Thursday 7 June 2007

နတ္ထိရဲ့ နိဂုံး


စိရံ တိဋ္ဌတု နိဗ္ဗင်္ကော၊
ဝင်္ကဓမ္မော ဝိနဿတု။

ကောက်ကျစ်မှုတွေ လွင့်ပါးပါစေ။
ဖြောင့်မတ်မှုတွေ ထင်ရှားပါစေ။

ယနေ့မှ စ၍ ဘလောဂ့်ကမ္ဘာမှ အပြီးအပိုင် ထွက်ခွာသွားတော့မည် ဖြစ်ပါကြောင်း အသိပေးပါသည်။ နွေးထွေးမှုကို ပေးခဲ့သော ဘလောဂ့််ဂါအပေါင်း ပျော်ရွှင်ပါစေကြောင်း ဆုမွန်တောင်းပါသည်။ အမှားအယွင်းများရှိခဲ့လျှင် ခွင့်လွှတ်ဖို့ရာ တောင်းပန်ပါသည်။ အားလုံးကို ကျေးဇူးတင်ပါသည်။

အမှတ်တရ ဘလောဂ့်လေးကို ထားခဲ့ပါရစေ။

နတ္ထိရဲ့ ခရီး (ကုသိနာရုံ)


ဝိဇိတဝိဇယ.မဓိဂတဖလသုခ.မိဓ၊
ဇဟိတမရဏဘယ.မရိယသမဏ.မထ။
ယဒိ ယမဝိသယ.မဓိဂတ.မဘိယဇသိ၊
တ၀ ဟဒယ.မမိတ.မမတ.မနုဘဝတိ။

မာရ်အပေါင်းကို အောင်တော်မူပြီးသော
အရဟတ္တဖိုလ်ချမ်းသာကို ရတော်မူပြီးသော
ကိသေသာအပူမှန်သမျှကို အကြွင်းမရှိ ငြိမ်းအေးစေပြီးသော
သေခြင်းမှ ကြောက်ရွံ့မှုကို ပယ်စွန့်တော်မူပြီးသော
သေမင်းပိုင်နက်ကို လွန်မြောက်တော်မူပြီးသော
မြတ်ဗုဒ္ဓကို မြတ်နိုးကော်ရော် ပူဇော်ပါလျှင်
သင့်ရဲ့ နှလုံးသားသည်
အနှိုင်းမဲ့ အမြိုက်အရသာကို ခံစားရနိုင်၏။
.
ဒီဂါထာကို “အစလဓိတိ”လို့ ခေါ်တယ်။ မတုန်လှုပ်သော တည်ကြည်ခြင်းလို့ ဆိုလိုတယ်။ တစ်ပါဒ တစ်ပါဒမှာ အက္ခရာ ၁၆လုံးပါတယ်။ အဲဒီ့အက္ခရာတွေ အားလုံး လဟုတွေပဲ။ လဟု ဆိုတာက အ, ဣ, ဥ ဆိုတဲ့ အသံ တိုတဲ့ သရတွေနဲ့ပဲ တွဲစပ်ထားတဲ့ ဗျည်းတွေပေါ့။ အာ ဤ ဥူ ဧ သြ ဆိုတဲ့ အသံရှည်သရတွေ မပါဘူး။ ဒါတွေနဲ့တွဲရင် ဂရု ဖြစ်သွားတယ်။ လဟုဆိုတာက ပေါ့တာ။ ဂရုဆိုတာ လေးတာ။ အသံပေါ့။ အသံလေး။ ဒါကို ပြောတာပါ။ ဒါတွေက ပါဠိသဒ္ဒါနဲ့ ဂါထာရေးထုံးတွေပါတဲ့ ဆန်းကျမ်းတို့ရဲ့ အနေအထားတွေပါ။ ဒီဂါထာကို ရေးခဲ့တာ ဘယ်လောက်ကြာပြီလဲ။ ၁၀ နှစ်လောက် ရှိပြီ။ အတော် ကြာပြီပဲ။ ဘာ ရည်ရွယ်ချက်နဲ့ ရေးခဲ့တာလဲ။ မြတ်ဗုဒ္ဓရဲ့ အနုပါဒိသေသနိဗ္ဗာနဓာတ်ကို ပူဇော်တဲ့ အနေနဲ့ ရေးဖွဲ့ခဲ့တာ။ ခေါင်းစဉ်လေးတောင် ရှိသေးတယ်။ ဘာတဲ့…
အနုပါဒိသေသနိဗ္ဗာနဓာတုပူဇနပဋိသံယုတ္တာဘိမင်္ဂလကထာ
အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းသဘောကို အလေးအမြတ်ထားခြင်းနှင့် သက်ဆိုင်သော မင်္ဂလာစကား
.
အဲဒီအချိန်တုန်းကတော့ စာပေအရသာကို အပြည့်အဝ ခံစားရင်း ရေးဖွဲ့ခဲ့တာ။ ကိုယ်တိုင်လဲ ကျေနပ်ကြည်နူးလို့လေ။ တစ်ခုထဲသော ရည်ရွယ်ချက်နဲ့ အရမ်းကို တက်ကြွနေခဲ့တာပေါ့။ ကောင်းပါတယ်။ ဒီလို အချိန်မျိုး ဘဝမှာ ကြုံတွေ့ခဲ့ရတာ တကယ် တန်ဖိုးရှိတယ်။ ဒါပေမယ့် အချိန်က အငြိမ်မနေပါ။ နောက်ပြန်မလှည့်သော ပြတ်သားမှုမျိုးနဲ့ ရှေ့သို့ ချီတက်နေတာ။ ယက်ကန် ယက်ကန်နဲ့ လိုက်လာတာ အခု အချိန်ကို မီးမောင်းထိုးပြရရင် အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။ ပျိုမြစ်ခြင်းတို့ ဆိတ်သုန်းခဲ့ပြီ။ တက်ကြွမှုတို့ လျော့ပါးခဲ့ပြီ။ လေလွင့်စွာနဲ့ လမ်းခွဲမှာ တွေဝေနေလေပြီကော။ အဆုံးမဲ့ ခရီးသွား ရပ်နားခွင့် မကြုံခဲံလေပြီကော။ ငိုကြွေးမှုအာဟာရနဲ့ ကြွေလွင့်မယ့် အချိန်ကာလ မဝေးတော့ပြီ….။ တစ်ခုတော့ ရှိတယ်။ ပြုပြုသမျှတွေ သမိုင်းရေစီးကြောင်းမှာ အဖတ်ဆယ်လို့ ရမရ။ ဒါပဲ။ ဒါကိုတော့ မမေ့သင့်ဘူး။
.
အပ္ပမာဒေါ အမတံ ပဒံ၊
ပမာဒေါ မစ္စုနော ပဒံ။
အပ္ပမတ္တာ န မီယန္တိ၊
ယေ ပမတ္တာ ယထာ မတာ။

မမေ့လျော့ခြင်းသည် မသေခြင်း၏ အကြောင်း။
မေ့လျော့ခြင်းသည် သေခြင်း၏ အကြောင်း။
မမေ့လျော့သူတို့ မသေကြ။
မေ့လျော့သူတို့ သေကြ၏။

၂၀၀၇ ဖေဖော်ဝါရီ ၂၅ နေ့မှာ ကုသိနာရုံကို ရောက်ခဲ့တယ်။ နေရာ နှစ်ခု သွားကြည့်တယ်။ ပထမဦးဆုံး ဗုဒ္ဓသရီရ တေဇောဓာတ်လောင်ကျွမ်းတဲ့ နေရာ။ နောက်တစ်နေရာက ဗုဒ္ဓပရိနိဗ္ဗာန်စံတော်မူပုံ ရုပ်ပွားတော်ရှိတဲ့ နေရာ။ ဘုရားလောင်း ဖွားမြင်တဲ့နေရာ ဘုရားဖြစ်တော်မူတဲ့နေရာ ဘုရားတရားဦးဟောတဲ့နေရာ သုံးခု ရောက်ခဲ့ပြီးသား။ အဲဒီနေရာတွေ ရောက်တုန်းက ခံစားမှုမျိုးနဲ့ မတူတဲ့ ဝေဒနာတစ်ရပ်ကို ကုသိနာရုံ ရောက်တော့ ခံစားမိတယ်။
.

အနိစ္စာ ၀တ သင်္ခါရာ၊
ဥပ္ပါဒါ၀ယဓမ္မိနော။
ဥပ္ပဇ္ဇိတွာ နိရုဇ္စျန္တိ။
တေသံ ဝူပသမော သုခေါ။

သင်္ခါရတရားတို့သည် မမြဲ။
ဖြစ်ပြီး ပျက်တတ်၏။
ဖြစ်ပျက်တတ်သောသဘောတို့၏
ကင်းငြိမ်းခြင်းသည် ချမ်းသာခြင်းတည်း။
.

ဒီသဘောလေးကို ခံစားမိလို့လား။ ဟုတ်သလိုလိုပဲ။ သိမ်သိမ်မွေ့မွေ့လေး။ စိတ်ထဲမှာ။ နှလုံးသားထဲမှာ။ တစ်မျိုးကြီးပဲ။ အဲဒါ သံဝေဂ ဆိုတာလား။ တုန်လှုပ်နေတာလား။ ဟုတ်လား မဟုတ်ဘူးလား ဆိုတာတောင် ဝေခွဲမရတော့။ သွားပြီ။ အမြင်အာရုံတွေ ဝါးတားတား။ ဘာဖြစ်တာလဲ။ မသိဘူး။ ဒူးထောက်ကျသွားတယ်။ ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဝပ်စင်းလို့ ခြေတော်အစုံ ကြာပဒုံကို ခိုလှုံဦးခိုက်မိခဲ့တယ်။
.
.
ရာဂါနတဗ္ဘုတသရောဇမုခံ ဓရာယ၊
ပါဒါ တိလောကဂုရုနော.ဓိကဗဒ္ဓရာဂါ။
အာဒါယ နိစ္စသရသေန ကရေန ဂါဠှံ၊
သဉ္စမ္ဗယန္တိ သတတာဟိတသမ္ဘမေန။

မြေလွှာမိန်းမပျိုရဲ့
တပ်မက်ဖွယ်ရာ ညွတ်ကျလာသော
အံ့သြဖွယ်ရာ ပဒုမာကြာပွင့်မျက်နှာကို
သုံးလောကထွတ်ထား မြတ်ဘုရားရဲ့
တပ်မက်စွဲငြိနေသည့် ယောကျင်္ားပျိုခြေတော်အစုံက
အမြဲတမ်း တမ်းတနေသည့် လက်နဲ့
အားပါးတရ ပွေ့ဖက်ပြီး
အစဉ်ထာ၀ရ မြတ်နိုးတွယ်တာမှုနဲ့
နမ်းရှုိုက်လေပြီတကား…။

Tuesday 5 June 2007

နတ္ထိရဲ့ ကဗျာဗေဒ

ပန်ဒိုရာ က ကဗျာဆိုတဲ့ စကားလုံးရဲ့ အနေအထားလေးတွေကို သိချင်တယ်လို့ ကွန့်မန့် ထဲမှာ ပြောသွားလို့ ကိုယ်လဲ စပ်စပ်စုစုနဲ့ စမ်းတဝါးဝါး လေ့လာကြည့်လိုက်တယ်။ အဓိကအနေနဲ့ ပါဠိစာပေကို အခြေခံပြီး ကိုးကားချက်လေးတွေ စုစည်းထားပါတယ်။

သဒ္ဒါကျမ်းများ၏ အဆို

ပုဂံခေတ်က ရေးခဲ့တဲ့ သဒ္ဒနီတိသဒ္ဒါကျမ်းက အဆိုအမိန့်လေးကို ဒီနေရာမှာ သက်ဆိုင်တယ်လို့ ထင်ပြီး ကိုးကားချင်တယ်။

မနောဟရတာယ အဝဿံ ကုယျတိ ပဏ္ဍိတေဟီတိ ကဗ္ဗံ။ ကာဝိယံ။ ကာဝေယျံ။

စိတ်မနောကို စွဲငြိတတ်လို့ မလွဲမမှားအောင် ပညာရှိတို့ ရွတ်ဖတ်ရသည်။
ထို့ကြောင့် ကဗ္ဗ-ကဗျာ ဟု ခေါ်၏။
ကာဝိယ, ကာဝေယျ လည်း ထို့အတူ ဖြစ်၏။

အညတြ ပန ကဝီနံ ဣဒန္တိ ကဗ္ဗန္တိ တဒ္ဓိတ၀သေန အတ္ထော ဂဟေတဗ္ဗော။

တခြားသောနေရာ၌ “ကဗျာဆရာတို့၏ ဥစ္စာသည်” “ကဗ္ဗ-ကဗျာ” ဖြစ်၏ ဟု သဒ္ဒါသဘောအရ အဓိပ္ပါယ်ကို မှတ်ယူရ၏။

ကေစိ တု ကာဗျန္တိ သဒ္ဒရူပံ ဣစ္ဆန္တိ၊

တစ်ချို့က “ကာဗျ” ဟူသည့် ပုဒ်ကို ကြိုက်ကြ၏။

န တံ ပါ၀စနေ ပမာဏံ သက္ကဋဘာသာဘာ၀တော။

ဤပုဒ်သည် သက္ကဋဘာသာစကားဖြစ်၍ ဗုဒ္ဓဒေသနာတော်၌ အရေးမပါ။

သက္ကဋဘာသာတောပိ ဟိ အာစရိယာ နယံ ဂဏှန္တိ။

သို့သော် ဆရာတို့သည် သက္ကဋဘာသာစကားမှလည်း နည်းစနစ်ကို ရယူကြသည်။

လန်ဒန်က Pali Text Societyက ထုတ်တဲ့ Pali English dictionary ကတော့ ဒီလို ဆိုထားတယ်….

ကာဝေယျ….(1) poetry, the making of poems, poetry as business, one of the forbidden occupations
(2) Poetry, song, poem.

ကဗ္ဗ…a poem, potential composition, song

ကဗျ=ကဗ္ဗ…alankara composing in beautiful verses, a beautiful poem


ဒါဆိုရင် ကာဝိယ ၊ ကာဝေယျ ၊ ကဗ္ဗ၊ ကာဗျ အဓိပ္ပါယ် အသီးသီး ရှင်းသွားပါပြီနော်။

ကဝီနံ ဣမံ ကဗျံ ယံ ဂီတန္တိ ဝုစ္စတိ

“ကဗျာဆရာတို့ရဲ့ ဥစ္စာသည် ကဗျ” မည်၏။ “သီချင်း” ဟု ခေါ်၏။

ကဝိမှိ ဘဝံ ကဗျံ ကဝီနံ အယံ ဝါ ကဗျာ

ကဗျာဆရာ၌ ဖြစ်ပေါ်၏။ထို့ကြောင့် “ကဗျ” ဟု ခေါ်၏။
တနည်းအားဖြင့် ဆိုရလျှင် ကဗျာဆရာတို့၏ ဖန်တီးမှုသည် ကဗျာ ဟု ခေါ်၏။

ဒီစကားတွေကိုတော့ အကုန်လုံး မတွေ့ဖူးဘူး။ ကဝိမှိ ဘဝံ ကဗျံ ဆိုတဲ့ စကားလေးကိုပဲ ရူပသိဒ္ဓိလို့ ခေါ်တဲ့ သီရိလင်္ကာသဒ္ဒါကျမ်းမှာ တွေ့မိတယ်။ အခု လက်ထဲမှာ အလွယ်တကူ ရှိနေတဲ့ သဒ္ဒါကျမ်းတွေကိုပဲ ကြည့်နိုင်တယ်။ မြန်မာပြည်မှာလို စာအုပ်စုံစုံ ရှိရင်တော့ ပိုပြီး ပြောနိုင်မလားပဲဗျာ။




ပိဋကတ်တော်၏ အဆို

ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ဗြဟ္မဇာလသုတ် မဟာသီလအဖွင့်မှာ ဒီလို ပြောတယ်။

ယထာ ဝါ ပနေကေ ဘောနေ္တာ သမဏဗြာဟ္မဏာ သဒ္ဓာဒေယျာနိ ဘောဇနာနိ ဘုဉ္ဇိတွာ တေ ဧ၀ရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝေန ဇီဝိတံ ကပ္ပေန္တိ၊ …….ကာဝေယျံ၊ ……. ဣတိ ဝါ ဣတိ ဧ၀ရူပါယ တိရစ္ဆာနဝိဇ္ဇာယ မိစ္ဆာဇီဝါ ပဋိဝိရတော သမဏော ဂေါတမောတိ။

ရဟန်းပုဏ္ဏားတို့သည် သဒ္ဓာတရားဖြင့် ပေးလှူထားသော ဘောဇဉ်တို့ကို သုံးဆောင်းရင်း …………………………..တိရိစ ္ဆာန်အတတ်ပညာများဖြင့် ယုတ်မာစွာ ရှင်သန်ကြ၏။ ဗုဒ္ဓသည် ၄င်းတို့ကို ဘယ်တော့မှ မလုပ်။
အဲဒီထဲမှာ ကာဝေယျပါတယ်။ သီချင်းကဗျာရေးဖွဲ့ခြင်း။

ဒီပါဠိကို ဖွင့်ဆိုတဲ့ အဖွင့်ကျမ်းကတော့ ကာဝေယျမှာ ကဝိ လေးမျိုး ပြထားတယ်။

ကာဝေယျန္တိ စတ္တာရောမေ၊ ဘိက္ခဝေ၊ ကဝီ။ ကတမေ စတ္တာရော။ စိန္တာကဝိ၊ သုတကဝိ၊ အတ္ထကဝိ၊ ပဋိဘာနကဝီတိ…….ဇီ၀ကတ္ထာယ ကဗျကရဏံ။

ကိုယ်တိုင် ကြံစည်ပြီး ရေးတဲ့ ကဗျာဆရာ
ပြောတာ ကြားပြီး ရေးတဲ့ ကဗျာဆရာ
အဓိပ္ပါယ်ကို ရေးတဲ့ ကဗျာဆရာ
အကြောင်းညီညွတ်တဲ့ခါ ဖြတ်ထိုးဉာဏ်နဲ့ ရေးတဲ့ ကဗျာဆရာ

ပြီးတော့မှ ကာဝေယျကို အဓိပ္ပါယ် ရှှုင်းပြတယ်။
အသက်မွေးဝမ်းကြောင်းအတွက် ကဗျာရေးတာပါတဲ့။


သံယုတ္တနိကာယ် သဂါထာဝဂ္ဂ မာရသံယုတ် ဒုတိယဝဂ္ဂ သကလိကသုတ်မှာ မာရ်နတ်က ဗုဒ္ဓကို ဒီလို မေးတယ်….

