Thursday 31 July 2008

ခလုတ်ထိမှ



ဝရညူ ဒေဝပါမောက္ခေါ၊
ဝဉ္စီနံ ဒေဝဓီတာနံ။
ဝသမ္ပိ နေဝ အာပန္နော၊
ဝန္ဒေ ဗုဒ္ဓံ ဝသိပ္ပတ္တံ။

မာယာများသည့် မာရ်နတ်သမီးပျိုတို့၏
အလိုဆန္ဒကို မလိုက်လျောခဲ့သော
နတ်တို့၏ အကြီးအမှူးဖြစ်သော
အလိုရှိတိုင်း ပြီးပြည့်စုံသော
သမ္မာသမ္ဗုဒ္ဓကို
ဦးခိုက်ပါ၏။

ဒီစကြာဂါထာလေးကို ရေးဖြစ်ခဲ့တာ ကြာလှပါပြီ။ မဟာဗုဒ္ဓဝင်ထဲက အနှစ်သက်ဆုံး ဖြစ်တော်စဉ်တစ်ခုကို အာရုံယူပြီး ရေးထားတာ။ အခုအချိန်မှာ ဒါကို သတိပြန်ရလာတဲ့ အကြောင်းကလဲ ရှိနေတယ်။ ဒုက္ခစိတ်နဲ့ ဒွိဟလူတစ်ယောက်ရဲ့ မျှော်လင့်ချက်ရောင်ခြည် ဝါးတားတားဖြစ်နေချိန်မှာ ဘုရားတတဲ့ သဘောမျိုးများ ဖြစ်နေလားတော့ မသိဘူး။ ပရိတ်ကြီး ဓဇဂ္ဂသုတ်ထဲက “မမေဝ တသ္မိံ သမယေ အနုဿရေယျာထ”ဆိုတဲ့ မြတ်ဗုဒ္ဓအလိုတော်အတိုင်း ဖြစ်ပါစေလို့ ဆုတောင်းရင်း…။

2 comments:

  1. ဘာတွေ ဒွိဟဖြစ်နေလဲတော့ မသိဘူးပေါ့လေ။
    ဗောဓိညောင်ရွက်တွေနဲ့ စင်္ကြာပုံဖွဲ့သီထားတဲ့ ကျစ်လျစ်တဲ့ဂါထာဟာ language poetry တစ်ပုဒ်လည်း ဖြစ်နေတယ်ထင်ရဲ့။ မျှော်လင့်ချက် ရောင်ခြည်တွေ လင်းလက် တောက်ပြောင်ပါစေ။

    ReplyDelete
  2. ဒီနေ ့တော့အချိန်ယူပြီးစာတွေလာဖတ်ပါတယ်။
    မသိသေးတဲ့အချက်အလက်တွေလည်းဖတ်မှတ်သွားပါတယ်။
    ကျေးဇူးတင်ပါတယ်ရှင်။
    အားရင်လာလည်ပါအုံးနော်။

    ReplyDelete