Tuesday 24 August 2010

အညှာ



တေ သတ္တာ သုဗဒ္ဓာ၊
ယေ ဗဒ္ဓာ ရုဏ္ဏဟသိတဘဏိတအာကပ္ပ၀နဘင်္ဂဂန္ဓရသဖဿေဟိ။

အငို...
အပြုံး...
အပြော...
အသွင်...
အပေး..
အနံ့...
အရသာ...
အတွေ့...
...
အနှောင်အဖွဲ့...။ 

Saturday 14 August 2010

အသောကရဲ့ အက္ခရာများ-၂၁

-ဒေဝါနံ ပိယေ ပိယဒသိ လာဇာ

-ဟေဝံ အာဟာ။ ဓံမေ သာဓူ။ ကိယံ စု ဓံမေတိ။ အပါသိနဝေ ဗဟု ကယာနေ

-ဒယာ ဒါနေ သစေ သောစယေ။ စခုဒါနေ ပိ မေ ဗဟုဝိဓေ ဒိံ နေ ဒုပဒ-

-စတုပဒေသု ပခိဝါလိစလေသု ဝိဝိဓေ မေ အနုဂဟေ ကဋေ အာပါန-

-ဒါခိနာယေ အံနာနိ ပိ စ မေ ဗဟူနိ ကယာနာနိ ကဋာနိ။ ဧတာယေ မေ

-အဌာယေ ဣယံ ဓံမလိပိ လိခါပိတ။ ဟေဝံ အနုပဋိပဇံတု စိလံ

-ထိတိကာ စ ဟောတူ တီတိ။ ယေ စ ဟေဝံ သံပဋိပဇီသတိ သေ သုကဋံ ကဆတီ တိ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားမြတ်ကြီး ဤသို့ မိန့်ပြန် ထားရှိတော်မူပြီ၊-- တရား၌ ကောင်းမွန်စွာ လိုက်နာ-ပြုကျင့်ခြင်း မည်သည်ကား သတ္တဝါတို့အား သနားကြင်နာ ကိုယ်ချင်း စာခြင်း, စွန့်ကြဲးပေးကမ်း လှူဒါန်းခြင်း, ကိုယ်-နှုတ်-စိတ် သုံးပါးကို တရားအတိုင်း ဖြောင့်မတ် တည့်မှန်ခြင်း, ကိုယ်ကျင့်, နှုတ်ပြော, စိတ်ထား သုံးပါးလုံး စင်ဖြူခြင်း-- ဤသို့သော ကောင်းမှုများစွာကို အသစ်-အသစ် ဖြစ်ပွား စေခြင်း ဖြစ်၏၊ ဤတရားတော်တို့ အနက် ငါ မင်းတရားသည် ထူးထွေ စားစား မြောက်မြားစွာသော ဒါန-ပေးကမ်း စွန့်ကြဲးခြင်းကို ပြုလုပ် ပေးလှူတော်မူအပ်၏၊ အခြေ ၂ချောင်းရှိသူ လူအပေါင်း, အခြေ လေးချောင်းရှိ သားအပေါင်းတို့၌ ၄င်း, အထွေထွေ အစားစား အရေအတွက် မရ, မြောက်မြားလှသော ခြီးမြှောက်-ထောက်ပံ့ခြင်းကိုလည်း ငါမင်းမြတ်သည် အသက် သတ်ရေး ငြိမ်းအေးချမ်းသာစေခြင်း တိုင်အောင် ပြုလုပ်တော်မူ၏။

ငါမင်းမြတ်သည် ဤမှ တပါး မြောက်မြားစွာသော (ဒယာ, သစ္စ, သောစေယျ စသည်) ကောင်းမှု ကုသိုလ်တို့ကိုလည်း ပြုလုပ်-- ကျင့်ဆောင်တော် မူအပ်ကုန်၏၊ ဤသို့သော တရားကျင့်ရေးများ အလို့ငှာပင် ငါမင်းမြတ်သည် ဤတရားကျောက်စာတော်ကို ရေးသား တည်ထား တော်မူစေအပ်၏၊ ဤသို့ ညွှန်ပြခဲ့သည့် နည်းတူ တုမူ လိုက်နာ၍ ကျင့်ဆောင်ကြကုန်, အရှည် အမြင့် တရားကျင့်ရေး၌ တည်တန့်သူတို့လည်း ဖြစ်ကြကုန်၊ ယင်းသို့ ညွှန်ပြတိုင်း တရားတော်ကို လိုက်နာ ကျင့်ဆောင် သူတို့သည်ကား မိမိတို့၏့ ပစ္စက္ခ--တမလွန် ၂တန်သော ချမ်းသာနှင့်တကွ ၀ဋ်ဒုက္ခ ငြိမ်းရာ ဧးမြစွာသော နိဗ္ဗာန်--ချမ်းသာ တိုင်အောင် ပြုလုပ်သူ မည်ကုန်သတည်း၊-- ဤသို့ အသောက မင်းတြားကြီး မိန့်ပြန် ထားရှိတော်မူပြီ။[1]

…..

နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ အမိန့်တော်ရှိ၏။

တရားတော်ကို လိုက်နာကျင့်ဆောင်ခြင်းသည် ကောင်း၏။ တရားတော်သည်ကား အဘယ်နည်း။ မကောင်းမှုမှ ကြဉ်ရှောင်ခြင်း၊ များစွာသော ကောင်းမှုတို့ကို ပြုခြင်း၊ သနားခြင်း၊ ပေးလှူခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကိုစိတ်သန့်စင်စေခြင်းတို့ပေတည်း။

အမျိုးမျိုးသော နည်းတို့ဖြင့် (ပညာ)မျက်စေ့အလှူကို ငါပေးခဲ့လေပြီ။ အခြေနှစ်ချောင်းနှင့် အခြေလေးချောင်းတို့အား၄င်း၊ အတောင်ရှိသော ငှက်များနှင့် ရေ၌ ကျက်စား ငါးစသော သတ္တဝါတို့အား၄င်း၊ အထူးထူးအပြားပြား သနားငဲ့ညှာချမ်းသာပေးခဲ့လေပြီ။ အသက်၏ အလှူကို ပေးခြင်းစသော အခြား များစွာသော ကောင်းမှုတို့ကိုလည်း ငါပြုခဲ့လေပြီ။

ဤအတိုင်း လိုက်နာကျင့်ဆောင်ကြစေခြင်း အကျိုးငှာ ဤတရားကဗျည်းကို ရေးထိုးစေခဲ့၏။ မြဲစွာ တည်ပါစေသတည်း။ ဤအတိုင်း ကျင့်သုံး ဆောက်တည်သူတို့သည် ကောင်းသောအမှုကို ပြုသည်မည်လတံ့။[2]

…..

"Thus spake king Devftnampiya Piyadasi: - 'In religion is the chief excellence; but religion consists in good works: in the non-omission of many acts: - mercy and charity, purity and chastity; - (these are) to me the anointment of consecration. Towards the poor and the afflicted, towards bipeds and quadrupeds, towards the fowls of the air and things that move in the waters, manifold have been the benevolent acts performed by me. Out of consideration for things inanimate even many other excellent things have been done by me. To this purpose is the present edict promulgated; let all pay attention to it (or take cognizance thereof), and let it endure for ages to come: - and he who acts in conformity thereto, the same shall attain eternal happiness, (or shall be united with Sugato).’ ”[3]

…..

Thus saith His Sacred and Gracious Majesty the King: ‘"The Law of Piety is excellent." But wherein consists the Law of Piety? In these things, to wit, little impiety, many good deeds, compassion, liberality, truthfulness, purity. The gift of spiritual insight I have given in manifold ways; whilst on two-footed and four-footed beings, on birds and the denizens of the waters, I have conferred various favours, even unto the boon of life ; and many other good deeds have I done.

For this my purpose I have caused this scripture of the Law of Piety to be written, that men may walk after its teaching and that it may long endure. And he who will thus follow its teaching will do well.'[4]

…..

Thus saith His Sacred and Gracious Majesty the King: Good is Dharma. But what does Dharma include? (It includes) freedom from self-indulgence, abundance of good deeds, kindness, liberality, truthfulness, and purity. The gift of spiritual insight, too, has been bestowed by me in various ways, and for two-footed and four-footed beings, for birds and denizens of waters, I have ordained manifold kindnesses up to the boon of life. Similarly, many other good deeds have been performed by me.

For this purpose have I caused this religious Edict to be inscribed in order that (people) might follow it, and that it might be of long duration. And he who will follow it completely will perform a meritorious deed.[5]

.....

Thus speaks the Beloved of the Gods, the king Piyadassi: Dhamma is good. And what is Dhamma? It is having few faults and many good deeds, mercy, charity, truthfulness, and purity.

I have given the gift of insight in various forms. I have conferred many benefits on man, animals, birds, and fish, even to saving their lives, and I have done many other commendable deeds. I have had this inscription of Dhamma engraved that men may conform to it and that it may endure. He who conforms will do well.[6]

.....

