”] the Church shall be vested in white garments and compelled to dwell in an external residence. Thus should this order be made known, both in the congregation of the monks and in the congregation of the nuns.’
(II) Thus saith His Sacred Majesty: ‘One copy of this order (sasane) accessible to you has been posted in the samsarana. See that you have another copy posted so as to be accessible to the lay-disciples. Those lay-disciples, too, on every fast-day must make themselves acquainted with this ordinance (sasane). On every fast-day throughout the year the High Officers must attend the fast-day service in order to make themselves acquainted and familiar with the order. And so far as your jurisdiction extends you must, in accordance with this text, everywhere carry out the expulsion. Similarly, in all fortified towns and Districts you must see that the expulsion is effected according to the text.’ (V. A. Smith, Asoka, the Buddhist Emperor of India)

(Thus ordains) His Sacred (and Gracious) Majesty...Pata (liputra)... the Samgha cannot be torn asunder by any one whatsoever. Whoever, monk or nun, breaks up the Samgha must be made to wear white garments and to take up abode in a place other than a monastery.
Thus should this order be made known in the Samghas of Bhiksus as well as of Bhiksunis.
Thus directs His Sacred Majesty: Let one such Edict be with you, deposited in the cloister of the vihara; deposit ye another self-same Edict with the Updsakas (lay- worshippers).
Those Updsakas may come on each fast day in order to acquaint themselves with this very Edict. And on every fast day regularly (will) each Mahamatra go for the fast- day service in order to acquaint himself with this Edict and understand it fully. And as far as your jurisdiction extends, you are to get dispatched everywhere (an order) to this effect. In this manner, also, in all fortified towns, and districts, have this order sent out to this effect. (R.K. Mookerji, Asoka.)

Thus commands king Priyadarsi the Beloved of the gods…………. Pataliputra………the Samgha cannot be divided by any body. But whosoever creates schism in the Samgha, be it a monk or nun, shall be dressed in white garments, and forced to live in what is not a place (of mendicants). Thus, this command should be communicated to the Samghas of monks and nuns.
Thus saith the Beloved of the gods: One such edict has been deposited with you in your office so that it may be within your reach. And deposit ye another copy of such edict so as to be within the reach of the laity. And these lay worshippers may come on every fast day, to know and understand this very edict. And regularly on every fast day will each Mahamatra go for the fast day service in order to understand and know this edict fully well. And as far as your jurisdiction goes, you must proceed on tour with this specification (of order). Likewise you must send your subordinates to the fortified towns and districts sub-divisional areas with this specification (of order). (Naresh Prasad Rastogi, Inscriptions of Asoka)

Friday 25 March 2011

အဦးအဖျား


ယဒါ ယတ္ထ ပဏ္ဏကိသလယော ဥပ္ပဇ္ဇတိ။
တသ္မိံ ၀သန္တေ တမှိ ပဒေသေ ပုဗ္ဗာလင်္ကာရော ဥပ္ပဇ္ဇတိ။

နွေဦး
ရွက်ဖျား

Sunday 20 March 2011

အကြွအလှမ်း


သုပ္ပတိဋ္ဌိတစိတ္တော
သုပ္ပတိဋ္ဌိတပါဒေါ
စိတ်တည်
ခြေညီ

Wednesday 9 March 2011

ဣန္ဒြေ



ဣတ္ထီ ဣတ္ထိန္ဒြိယန္တိ? နော။

အမ...
အစိုးရ...?
အမှား...။

Sunday 30 January 2011

လှစ်ဟထားတဲ့ ဂင်္ဂါတံခါး



မနက်ခင်းက ဝေဝေဝါးဝါး။
လျှောက်ခဲ့တဲ့ လမ်းမှာ စမ်းတဝါးဝါး။
ရောက်ခဲ့တာက မြစ်ကမ်းနံပါး။

Wednesday 19 January 2011

မာတာ ဂင်္ဂါ





ဟရ မေ မလံ !!!
အို..အမိဂင်္ဂါ
သားရဲ့ ညစ်နွမ်းမှုကို ဆောင်ယူလှည့်ပါ...။

Tuesday 18 January 2011

ဒဿနကို ထရံပေါက်မှ ချောင်းကြည့်ခြင်း



ပဿတိ ပဿော ပဿန္တံ၊ အပဿန္တဉ္စ ပဿတိ။
အပ္ပဿန္တော အပ္ပဿန္တံ၊ ပဿန္တဉ္စ နပဿတိ။

" မြင်တဲ့သူဟာ မြင်တဲ့လူကိုရော၊ မမြင်တဲ့လူကိုရော မြင်တယ်။
မမြင်တဲ့လူဟာ မမြင်တဲ့လူကိုရော မြင်တဲ့လူ ကိုပါ မမြင်ဘူး "

သိမှ သိ/မသိ ကို သိသည်၊
မသိက သိ/မသိ ကို မသိ။
မသိလျှင်တွယ်၊ သိလျှင်ပြယ်သည်
တွယ်လျှင်ဘေး၊ ပြယ်လျှင်အေးသည်။
မသိက တစ်ပတ်ပတ်၊ သိ မှ အပြီးသတ်သည်။
မသိအစ သိကအဆုံး၊ ကိစ္စတုံးသည်။
ဒီပဲယင်းဆရာတော်

