Saturday 22 September 2012

ရေစုန်မြောတဲ့ မြစ်

Mansarovar  (အနောတတ်အိုင်) ကနေ မြစ်ဖျားခံလာသတဲ့။

Senge Khabab (ခြင်္သေ့ခံတွင်း) ကနေ စတင် စီးဆင်းလာသတဲ့။

ရာဇဝင်ထဲလဲ ပါရဲ့။

နဒီဝင်ထဲလဲ ပါရဲ့။

တောင်ပေါ်က ဆင်းလာတဲ့ မြစ်

တောင်ပေါ် ပြန်မတက်တော့ဘူးတဲ့။

ဒီမြစ်ရဲ့ ကောက်ကြောင်းတွေက တောင်စဉ်အထပ်ထပ် တောစဉ်အထပ်ထပ် ဝေ့လို့ဝိုက်လို့။


အေးတဲ့နေရာမှာ အေးတယ်။

ဖွေးတဲ့နေရာမှာ ဖွေးတယ်။

နွေးတဲ့နေရာမှာ နွေးတယ်။

စွေးတဲ့နေရာမှှာ စွေးတယ်။

ကမ်းပါးတစ်နေရာမှှာ…

ထိုင်တွေးမနေနဲ့

မှိုင်ငေးမနေနဲ့

ဣန္ဒုမြစ်ရေနဲ့ ဆေးကြောလိုက်ပါ…။

No comments:

Post a Comment