မန္ဒိယာ နု ခေါ သေသိ ဥဒါဟု ကာဝေယျမတ္တော၊
အတ္ထာ နု တေ သမ္ပစုရာ န သန္တိ။
ဧကော ဝိဝိတ္တေ သယနာသနမှိ၊
နိဒ္ဒါမုခေါ ကိမိဒံ သောပ္ပသေ ဝါတိ။

တွေဝေငေးမောလျက် အိပ်နေသလား။ ဒါမှမဟုတ် ကဗျာဆရာတစ်ယောက်လို ကဗျာရေးဖွဲ့တာ မြတ်နိုးနေသလား။ နိဗ္ဗာနဓာတ် သင့်မှာ ကောင်းကောင်း ရှိပုံ မရ။ ဆိတ်ငြိမ်ရာအရပ်မှာ တစ်ယောက်ထဲ အိပ်ရာထဲမှာ အိပ်နေလို့ ဘာလုပ်မှာလဲ။

ဗုဒ္ဓက ဒီလို ဖြေတယ်….

န မန္ဒိယာ သယာမိ နာပိ ကာဝေယျမတ္တော၊
အတ္ထံ သမေစ္စာဟမပေတသောကော။
ဧကော ဝိဝိတ္တေ သယနာသနမှိ၊
သယာမဟံ သဗ္ဗဘူတာနုကမ္ပီ။

တွေဝေငေးမောပြီး မအိပ်ပါ။ ဒါမှမဟုတ် ကဗျာရေးဖွဲ့တာကို မြတ်နိုးမှု မရှိပါ။ နိဗ္ဗာနဓာတ်ကို သက်ဝင်ပြီး သောက ကင်းကင်းနဲ့ ဆိတ်ငြိမ်ရာမှာ တစ်ယောက်ထဲ သတ္တဝါအားလုံးအပေါ် ကြင်နာသနားလျက် အိပ်ရာထဲမှာ ငါ လဲလျောင်းနေတာပါ။


နောက်တစ်ခုက သံယုတ္တနိကာယ််ထဲကပဲ ဝင်္ဂ ီသ သံယုတ် ဝင်္ဂ ီသသုတ်ထဲမှာ အရှင်ဝင်္ဂ ီသရဲ့ စကားလေးတွေ….

ကာဝေယျမတ္တာ ဝိစရိမှ ပုဗ္ဗေ၊ ဂါမာ ဂါမံ ပုရာ ပုရံ။
အထဒ္ဒသာမ သမ္ဗုဒ္ဓံ၊ သဒ္ဓာ နော ဥပပဇ္ဇထ။


ဟိုတုန်းကတော့ သီချင်းကဗျာရေးဖွဲ့တာကို မြတ်မြတ်နိုးနိုးနဲ့ တစ်ရွာပြီးတစ်ရွာ တစ်မြို့ပြီးတစ်မြို့ လှည့်လည်ခဲ့တယ်။ အဲဒီလိုနဲ့ ဗုဒ္ဓကို ဖူးတွေ့ရတော့ ယုံကြည်သက်ဝင်မှု ဖြစ်လာတယ်။

သံယုတ္တနိကာယ် နိဒါနဝဂ္ဂ သြပမသံယုတ် အာဏိသုတ်မှာတော့…

ယေ ပန တေ သုတ္တန္တာ ကဝိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာ၀ကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊

ကဗျာဆရာတို့ စီရင်ဖန်တီးထားသော ဆန်းကြယ်သော ဗျည်းအက္ခရာရှိသော သာသနာတော်၏ အပြင်ပဖြစ်သော တခြားသော တပည့်များ ပြောကြားသော သုတ်များကို နားထောင်ကြလိမ့်မည်။

အင်္ဂုတ္တရနိကာယ ဒုကနိပါတ ပဌမပဏ္ဏသတ သမစိတ္တဝဂ်မှာ ဆိုထားတဲ့

“ယေ ပန တေ သုတ္တန္တာ ကဝိကတာ ကာဝေယျာ စိတ္တက္ခရာ စိတ္တဗျဉ္ဇနာ ဗာဟိရကာ သာ၀ကဘာသိတာ၊ တေသု ဘညမာနေသု သုဿူသိဿန္တိ၊” စကားရပ်မှာ ပါတဲ့ “ကဝိတာ” ကို ဒီပါဠိရဲ့ အဖွင့်ကျမ်းက…

ကဝိတာတိ ကဝီဟိ ကတာ။ ဣတရံ တဿေ၀ ဝေ၀စနံ။

ကဝိတာ ဆိုတာဟာ ကဗျာဆရာတို့ စီရင်ထားသော ကဗျာသီချင်း။ နောက်တစ်ပုဒ်ဖြစ်တဲ့ “ကာဝေယျ” ဒီ ကဝိတာနဲ့ တူတူပဲ။

အဲဒီ အဖွင့်ကျမ်းကို ထပ်ဖွင့်တဲ့ ကျမ်းက ဒီလို ပြောတယ်…

ဣတရန္တိ ကာဝေယျာတိ ပဒံ၊ ကာဗျန္တိ ဝုတ္တံ ဟောတိ။ ကာဗျန္တိ စ ကဝိနာ ဝုတ္တန္တိ အတ္ထော။ တေနာဟ တဿေ၀ ဝေ၀စနံ။

နောက်တစ်ပုဒ်ဆိုတဲ့ စကားက ကာဝေယျကို ပြောတာပါ။ ကာဗျလို့ ဆိုလိုတယ်။ ကဗျာဆရာတို့ ရွတ်ဆိုသော ကဗျာသီချင်းလို့ အဓိပ္ပါယ်ရတယ်။



ခုဒ္ဒကနိကာယ် ဥဒါနပါဠိ နန္ဒဝဂ္ဂ သိပ္ပသုတ်မှာလဲ ဒီလို ဆိုထားသေးတယ်….

ရဟန်းတွေ အချင်းချင်း မေးကြမြန်းကြတဲ့အခါ အတတ်ပညာတွေထဲမှာ ဘယ်အတတ်ပညာက အမြင့်ဆုံးလဲလို့ မေးခွန်းကို တစ်ချို့က…

ကာဝေယျသိပ္ပံ သိပ္ပါနံ အဂ္ဂံ။

သီချင်းကဗျာရေးးဖွဲ့ခြင်းအတတ်ပညာသည် အမြင့်ဆုံး လို့ ဖြေကြတယ်။
ဒီစကားတွေကို ဗုဒ္ဓကို လျှောက်ထားကြတော့ ဗုဒ္ဓက ပြတ်ပြတ်ပဲ ပြန်ပြောတယ်။

န ခွေတံ၊ ဘိက္ခဝေ၊ တုမှာကံ ပတိရူပံ ကုလပုတ္တာနံ သဒ္ဓာ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇိတာနံ ယံ တုမှေ ဧ၀ရူပိ ံ ကထံ ကထေယျာထ။ သန္နိပတိတာနံ ဝေါ၊ ဘိက္ခဝေ၊ ဒွယံ ကရဏီယံ ဓမ္မီ ဝါ ကထာ အရိယော ဝါ တုဏှီဘာဝေါတိ။

ရဟန်းတို့ ယုံကြည်သက်ဝင်မှုဖြင့် အိမ်ရာစွန့်ပြီး ရဟန်းဝတ်လာတဲ့ အမျိုးကောင်းသားတွေ အတွက် ဒီစကားမျိုး ပြောတာ မသင့်ပါ။ ရဟန်းများ စည်းဝေးတဲ့အခါ အလုပ် နှစ်မျိုးပဲ လုပ်ရမယ်။ တရားစကား ပြောရင်ပြော။ ဒါမှမဟုတ် မြင့်မြတ်တဲ့ တိတ်တိတ်ဆိတ်ဆိတ် နေ။
ဆက်ပြောသေးတယ်…။

အသိပ္ပဇီဝီ လဟု အတ္ထကာမော၊
ယတိန္ဒြိယော သဗ္ဗဓိ ဝိပ္ပမုတ္တော။

ရဟန်းဆိုတာ တပ်မက်မှုကို ပယ်ဖြတ်ပြီးလို့ ပစ္စည်းဥစ္စာတွေကို မစွဲလမ်းတော့ပဲ အတတ်ပညာ တစ်စုံတစ်ရာကိုမှ မှီခိုပြီး အသက်မွေးဝမ်းကြောင်း မလုပ်တော့ဘူး။ ပေါ့ပေါ့ပါးပါးနဲ့ သတ္တဝါတို့ရဲ့ အကျိုးစီးပွားကို လိုလားတဲ့ စိတ်ထားရှိတယ်။ ဣနြေ္ဒသိက္ခါကို စောင်းစည်းပြီး ဘဝအားလုံးမှ လွတ်မြောက်သူ ဖြစ်တယ်။

အင်း….ပြောတာတွေ များသွားပြီ။ ရှုပ်နေလား မသိဘူးနော်။ ဒါတောင် လက်လှမ်းမမှီတဲ့ နေရာတွေ ရှိနေသေးတယ်လို့ ထင်ပါတယ်။ မပြည့်စုံတာကတော့ ကိုယ့်ရဲ့ လိုအပ်ချက်ပါ။ အတိိုင်းအတာတစ်ခုအနေနဲ့ နားလည်ပေးမယ်ဆိုရင်တော့ ဝမ်းသာမိမှာပါ။

Sunday 3 June 2007

နတ္ထိရဲ့ လရောင်ခြည်

စန္ဒိကာ မန္ဒဟာသာ တေ၊
မုနိန္ဒ ၀ဒနိန္ဒုနော။
ပဗောဓယတျ.ယံ သာဓု-
မနောကုမုဒကာနနံ။


အို…မြတ်ဗုဒ္ဓ
သင့် မျက်နှာတော်လပြည့်ဝန်းရဲ့
အပြုံးနုနုရောင်ခြည်တွေကြောင့်
သူတော်ကောင်းတို့ရဲ့
မနောပဒုမာကြာရုံတော
ဖူးပွင့်ဝေဆာလာလေပြီကော….။

Saturday 2 June 2007

နတ္ထိရဲ့ နှုတ်ခမ်းပွင့်လွှာ

အလင်္ကရောန္တာ ၀ဒနံ၊
မုနိနော.ဓရရံသိယော။
သောဘနေ္တ.ရုဏရံသီ.၀၊
သမ္ပတန္တာ.မ္ဗုဇောဒရေ။

ပွင့်လုဆဲဆဲ
ပဒုမာကြာငုံအပေါ်
ဖြာကျနေတဲ့
နေခြည်နုနု
တောက်ပစိုပြေနေသလို
မြတ်ဗုဒ္ဓရဲ့
ချိုမြမြ မျက်နှာတော်ကို
တင့်တယ်စံပယ်အောင်
ခြယ်မှုန်းနေတဲ့
နှုတ်ခမ်းတော်ကနေ
ရောင်ခြည်တော်တွေဟာ
ကွန့်မြူးတောက်ပနေလေရဲ့…။

Friday 1 June 2007

နတ္ထိရဲ့ ပန်းလက်နက်

မာရာရိဗလဝိဿဋ္ဌာ၊
ကုဏ္ဌာ နာနာဝိဓာယုဓာ။
လဇ္ဇမာနာ.ညဝေသေန၊
ဇိန ပါဒနတာ တ၀။

အို..မြတ်ဗုဒ္ဓ…
မာရ်စစ်သည်အပေါင်းက
ပစ်လွှတ်လိုက်တဲ့
လက်နက်ယန္တရားတွေဟာ
အသုံးမဝင်တဲ့အတွက်
ရှက်လွန်းလို့
ပန်းပွင့်အသွင်ပြောင်းပြီး
သင့်ရဲ့ ခြေတော်ရင်းမှာ
ဝပ်စင်းခစားနေကြလေရဲ့။

Thursday 31 May 2007

နတ္ထိရဲ့ သံစဉ်

နိမုဂ္ဂမာနသော ဗုဒ္ဓ-
ဂုဏေ ပဉ္စသိခဿပိ။
တန္တိဿရဝိရောဓော သော၊
န သမ္ပိဏေတိ ကံ ဇနံ။


မြတ်ဗုဒ္ဓရဲ့
အနန္တဂုဏ်တော်တွေမှာ
စိတ်ရောက်နေတဲ့
ပဉ္စသိခနတ်သားရဲ့
သံစဉ်မညီမညာ
စောင်းကြိုးခတ်သံကို
မနှစ်သက်သောသူ မရှိ။

Wednesday 30 May 2007

နတ္ထိရဲ့ ပြေးပေါက်

ဂဇံ မာရော သမာရုဠှော၊
ယုဒ္ဓာယ-စ္ဆန္တ-မုန္နတံ။
မဂ္ဂ မနွေသတိ နူန၊
ဇိနဘီတော ပလာယိတုံ။

စစ်တိုက်ဖို့အတွက်
အလွန် ကြီးမားတဲ့
ဂိရိမေခလာဆင်စီးလာတာဟာ
မာရ်နတ်က
ဘုရားရှင်ကို
ကြောက်လန့်နေလို့
ပြေးပေါက််ရှာထားသလိုပါလား…။

Friday 25 May 2007

နတ္ထိရဲ့ ရမ္မက်နတ်သမီး

၀ရညူ ဒေ၀ပါမောက္ခေါ၊
၀ဉ္စီနံ ဒေ၀ဓီတာနံ။
၀သမ္ပိ နေ၀ အာပန္နော၊
၀နေ္ဒ ဗုဒ္ဓွံ ၀သိပ္ပတ္တံ။

နတ်အပေါင်းတို့၏
အကြီးအမှူး ဖြစ်တော်မူသော
သဗ္ဗညူ မြတ်ဗုဒ္ဓသည်
မာယာများသည့်
မာရ်နတ်သမီးတို့၏
ညှို့အားကောင််းသော
အလိုဆန္ဒသို့
လုံး၀ မလိုက်။
၀သီဘော်သို့ ရောက်ပြီးသော
မြတ်စွာဘုရားကို
ရိုသေမြတ်နိုး ရှိိခိုးပါ၏။

(၀သီဘော်=အလိုရှိတိုင်း ပြီးပြည့်စုံနိုင်ခြင်း)

မနေနုရဉ္ဇနော မာရ-င်္ဂနာသိင်္ဂ ာရဝိဗ္ဘမော။
ဇိနေနာသမနုညာတော၊ မာရဿ ဟဒယာနလော။

ရမ္မက်ပြင်းပြသော
မာရ်နတ်သမီးတို့၏
မြူဆွယ်မှုကို
မြတ်ဗုဒ္ဓသည်
လုံး၀ လက်မခံသောကြောင့်
မာရ်နတ်၏
နှလုံးသား
မီးတောက်ခဲ့လေပြီ။

Thursday 24 May 2007

နတ္ထိရဲ့ အန်ဖတ်

ဥဂ္ဂိရနေ္တာ၀ သ သေ္နဟ-
ရသံ ဇိန၀ရော ဇနေ။
ဘာသနေ္တာ မဓုရံ ဓမ္မံ၊
ကံ န သမ္ပိဏယေ ဇနံ။

သတ္တဝါအပေါင်း၌
ငြိကပ်တွယ်တာမှုကို
ထွေးထုတ်အန်ချသကဲ့သို့
ချိုမြိန်ကောင်းမြတ််သော
တရားတော်ကို
ဟောကြားတော်မူသည့်
မြတ်ဗုဒ္ဓသည်
လူတိုင်း လူတိုင်းကို
နှစ်သက််ကျေနပ်အားရအောင်
ပြုလုပ််တော်မူသည်သာတည်း။

Wednesday 23 May 2007

နှစ်ဆယ့်တစ်ရာစု ဒေါင်းမဓုဋီကာ


ပုထုဇဉ်ရဲ့ နှစ်ဆယ့်တစ်ရာစုဒေါင်းဋီကာကို ဖတ်ပြီး ဒန်းစီးနေတဲ့ဒေါင်းတွေလို့ ကွန့်မန့် ရေးမိတယ်။ ဒါကို ပုထုဇဉ်က ဒီခေါင်းစဉ်နဲ့ ကဗျာရေးဖိုး ideaပေးတော့ ပန်ဒိုရာက ကဗျာတစ်ပုဒ်ရေးတယ်။ သူများရေးတာ အားကျပြီး ကိုယ်တိုင်လဲ တစ်ပုဒ်လိုက်ရေးမိတယ်။

ကိုယ်ရေးတာက နှစ်ဆယ့်တစ်ရာစုဒေါင်းမဓုဋီကာ။
.
ပါဠိစာပေမှာ အလွန် နာမည်ကြီးတဲ့ အဘိဓမ္မာပါဠိတော်ရဲ့ အဋ္ဌကထာအဖွင့်တွေကို မူလဋီကာ အနုဋီကာလို့ ခေါ်တယ်။ တစ်ခြားပါဠိတော်တွေနဲ့ ဆိုင်တာကတော့ အဋ္ဌကထာ ဋီကာလို့ပဲ ရှိတယ်။ အဘိဓမ္မာကတော့ သိမ်မွေ့နက်နဲလွန်းလို့ မူလနဲ့ မပြီးဘဲ အနု မဓု လိုက်ရတာ။ အခုလဲ ဒေါင်းနဲ့ ပတ်သက်ပြီး ဆိုင်တယ် မဆိုင်ဘူးလို့ ဘာပဲပြောပြော။ တွေးမိတွေးရာ ရေးချင်ရာရေး ဘေးမဖြစ်ပါဘူးနော။
ကဲ…မပြောမရှိနဲ့။ စပါပြီ။