Thus saith king Priyadarsi, the Beloved of the Gods: Dharma is good. But what does Dharma include? (It consists of these things) freedom from depravity, maximum welfare (of people), generosity, liberality, truthfulness and purity. The gift of divine sight has also been bestowed by me in many ways. Various obligations have been made by me on bipeds and quadrupeds, birds and aquatic animals. (I have given them) even upto te boon of life. And many other virtuous deeds have been done by me. For this matter I have caused this Dharmalipi to be inscribed so that they may follow it and that it may become permanent. He who does so will do something which is good.[7]


[1] အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်၊

[2] ဦးဖိုးလတ်, အသောကကျောက်စာများ၊

[3] Tr. Prinsep, Alexander Cunningham, Inscriptions of Asoka.

[4] V. A. Smith, Asoka, the Buddhist Emperor of India.

[5] R.K. Mookerji, Asoka.

[6] Romila Thapar, Asoka and the Decline of the Mauryas.

[7] Naresh Prasad Rastogi, Inscriptions of Asoka.

Wednesday 4 August 2010

အသောကရဲ့ အက္ခရာများ-၂၀

အသောကရဲ့ အက္ခရာများ
(၁) (၂) (၃) (၄) (၅/၁) (၅/၂) (၆/၁) (၆/၂) (၇) (၈) (၉/၁) (၉/၂) (၁၀) (၁၁) (၁၂/၁) (၁၂/၂) (၁၃/၁) (၁၃/၂) (၁၃/၃) (၁၄) (၁၅/၁) (၁၅/၂) (၁၆) (၁၇) (၁ဂ) (၁၉)

(၁)ကနေ (၁၄)အထိက “ပဓာနကျောက်ဆောင်စာ”
(၁၅)နဲ့ (၁၆)က “ကလိင်္ဂကျောက်ဆောင်စာ”
(၁ရ) (၁ဂ) (၁၉)က “ကျောက်ဆောင်စာငယ်”
အခု (၂၀)က “ပဓာနကျောက်တိုင်စာ”