"The End of the Long Peregrination."
He who knows not, that he knows not and knows;
He who knows not, knows not that he knows not and knows;
He who knows not, is attached and who knows, is detached;
He who is attached, runs the risk of danger;
He who knows detached, enjoys the bliss of peace;
He who knows not turns around a round;
He who knows, turns no other round;
For who knows not, it is the beginning.
For who knows, it is the end and passing over of all things.
Translated by Mya Than Tint

ဒါတွေကို ဒီက တွေ့တာ။
ဒီမှာလဲ ဒီလို တွေ့သေးတယ်…။

Knows and Knows Not (variations)

He who knows not and knows not that he knows not is a fool; avoid him.
He who knows not and knows that he knows not is a student; teach him.
He who knows and knows not that he knows is asleep; wake him.
He who knows and knows that he knows is a wise man; follow him.
Attributions: Persian apothegm, Sanskrit Saying

He who knows not, and knows not that he knows not, is a fool. Shun him.
He who knows not, and knows that he knows not is simple. Teach him.
He who knows, and knows not that he knows, is asleep. Wake him.
He who knows, and knows that he knows is wise. Follow him.
Sir Richard Burton, Anonymous Arabic Proverb,

He who knows not, and knows not that he knows not, is a fool...shun him.
He who knows not, and knows that he knows not, is willing...teach him.
He who knows, and knows not that he knows, is asleep...awaken him.
He who knows, and knows that he knows, is wise...follow him.
Chinese Probverb

ဒီထက် သိတဲ့မြင်တဲ့သူရှိရင်လဲ လမ်းညွှန်ပါအုံးဗျာ။

Wednesday 5 January 2011

လွတ်ငြိမ်းသုခ

မေဓာဝီရဲ့ ကဗျာတစ်ပုဒ်ကို ပါဠိဘာသာပြန်ထားတာပါ။။ မူရင်းက ဒီမှာ
(၁) တက္က
ပမုတ္တော နူန သကုဏော
အာကာသေ ပက္ခန္ဒန္တော။
ပမုတ္တာ နူန သုဝဏ္ဏမစ္ဆာ
ဇလတလေ ကီဠန္တာ။
ပမုတ္တာ နူန ဒါရကာ
မဂ္ဂေ ဝိစရန္တာ။
(၂) အနုဋ္ဌာန
အဟော သကုဏော
မာယာကာရံ အပဿန္တော
ခါဒနီယံ ပတ္ထယန္တော
လုဒ္ဒကဿ ပါသေန ဗဒ္ဓော။
အဟော သုဝဏ္ဏမစ္ဆော
ကာစမယဂေဟံ
အဏ္ဏဝေါ ဝိယ မညမာနော
ပ္လ၀န္တော ကီဠန္တော
ဘုဉ္ဇန္တော ယထာရုစိံ ဝသန္တော
ကာလံ ကတော။
အဟော ဒါရကာ
ဥပ္ပထံ စရန္တာ ဗုဘုက္ခန္တာ
တိဋ္ဌန္တာ၀ မဂ္ဂမဇ္ဈေ ရောဒန္တာ
မာတုယာ ပဟာရံ အလဒ္ဓါပိ
လောကဒ​ဏ္ဍေ ဌိတာ။
(၃) သင်္ကပ္ပ
ကထံ ပန သုဝိမုတ္တိ?
ကေ စ ပန ဝိမုတ္တိံ အနုပါပုဏန္တိ?
ကော နု ခေါ ဝိမုတ္တိံ ဒေတိ?
ဂဝေသန္တော ဟာနိံ ပတ္တော
ပစ္ဆိမကာလေပိ
နာဟံ ဝိမုတ္တိရသဿ ဘာဂီ
အထ… … … …
(၄) ဒိဋ္ဌိ
ပမုတ္တိယာ အပရေ
အန္တရာယာ။
ပမုတ္တိယာ ကူဋေ
၀ဉ္စနာ။
ပမုတ္တကာယောပိ
တုစ္ဆဟတ္ထော
နိရာပရာဓေ ဘဝေ
သမ္ပဿန္တော
ပမုတ္တိံ အပရိယေသိတုကာမော…။
(၅)အာသီသ
နာဟံ ဣစ္ဆာမိ သကုဏဘာဝံ
ခဏ္ဍပက္ခိံ ဝေဟာသံ ဥပ္ပတန္တံ။
နာဟံ ဣစ္ဆာမိ မစ္ဆဘာဝံ
သြဃေ နိမုဇ္ဇန္တံ။
နာဟံ ဣစ္ဆာမိ မနုဿဘာဝံ
လောကဓမ္မေန
လောကဒဏ္ဍံ ဝေဒယမာနံ။
ဗုဒ္ဓ၀ရ !
သံသာရဝဋ္ဋဒုက္ခတော
မောစနတ္ထာယ
သမ္မာကမ္မန္တံ
သမ္မာသင်္ကပ္ပံ
ဓမ္မံ
စတုသစ္စံ
ပဋိဝေဓနတ္ထာယ
ဝီရိယံ သမ္ပာဒေဿာမီတိ.ယံ ပတ္ထနာ…။