ဒေါင်းဆိုမှ ဒေါင်း
ဘယ်လဲ ဘာလဲ မေးစရာမလို
မြောင်းထဲက မဟုတ်ဘူးတဲ့။
အေးမြတဲ့အခါ ကဒေါင်း
အုံကြွတဲ့အခါ ခွပ်ဒေါင်း
ကောင်းသတင်းကျော်စောခဲ့သမျှ
နှစ်ဆယ့်တစ်ရာစုမှာ ဒေါင်းတွေ ဒေါင်းတွေ
ကောင်းကျိုး အထွေထွေ မချွန်မြ
ဒေါင်းအိုးဝေ မတွန် မက
ဒေါင်းပါး၀နေပေါ့။
၀လွန်းလို့လဲ
ဒန်းစီးရင်း downကုန်ကြပြီ။

Sunday 20 May 2007

နတ္ထိရဲ့ ခရီး (ဗာရာဏသီ)

ဒေဝါနံ …..ဧလ…..ပါဋလိပုတ္တေ…..ယေ ကေန ပိ သံဃေ ဘေတဝေ။ ဧ စုံ ခေါ ( ဘိခု ဝါ ဘိခုနိ ဝါ ) သံဃံ ဘာခတိ စေ သြဒါတာနိ ဒုသာနိ သံတံဓာပိယိယာ အာတာဝါသသိ အာ၀သယိယေ ဟေဝံ ဣယံ သာသနေ ဘိခုသံဃသိ စ ဘိခုနိသံဃသိ စ ဝိနပယိတဝိယေ။
.
.
ဘုရင် အသောက ပါဋလိပုတ်၌ အမိန့် ထုတ်ပြန်သည်။ မည်သူမျှ သံဃဘေဒကကံကို မကျူးလွန်ရ။ ရဟန်း ရဟန်းမ တစ်ပါးပါး သံဃာသင်းခွဲမှု ပြုလျှင် အဝတ်ဖြူဝတ်စေ၍ မကောင်းသော နေရာ၌ နေစေရမည်။ ဤအမိန့်ကို သာသနာတော်ရှိ ရဟန်း ရဟန်းမတို့ ကြားသိစေရမည်။
.
ဒါက မိဂဒါဝုန်မှာ ဘုရင် အသောက စိုက်ထူရေးထိုးထားတဲ့ ကျောက်စာတိုင်က တစ်ချို့ တစ်ဝက်ပါ။ ဒီစကားတွေဟာ ကောသမ္ဘီမှာ ရှိတဲ့ ကျောက်စာနဲ့ တူညီမှုတွေ ရှိတယ်။ သံဃာသင်းခွဲမှုကို တားမြစ်တဲ့ အမိန့်ပြန်တမ်း တစ်ခုလို့ သိကြတယ်။ သံဃဘေဒကကံဟာ ပဉ္စာနန္တယိကံထဲမှာ ပါဝင်ပြီး အလွန် အပြစ်ကြီးတယ်လို့ ဆိုတယ်။ ညီညွတ်ရေးကို ပျက်ပြားစေတဲ့ အလုပ်ဆိုတာ ဘယ်တော့မှ ကောင်းတယ် မရှိပါဘူး။ ညီညွတ်ရေး ပျက်ပြားလေလေ ငြိမ်းချမ်းရေး ကင်းမဲ့လေလေပါပဲ။ ယနေ့ ကမ္ဘာမှာ ဆူပွက်နေရတဲ့ အကြောင်းရင်းဟာ ဒါပါပဲဗျာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ဝကျော်က ဘုရင်အသောကကတော့ ဗုဒ္ဓသာသနာတော်ကို ရည်ရွယ်ပြီး ကျောက်စာရေးထိုးသွားခဲ့တာပဲ။ ဒါပေမယ့် ဒီစကား တွေဟာ အားလုံးအတွက် အရေးပါလှပါတယ်။
.
.
၀ဓာယ ဘဝစက္ကဿ၊
၀ဋ္ဋဒုက္ခါ၀စာရိနော။
ဝတ္တေသိ ပ၀ရံ စက္ကံ၊
၀ရညူ ဘဝပါရဂူ။

၀ဋ်ဆင်းရဲခံစားနေရသူတို့အတွက်
သံသရာစက်ရဟတ်ကို ချိုးဖြတ်ဖို့ရာ
ဘဝပါရဂူဖြစ်တော်မူသော မြတ်စွာဗုဒ္ဓသည်
ဓမ္မစကြာကို လှည့်တော်မူခဲ့လေပြီ။
.
ဒီပါဠိကဗျာလေးကို ရေးခဲ့တာ အတော် ကြာပြီ။ ၂၀၀၁ ခုနှစ်မှာ ပူပြင်းခြောက်သွေ့တဲ့ အညာနွေညများကို ဖြတ်သန်းရင်း လွမ်းလွမ်းမောမောနဲ့ ရေးခဲ့တာ။ ဒီကဗျာရေးနည်းကလည်း နည်းနည်း ဆန်းတယ်။ ပါဠိဂါထာ ဖွဲ့သီတဲ့အခါ “ရှစ်လုံးဖွဲ့”ဆိုတဲ့ ထင်ရှားတဲ့ ရေးနည်း တစ်မျိုး ရှိတယ်။ တစ်ပါဒမှာ အက္ခရာ ရှစ်လုံးရှိလို့ဒီလိုခေါ်ပေမယ့် တစ်ဂါထာမှာ လေးပါဒ ရှိလို့ သုံးဆယ့်နှစ်လုံး ရှိတယ်။ အခု ဒီဂါထာမှာလည်း သုံးဆယ့်နှစ်လုံးပဲ ရှိတာပဲ။ ဒါပေမယ့် တစ်ပါဒ တစ်ပါဒမှာ “၀” အက္ခရာ နှစ်လုံး ပါရတယ်။ အစဆုံးနဲ့ ငါးလုံးမြောက်နေရာတွေမှာ သူ့နေရာနဲ့သူ ထားရတယ်။ လေးပါဒဆိုတော့ ရှစ်လုံးပေါ့။ အဲဒီလို ရေးပြီးတဲ့အခါ ဂါထာကို စက်ဝန်းနဲ့ လှည့်လိုက်တော့ နှစ်ဆယ့်လေးလုံးရယ် အလယ်က “၀” တစ်လုံးရယ် စုစုပေါင်း နှစ်ဆယ့်ငါးလုံးပဲ တွေ့ရတော့တယ်။ ဘာလို့လဲဆိုတော့ တူတဲ့ “၀” ရှစ်လုံးကို တစ်လုံးထဲပဲ ရေးပြထားတာလေ။ လှတာပေါ့နော။
ရေးခါစကတော့ နည်းနည်းခက်တာပေါ့။ “၀”လုံးကလဲ ဘိုးဘိုးအောင်ကလွဲပြီး တခြားသူတွေ အတွက် အတော် ရှားတာကိုး။ ဒီဂါထာမျိုးတွေ အများကြီး မရေးဖြစ်ဘူး။ ဆယ်ပုဒ် မပြည့်ဘူး။ ပြည့်တဲ့အခါ ဒီကဗျာမျိုး ရေးတတ်အောင် သင်ပြပေးတဲ့ ဆရာသမားကို ပူဇော်မယ်လို့ စိတ်ကူးထားတာ။ တကယ်တမ်း ပြောရရင် မြင်ဆရာပါ။ သူရေးတဲ့ ဒီလို ဂါထာမျိုးတွေကို ဖတ်ရင်းနဲ့ လိုက်ရေးုဖြစ်တာကိုး။ ဆရာဖြစ်သူ မျက်ကွယ်ပြုသွားတာတောင် အတော် ကြာနေပြီကော။ လွမ်းမောစရာပါဗျာ။
ဒီကဗျာထဲမှာပါတဲ့ “ဘဝစက္က” နဲ့ “ဘဝပါရဂူ”ဆိုတဲ့ စာလုံးလေးတွေကို အရမ်း ကြိုက်တယ်။ ပါဠိစာပေထဲက တွေ့တာပါ။ ဝေါဟာရ အနေနဲ့ရော အဓိပ္ပါယ်အရရော အတော်လေးကို ပီပီပြင်ပြင်ရှိတယ်။ ကိုယ်ရေးတာ ကိုယ် ချီးမွမ်းခန်း ဖွင့်သလိုများ ဖြစ်နေမလား မသိဘူး။ ကြွားတာ မဟုတ်ပါဘူး။ ကြိုက်တာပါ။ ဘဝစက်နဲ့ ဓမ္မစက် အပြိုင် လည်ပတ်တဲ့ တကယ့်ကို ဆန်းကြယ်လှတဲ့ သဘောတရားတွေ, မြတ်ဗုဒ္ဓရဲ့ “ဘဝပါရဂူ”ဆိုတဲ့ ဘွဲ့တော် ဂုဏ်တော်တွေကို မှန်းဆရင်းနဲ့ ဒီကဗျာလေးကို ရေးဖွဲ့မိခဲ့တာ။ အဲဒီတုန်းက ဗာရာဏသီ မိဂဒါဝုန်ကို ရောက်ဖြစ်လိမ့်မယ်လို့ မထင်မိခဲ့ဘူး။ ရောက်တော့မှ ဒီကဗျာလေးနဲ့ ရတနာသုံးပါးကို ပူဇော်ခွင့်ရလိုက်တာ အတော် ကြည်နူးမိတယ်။ ဟုတ်တယ်ဗျ။ မိဂဒါဝုန်မှာ ရတနာသုံးပါး အစုံအညီ ဖြစ်လာတာပဲလေ။
.
.
ဗာရာဏသီကို နှစ်ခေါက် ရောက်ဖူးတယ်။ အိန္ဒိယ ရောက်ခါစ ၂၀၀၅ ဇူလိုင် ၈ ရက်နေ့က တစ်ခေါက်။ နီပေါနိုင်ငံ လုမ္ဗိနီနဲ့ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ်ပြည်နယ်တွေကို လေ့လာရေး ခရီး ထွက်ရင်း ၂၀၀၇ ဖေဖော်ဝါရီ ၂၆ရက်နေ့မှာ နောက်တစ်ခေါက် ရောက်ခဲ့တယ်။ နှစ်ခေါက်စလုံး အပြေးအလွှားပဲ။ ဘုရားရှင်ကို ပဉ္စဝဂ္ဂီ ငါးဦး ကြိုဆိုတဲ့နေရာ ချောက်ခန်ဒီစေတီ, မိဂဒါဝုန်က ဓမ္မစကြာတရားဟောတဲ့နေရာ ဓမ္မရာဇိကစေတီနဲ့ အနတ္တလက္ခဏသုတ် ဟောတဲ့နေရာ ဓမ္မေခစေတီ, ရှေးဟောင်းသုတေသနပြတိုက်တွေကိုပဲ ရောက်ခဲ့တယ်။ ပြတိုက်ထဲမှာ အသောက ကျောက်စာတိုင် ထိပ်ပိုင်း ရှိတယ်။ အိန္ဒိယရဲ့ နိုင်ငံတော်တံဆိပ် အနေနဲ့ အသုံးပြုထားတယ်။ ခြင်္သေ့လေးကောင် ကျောပေးပြီး အရပ်လေးမျက်နှာကို မျက်နှာမူထားတဲ့ ပုံရိပ်ဟာ အသောကဘုရင်ရဲ့ ကြီးကျယ်ခမ်းနားမှုကို ထင်ဟပ်ရုံတင် မကဘူး။ မြတ်ဗုဒ္ဓရဲ့ ရဲရင့်မြင့်မြတ်တဲ့ တရားဦး ဟောကြားဟန်ကို သက်သေ ပြုနေတာလဲ ဖြစ်တယ်။
.

.
ကုလာစလေ ဝိတ္ထရိ စက္ကဝါဠေ၊
၀ရိန္ဒုသိဟဿ သဘာဝနာဒေါ။
ဒရာ အပေတာ သုဒဟန္တု သောတံ၊
စဇန္တု ဇီဝံ ၀ရပါဒမူလေ။

တောင်စဉ်ခုနှစ်သွယ် တောစဉ်ခုနှစ်ထပ် စကြာ၀ဠာ အရပ်ရပ်၌
မြတ်ဗုဒ္ဓတည်းဟူသော ခြင်္သေ့မင်း၏
သစ္စာတရားဟူသည့် ဟိန်းဟောက်သံသည် လွင့်ပျံ့နေလေပြီ။
မကြောက်မရွံ့ ရဲဝံ့သူတို့ နားစွင့်ထားကြပေတော့။
ခြေတော်ရင်းမှာ အသက် အပ်နှင်းကြပေတော့။


(မိဂဒါဝုန်၌ ပြုပြုသမျှသော ကုသိုလ်ကောင်မှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏။)
.
ခံစားချက်။ ။ကျမ်းမာရေး မကောင်းလို့ လူမော စိတ်မောနဲ့ ဘလော့ခ်ဘက်ကို မလှည့်နိုင် ပိုစ့်တွေ မရေးနိုင် ဖြစ်သွားတယ်။ ဘလော့ခ်နဲ့ ပတ်သက်တာ ဘာမှ မကြာသေးပေမယ့် သံယောဇဉ်တော့ အတော် ဖြစ်တာပဲ။ ကံကုန်ရင်တောင် ပြန်ဆုံနေမလား မသိ။




Tuesday 8 May 2007

နတ္ထိရဲ့ ခရီး (ဗုဒ္ဓဂါယာ)

၀ရော ဧကော၀ သိဒ္ဓတ္ထော။
၀သလံ ဒေ၀ဝါဟိနိ ံ။
၀ယဓမ္မံ ၀ဇာပေသိ၊
၀ရသက္ခီ ၀သုန္ဓရီ။

ဘုရားလောင်း သိဒ္ဓတ္ထသည်
အကူအညီမပါ တစ်ယောက်ထဲသာလျှင်
မာရ််စစ်သည် အပေါင်းကို
အောင်နိုင်တော်မူခဲ့လေပြီ။
ပထဝီမြေအထုက သက်သေပြုခဲ့သည် မဟုတ်ပါလား။


အိန္ဒိယအစိုးရ ဟိုတယ်ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပတဲ့ International Conferenceတစ်ခု တက်ဖို့ ၂၀၀၇ ဖေဖော်ဝါရီ ၃ရက်နေ့မှာ ဗုဒ္ဓဂါယာကို ရောက်ခဲ့တယ်။ ၄ရက်နေ့ကနေ ၆ရက်နေ့အထိ ကျင်းပတယ်။ အိန္ဒိယနဲ့ နိုင်ငံတကာက ပညာရှင်များ တက်ရောက်ကြပြီး “ဗုဒ္ဓဘာသာနှင့် ၂၁ရာစု” ခေါင်းစဉ်အောက်မှာ ဆွေးနွေးပွဲတွေ လုပ်ကြတယ်။ အခမ်းအနား ဖွင့်ပွဲနေ့မှာ တိဗက်ဘာသာရေးခေါင်းဆောင်ကြီး ဒလိုင်လားမား ကြွရောက်ပြီး မိန့်ခွန်းပြောကြားတယ်။ သူပြောတဲ့စကားတွေမှာ အင်အားတွေ အပြည့်ပဲ။ သူ့အရင် ဘီဟာပြည်နယ်အုပ်ချုပ်ရေးမှူး ပြောသွားတဲ့ မြတ်ဘုရားပွင့်တော်မူရာ ဗုဒ္ဓဂါယာဟာ အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်အတွက် ဖြစ်တယ်ဆိုတဲ့ စကားကို ဒလိုင်လားမားက ဒီစကားဟာ အလွန် ကျဉ်းမြောင်းလွန်းကြောင်း ဒီနေရာဟာ တစ်ကမ္ဘာလုံးနဲ့ဆိုင်ကြောင်း ပြောသွား ပါတယ်။ ကျဉ်းမြောင်းတဲ့ ရိုးရာအတွေးအခေါ်တွေကို စွန့်လွှတ်ပြီး ဗုဒ္ဓတရားတော်တွေကို စနစ်တကျ လေ့လာသင်ယူ အသုံးချပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ အမှန်တကယ် လိုအပ်နေကြောင်း စသည်စသည် သြဝါဒစကား မြွက်ကြားသွားပါတယ်။ မှတ်သားစရာ အလွန် ကောင်းပါတယ်။ အင်အားအပြည့်နဲ့ ရင်ထဲမှာ ရှိသမျှ သွန်ချသလို ပြောသွားတဲ့ ဒလိုင်လားမားကြီးဟာ သာမန်ပုဂ္ဂိုလ်တစ်ယောက် မဟုတ်တာ သေချာ ပါတယ်။
အစည်းအဝေး ၃ရက်တာကာလအတွင်းမှာတော့ ပညာရှင်တွေ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ထောင့်ပေါင်းစုံက ဆွေးနွေးတင်ပြကြတယ်။ ကိုယ်တိုင်ကတော့ နားထောင်ရုံ သက်သက်ပါပဲ။ ဟုတ်တယ်လေ။ ဒီလောက်ပဲ တတ်နိုင်တယ်။ ဗဟုသုတနဲ့ အမြင်သစ်တွေရတာနဲ့တင် ကံကောင်းလှပါပြီ။ မြတ်ဗုဒ္ဓပွင့်ထွန်းပေါ်ပေါက်တဲ့ နေရာထူးကို ရောက်ခဲ့ရပြီ မဟုတ်လား။

