Friday 9 April 2010

Nothingnessရဲ့ အခြားတစ်ဖက်



ရှိခြင်းရဲ့ တဖက်မှာ
တဝေါဝေါ လည်ပတ်နေသော ဝဲသြဃ
ပျားရည်ဆမ်းထားသော နာကျင်မှု အကြွင်းအကျန်များ
လက်ယပ်ခေါ်နေ။
ယတ္ထ အတ္ထိ၊
တတ္ထ အာဝဋ္ဋာ   သြဃော
စုဏ္ဏဝိစုဏ္ဏာ ဝေဒနာ ကဋုကာပိ မဓုရာ ဝိယ
ပလောဘေန္တိ။
မရှိခြင်းရဲ့ တဖက်မှာ
လက်နှစ်လုံးစာ ဖဝါးခြေရာရွရွ
စိုက်ထူ/လဲပြို/ယိုင်နဲ့/မြဲမြံခဲ့သော မိုင်တိုင်များ
တရိပ်ရိပ် ကျန်ရစ်ခဲ့။
ယတ္ထ နတ္ထိ၊
တတ္ထ ဒွင်ဂုလလမတ္တံ ပဒတလံ
အာကောဋိတာ ဝါ ပတိတာ ဝါ ဇိဏ္ဏာ ဝါ ဒဠှာ ဝါ ထမ္ဘာ။
သီဃံ သီဃံ ဝီတိဝတ္တာ။
ဒီချောက်ဟာ
ဘယ်လောက်နက်ပါသလဲ
ဆူညံ
အသံများ
ဝေဝါး
မျက်စိကို မှိတ်ချလိုက်စဉ်
လိုချင်မှုများ လိုအပ်မှုများမှ ကင်းဝေးရာဆီ။
ယော သော ပဗ္ဘာရော
ကီ၀ နိန္နော?
ဥစ္စာ မဟာ
သဒ္ဒါ
တနုကာ
အက္ခီသု နိမီလန္တေသု
ယတ္ထ အာသာ စ အာသီသနိယာ စ သုညာ၊ တမောကာသံ…။

***ကဗျာပိုင်ရှင်က ဘာသာပြန်ဆိုလို့ ပြန်ကြည့်တာ :D
အစအနများ..
အမေ့ကိုယ်စား လောကကို ငဲ့ကြည့်ခြင်း
လောကတွင်းသို့ ခုန်ဆင်းသည့်နေ့

2 comments:

  1. မြန်မာကဗျာကို ပါဠိဘာသာပြန်တာ အတော်ခက်မယ်နော်။ ကျမတော့ အတ္ထိရယ် နတ္ထိရယ် သုညာ ရယ်ပဲ နားလည်တယ်။ မူရင်းကဗျာကိုတောင် အဓိပ္ပါယ်သိပ်မပေါက်ဘူး။ :)
    ဒီနေ့ မွေးနေ့လား။ မင်္ဂလာရှိသော မွေးနေ့ဖြစ်ပါစေရှင်။

    ReplyDelete
  2. ညီငယ်9 April 2010 at 05:43

    Happy Birthday '' naung gyi

    ReplyDelete