ဒေဝါနံ ပိယေ ပိယဒသိ လာဇ ဟေဝံ အာဟာ၊ သဍုဝီသတိ--

၀သ-အဘိသိတေန မေ ဣယံ ဓံမလိပိ လိခါပိတာ။

ဟိဒတပါလတေ ဒုသံပဋိပါဒယေ အံနတ အဂါယာ ဓံမကာမတာယာ

အဂါယ ပလီခါယ အဂါယ သုသူသာယာ အဂေန ဘယေနာ

အဂေန ဥသာဟေနာ။ ဧသ စု ခေါ မမ အနုသထိယာ

ဓံမာပေခါ ဓံမာကာမတာ စာ သုဝေ သုဝေ ၀ဎိတာ ၀ဎီသတိ စေဝါ။

ပုလိသာ ပိ သ မေ ဥသကာ စာ ဂေ၀ယာ စာ မဈိမာ စာ အနုဝိဓီယံတီ

သံပဋိပါဒယံတိ စာ အလံ စပလံ သမာဒပယိတဝေ ဟေမေဝါ အံတ-

မဟာမာတာ ပိ။ ဧသာ ပိ ဝိဓိ ယာ ဣယံ ဓံမေန ပါလနာ ဓံမေန ဝိဓာနေ

ဓံမေန သုခိယနာ ဓံမေန ဂေါတီတိ

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍ ပိယဒဿီဟု ဝှဲ့ချီ ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောကမင်းတြားကြီးသည် ဤသို့ မိန့်ပြန်ထားတော်မူပြီ၊ ငါဘုရင်မင်းမြတ်သည် အဘိသိက်ခံတော်မူ၍့ နှစ်ဆယ့်ခြောက်နှစ် မြောက်လတ်သော်, ဤတရားစာတော်ကို ရေးသားစေတော်မူအပ်၏၊ ဤပစ္စက္ခ ကောင်းကျိုးစီးပွား တပါးသော ဘဝ၌ ရရှိခံစံရန် ကောင်းကျိုးစီးပွားတို့ကို အထူးမြောက်မြားစွာ လိုလားအပ်သော တရားတော်နှင့် လွတ်ကင်း၍့၄င်း, အထူးတလည် ကြံစည် ဆင်ခြင်သော ဉာဏ်ဖြင့် ဘဝသံသရာဘေး, အပါယ်ဘေး, မင်းစိုးဘေးကို တွေးတော ကြောက်ရွံ့ခြင်းနှင့် လွတ်ကင်း၍့၄င်း, အထူးစိုက်ထုတ် အားခဲး မြဲးမြံ တည်တန့်သော လုံ့လမျိုးနှင့် လွတ်ကင်း၍့၄င်း ဖြစ်စေရနိုင်ရန် ခဲးယဉ်းကြီး ခဲးယဉ်းလှလေသည်။
ဤသည့် ငါမင်းတရား၏့ တရားသြဝါဒအဆုံး-အမတော်ဖြင့် တရားဉာဏ်မြင် ဆင်ခြင်တတ်သူ, တရားသဘောကို လိုက်လျှော လိုသသူသည်ကား အသစ် အသစ် ကားပွင့်, အဆင့်ဆင့် တိုးပွားမည်သာတည်း၊ ငါဘုရင်မင်းမြတ်၏့ အစိုးရ အဖွဲ့ဝင် အရာအတန်း ကြီးကျယ် မြင့်မြတ်သူ, အရာအတန်း အလတ်စား ဖြစ်သသူ, နိမ့်သသူတို့သည်လည်း ငါမင်းမြတ်၏့ အမူအယူကို တုမူ လိုက်နာ၍ စီမံ ခန့်ခွဲးကြကုန်စေ, ကောင်းစွာ ဆင့်ကား ဖြစ်ပွား တိုးတက် ကြကုန်စေ၊ ထိုမှတပါး, ငါမင်းမြတ်၏့ မှူးတော် မတ်တော်ကြီးတို့ကလည်း ထိုသို့ စီမံခွင့်, ပြုလုပ်စေခွင့်များအတွက် ငါမင်းမြတ်၏့ အလားတူ ဆင့်ဆို ခန့်ခွဲးကြကုန်၊ ထိုသို့ စီမံခန့်ခွဲးခြင်းသည်သာ တရားသဖြင့် စောင့်ရှောက်ခြင်း, တရားသဖြင့် စီမံခန့်ခွဲးခြင်း, တရားသဖြင့် တိုင်းနိုင်ငံသူ နိုင်ငံသားတို့ကို ချမ်းသာစေခြင်း, တရားသဖြင့် လုံခြုံစေခြင်း မည်လေသည်။ ဤသို့ အသောကမင်းတရားမြတ်ကြီး မိန့်ပြန် ထားရှိတော်မူလေပြီ။[1]
.......
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ဤသို့ မိန့်တော်မူ၏။ ဤတရား ကဗျည်းကို ငါအဘိသိက် ခံပြီးသည်နောက်၊ နှစ်ဆဲ့ခြောက်နှစ်မြောက်၌ ရေးစေတော်မူ၏။
အစွမ်းကုန် တရားတော်အား မြတ်နိုးခြင်း၊ အစွမ်းကုန် (မိမိကိုအား) သုံးသပ်ဆင်ခြင်ခြင်း၊ အစွမ်းကုန် ကျိုးနွံစွာ (လောက၏) အကျိုးကို သည်ပိုးဆောင်ရွက်ခြင်း၊ အစွမ်းကုန် (မကောင်းမှုမှ) ကြောက်ခြင်း၊ အစွမ်းကုန် ကြိုးစားအားထုတ်ခြင်းဖြင့်မှတပါး၊ မျက်မှောက်တမနွန်အကျိုးတို့ကို၊ ရဖို့ရန် ခဲယဉ်းပေ၏။ သို့ရာတွင် ငါဘုရင်မင်းမြတ်၏ အဆုန်းအမကြောင့်၊ တရားတော်အား လိုလားခြင်းသည်၄င်း၊ တနေ့ထက် တနေ့ပွားတိုးခဲ့၏။ (ရှေ့သို့လည်း ဆက်လက်) ပွားတိုးလိမ့်ဦးအံ့။ ငါ၏ အမှုတော်ထမ်း အရာရှိ အကြီး၊ အငယ်၊ အလတ်တို့သည်လည်း တရားတော်၌ မတည် မခိုင် ယိမ်းယိုင် နေသူတို့ပင် တည်တံ့ ခိုင်မြဲစေလောက်အောင်၊ ငါ၏ ညွှန်ကြားချက်များကို လိုက်နာ၍၊ အားထုတ် ဆောင်ရွက်ကြကုန်အံံ့။ ထိုနည်းတူစွာ နိုင်ငံတော် အစွန်အပရှိ အမတ်ကြီးတို့သည်လည်း လိုက်နာ အားထုတ် ဆောင်ရွက် ကြကုန်ရာ၏။
တရားသဖြင့် ထိန်းသိမ်းစောင့်စည်းခြင်း၊ တရားသဖြင့် စီမံခန့်ခွဲခြင်း၊ တရားသဖြင့် ချမ်းသာကို ခံစားစေခြင်း၊ တရားသဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည်ကား (နိုင်ငံတော်၏) ဥပဒေစည်မျဉ်းတို့ပေတည်း။ [2]
.......
"Thus spake king Devanampiya Piyadasi: - 'In the twenty-seventh year of my anointment, I have caused this religions edict to be published in writing. I acknowledge and confess the faults that have been cherished in my heart. From the love of virtue, by the side of which all other things are as sins, from the strict scrutiny of sin, and from fervent desire to be told of sin, by the fear of sin and by very enormity of sin; - by these may my eyes be strengthened and confirmed (in rectitude).
''The sight of religion, and the love of religion, of their own accord increase and will ever increase: and my people, whether of the laity (grihist) or of the priesthood (ascetics), all mortal beings, are knit together thereby, and prescribe to themselves the same path: and, above all, having obtained the mastery over their passions, they become supremely wise. For this is indeed true wisdom: it is upheld and bound by (it consists in) religion; by religion which cherishes, religion which teaches pious acts, religion that bestows (the only true) pleasure.'[3]