ဗောဓိပင်အောက်မှာ အကြာကြီး ထိုင်ဖြစ်တယ်။ ဒီနေရာက အောင်မြေ မဟုတ်လား။ ဒါဆို အနေကဇာတိသံသာရံ…စတဲ့ ဥဒါန်းကျူးတဲ့ အောင််ဂါထာတွေ မရွတ်ဖတ်တော့ဘူးလား။ ပဋိစ္စသမုပ္ပါဒ်ကို အနုလုံပဋိလုံ ရွတ်ပြီး သံသရာစက်ရဟတ် ကျိုးပြတ်ပုံတွေကို မဆင်ခြင်တော့ဘူးလား။ မမြဲခြင်း ဆင်းရဲခြင်း အစိုးမရခြင်းသဘောတွေကို မြင်နို်င်ဖို့ အာနာပါန ကမ္မဋ္ဌာန်းကို မစီးဖြန်းတော့ဘူးလာ။ အကြောင်းအကျိုး ဆက်နွယ်မှုတွေကို သုံးသပ်နိုင်ဖို့ ပဋ္ဌာန်း ဒေသနာတော်ကြီးကို မပူဇော်တော့ဘူးလား။ အောင်ဇေယျတု အောင်ဆုလေးများ မတောင်းဆိုတော့ဘူးလား။ ဗောဓိပင်ကြီးကို မော့ကြည့်ပြီး စိတ်ထဲမှာတော့ တစ်မျိုးကြီးပဲ။ ကြည်နူးသလိုလို လွမ်းမောသလိုလို ရီဝေဝေ ခံစားမိတယ်။ မှတ်မှတ်ရရ တစ်ခုခုတော့ လုပ်ရမယ်ပေါ့။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားရင်း အကြံတစ်ခုပေါ်လာတယ်။ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ပါဘူး။ ဗောဓိညောင်ရွက် တစ်ရွက်တစ်လေ ထိုင်နေတဲ့ရှေ့ ကျလာရင် ကောက်မယ်ပေါ့ဗျာ။ ဟုတ်တယ်လေ။ ဗောဓိဓာတ်လေး ရလိုရငြားပေါ့။ ထိုင်နေတာ အတော် ကြာတယ်။ ညောင်ရွက် တစ်ရွက်စ နှစ်ရွက်စ ကြွေပါတယ်။ ကောက်မယ်ပြင်ခါ ရှိသေးတယ်။ ကိုယ့်ထက် လျင်တဲ့သူတွေက ဦးသွားတာနဲ့ အင်း…တစ်ရွက်မှ မရခဲ့ဘူးဗျာ။

(ဗုဒ္ဓဂါယာမှာ ပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို ကျေးဇူးရှင်တို့အား အမျှ ပေးဝေပါ၏)

Thursday 3 May 2007

နတ္ထိရဲ့ သွေးစွန်းခြင်း

မုနိန္ဒ ပါဒဒွနေ္ဒ တေ၊
စာရုရာဇိ၀သုန္ဒရေ။
မညေ ပါပါဘိသမ္မဒ္ဒ-
ဇာတသောဏေန သောဏိမာ။

အို…မြတ်ဗုဒ္ဓ။ အရှင်၏ ပဒုမ္မာကြာသဖွယ် တင့်တယ်လှပ ကောင်းမြတ်သည့် ခြေတော်အစုံသည် ရဲရဲနီအရောင်လွှမ်းနေခြင်းမှာ ကိလေသာရန်သူတို့ကို အပြင်းအထန် နင်းခြေသတ်ဖြတ်ခြင်းကြောင့် သွေးအလိမ်းလိမ်း ပေကျံနေခြင်းများ ဖြစ်လေရော့သလား။

နတ္ထိရဲ့ ငတ်မွတ်မှု

ပိဝန္တိ ဒေဟကန္တိ ယေ၊
နေတ္တဉ္ဇလိပုဋေန တေ။
နာလံ ဟန္တုံ ဇိနေသံ တွံ၊
တဏှံ တဏှဟရောပိ တေ။

အို…မြတ်ဗုဒ္ဓ၊ အရှင်သည် တဏှာကို ပယ်သတ်ပြီးပါသော်လည်း အရှင်၏ တင့်တယ်လှသော ကိုယ်တော်ရောင်စဉ်တို့ကို မျက်လုံးတည်းဟူသော လက်ခုပ်ဖြင့် ခပ်သောက်ကြကုန်သော သူတို့၏ ငတ်မွတ်တပ်မက်မှုကို ပယ်ဖျောက်ရန် မတတ်နိုင်ပါတကား…။

ကဆုန်လပြည့်နေ့ အမှတ်တရ

(အပူမျိုးစုံကြောင့် အခုရက်ပိုင်းတွင် ပိုစ့် မတင်ဖြစ်သည်ကို ခွင့်လွှတ်ပါရန် အနူးအညွတ် တောင်းပန်ပါရစေ)

Friday 27 April 2007

နတ္ထိရဲ့ ခရီး ( လုမ္ဗိနီ )

သိဒ္ဓတ္ထ ဖွားမြင်တော်မူပုံ ( ပုဂံ-မြန်မာ )
ခရီးထွက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက် ကတော့ ဗုဒ္ဓဘာသာဆိုင်ရာ ရှေးဟောင်း ဌာနတွေကို ကွင်းဆင်း လေ့လာရေးပါ။ အိန္ဒိယနိုင်ငံ ဥတ္တရာပရာဒေ့ရှ် ပြည်နယ် အတွင်းက သာဝတ္ထိ, ကုသိနာရုံ နဲ့ ဗာရာဏသီပါ။ ပြီးတော့ နီပေါနိုင်ငံက လုမ္ဗိနီပါ။
လုမ္ဗိနီကို ၂၀၀၇ ဖေဖဝါရီ ၂၄-ရက်နေ့မှာ ရောက်ခဲ့တယ်။ မြတ်ဗုဒ္ဓ လောင်းလျာ သိဒ္ဓတ္ထ မင်းသား ဖွားမြင်တော်မူခဲ့တဲ့ လုမ္ဗိနီသာမော အင်ကြင်းတောကို ရောက်ခဲ့တာ အနှစ် ၂၀၀၀ ကျော်ကျော် နောက်ကျပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဘီစီ ( ၂၄၈ )မှာ ဘုရင် အသောက ရောက်နှင့်နေပါပြီ။ ဘုရင်အသောက ဘုရားဖူးထွက်ရင်းနဲ့ ကျောက်စာ ရေးထိုးသွားခဲ့ပါတယ်။ အမှတ်တရပေါ့။ အငြင်းပွားစရာ ဗုဒ္ဓလောင်းလျာ သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူခဲ့တဲ့ နေရာအတွက် သမိုင်းအထောက်အထားတစ်ခုလဲ ဖြစ်သလို အိန္ဒိယခုနှစ်သက္ကရာဇ်ဆိုင်ရာ သမိုင်းမှတ်တမ်း တစ်ခုလဲ ဖြစ်ပါတယ်။

အသောကကျောက်စာတိုင် ( လုမ္ဗိနီ-နီပေါ )
ဒေဝါနံ ပိယေန ပိယဒသိန လာဇိယ ဝိသတိ-၀သာဘိသိတေန အတန အာဂါစ မဟိယတေ ဟိဓ ဗုဓေ ဇာတေ သကျ-မုနီတိ သိလာ-ဝိဂဍ-ဘိစာ ကာလာပိတ သိလာ-ထဘေ စ ဥသပါပိတေ ဟိဓ ဘဂဝံ ဇိတေတိ လုမ္မိနိ-ဂါမေ ဥဗလိကေ ကဋေ အဌ-ဘာဂိယေ စ။

အသောကကျောက်စာ ( လုမ္ဗိနီ-နီပေါ )

နတ်အပေါင်းတို့က ချစ်မြတ်နိုးသော ဘုရင် အသောကသည် နန်းစံသက် ၂၀ ( ၂၄၈ ဘီစီ) နှစ်မြောက်တွင် ကိုယ်တိုင် ရောက်ရှိလာပြီး “ဤနေရာ၌ သကျမုနိ ဘုရားရှင် မွေးဖွားတော်မူခဲ့သည်” ဟူ၍ ကျောက်တံတိုင်း အကာအရံ ပြုလုပ်ကာ ကျောက်စာတိုင် စိုက်ထူခဲ့ပါသည်။ ဤနေရာ၌ ဘဂဝါ ဘုရားရှင် ဖွားမြင်တော်မူခဲ့သောကြောင့် လုမ္ဗိနီရွာ အခွန် ကင်းလွတ်ခွင့်ပြုပြီး ရှစ်ဖို့ တစ်ဖို့သာ ပေးစေပါသည်။

“ဖွား ပွင့် ဟော စံ ” သံဝေဇနိယ လေးဌာနမှာ ဖွားမြင်တော်မူခဲ့တဲ့ နေရာကို မှတ်တမ်းတင်နိုင်ဖို့ရာ တူးဖော်တွေ့ရှိတဲ့ ရှေးဟောင်းပစ္စည်းများရဲ့ အထောက်အထားများ, ရေးသားထားတဲ့ စာပေအထောက်အထားများနဲ့ ညှိနှုိုင်းတိုင်ဆိုင်ပြီး အတည်ပြုချက် ရယူရပါတယ်။ ဒီလို မှတ်တမ်းမှတ်ရာတွေ ရှိလို့ အဆင်ပြေတာ။ နို့မို့ရင် ဘယ်နေရာသွားပြီး ဘုရားဖူးရမယ် မသိနိုင်ဘူး။ ဒါတောင် နေရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ အများအပြား ရှိခဲ့တယ်။ ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့လဲတော့ မသိပါဘူး။ အခုအချိန်မှာတော့ ဗုဒ္ဓဘာသာကို စတင် တည်ထောင်သူ မြတ်ဗုဒ္ဓ ဖွားမြင်တော်မူခဲ့ရာ လုမ္ဗိနီဥယျာဉ်ဟာ အသွင်အပြင်အရကော အနှစ်သာရအရပါ ငြိမ်းအေး ကြည်နူးဖွယ် ကောင်းလှပါတယ်။
“အဂ္ဂေါ.ဟ.မသ္မိ လောကဿ ၊ ဇေဋ္ဌော.ဟ.မသ္မိ လောကဿ ၊ သေဋ္ဌော.ဟ.မသ္မိ လောကဿ ၊” “လောကမှာ ငါဟာ အမြတ်ဆုံး အကြီးဆုံး အသာဆုံး” ဆိုပြီး လွန်ခဲ့တဲ့ နှစ် ၂၅၅ဝကျော်က သိဒ္ဓတ္ထမင်းသား ကြွေးကြော်ခဲ့တဲ့ အသံတွေဟာ ယနေ့တိုင် လုမ္ဗိနီဥယျာဉ်မှာ ပဲ့တင်ထပ်ကာ လွင့်ပျံ့နေဆဲပါ။

(လုမ္ဗိနီမှာ ပြုပြုခဲ့သမျှ ကုသိုလ်ကောင်းမှု အဖို့အစုတို့ကို အမေ့အား အမျှ ပေးဝေပါ၏။ )

Wednesday 25 April 2007

နတ္ထိရဲ့ ဗရုတ်သုတ်ခ-၁၀


ပြောမယ့်သာ ပြောရတယ်။ ဗရုတ်သုတ်ခတွေက ၁၀-ချက် မကဘူး။ ဒါပေမယ့် အကျဉ်းချုံးပြီး ပြောကြည့်မယ်ဗျာ။ ဗဟိဒ္ဗအသွင်အပြင်တွေကို ပြောတာထက် အဇ္စှျတ္တ အနေအထားတွေကို ပြောရင် ကောင်းမလားလို့….။

(၁) လောဘဇောတွေ တစ်ခါတစ်ရံ အရမ်း တက်တတ်ပါတယ်။
(၂) ဒေါသအမျက်ကတော့ အကြောင်းသင့်ရင် အကြီးအကျယ်ပါပဲ။
(၃) မောဟစားသူ..အဲ မောဟများသူပါ။
(၄) မာနလဲ ကြုံရင် အတော် ကြီးတတ်တယ်။
(၅) ဒိဋ္ဌိအစွဲပြင်းတယ်။
(၆) ဝိစိကိစ ္ဆာတွေ ဝင်ပြီး ဟိုလိုဒီလို ဖြစ်လေ့ရှိတယ်။
(၇) ထိနမိဒ္ဗကတော့ များသလား မမေးနဲ့။
(၈) ဥဒ္ဓစ္စလွင့်ပျံ့ပြီး တောင်စဉ်ရေမရ ဖြစ်တတ်တယ်။
(၉) အဟိရိကဖြစ်တဲ့အခါ မဟုတ်တာ လုပ်ရမှာ မရှက်တတ်ပါ။
(၁၀) အနောတ္တပ္ပဖြစ်ရင် မဟုတ်တာ လုပ်ရမှာ မကြောက်သူ တစ်ယောက်ပါ။

စိတ်ထဲမှာ အဲ့ဒီလို အဲ့ဒီလို ဖြစ်တတ်တယ်။ ဒီ ၁၀-ချက် တိုးပွားးလာရင်တော့ ၁၅၀၀-ကိလေသာတွေ ဖြစ်လာတော့တာပါပဲ။ အင်း…ဖြစ်ချင်တာဖြစ်။ ကိုယ်ဖြစ် ကိုယ်ခံပေါ့ဗျာ…။

ကဲ… Bloggerတွေမှာ Tag outbreak ဖြစ်အောင် လုပ်တဲ့သူူတွေကို အထူး ကျေးဇူးတင် မိပါတယ်။ ကို်ယ့်ကို Tag Game ထဲ ဆွဲသွင်းသူတွေကိုလဲ ကျေးဇူးကမ္ဘာပါပဲ။ ကိုယ့်အလှည့် ပြီးတော့ တခြားသူတွေကိုလဲ လက်တို့ရဦးမယ်။ ဘာပဲပြောပြော လူရင်းတွေကိုပဲ ပြောလိုက်တော့မယ်။
(၁) သမိန်ပေါသွပ်
(၂) ပြာလောင်
(၃) Mr. Bean
အင်း…ဒီလူတွေ အိုကေမယ်လို့ မျှော်လင့်တယ်ဗျာ။

နတ္ထိရဲ့ ကြားညှပ်ခြင်း

ဟံသော မဇေ္စျ န ကာကာနံ ၊
သီဟော ဂုန္နံ န သောဘတေ ။
ဂဒြဘမဇေ္စျ တုရင်္ဂေါ ၊
ဗာလမဇေ္စျ၀ ပဏ္ဍိတော ။

ကျီးတို့အလယ်တွင် ဟင်္သာသည် ခံ့ငြားမှု မရှိပါ။
နွားတို့အလယ်တွင် ခြင်္သေ့သည် ခံ့ငြားမှု မရှိပါ။
မြည်းတို့အလယ်တွင် မြင်းသည် ခံ့ငြားမှု မရှိပါ။
လူမိုက်တို့အလယ်တွင် ပညာရှင်သည် ခံ့ငြားမှု မရှိပါ။

Sunday 22 April 2007

နတ္ထိရဲ့ လုံ့လ

မဟန္တာနံ မဟဋ္ဌာနံ ၊ န ပတ္တံ သဟဿာ ဟဝေ။
တဒညေသု သုပန္နေသု ၊ ရတ္တော ဒဠှ.မကံသု တေ။

မြင့်မြတ်သူတို့သည်
ချက်ချင်းလက်ငင်း
ထိပ်တန်း ရောက်လာသည် မဟုတ်။
သူတပါး အိပ်နေသည့်
ညအချိန်မှာလည်း
သူတို့သည်
အပြင်းအထန်
အလုပ် လုပ်ကြသောကြောင့်သာဖြစ်၏။

နတ္ထိရဲ့ အချစ် ( ၃ )

ပိယာ ဆန္ဒနိဒါနာ ဆန္ဒသမုဒယော ဆန္ဒဇာတိကာ ဆန္ဒပဘဝါ။


အချစ်သည်…
အလိုဆန္ဒမှ စတင်၏။
အလိုဆန္ဒမှ ဖြစ်ပေါ်၏။
အလိုဆန္ဒမှ ပေါက်ဖွား၏။
အလိုဆန္ဒမှ မြစ်ဖျားခံ၏။

Friday 20 April 2007

နတ္ထိရဲ့ အချစ် ( … )

ယေသံ သတံ ပိယာနိ၊ သတံ တေသံ ဒုက္ခါနိ၊
ယေသံ နဝုတိ ပိယာနိ၊ နဝုတိ တေသံ ဒုက္ခါနိ၊
ယေသံ အသီတိ ပိယာနိ၊ အသီတိ တေသံ ဒုက္ခါနိ၊
ယေသံ သတ္တတိ ပိယာနိ၊ သတ္တတိ တေသံ ဒုက္ခါနိ၊
ယေသံ သဋ္ဌိ ပိယာနိ၊ သဋ္ဌိ တေသံ ဒုက္ခါနိ၊
ယေသံ ပညာသံ ပိယာနိ၊ ပညာသံ တေသံ ဒုက္ခါနိ၊
ယေသံ စတ္တာရီသံ ပိယာနိ၊ စတ္တာရီသံ တေသံ ဒုက္ခါနိ၊
ယေသံ တိ ံသံ ပိယာနိ၊ တိ ံသံ တေသံ ဒုက္ခါနိ၊
ယေသံ ဝီသတိ ပိယာနိ၊ ဝီသတိ တေသံ ဒုက္ခါနိ၊
ယေသံ ဒသ ပိယာနိ၊ ဒသ တေသံ ဒုက္ခါနိ၊
ယေသံ န၀ ပိယာနိ၊ န၀ တေသံ ဒုက္ခါနိ၊
ယေသံ အဋ္ဌ ပိယာနိ၊ အဋ္ဌ တေသံ ဒုက္ခါနိ၊
ယေသံ သတ္တ ပိယာနိ၊ သတ္တ တေသံ ဒုက္ခါနိ၊
ယေသံ ဆ ပိယာနိ၊ ဆ တေသံ ဒုက္ခါနိ၊
ယေသံ ပဉ္စ ပိယာနိ၊ ပဉ္စ တေသံ ဒုက္ခါနိ၊
ယေသံ စတ္တာရိ ပိယာနိ၊ စတ္တာရိ တေသံ ဒုက္ခါနိ၊
ယေသံ တီဏိ ပိယာနိ၊ တီဏိ တေသံ ဒုက္ခါနိ၊
ယေသံ ဒွေ ပိယာနိ၊ ဒွေ တေသံ ဒုက္ခါနိ၊
ယေသံ ဧကံ ပိယံ၊ ဧကံ တေသံ ဒုက္ခံ၊
ယေသံ နတ္ထိ ပိယံ၊ နတ္ထိ တေသံ ဒုက္ခံ၊


အချစ် ၁၀၀, ဒုက္ခ ၁၀၀။
အချစ် ၉၀, ဒုက္ခ ၉၀။
အချစ် ၈၀, ဒုက္ခ ၈၀။
အချစ် ၇၀, ဒုက္ခ ၇၀။
အချစ် ၆၀, ဒုက္ခ ၆၀။
အချစ် ၅၀, ဒုက္ခ ၅၀။
အချစ် ၄၀, ဒုက္ခ ၄၀။
အချစ် ၃၀, ဒုက္ခ ၃၀။
အချစ် ၂၀, ဒုက္ခ ၂၀။
အချစ် ၁၀, ဒုက္ခ ၁၀။
အချစ် ၉, ဒုက္ခ ၉။
အချစ် ၈, ဒုက္ခ ၈။
အချစ် ၇, ဒုက္ခ ၇။
အချစ် ၆, ဒုက္ခ ၆။
အချစ် ၅, ဒုက္ခ ၅။
အချစ် ၄, ဒုက္ခ ၄။
အချစ် ၃, ဒုက္ခ ၃။
အချစ် ၂, ဒုက္ခ ၂။
အချစ် ၁, ဒုက္ခ ၁။
အချစ် ၀, ဒုက္ခ ၀။

Thursday 19 April 2007

နတ္ထိရဲ့ အချစ် ( ၂ )

ပိယာနံ အဒဿနံ ဒုက္ခံ။


ချစ်သူကို
မမြင်မတွေ ့ရခြင်းသည်
ဆင်းရဲပေတည်း…။

ဆင်းရဲခြင်းသည်
ချစ်သူကို
မမြင်မတွေ့ရခြင်းပေတည်း…။

နတ္ထိရဲ့ အချစ်

ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ဝိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။


အချစ်ကြောင့် ငိုကြွေး၏။
အချစ်ကြောင့် ကြောက်လန့်၏။
အချစ်မရှိသူအတွက် အငို အကြောက် မရှိ။

Wednesday 18 April 2007

နတ္ထိရဲ့ အသောကကျောက်စာ

ဧ ကေစိ ဘနေ္တ ဘဂ၀တာ ဗုဒ္ဓေန ဘာသိတေ သဝေ သေ သုဘာသိတေ ဝါ ။
ဧ စု ခေါ ဘနေ္တ ဟမိယာယေ ဒိသေယာ ဟေဝံ သဓမ္မေ စိလဋ္ဌိတိကေ ဟောသတီတိ အလဟာမိ ဟကံ တံ ဝါတဝေ။
ဧတာနိ ဘနေ္တ ဓမ္မပလိယာယာနိ ဣစ္ဆာမိ ကိ ံန္တိ ဗဟုကေ ဘိက္ခုပါယေ ဘိက္ခနိယေ စာ အဘိခိနံ သုနေယု စာ ဥပဓာလယေယု စာ ဧဝမ္မေဝါ ဥပါသကာ စာ ဥပါသိကာ စာ ဧတေနိ ဘနေ္တ ဣမံ လိခါပိယာမိ အဘိပေတံ မေ ဇာနန္တု။

“အရှင်ဘုရားတို့, မြတ်စွာဗုဒ္ဓ ဟောကြားတော်မူခဲ့သော တရားတော်တို့သည် ကောင်းမွန်စွာ ဟောကြားတော်မူခဲ့ခြင်းပင် ဖြစ်ပါ၏။
ဤသူတော်ကောင်းတရား ရှည်ကြာလေးမြင့်စွာ တည်တံ့နိုင်ရေးအတွက် အကြံပြုပါရစေ။
ဤတရားတော်တို့ကို ရဟန်း, ရဟန်းမ, ဥပါသကာ, ဥပါသိကာမတို့ အမြဲမပြတ် သင်ယူကျင့်ကြံကြရန် လိုအပ်နေပါ၏။
အကျွနုပ််၏ ဆန္ဒကို အားလုံး သိကြစေရန် ဤကျောက်စာကို ရေးထိုးထားခြင်း ဖြစ်ပါ၏။”


အသောကဘုရင်( ၂၇၃-၂၃၂ ဘီစီ ) နန်းစံနှစ် ၁၃နှစ်မြောက်တွင် ပြာကရိတ် ဘာသာစကား, ဗြဟ္မဏီ အက္ခရာကို အသုံးပြု၍ ရေးထိုးထားသော ဤကျောက်စာကို အိ်န္ဒိယနိုင်ငံ ရာဂျာစတန် ပြည်နယ် ဂျေပူခရိုင် ဘာဘရာမြို့အနီး ဘိုင်ရတ်ဒေသတွင် ရှာဖွေတွေ့ရှိခဲ့ပါသည်။ အထက်ပါ ဖော်ပြချက်သည် ကောက်နှုတ်ချက်မျှသာ ဖြစ်ပါသည်။

Sunday 15 April 2007

နတ္ထိရဲ့ သင်္ကြန် ( ၃ )

နှစ်သစ်မဂ်လာ အခါသမယမှာ မြန်မာနိုင်ငံတော် အတွင်းအပြင်၌ နေထိုင်နေကြသော တိုင်းရင်းသူ တိုင်းရင်းသားများ အားလုံးနှင့် အနန္တသတ္တဝါ အားလုံး အပေါ် ဘေးရန်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဒေါသခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ဆင်းရဲခပ်သိမ်း ငြိမ်းအေးပါစေကြောင်း ပူပင်ခပ်သိမ်း ငြိမ်းအေးပါစေကြောင်း မေတ္တာရေစင်များ ပက်ဖြန်းလျက် မြန်မာ့ယဉ်ကျေးမှု၏ အသည်းနှလုံးသဖွယ်ဖြစ်သော မေတ္တာသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်။

ယဿာနုဘာ၀တော ယက္ခါ၊ နေ၀ ဒဿေန္တိ ဘီသနံ။
ယမှိ စေဝါ.နုယုဉ္စနေ္တာ၊ ယတိနြ္ဒိ၀မတန္ဒိတော။

သုခံ သုပတိ သုတ္တော စ၊ ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိဂုဏူပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

ကရဏီယမတ္ထကုသလေန ၊ ယန္တသန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊ သု၀စော စဿ မုဒု အနတိမာနီ။

သန္တုဿကော စ သုဘရော စ၊ အပ္ပကိစ္စော စ သလ္လဟုကဝုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊ အပ္ပဂဗ္ဘော ကုလေသွနနုဂိဒ္ဓော။

န စ ခုဒ္ဒမာစရေ ကဉ္စိ ိ၊ ယေန ဝိညူ ပရေ ဥပ၀ဒေယျုံ။
သုခိနော၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

ယေ ကေစိ ပါဏဘူတတ္ထိ၊ တသာ ဝါ ထာ၀ရာ ၀န၀သေသာ။
ဒီဃာ ဝါ ယေ၀ မဟန္တာ ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

ဒိဋ္ဌာ ဝါ ယေ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အဝိဒူရေ။
ဘူတာ ၀ သမ္ဘဝေသီ ၀၊ သဗ္ဗသတ္တာ ဘဝန္တု သုခိတတ္တာ။

န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသညာ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။

မာတာ ယထာ နိယံ ပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ။
ဧဝမ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာ၀ယေ အပရိမာဏံ။

မေတ္တဉ္စ သဗ္ဗလောကသ္မိ၊ မာနသံ ဘာ၀ယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ ၊ အသမ္ဗာဓံ အဝေရမသပတ္တံ။

တိဋ္ဌံ စရံ နိသိန္နော ၀ ၊ သယာနော ယာ၀တာဿ ဝိတမိဒ္ဓော။
ဧတံ သတိ ံ အဓိဋ္ဌေယျ၊ ဗြဟ္မမေတံ ဝိဟာရမိဓမာဟု။

ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊ သီလဝါ ဒဿနေန သမ္ပန္နော။
ကာမေသု ဝိနယ ဂေဓံ၊ န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတီတိ။

မှတ်ချက်။ ။ မြန်မာပြန်ကိုတော့ ကြုံတဲ့အခါမှပဲ ရေးပေးပါ့မယ်ခင်ဗျာ။

Saturday 14 April 2007

နတ္ထိရဲ့ သင်္ကြန် ( ၂ )

နှစ်သစ်မင်္ဂလာ အခါသမယမှာ မြန်မာပြည်သူ ပြည်သားများနှင့် ကမ္ဘာပေါ်တွင် ရှိရှိသမျှ အနန္တသတ္တဝါ အားလုံး ရောဂါဘယဘေး အန္တရယ်, ဆင်းရဲမွဲတေ ငတ်မွတ်ခေါင်းပါးခြင်း ဘေးအန္တရယ်, လက်နက်စစ်မက် ဘေးအန္တရယ်တို့မှ လွတ်မြောက် ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုခြွေလျက် မြန်မာ့ ယဉ်ကျေးမှု၏ အထွတ်အထိပ်ဖြစ်သော ရတနာမြတ် သုံးပါးကို ဦးထိပ် ပန်ဆင်သည့် အနေဖြင့် ရတနသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်…။

ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ဒသ ဥပပါရမိယော ဒသ ပရမတ္ထပါရိယောတိ သမတ္တိ ံံသ ပါရမိယော ပဉ္စ မဟာပရိစာဂေ ဉာတ္ထစရိယံ လောကတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော ပစ္ဆိမဘဝေ ဂဗ္ဘဝေါကန္တိ ံ ဇာတိ ံ အဘိနိက္ခမနံ ပဓာနစရိယံ ဗောဓိပလ္လကေ မာရဝိဇယံ သဗ္ဗုတဉာဏပရိဝေဒံ ဓမ္မစက္ကပဝတ္တနံ န၀လောကကုတ္တရဓမ္မေတိ သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာ၀ဇ္ဇေတွာ ဝေသာလိယံ တီသု.ပါကရန္တရေသု တိယာမရတ္တိ ံ ပရိတ္တံ ကရောနေ္တာ အာယသ္မာ အာနန္ဒတ္ထေရောဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ..

ကောဋိသတသဟဿေသု၊ စက္ကာဝါဠေသု ဒေ၀တာ။
ယဿ နံ ပဋိဂဏှန္တု၊ ယဉ္စ ဝေသာလိယံ ပုရေ။
ရောဂါမနုဿဒုဘိက္ခ၊ သမ္ဘူတံ တိဝိဓံ ဘယံ။
ခိပ္ပ.မန္တရဓာပေသိ၊ပရိတ္တံ တံ ဘဏာမ ဟေ။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။
သဗ္ဗေ၀ ဘူတာ သုမနာ ဘဝန္တု၊ အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊ မေတ္တံ ကရောထ မာနုသိယာ ပဇာယ။
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိ ံ၊ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

ယံ ကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ခယံ ဝိရာဂံ အမတံ ပဏီတံ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိ ံ၊ သမာဓိမာနန္တရိကညမာဟု။
သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
တေ ဒက္ခိဏေယျာ သုဂတဿ သာ၀ကာ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊ နိက္ကာမိနော ဂေါတမသာသနမှိ။
တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊ လဒ္ဓာ မုဓာ နိဗ္ဗုတိ ံဘုဉ္စမာနာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယထိန္ဒခီလော ပထဝိဿိတော သိယာ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယေ အရိယသစ္စာနိ ဝိဘာ၀ယန္တိ၊ ဂမ္ဘီရပညေန သုဒေသိတာနိ။
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊ န တေ ဘဝံ အဋ္ဌမမာဒိယန္တိ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

သဟာ၀ဿ ဒဿနသမ္ပဒါယ တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။
သက္ကာယဒိဋ္ဌီ ဝိစိကိစ္ဆိတဉ္စ၊ သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကဉ္စိိ။
စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊ အဘဗ္ဗတာ ထ-၈ ဒိဋ္ဌပဒဿ ဝုတ္တာ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၀နပ္ပဂုမေ္ဗ ယထ ဖုဿိတဂ္ဂေ၊ ဂိမှာနမာသေ ပဌမသ္မိ ံ ဂိမှေ။
တထူပမံ ဓမ္မ၀ရံ အဒေသယိ နိဗ္ဗာနဂါမိ ံ ပရမံ ဟိတာယ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၀ရော ၀ရညူ ၀ရဒေါ ၀ရာဟရော၊ အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ခီဏံ ပုရာဏံ န၀ နတ္ထိ သမ္ဘဝံ၊ ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိ ံ။
တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒါ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

ယာနီဓ ဘူတာနိ သမာဂတာနိ၊ ဘုမ္မာနိ ဝါ ယာနိ ၀ အန္တလိက္ခေ။
တထာဂတံ ဒေ၀မနုဿပူဇိတံ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတူတိ။

မှတ်ချက်။ ။ မြန်မာပြန်ကိုတော့ ကြုံတဲ့အခါမှပဲ ရေးပေးပါ့မယ်ခင်ဗျာ။

Friday 13 April 2007

နတ္ထိရဲ့ သင်္ကြန် ( ၁ )

နှစ်သစ်မင်္ဂလာ အခါသမယမှာ အန္တရယ်ကင်း ရန်စွယ်ကင်းပြီး ကောင်းမှုမင်္ဂလာ ဖြစ်ပါစေရန် ရည်သန်တောင့်တ၍ မြန်မာ့ယဉ်ကျေးမှု စတင်မြစ်ဖျားခံရာ မင်္ဂလာသုတ် ပရိတ်တော်ကို ပူဇော်လိုက်ရပါတယ်။

သတ္တဝါအပေါင်း ကောင်းကျိ်ုးမင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုုံနိုင်ကြပါစေ…။

သမန္တာ စက္ကဝါဠေသ၊ု အတြာဂစ ္ဆန္တု ဒေ၀တာ။
သဓမ္မံ မုနိရာဇဿ၊ သုဏန္တု သက္ကမောက္ခဒံ။
ဓမ္မဿ၀နကာလော အယံ ဘဒ္ဒန္တာ။
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ယံ မင်္ဂလံ ဒွာဒသဟိ၊ စိန္တယိ ံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ ္ဆန္တိ၊ အဋ္ဌတိ ံသဉ္စ မင်္ဂလံ။
ဒေသိတံ ဒေ၀ဒေဝေန၊ သဗ္ဗပါပဝိနာသနံ။
သဗ္ဗလောကဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။

ဧဝံ မေ သုတံ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတ၀နေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေ၀တာ အဘိက္ကန္တာယ ရတ္တိယာ အဘိက္ကန္တဝဏ္ဏာ ကေ၀လကပ္ပံ ဇေတ၀နံ သြဘာသေတွာ ယေန ဘဂဝါ တေနုပသင်္ကမိ၊ ဥပသင်္ကမိတွာ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ ဧကမန္တံ ဌိတာ ခေါ သာ ဒေ၀တာ ဘဂဝန္တံ ဂါထာယ အဇ္ဈဘာသိ။

ဗဟူ ဒေဝါ မနုဿာ စ၊ မင်္ဂလာနိ အစိန္တယုံ။
အာကင်္ခမာနာ သောတ္ထာနံ၊ ဗြူဟိ မင်္ဂလမုတ္တမံ။

အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ။

ပတိရူပဒေသဝါသော ပုဗ္ဗေ စ ကတပုညတာ။
အတ္တသမ္မာပဏိဓိ စ၊ ဧတံ မင်္ဂလမုတ္တမံ။

ဗာဟုသစ္စဉ္စ သိပ္ပဉ္စ၊ ဝိနယော စ သုသိက္ခိတော။
သုဘာသိတာ စ ယာ ဝါစာ၊ ဧတံ မင်္ဂလမုတ္တမံ။

မာတာပိတု ဥပဋ္ဌာနံ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာ စ ကမ္မန္တာ၊ ဧတံ မင်္ဂလမုတ္တမံ။

ဒါနဉ္စ ဓမ္မစရိယာ စ၊ ဉာတကာနဉ္စ သင်္ဂဟော။
အန၀ဇ္ဇာနိ ကမ္မာနိ၊ ဧတံ မင်္ဂလမုတ္တမံ။

အာရတီ ဝိရတီ ပါပါ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ စ ဓမ္မေသု၊ ဧတံ မင်္ဂလမုတ္တမံ။

ဂါရဝေါ စ နိဝါတော စ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန ဓမ္မဿ၀နံ ဧတံ မင်္ဂလမုတ္တမံ။

ခန္တီ စ သော၀စဿတာ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန ဓမ္မသာကစ္ဆာ၊ ဧတံ မင်္ဂလမုတ္တမံ။

တပေါ စ ဗြဟ္မစရိယဉ္စ၊ အရိယသစ္စာန ဒဿနံ။
နိဗ္ဗာနသစ္ဆိကိရိယာ စ၊ ဧတံ မင်္ဂလမုတ္တမံ။

ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ ဝိရဇံ ခေမံ၊ ဧတံ မင်္ဂလမုတ္တမံ။

ဧတာဒိသာနိ ကတွာန၊ သဗ္ဗတ္ထမပရာဇိတာ။
သဗ္ဗတ္ထ သောတ္ထိ ံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလမုတ္တမံ။

မှတ်ချက်။ ။ မြန်မာပြန်ကိုတော့ ကြုံတဲ့အခါမှပဲ ရေးပေးပါ့မယ်ခင်ဗျာ။

Sunday 8 April 2007

နတ္ထိရဲ့ မွေးနေ့



(၁) နတ္ထိရဲ့ “န”

မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊
တသ္မာ ဂဝေသိ ံ ဣဓ ဧ၀ရူပံ။
တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။
သာ ဂစိ ္ဆ မေ စက္ခုပထံ ဇဟိတွာ။

အမေဆိုတာ သားအပေါ် အလွန် ကျေးဇူးများတာပါ။
ဒါကြောင့့် လောကကြီးထဲမှာ အမေ့ကို လိုက်လံရှာဖွေခဲ့တယ်။
ဟင်…..အမေ့ အရိပ်ကလေးကိုတောင် ငါ မမြင်ခဲ့ရဘူး။
အမေဟာ ငါ့မျက်စိအောက်က ပျောက်သွားခဲ့ပါပေါ့လား။


(၂) နတ္ထိရဲ့ “အတ္ထိ”

ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊
သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။
မာတာ ပဝတ္တေသိ သုဂီတသဒ္ဒံ၊
ပုတ္တဿ အနေ္တာဟဒယေ ၀သိတွာ။

ငါ့ကို်ယ်ထဲမှာ သွေးစက်လေးတွေ တေးသီဆိုနေကြတယ်။
အဲဒီ့ တေးသံကို နားဆင်ရင်းနဲ့ ငါ အိပ်ပျော်ရတာပါ။
အော်…အမေဟာ ငါ့ရဲ့နှလုံးသားထဲမှာ နားခိုရင်းနဲ့
သံစဉ်လှလှလေးတွေ ဖန်တီးနေလေရဲ့…။


မှတ်ချက်။ ။ “န” ဆိုတဲ့ ပါဠိဟာ မြန်မာလို “မ”နဲ့ တူပါတယ်။ “အတ္ထိ”ကတော့ “ရှိ” နဲ့ တူတယ်။ “န” နဲ့ “အတ္ထိ” တို့ ပေါင်းလိုက်ရင် “နတ္ထိ” လို့ ဖြစ်ပါတယ်။ ဒီပါဠိစာလုံးလေးတွေနဲ့ နာမည်ပေးထားတဲ့ ဒီပါဠိကဗျာလေးတွေကို အမေ့ကို မတွေ့ဖူးတဲ့, အမေ့ကို လွမ်းလျ တမ်းတနေတဲ့ သားတစ်ယောက်က ရေးဖွဲ့ ထားတာပါ။ ဟုတ်တယ်ဗျာ…အမေနဲ့ ဝေးတာ ၃၃နှစ်တောင် ရှိခဲ့ပါပြီ။ အမေရေ… သား ပြုုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို အမေ့အတွက် အမျှ ပေးဝေပါတယ်။ အမေ…ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေ…။

Saturday 7 April 2007

နတ္ထိရဲ့ မိဘ ( ၁၂ )


၀ရညူ ဒေ၀လောကေ ယော၊
ဝဏ္ဏေနေ္တာ ပ၀ရံ ဓမ္မံ။
၀ဿံ ဝုဋ္ဌော ၀ရာစာရော၊
၀နေ္ဒ ဂရု၀ရံ ဗုဒ္ဓံ။


တာ၀တိ ံသာနတ်ပြည်၌ ဝါကပ်တော်မူလျက်
အဘိဓမ္မာဒေသနာကို ဟောကြားတော်မူသော
သဗ္ဗညုတ မြတ်စွာဗုဒ္ဓကို ရိုသေမြတ်နိုး ရှိခိုးပါ၏။


၈-၄-၀၇ မွေးနေ့ အမှတ်တရ

Friday 6 April 2007

နတ္ထိရဲ့ မိဘ ( ၁၁ )

ပုတ္တပေမံ ဆဝိ ံ ဆိန္ဒတိ၊ ဆဝိ ံ ဆေတွာ စမ္မံ ဆိန္ဒတိ၊ စမ္မံ ဆေတွာ မံသံ ဆိန္ဒတိ၊ မံသံ ဆေတွာ နှာရုံ ဆိန္ဒတိ၊ နှာရုံ ဆေတွာ အဋ္ဌိ ံ ဆိန္ဒတိ၊ အဋ္ဌိ ံ ဆေတွာ အဋ္ဌိမိဉ္ဇံ အာဟစ္စ တိဋ္ဌတိ။

သားသမီးတို့ကို မိဘတို့၏ ချစ်ခြင်းသည် အရေပါး, အရေထူ, အသား, အကြော, အရိုးတို့ကို ဖောက်ပြီးလျှင် ရိုးတွင်းခြင်ဆီကို စွဲ၍ တည်၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

Thursday 5 April 2007

နတ္ထိရဲ့ မိဘ ( ၁၀ )

သပ္ပုရိသော ဥဠာရေ ဘောဂေ လဘိတွာ မာတာပိတရော သုခေတိ ပီဏေတိ။ တဿ တေ ဘောဂေ ဧဝံ သမ္မာ ပရိဘုဉ္ဇိယမာနေ နေ၀ ရာဇာနော ဟရန္တိ န စောရာ ဟရန္တိ န အဂ္ဂိ ဟရန္တိ န ဥဒကံ ၀ဟတိ န အပ္ပိယာ ဒါယာဒါ ဟရန္တိ။ ဧဝံသ တေ ဘောဂါ ပရိဘုဉ္ဇမာနာ ပရိဘောဂံ ဂစ္ဆန္တိ။ နော ပရိက္ခယံ။

သူတော်ကောင်းသည် ပစ္စည်းဥစ္စာ ရရှိလာသည့်အခါ မိဘတို့ကို ချမ်းချမ်းသာသာ ဖြစ်အောင် ဆောင်ရွက်ပေး၏။ ပစ္စည်းဥစ္စာတို့ကို ထိုကဲ့သို့ သုံးစွဲသောအခါ ရန်သူမျိုး ငါးပါးတို့ မနှောင့်ယှက် မဖျက်ဆီးနိုင်ပေ။ ထို ပစ္စည်းဥစ္စာတို့ကို သုံးစွဲသော်လည်း အသုံးအဆောင်သာ ဖြစ်လေ၏။ ကုန်ခမ်းခြင်းသို့ မရောက်ပေ။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

Wednesday 4 April 2007

နတ္ထိရဲ့ မိဘ ( ၉ )

မာတရိ ပိတရိ စာပိ ၊ ယော မိစ္ဆာ ပဋိပဇ္ဇတိ။
ဗဟုဉ္စ သော ပသ၀တိ၊ အပုညံ တာဒိသော နရော။
တာယ အဓမ္မစရိယာယ၊ မာတာပိတူသု ပဏ္ဍိတာ။
ဣဒေ၀ နံ ဂရဟန္တိ၊ ပစ္ဆာပါယဉ္စ ဂစ္ဆတိ။

အမိ အဖတို့အပေါ် ယုတ်ညံ့စွာ ပြုကျင့်သော သူသည်
များစွာသော မကောင်းမှုကို ပွားများသူ ဖြစ်၏။
ထိုသို့ မကောင်းသော အကျင့်ကြောင့်
ထိုသူ့ကို ပညာရှိတို့သည် ပစ္စက္ခတ်မှာပင် ကဲ့ရဲ့ကြ၏။
နောင်တွင်လည်း ချမ်းသာခြင်းမှ ဝေးရာသို့ ရောက်လေတော့၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

နတ္ထိရဲ့ မိဘ ( ၈ )

မာတာပိတူနံ ဥပဋ္ဌာနံ ပဏ္ဍိတပညတ္တံ သပ္ပုရိသပညတ္တံ။

“မိဘတို့ကို ပြုစုလုပ်ကျွေးခြင်း”ကို ပညာရှိသူတော်ကောင်းများ ချီးမွမ်းကြ၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

Tuesday 3 April 2007

နတ္ထိရဲ့ မိဘ ( ၇ )

ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌာတဗ္ဗော။

“အရှေ့အရပ်”ဟု ဆိုရသော မိဘတို့ကို သားသမီးတို့သည် ၅မျိုးသော ဌာနတို့ဖြင့် ပြုစုလုပ်ကျွေးသင့်၏။

ဘတော နေသံ ဘရိဿာမိ၊
ကိစ္စွံ နေသံ ကရိဿာမိ၊
ကုလဝံသံ ဌပေဿာမိ၊
ဒါယဇ္ဇံ ပဋိပဇ္ဇာမိ၊
ပေတာနံ ကာလင်္ကတာနံ ဒက္ဒိဏံ အနုပ္ပဒဿာမိ၊

ကျွေးမွေးမပျက်
ဆောင်ရွက်စီမံ
မွေခံထိုက်စေ
လှူမျှဝေ၍
စောင့်လေမျိုးနွယ်
ဝတ်ငါးသွယ်
ကျင့်ဖွယ်သားတို့တာ။

ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ ပုတ္တံ အနုကမ္ပန္တိ။

သားသမီးတို့သည် ၅မျိုးသော ဌာနတို့ဖြင့် ပြုစုလုပ်ကျွေးသောအခါ “အရှေ့အရပ်” ဟု ဆိုရသော မိဘတို့က သားသမီးတို့ကို ၅မျိုးသော ဌာနတို့ဖြင့် စောင့်ရှောက်ကြ၏။

ပါပါ နိဝါရေန္တိ၊
ကလျာဏေ နိဝေသေန္တိ၊
သိပ္ပံ သိက္ခါပေန္တိ၊
ပတိရူပေန ဒါရေန သံယောဇေန္တိ၊
သမယေ ဒါယဇ္ဇံ နိယာဒေန္တိ။

မကောင်းမြစ်တာ
ကောင်းရာညွှန်လတ်
အတတ်သင်စေ
ပေးဝေနှီးရင်း
ထိမ်းမြားခြင်းလျှင်
ဝတ်ငါးအင်
ဖခင်မယ်တို့တာ။

ဧ၀မဿ ဧသာ ပုရတ္ထိမာ ဒိသာ ပဋိ စ္ဆန္နာ ခေမာ အပ္ပဋိဘယာ။

ဤသို့လျှင် အရှေ့အရပ်သည် အကာအကွယ်ရပြီးလျှင် ဘေးရန်ကင်းစင် လေတော့၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

နတ္ထိရဲ့ မိဘ ( ၆ )

မာတာပိတုဥပဋ္ဌာနံ၊
ဧတံ မင်္ဂလမုတ္တမံ။

အမိအဖကို ပြုစုလုပ်ကျွေးခြင်းသည်
ကောင်းမြတ်သော မင်္ဂလာပေတည်း။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

နတ္ထိရဲ့ မိဘ ( ၅ )

ဗြဟ္မာတိ မာတာပိတူနံ ဧတံ အဓိ၀စနံ။
ပုဗ္ဗာစရိယာတိ မာတာပိတူနံ ဧတံ အဓိ၀စနံ။

သားသမီးတို့အပေါ် ဗြဟ္မစိုရ်တရား အမြဲ ပွားများနေသောကြောင့်
“ဗြဟ္မာ..မြင့်မြတ်သူ” ဟူသည် မိဘတို့၏ အမည်ဖြစ်၏။
သားသမီးတို့ကို ဆရာအားလုံးထက် ရှေးဦးစွာ သင်ကြားပေးတတ်သောကြောင့် “ပုဗ္ဗာစရိယ…လက်ဦးဆရာ” ဟူသည် မိဘတို့၏ အမည်ဖြစ်၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

နတ္ထိရဲ့ မိဘ ( ၄ )

မာတရံ ပိတရံ ဟန႖ာ။

တိုက်ရိုက်အဓိပ္ပါယ််...
အမေ,အဖေကို ပယ်ခွာရှောင်ရှား….။

ဆိုလိုရင်းအဓိပ္ပါယ်...
အမေ”အမည်ရသော တဏှာ,
အဖေ”အမည်ရသော ငါမှငါဆိုသည့်မာန, တို့ကို ပယ်ခွာ…..။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

Monday 2 April 2007

နတ္ထိရဲ့ မိဘ ( ၃ )

နတ္ထိ မာတာ၊ နတ္ထိ ပိတာ။

အမေအပေါ် ကောင်းမွန်စွာ ပြုမူခြင်း, ယုတ်မာစွာ ပြုကျင့်ခြင်းတို့၏
အကျိုးရလာဒ် မရှိ။
အဖေအပေါ် ကောင်းမွန်စွာ ပြုမူခြင်း, ယုတ်မာစွာ ပြုကျင့်ခြင်းတို့၏
အကျိုးရလာဒ် မရှိ။

မှတ်ချက်။ ။ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသော အယူအဆ) ဟု ဆို၏။
ပြင်းသော အဆိပ်ရှိသော မြွေဆိုးသဖွယ်ပင် ဖြစ်၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

နတ္ထိရဲ့ မိဘ ( ၂ )

မာတာ ဟီနဿ ဒုဗ္ဘာသာ၊
ပိတာ ဟီနဿ ဒုကြိယာ။
ဥဘော မာတာ ပိတာ ဟီနာ၊
ဒုဗ္ဘာသာ စ ဒုကီရိယာ။

အမိနဲ့ ဝေးရင် အပြောအဆို မှားမယ်။
အဘနဲ့ ဝေးရင် အပြုအမူ မှားမယ်။
မိဘနှစ်ပါးလုံးနဲ့ ဝေးရင်တော့
အပြောအဆိုရော အပြုအမူပါ မှားမယ်။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

နတ္ထိရဲ့ မိဘ ( ၁ )

ဗဟုကာရာ မာတာပိတရော
ပုတ္တာနံ အာပါဒကာ ပေါတကာ
ဣမဿ လောကဿ ဒဿေတာရော။

မိဘတို့သည် အလွန် ကျေးဇူးကြီးသူများပင်တည်း။
သားသမီးတို့ကို စောင့်ရှောက် ကျွေးမွေး၍
ဤလောကကြီးကို မြင်အောင် ပြသသူများ ဖြစ်ကြသည်။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

Sunday 1 April 2007

နတ္ထိရဲ့ ပုထုဇဉ်

ဥမ္မတ္တကော ဝိယ ဟိ ပုထုဇ္ဇနော။

သော“ဣဒံ ယုတ္တံ၊ ဣဒံ အယုတ္တ”န္တိ အဝိစာရေတွာ

ယဿ ကဿစိ ဥပါဒါနဿ ၀သေန

ယံ ကိဉ္စိ ဘဝံ ပတ္ထေတွာ

ယံ ကိဉ္စိ ကမ္မံ ကရောတိယေ၀။


ပုထုဇဉ််ကား အရူးသဖွယ်တည်း။
သင့် မသင့်ကို မစူးစမ်း
စွဲချင်ရာစွဲ
ဖြစ်ချင်ရာ တောင့်တ
လုပ်ချင်ရာ လုပ်သည်သာတည်း။