.......
Thus saith His Sacred and Gracious Majesty the King: 'When I had been consecrated twenty-six years I caused this scripture of the Law of Piety to be written.
Both this world and the next are difficult to secure save by intense love of the Law of Piety, intense self-examination, intense obedience, intense dread, intense effort. However, owing to my instructions, this yearning for the Law of Piety, this love of the Law from day to day, have grown and will grow.
My Agents, too, whether of high, low, or middle rank, themselves conform to my teaching and lead others in the right way fickle people must be led in the right way likewise also the Wardens of the Marches. For this is the rule: "protection by the Law of Piety, regulation by that Law, felicity by that Law, guarding by that Law."[4]
.......
Thus saith His Sacred and Gracious Majesty the King: By me consecrated twenty-six years was this religious edict caused to be inscribed. Both this world and the next are difficult of attainment l except by utmost love of Dharma, utmost self-examination, utmost obedience, utmost dread, and utmost enthusiasm. But, indeed, by my religious instruction, this regard for Dharma, as well as love of Dharma, has day by day become grown and will grow.
And my Purusas too, whether high, low, or of middle ranks, act according to my injunctions, and enforce their proper practice, "being in a position to recall to duty the fickle-minded." Thus also are my Anta-mahdmdtras doing. And my injunction, too, is as follows: maintenance by Dharma, regulation by Dharma, causing happiness by Dharma, and protection by Dharma.[5]
.......
Thus, speaks the Beloved of the Gods, the king Piyadassi: When I had been consecrated for twenty-six years, I had this inscription of Dhamma engraved. It is hard to obtain happiness in this world and the next without extreme love of Dhamma, much vigilance, much obedience, much fear of sin, and extreme energy. But, through my instructions, care for Dhamma and love of Dhamma have grown from day to day, and will continue to grow. My subordinates too, whether high or low or of middle station, endorse it and practise it sufficiently to win over the wavering, and likewise do the frontier officials. For this is my principle: to protect through Dhamma, to administer affair according to Dhamma, to please the people with Dhamma, to guard the empire with Dhamma.[6]
.......
Thus, saith king Priyadarsi, the Beloved of the Gods, “When I had been consecrated twenty-six years, this religious edict was caused to be inscribed. Both, this world and the other, are difficult of attainment except through intense efforts for Dharma, introspection, utmost obedience, extreme fear and great zeal. But through my instructions in Dharma, the devotion to and love for Dharma have grown and will grow day by day. And my Purusas too, whether high, low or middle ranks, exhort and promote my instructions. And they are competent enough to exhort it to others. So also mahamatras, in the bordering kingdoms. This is the law; such as protection by Dharma, administration by Dharma, causing welfare by Dharma and guarding by Dharma.” [7]


[1]အရှင်အာဒိစ္စဝံသ, အသောကမင်းတရားကြီး၏့ ကျောက်စာတော်၊

[2]ဦးဖိုးလတ်, အသောကကျောက်စာများ၊

[3] Tr. Prinsep (Alexander Cunningham, Inscriptions of Asoka).

[4]V. A. Smith, Asoka, the Buddhist Emperor of India.

[5] R.K. Mookerji, Asoka.

[6]Romila Thapar, Asoka and the Decline of the Mauryas.

[7] Naresh Prasad Rastogi, Inscriptions of Asoka.