Saturday 31 March 2007

နတ္ထိရဲ့ ပဟေဠိ

ဝေဒါသာကု ကုသာဒါဝေ၊
ဒါယသာတ တသာယဒါ၊
သာသာဒိကု ကုဒိသာသာ၊
ကုတကုဘု ဘုကုတကု၊

“Code Is Poetry” လို့ ပြောကြတယ်။ အတော် ရသမြောက်ပါတယ်။ အခုက Programming နဲ့တော့ မဆိုင်ပါဘူး။ ပါဠိဂါထာလေးတစ်ပုဒ်ပါ။ Poetry Is Code လို့ ပြောရမလို ဖြစ်နေတယ်။ ပါဠိနဲ့ Coding လုပ်ထားတာလို့ ဒီဂါထာလေးကို အကဲခတ်မိပါတယ်။ တစ်ကြောင်း ၈ လုံး, ၄ ကြောင်း ဆိုတော့ ဂါထာ အသွင် ဆောင်ပါတယ်။ တစ်ကြောင်း ၈လုံးမှာ ရှေ့ ၄လုံးကို ပဋိလုံ ပြန်ပြီး နောက် ၄လုံးကို ရေးထားတယ်။ ရေးဖွဲ့ထားပုံ အတော် ပီပြင်ပါတယ်။
ပါဠိစာပေမှာ ပုဒ်ပါဌ်အက္ခရာတွေရဲ့ အနက်အဓိပ္ပါယ်ကို ကြံဆတဲ့အခါမှာ အသုံး ပြုဖို့ရာ ရှေးဆရာတို့က ဒီလို ရေးထားတယ်….
ပဌမံ ကရေ ပဒစ္ဆေဒံ ၊ သမာသာဒိ ံ တတော ပရေ၊
သမာသာဒိ ံ တတော ပစ္ဆာ ၊ အတ္ထံ ဇာနေယျ ပဏ္ဍိတော။
အဓိပ္ပါယ်က…ပါဠိစာကို တွေ့တာနဲ့ ပထမဆုံး ပုဒ်တွေကို ခွဲခြမ်းစိတ်ဖြာ ရမယ်။ ပြီးတော့ ပုဒ်တွေရဲ့ ပေါင်းစပ်ဖွဲ့စည်းပုံကို သုံးသပ်ရမယ်။ ဒီလို ခွဲခြမ်းစိတ်ဖြာ သုံးသပ်လေ့လာပြီးရင် အနက်အဓိပ္ပါယ်ကို သိနိုင်ပါတယ်တဲ့။ ဒါက အခြေခံ နည်းစနစ်ပါ။ တစ်ခါတစ်လေ အဓိပ္ပါယ်က လျှို့ဝှက်တိမ်မြုတ်နေတဲ့ အခါမှာ အဲဒိစာကို ဖွင့်ဆို ရေးသားထားတဲ့ ကျမ်းများကို ကြည့်ရှုရပါတယ်။ ပါဠိစာပေမှာ ဒီလို အဖွင့်ကျမ်းများ မြောက်များစွာ ရှိပါတယ်။ အဋ္ဌကထာ, ဋီကာ , ယောဇနာ, ကဏ္ဌိ, ဝိဿဇ္ဇနာ, ဒီပနီ,ဝဏ္ဏနာ စတဲ့ ကျမ်းများစွာဟာ စာပေ လေ့လာသူတွေရဲ့ လက်စွဲများ ဖြစ်ပါတယ်။ အတ္တနောမတိ လို့ဆိုတဲ့ ကိုယ့်ဘာသာကိုယ် ကြံဆမှုဟာ အားနည်းချက်များ ရှိနေတတ်လို့ အဖွင့်ကျမ်းများကို အမှီသဟဲ ပြုရတယ်။ မြန်မာဘာသာနဲ့ နိဿယတွေဟာ ဒါမျိုးတွေပါ။ နောက်ပိုင်းမှာ ကိုယ်ရေးတဲ့ ပါဠိကို ကိုယ်တိုင် နိဿယ ရေးပါတော့တယ်။ စာဖတ်သူများ အခက်အခဲမတွေ့စေဖို့ ဖြစ်ပါတယ်။
“ကျမ်းကြီး ပဋ္ဌာန်း, ကျမ်းငယ် ဆန်း”လို့ ခေါ်တဲ့ ဆန်းကျမ်းဟာ အလွန် သေးငယ်ပါတယ်။ ဒါပေမယ့် “ဉာဏ်စမ်း ဆန်းတက်”လို့ ဆိုရလောက်အောင် နက်နက်နဲနဲ ရေးထားတာ ဖြစ်လို့ ပါဠိစာပေမှာ အလွန် အရေးပါတဲ့ ကျမ်းငယ် တစ်စောင် ဖြစ်တယ်။ အဓိက ဂါထာ စီကုံးရေးဖွဲ့တဲ့ နေရာမှာ သုံးပါတယ်။ ဒီကျမ်းငယ်ကို ပါဠိပညာရှင်များ ခုံမင်စွာ လေ့လာ ကြတယ်။ အလွန် ကျွမ်းကျင်ကြပါတယ်။ ဆန်းကျမ်းမှာ လိမ္မာကျွမ်းကျင်မှု ရှိလာလေလေ ဂါထာအစီအကုံးအနှုန်းအဖွဲ့ ပိုင်နိုင်လာ လေလေ ဖြစ်ပါတယ်။ ဂါထာများကို အဆန်းတကြယ် စီရင်ကြတယ်။ ဉာဏ်ကွန့်မြူးပြီး နည်းအမျိုးမျိုးနဲ့ ရေးစပ်သီကုံးကြတယ်။ အခြေခံအားဖြင့် ပြောရရင် နားလည်လွယ်အောင် ရေးကြတယ်။ တစ်ချို့ကျတော့ အဆင့်မြင့်မြင့် ရေးကြတယ်။ တစ်ခါတစ်ရံ သင်္ကေတများနဲ့ ရေးကြတယ်။ မျိုးစုံပါပဲ။ မြန်မာပြည်ကို ပါဠိစာပေ ရောက်တဲ့ အချိန်က စပြီး ရေးလိုက်ကြတာ ယနေ့တိုင်ပါပဲ။
ပါဠိစာပေမှာ ပိဋကတ်တော် ဆိုတာ ရှိပါတယ်။ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေကို စုစည်းထားတာပါ။ ပေစာ , ပုရပိုက်, ကျောက်စာများက စပြီး ပုံနှိပ်စာ, နောက်ဆုံး ဒဂျစ်တယ် အထိ မှတ်တမ်းများ ရှိထားပါတယ်။ ပိဋကတ်တော်မှ အပ တစ်ခြားသော ပါဠိစာပေများ လည်း ရှိပါတယ်။ ပိဋကတ်နွယ်တဲ့ စာတွေ ရှိသလို လုံး၀ မနွယ်တဲ့ စာတွေလည်း ရှိတယ်။ ဘာပဲပြောပြော ပါဠိစာပေ ပျံ့ပွားရေးမှာတော့ အထောက်အကူ ပြုပါတယ်။ အဲဒီမှာ အခြေခံအားဖြင့် “စကားပြေနဲ့ ဂါထာ” နှစ်မျိုး ရှိတယ်။ ဂါထာတွေက ရွတ်ဆိုရတာ လွယ်ကူတော့ အသုံးများတယ်။ ဘုရားရှိခိုးက စလို့ အင်းအိုင်လက်ဖွဲ့များအထိ ဂါထာများ စီကုံး အသုံးပြုကြတယ်။ ဥုံ ခံပြီး ရွတ်ရင် စွမ်းတယ်လို့ ပြောပြီး ရွတ်ဖတ်ကြတယ်။ အဓိပ္ပါယ် နားမလည်ပေမယ့် အသုံးပြုကြပါတယ်။
ဂမ္ဘီရတ္ထ…နက်နဲတဲ့ အနက်အဓိပ္ပါယ် ရှိတဲ့, ဂူဠှတ္ထ…လျှို့ဝှက်တဲ့ အနက်အဓိပ္ပါယ် ရှိတဲ့ ဂါထာများကို ဖတ်ရှုရတဲ့အခါ သမုဒ္ဒရာအလယ် ယုန်သူငယ် ခြေထောက်၍ မရသကဲ့သို့ ယက်ကန်ယက်ကန် ဖြစ်ရပါတယ်။ အခုလဲ “ဝေဒါသာကု”နဲ့ စတဲ့ ဂါထာလေးဟာ ပါဠိစာပေ ပညာရှင် မဟုတ်တဲ့ ဝါသနာအရ လေ့လာနေတဲ့ သူတစ်ဦးအတွက် အတော် ခက်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို အကြောင်းသင့်ပြီး နားလည်သဘောပေါက်မလဲ မသိပါ။ ပဟေဠိကို အဖြေညှိဖို့ အခွင့် ကြုံဦးမှာပါ။

(ဒီဂါထာကို ကြားဖူးသူတွေကိုတော့ တွေ့နေရပါပြီ။ သူတို့လဲ ထူးထူးခြားခြား မသိကြပါ။ ဒါကြောင့် ဆက်လက် မေးမြန်းနေရပါတယ်။ အဓိပ္ပါယ် သိနားလည်သူများ ရှိရင် ပြောနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

Friday 30 March 2007

နတ္ထိရဲ့ ဓမ္မပဒ

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ပါဠိစာပေဟာ လေးနက်တဲ့ အဓိပ္ပါယ်ပြည့်၀တဲ့ လောကကောင်းကျိုးရှေ့ရှုတဲ့ စာကောင်း ပေမွန် တစ်ခုပါ။ ဖတ် မှတ် လော့လာရုံနဲ့ သိသာပါတယ်။ မိမိ သူတပါးကို တစ်စိုးတစ်စိမျှ ထိပါးခြင်း မရှိဘဲ မိမိရဲ့ ကျင့်ကြံကြိုးကုတ်မှုအပေါ် မူတည်ပြီး အကျိုးအမြတ်ကောင်းများ ရနိုင်ပါတယ်။ မျက်ကန်း ယုံကြည်မှုကို ဖယ်ရှားပြီး မိမိရဲ့ ကိုယ်ပိုင် စွမ်းအားနဲ့ လွပ်လပ်သော အတွေးအခေါ် အယူအဆများကို ကိုင်စွဲကာ ဘဝရဲ့ ဒုက္ခများကို မရှောင်တမ်း ရင်ဆိုင် နိုင်ပါတယ်။ အပြုသဘောဆောင်တဲ့ အမြင်များနဲ့ လောကရဲ့ မညီညာမှုတွေ အပြောင်းအလဲတွေ အရှုပ်အထွေးတွေကြားမှာ ငြိမ်းအေးစွာ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။
တိတိကျကျ ပြောရရင် ၁၉၈၆/၈၇ မှာ။ ၉တန်း ကျောင်းသားတစ်ယောက် အနေနဲ့ ပျော်စရာအတိပါ။ ပူပင်စရာ မရှိ။ ကျောင်းသွား ကျောင်းပြန် စာမှန်မှန်ကျက် ဒါပဲ( ဟိုဟိုဒီဒီ အလေလိုက်ချင်တဲ့ စိတ် တဖြည်းဖြည်း ရင့်လာတာလေးတော့ ရှိတာပေါ့)။ ကျောင်သားတစ်ယောက်ရဲ့ ဘဝ ပြန်တွေးကြည့်ရင် လွမ်းမောစရာထက် မတည်ငြိမ်သေးတဲ့ သဘောတွေ ရှိနေတာကို တွေ့ရမှာပါ။ ဒီအထဲက တစ်ခုကို ပြောချင်လို့ပါ။ ကျောင်းတက်နေတုန်းမှာ အတန်း အကူးအပြောင်းမှာ ဆရာ မလာတဲ့ အချိန်များ ရှိတတ်ပါတယ်။ အလွန် ပျော်ပေါ့။ အဲဒီလို အချိန်လေးမှာပေါ့….။
ဟိန်း….အသံကြီးတစ်ခု ကြားလိုက်ရပါတယ်။ သိလိုက်ပါပြီ။ ကျောင်းအုပ်ကြီးရဲ့ ကိုယ်ပိုင် သံစဉ် တစ်ခု ဖြစ်ပါတယ်။ ကျောင်းဝန်းထဲမှာ ဒီလို အသံမျိုး ကြားလို့ကတော့ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ပေါ့။ ပြေးစမ်း။ ဟုတ်တယ်။ ကျောင်းအုပ်ကြီးနဲ့ ရင်ဆိုင်တိုးမိရင် မလွယ်ပါ။ အနည်းဆုံး တစ်ချက်တော့ အတီးခံရမှာ သေချာတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး တီးပါတယ်( သားရေကွင်း လက်မှာ ပတ်ထားသည်ကို တွေ့၍ အရိုက်ခံရဘူးပါသည်)တမတ်စေ့အောက် မရော့့သော လုံးပတ် ရှိတဲ့ ကြိမ်လုံးကို လက်ထဲက မချပါ( မတ်စေ့ မမြင်ဘူး သူများ ခွင့်လွှတ်ပါ)။ သူ့ အတီးကလည်း စိန်ဗေဒါ ထက် ပြင်းပါတယ်။
အခုလည်း တုတ်ကြီးကိုင်ပြီး စာသင်ခန်းထဲ ဝင်လာပါတယ်။ သေချာပြီ။ အတန်းမှာ ဆရာ မရှိတုန်း သူကိုယ်တိုင် ဝင်ပြီး သင်မယ်ပေါ့။ ဒါမျိုး မကြာခဏ လုပ်တတ်ပါတယ်။ သင်တော့လဲ သင်ခန်းစာနဲ့ ပတ်သက်တာ သင်ခဲပါတယ်။ သင်ချင်တာ သင်ပြီး ဆိုခိုင်းတော့တာပဲ။ သူ ပါးစပ်ကြီး ဟဟပြီး ဆိုတဲ့အတိုင်း လိုက်ဆိုရပါတယ်။ သူ့ ပုံက အလွန် ရယ်ဖွယ် ဖြစ်ပါတယ်။( အခု စာရိုက်နေရငး် မျက်လုံးထဲ ပြန် မြင်ယောင် နေမိပါတယ်) ရီလို့ မရပါ။ သူ့ရှေ့့မှာ ရီဖူးသူများ လွမ်းလောက်အောင် အတီးခံရဘူးပါတယ်။ အဲဒီနေ့မှာတော့ စာတစ်ပုဒ် သင်ပါတယ်။ ဖတ်ပြတယ်။ လိုက်ဆိုရတယ်။ အဓိပ္ပါယ် ပြောခဲ့သလား မမှတ်မိတော့ပါ( သူငယ်ချင်းများထဲက မှတ်မိသူများ ရှိမလား မသိပါ)။ အတန်းပြောင်း ခေါင်းလောင်းခေါက် နောက်ဆရာ တစ်ယောက်လာ ကျောင်းအုပ်ကြီးလည်း သွားရော ပြီးသွားတာပါပဲ။
နောက် (၈)နှစ်လောက် အကြာမှာ ကျောင်းအုပ်ကြီး သင်ခဲ့တဲ့ စာတစ်ပုဒ်ကို ပြန်လည် သင်ကြားရပါတယ်။

ပထဗျာ ဧကရဇ္ဇေန ၊
သဂ္ဂဿ ဂမနေန ဝါ ။
သဗ္ဗလောကာဓိပစ္စေန ၊
သောတာပတ္တိဖလံ ၀ရံ ။

ဒီစာပိုဒ်ပါ။ ငယ်စဉ်က ဒါဟာ ပါဠိဂါထာ(ကဗျာ), ဗုဒ္ဓဒေသနာလို့ မသိခဲ့ပါ။ သိတဲ့ အချိန်မှာ ကျောင်းအုပ်ကြီးကို အလွန် သတိရပါတယ်။ ဒါပေမယ့် သူ ကွယ်လွန်ခဲ့တာ နှစ် အတော် ကြာခဲ့ပါပြီ။ Erich Segalရဲ့ The Classကို မြသန်းတင့်က လွမ်းမောခဲ့ရသော တက္ကသိုလ် နွေဦးညများ လို့ ဘာသာပြန်တယ်။ အခုက တက္ကသိုလ်မဟုတ်ပါ။ အထက်တန်းကျောင်းလေး တစ်ခုမျှသာ ဖြစ်ပါတယ်။ ဘာပဲ ပြောပြော လွမ်းတော့ လွမ်းရပါတယ်။
ဒီကဗျာရဲ့ အဓိပ္ပါယ်က အတော် မြင့်ပါတယ်( ကျောင်းအုပ်ကြီးက သူ့တပည့်များကို အတော် အထင်ကြီးပုံ ရပါတယ်)။ ဆရာတော် အရှင် သေဋ္ဌိလရဲ့ မြန်မာပြန်က ဒီလိုပါ….

“မြေတပြင်လုံးကို အစိုးရသော စကြာ၀တေးမင်း အဖြစ်ထက်လည်းကောင်း၊
နတ်ပြည် ဗြဟ္မပြည်သို့ သွားရသည်ထက် လည်းကောင်း
သောတာပတ္တိဖိုလ်ကို ရခြင်းသည် မြတ်၏။”

မြတ်ဗုဒ္ဓရဲ့ ဒေသနာထဲမှာ “ဓမ္မပဒ”လို့ အမည်ရတဲ့ စာစုထဲက ဖြစ်ပါတယ်။ ဆရာတော် အရှင် သေဋ္ဌိလကပဲ “လူအမျိုးမျိုးတို့၏ စိတ်သဘော အမျိုးမျိုးကို လိုက်၍ ဗုဒ္ဓမြတ်စွာဘုရား ဟောကြားတော် မူခဲ့သော တရားတော်ပေါင်းစုံ ပါရှိသဖြင့် (Anthology of Verses) တရားတော် ညွှန့်ပေါင်းကျမ်း ဖြစ်ပါသည်” ဟု “ဓမ္မပဒ”ကို အဓိပ္ပါယ် ဖွင့်ပါတယ်။ အဲဒီထဲက တစ်ဂါထာဟာ အခုထိ ရင်ထဲမှာ ရိုက်ခတ်နေဆဲပါ။

ဆရာကြီးအား ဤစာတိုပေစဖြင့် ပူဇော်ပါသည်။

Thursday 29 March 2007

နတ္ထိရဲ့ လောကနီတိ ( ၂ )

စန္ဒနံ သီတလံ လောကေ၊
တတော စန္ဒံ.၀ သီတလံ။
စန္ဒစန္ဒနသီတမှာ၊
သာဓု ဝါကျံ သုဘာသိတံ။

လောကတွင် စန္ဒကူးသည် အေးမြ၏။
ထို့ထက် လမင်းသည် ပို၍ အေးမြ၏။
လမင်းနှင့် စန္ဒကူးထက်
ကောင်းသော စကားသည် ပို၍ အေးမြ၏။

နတ္ထိရဲ့ ပရိတ်

မာ မံ အပ္ပါဒကော ဟိ ံသိ၊
မာ မံ ဟိ ံသိ ဒွိပါဒကော။
မာ မံ စတုပ္ပဒေါ ဟိ ံသိ၊
မာ မံ ဟိ ံသိ ဗဟုပ္ပဒေါ။

ခြေမရှိသောသူ…ကျွနုပ်အား မညှင်းဆဲပါနဲ့။
ခြေနှစ်ချောင်းရှိသောသူ… ကျွနုပ်အား မညှင်းဆဲပါနဲ့။
ခြေလေးချောင်းရှိသောသူ…ကျွနုပ်အား မညှင်းဆဲပါနဲ့။
ခြေများစွာရှိသောသူ… ကျွနုပ်အား မညှင်းဆဲပါနဲ့။

နတ္ထိရဲ့ လောက

“လောကော သတ္တာန.မာစေရော”

သတ္တဝါတို့ရဲ့ ဆရာသည် လောက။

နတ္တိရဲ့ လောကနီတိ ( ၁ )

နတ္ထိ ဝိဇ္ဇာသမံ မိတ္တံ။
န စ ဗျာဓိသမော ရိပု။
န စ အတ္တသမံ ပေမံ။
န စ ကမ္မသမံ ဗလံ။

အတတ်ပညာနှင့် တူညီသော မိတ်ဆွေ မရှိ။
အနာရောဂါနှင့် တူညီသော ရန်သူ မရှိ။
မိမိကိုယ်နှင့် တူညီသော ချစ်သူ မရှိ။
ကံနှင့် တူညီသော ခွန်အား မရှိ။

နတ္တိရဲ့ မီးလျှံ

သတ္တာဒိစ္စုပ္ပန္နေ၊ ဗဟိ ဒိဿတိ နေဝ မသိပိ လောကာနံ။
လောကာနံ အဇ္စျတ္တေ၊ အဟော န ဇာလာ ဒသုပ္ပန္နေ။

နေ ခုနှစ်စင်း အပြိုင်လင်းတဲ့အခါ
လောကဓာတ်ခွင် တပြင်လုံးမှာ
ပြာမှုန်လေးမျှ မကျန်ရစ်ပါ။
လောကသားတွေရဲ့ အဇ္ဈတ္တမှာ
မီးဆယ်စင်း လောင်မြိုက်နေတာ
မီးတောက်လေးတောင် မတွေ့ရပါလား…။

နတ္တိရဲ့ ဝေါဟာရ

“ယေ ဓမ္မာ ဟေတုပ္ပဘဝါ” အစရှိတဲ့ ဗုဒ္ဓကျမ်းစာစု ရေးထွင်းထားတဲ့ ရွှေပြားချပ် နှစ်ခုကို သရေခေတ္တရာ မြို့ဟောင်းမှာ တူးဖော်ရရှိခဲ့တယ်။ အေဒီ ၅ရာစုလက်ရာ တစ်ခုပါ။ Languageက ပါဠိ , scriptက ဗြဟ္မဏီ ဖြစ်တယ် (အက္ခရာဖြစ်ပေါ် လာပုံနှင့် အက္ခရာ အဆင့်ဆင့် ပြောင်းလဲပုံကို သီးခြား လေ့လာနိုင် ပါတယ်)။ ဒါဟာ မြန်မာနိုင်ငံ ပါဠိစာပေရဲ့ သမိုင်းဦးပါ။ နောက်ပိုင်းမှာ ဗုဒ္ဓဘာသာနှင့် အတူ ပါဠိစာပေ ခရီးရှည်ကြီးကို မြန်မာနိုင်ငံမှာ ယနေ့အထိ လျှေက်လှမ်းနေဆဲပါ။
ပါဠိဝေါဟာရဟာ ကိုယ်နဲ့ အနီးဆုံးမှာ ရှိနေခဲ့တယ်။ ငယ်စဉ်က ကိုယ့်နာမည်ကို စတင် သိတဲ့အချိန်မှာ ပါဠိသက်ဝေါဟာရတစ်ခုနှင့် မြန်မာစာလုံးကို ပေါင်းစပ်ထားတာလို့ မသိခဲ့ပါ (နာမည်ကိုတော့ မပြောလိုတော့ပါ)။ ကျောင်းမှာ မြန်မာစာ ဆရာမက နာမည်ကို “အေးမြခြင်း”အဓိပ္ပါယ်ရတယ်လို့ ရှင်းပြပေးတာကို မှတ်သား ရတယ်။ အမှန်ကတော့ “နှစ်သက်ခြင်း” လို့ ဆိုလိုတာကို နောက်မှ သိရတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ ပါဠိဝေါဟာရတွေ နေရာအနှံ့ အသုံးပြုနေတာကို သိကြမှာပါ။ ပါဠိစာပေဟာ မြန်မာပြည်ဖြစ် မဟုတ်ပါ။ သို့သော် “စာတစ်လုံး ဘုရားတစ်ဆူ” ဆိုပြီး တန်ဖိုးထားတတ်ကြတယ်။ ပါဠိစာပေနဲ့ တည်ဆောက်ထားတဲ့ ဗုဒ္ဓဒေသနာတော်ကို သင်ယူလေ့လာ ကျင့်ကြံအားထုတ် ကြတယ်။ “မင်္ဂလာပါ” ဆိုတဲ့ စကားကို ကိုယ်ပိုင်ဝေါဟာရတစ်ခု အဖြစ် မှတ်ယူ ကြတယ်။
စကားလုံးတွေကို ရေးသားတဲ့အခါပဲ ဖြစ်ဖြစ် ပြောဆိုတဲ့အခါပဲ ဖြစ်ဖြစ် အခြေခံအားဖြင့် စည်းမျဉ်းစည်းကမ်း လေးတွေရှိကြတယ် (တကယ်တော့ စည်းကမ်းတွေက အလွန်များတာပါ)။ ပါဠိစာပေမှာဆိုရင် တိကျ ပြတ်သားတဲ့ သတ်မှတ်ချက်တွေ ရှိတယ်။ ဒါပေမယ့် နိုင်ငံအလိုက် အနည်းငယ် ကွဲပြားတဲ့ လေယူလေသိမ်းတွေ ရှိတယ်။ ဥပမာ နိုင်ငံတကာ အသိအမှတ် ပြုထားတဲ့ စံနှုန်းတွေ ရှိပေမယ့် သီရိလင်္ကာမှာ ပရိတ် ရွတ်တဲ့အခါ မြန်မာနဲ့ တူဖို့ မလွယ်ပါ။ ပစ်စလက်ခတ် လုပ်နေတာလို့ မဆိုလိုပါ။ ပါဠိဘာသာစကား တူပေမယ့် သီးခြားအက္ခရာတွေ ရှိသလို သီးခြား လေသံ ရှိတယ်။ မတူညီတဲ့ စာမူတွေလည်း ရှိတယ်။ ဒီတော့ ဘယ်လို လုပ်မလဲ။ “နှုတ်တစ်ရာ စာတစ်လုံး”ဆိုတာကနေ “စာတစ်လုံး နှုတ်တစ်ရာ” ဖြစ်သွားလေရော။
“နမော တဿ”အစရှိတဲ့ ဘုရားရှိခိုးကို ဘယ်အချိန်က စသင်ခဲ့သလဲဆိုတာ မမှတ်မိတော့ပါ။ ငယ်စဉ်က ကျိုက်ထီးရိုးအသွား တောင်ပေါ်မှာ မြွေတစ်ကောင်နဲ့ ရင်ဆိုင်တိုးမိတော့ ကြောက်လန့်ပြီး ခန္ဓပရိတ်တော်ကို သင်ယူမိတာ အမှတ်တရပါ (အဖိုးနှင့် ညီတို့က စွမ်းတယ်လို့ ပြောလို့ပါ)။ အရွယ်ရောက်တဲ့အခါ လူငယ်သဘာဝ ချစ်တဲ့ကြိုက်တဲ့ သဘောကို မေတ္တာ, ကရုဏာနဲ့မှားပြီး မေတ္တာပရိတ်တော်ကို အသေအချာ ကျက်ပြီး မန္တန်တစ်ခုလို သုံးမိပါသေးတယ်( အဓိပ္ပါယ် လုံး၀ မသိပါ)။ အိမ်မှာ အလှူဆွမ်းကျွေး ရှိတဲ့အခါ သံဃာတော် များက ပရိတ်တရား ချီးမြှင့်တော့ မေတ္တာသုတ်ရောက်ရင် နောက်က harmonyလိုက်မိပါတယ်။ (ဘုရားစင်မှာ ပန်း, ရေချမ်း, ဆီမီး ကပ်လှူ,ဘုရားရှိခိုး မေတ္တာပို့ ကြေးစည်ခေါက်ပြီး အမျှဝေတတ်တဲ့ သူငယ်ချင်းတစ် ယောက်ကိုတော့ မမှီပါ)။ ဒါက ဆယ်ကျော်သက် အရွယ်မှာ စတင် absorb ဖြစ်တဲ့ သဘာဝပါ။ ဒါပေမယ့် academic မဖြစ်ပါ။
ပါဠိစာပေမှာ အခြေခံGrammarရှိတယ်။ အင်း ဒီနေရာရောက်ရင် နည်းနည်း လန့်တယ်။ ငယ်စဉ်က ကျောင်းမှာ မြန်မာစာ သင်တော့ သဒ္ဒါသင်ရမယ်ဆိုရင် အတော် ပျင်းတာကိုး (ဘာတွေလဲ မသိဘူးလို့ ပြောဖြစ်တယ်)။ မြန်မာဖြစ်လို့ပေါ့။ မိခင်ဘာသာစကား မဟုတ်ရင် Grammarကို ကျော်လို့ ရမယ် မထင်ဘူး။ ဖြတ်သန်းတဲ့အခါ dry subject တစ်ခုမို့ စိတ်ညစ်စရာ မလိုဘဲ သိချင်တာလေးတွေ သိခွင့် ကြုံလာပြီမို့ ဝမ်းသာစရာပါ။ ပါဠိကိုလဲ သင်ပုန်းကြီးက စသင်ရပေမယ့် ငယ်စဉ်ကလို ပျင်းဖို့ မလိုပါ။
ဥပမာတစ်ခုလောက်နဲ့ ပြောရင်း သင်ကြည့်ရအောင်။ ပါဠိအက္ခရာတွေကို အသံ ထွက်တဲ့ နေရာမှာ မြန်မာအသံနဲ့ တူတာတွေ ရှိသလို မတူတာတွေလဲ ရှိတယ်။ ပါဠိအက္ခရာ “က”ကို မြန်မာက “က” လို့ အသံထွက်တာ နိုင်ငံတကာစံနှုန်းတွေနဲ့ တူတယ်။ ပါဠိအက္ခရာ “စ” ကို “စ”လို့ ဆိုတာ မြန်မာပါ။ “ကျ”လို့ အသံထွက်တာ နိုင်ငံတကာစံပါ။ ပါဠိသဒ္ဒါကျမ်း များက အခြေခံအားဖြင့် ဒီလို ဆိုကြတယ်… “အာခေါင်ကို လျှာအလယ်ပိုင်းနဲ့ ထိပြီး စ”ကို အသံထွက်မယ်ဆိုရင် “စ”လို့ မထွက်ပါ။ “ကျ”လို့ အသံ ထွက်တယ်။ ဒီလို ကွဲလွဲမှုတွေ ရှိတယ်။ လည်ချောင်းနဲ့ အာခေါင်စောက်တို့ကို သူ့နေရာနဲ့သူ ဖွင့်ပြီး ပါဠိအက္ခရာ“ဧ”ကို အသံထွက်တော့ “အေ” လို့ ထွက်တယ်။ “အေး”လို့ ထွက် မလာပါ။ ပါဠိစာပေမှာ မြန်မာလို “း” အသံ မရှိပါ။ ပါဠိနှင့် မျိုးနွယ်တူ Sanskrit ဘာသာစကားမှာ ရှိတယ်။ ဒီဘာသာက ပါဠိလို Dead language မဟုတ်တဲ့ အပြင် မြန်မာစာပေ အပေါ်မှာ သက်ရောက်မှုတွေ ရှိထားပါတယ်။ Sanskrit အသံနဲ့ ပါဠိကို ဖတ်ရင် “ဧ”ကို “အေး”လို့ အသံထွက်သွားနိုင်ပါတယ်။( မြန်မာလို စာလုံးနဲ့ အသံထွက် နမူနာ ပြထားတာ အတိအကျလို့ မဆိုလိုပါ)။ ဒီလို လေယူလေသိမ်းတွေ မတူတာကတော့ ဟာသလို ဖြစ်နေတတ်တယ်။
ပါဠိဟာ မြန်မာစာ မဟုတ်ပါ။ ဘာသာစကား အချင်းချင်း အပြန်အလှန် ဆက်သွယ်မှု ရှိပေမယ့် အတိအကျ နှိုင်းယှဉ်ဖို့ရာ ခက်ခဲပါတယ်။ အပြောင်းအလဲ မရှိဘဲ ယူသူံးနေတာတွေ ရှိသလို့ အသွင်ပြောင်းပြီး အသုံးပြုနေတာတွေ ရှိတယ်။ အခုလို Globalizeဖြစ်တဲ့အခါ အလွန့် အလွန် ကူးလူးဆက်ဆံမှုတွေ ရှိတယ် (Star War ရုပ်ရှင်ထဲမှာပါတဲ့ “C3PO”ဆိုတဲ့ စက်ရုပ်က ဘာသာစကားပေါင်း သန်းချီပြီး တတ်သတဲ့)။ ဘာသာစကား သုံးစွဲမှု အပြန်အလှန် ရွေ့လျောမှု စတဲ့ ဖြစ်စဉ် တွေမှာ Copy Right ရှိသလားတော့ မသိပါ။ ဘာပဲဖြစ်ဖြစ် တိကျမှု ရှိအောင် ဆိုင်ရာဆိုင်ရာက အစွမ်းကုန် ကြိုးစားနေကြတာပါ။
ကဲဗျာ… မေးတဲ့သူက မေးတယ်။ ဒီကလဲ ပြောချင်တာတွေ ပြောမိတယ်။ အဆင်မသင့်ရင် ခွင့်လွှတ်ပါ။

နတ္တိရဲ့ လဝန်း

နက္ခတ္တရညေ ဟသိတံ ကရောန္တေ၊
သြဒါတဝဏ္ဏော သကလော ပဒေသော။
ဒုဗ္ဗဏ္ဏရူပေါ ပန ရောဒမာနေ၊
နေဝမ္ပိ ဟာသံ ကရိ သဗ္ဗဒါ သော။

လပြည့်ဝန်း
ပြုံးရယ်တဲ့အခါ
လောကတစ်ခွင်လုံး
ငွေရောင်စဉ်
ယှက်သန်းနေလေရဲ့…။
ငိုကြွေးတဲ့အခါမှာ
မလှမပ ဖြစ်ရော…။
ဒါပေမယ့်
သူ
အမြဲတမ်း
မရယ်ဘူးနော်။

နတ္တိရဲ့ လင်းတ

ဝသန္တိ ဝါတံ ကိရ ဘက္ခယန္တာ၊
ကုလာဝကေယေဝ ဇိဃစ္ဆမာနာ။
မရန္တိ ဧဝမ္ပိ န ခုဒ္ဒဂိဇ္စျာ၊
အဟော ပိပါသာယ.ဓိဝါသနတ္တံ။

လင်းတပေါက်စလေးတွေ
လေကိုသာ စားပြီး
အသိုက်ထဲမှပဲ နေရရှာသတဲ့။
ဒါတောင်…
သေကံမရောက် သက်မပျောက်ဘဲ
မွတ်သိပ်မှုဒဏ်ကို
ခံနိုင်ရည်ရှိပုံကတော့
အံ့သြလောက်ပါရဲ့…။

နတ္ထိရဲ့ နတ္ထိ

ရှိုခြင်းနဲ့ မရှိခြင်းတို့ရဲ့ အခြားတစ်ဖက်ဆိုတာ ဘယ်မှာလဲ။ ရှာကြည့်ရအောင်။
“နတ္ထိ” ဒီစကားလုံးက အခြေခံအားဖြင့် ပါဠိlanguageက လာတာ။ Grammar အနေအထားအရ ပြောရရင် န ရယ် အတ္ထိ ရယ်, စကားလုံး နှစ်ခုကို ပေါင်းစပ် ထားတာ။ negativeကို ညွှန်းဆိုတဲ့ “န” နဲ့ possessiveကို ပြတဲ့ “အတ္ထိ” တို့ ပေါင်းလိုက်တော့ နတ္ထိ ဖြစ်ရော။ အဓိပ္ပါယ်က “မရှိ” ပေါ့။မြန်မာပြည်မှာ ပါဠိစာပေကို ဘုန်းကြီးစာလို့ ခေါ်ကြတယ်။ Oriental Studyလို့လဲ ဆိုနိုင်တယ်။ ဘာသာဗေဒ ရှုထောင့်က ကြည့်ရင် ပါဠိဟာ Dead languageပါ။ တစ်ဖက်ကတော့ မြတ်ဗုဒ္ဓရဲ့ တရားတော်တွေကို ပါဠိlanguageနဲ့ recordလုပ်ထားတာကြောင့် သုတ ရသ မြတ်နိုးသူတို့ အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ ဘာသာစကား တစ်ခု ဖြစ်နေပြန်တယ်။ မြန်မာ့ယဉ်ကျေးမှု ဖြစ်စဉ်တွေမှာ ပါဠိစာပေရဲ့ သြဇာသက်ရောက်မှု အကြီးအကျယ် ရှိပါတယ်။ (ဘာသာရေးအမြင်များနဲ့ ဘာသာစကားဆက်နွယ်မှုတို့ comparative study တစ်ခု အနေနဲ့ လေ့လာနိုင်ပါတယ်)။ ကိုယ့်အပေါ် ဘယ်လို သက်ရောက်တယ် ဆိုတာကိုပဲ ပြောချင်တယ်။ပါဠိစာပေမှာ ကဗျာတွေ ရှိတယ်။ (ဒီနေရာမှာ ကဗျာရေစီးကြောင်းထဲက pre တွေ post တွေ ultra တွေ မရေးချင်ပါ) ။ ပါဠိဘာသာနဲ့ ကဗျာကို ဂါထာလို့ ခေါ်တယ်။ အထူးသဖြင့် မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်တွေထဲမှာ တိကျ ပြတ်သားတဲ့ ရေးဖွဲ့မှု စနစ်တွေနဲ့ လေးနက် တည်ကြည်တဲ့ အနက်အဓိပ္ပါယ်တွေပါတဲ့ ကဗျာတွေ မြောက်များစွာ ရှိတယ်။ လူတစ်ဦးရဲ့ စိတ်ကို ညှို့ယူဖမ်းစားနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။ (ကြုံတဲ့အခါ ဒီကဗျာတွေကို ခံစားနိုင်အောင် တင်ပြဦးမယ်)။ အပြုသဘောဆောင်တဲ့ အမြင်နဲ့ ပြောရရင် “အလွန် အသုံးတည့်တယ်”ပေါ့ဗျာ။ လောကမှာ အချမ်းသာဆုံးသော ရသကို ပေးနိုင်တယ်လို့ ပြောရင် ပိုထိရောက်တယ်။ပါဠိlanguageကို သင်ယူလာတာ အတော် ကြာနေပါပြီ။ အသက် ၂၂နှစ်ပြည့်တဲ့ အချိန်မှာ ကကြီး ခကွေး ကနေ စသင်ခဲ့တာ။ (ဒီတော့ နတ္ထိ၂၂ (natthi22) ဆိုတာ ရှင်းပါတယ်)။ အခြေခံက စပြီး သင်ပေမယ့် အဆုံး အထိတော့ မရောက်သေးပါဘူး။ ချီတက်ဆဲပေါ့။ တစ်ခါတစ်လေကျတော့ အရမ်း ပျော်တယ်။ တစ်ခါတစ်လေ အခက်အခဲတွေ ကြားမှာ အတော် မောတယ်။ ထိထိခိုက်ခိုက် ဖြစ်တာလေးတွေကိုတော့ မှတ်တမ်းတင်ချင်တာပေါ့။ ဒီလိုနဲ့ စာတိုပေစလေးတွေ မတတ်တတတ်နဲ့ ရေးဖြစ်တယ်။ အမှတ်တရပါ။ ကဗျာတွေ များတယ်။ဒါတွေကို Onlineပေါ်မှာ exhibition ဒါမှမဟုတ် exploration တစ်ခု အနေနဲ့ လုပ်လိုက်တာပါ။ နှစ်သက်စွာ ခံစားနိုင်ဖို့ မျှော်လင့်ပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့

လုပ်ချင်တာ လုပ်ရရင် ကျေနပ်ကြတာပဲ။
အခုလဲကြည့်….
ရေးချင်တာရေး, ပြောချင်တာပြောဖို့ ကြိုးစားနေတယ်။
ရင်တွင်းဖြစ်လား ရင်ခုန်သံတွေလား မသိပါဘူး။
တစ်ဦးတစ်ယာက်ကိုမျှ မထိခိုက်စေရပါဘူးလို့ ယုံကြည်တယ်ဗျာ။
တစ်ခုတော့ ရှိတယ်။
ITလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် ဘာမှ မသိဘူး ဆိုတာပါပဲ။
အဆင်မပြေတာတွေ ရှိနေရင် ကျွမ်းကျင်သူများ နားလည်ပေးကြပါဗျာ။
အားလုံးကို ကျေးဇူးတင်ပါတယ်။