Saturday 28 May 2011

အသောကရဲ့ အက္ခရာများ -၂၉

(၁) --- ---
(၂) --- ယာ ဘေတ(ဝေ)။ (သံ)ဃေ သမဂေ ကဋေ
(၃) ဘိခူနံ စ ဘိခုနီနံ စာ တိ ပုတပ=
(၄) ပေါတိကေ စံဒမသူရိယိကေ။ ယေ သံဃံ
(၅) ဘာခတိိ ဘိခု ဝါ ဘိခုနိ ဝါ သြဒါတာ-
(၆) နိ ဒုသာနိ သံနဓာပယိတု အနာဝါ=
(၇) သသိ ဝါသာပေတဝိယေ။ ဣဆာ ဟိ မေ ကိံ-
(၈) တိ။ သံဃေ သမဂေ စိလထိတီကေ သိယာ တိ။

(သံဃာကိုမ) ကွဲပြားစေရာ။ ဘိက္ခုသံဃာ (ရဟန်းယောကျင်္ားအဖွဲ့) ဘိက္ခုနီသံဃာ (ရဟန်းမိန်းမအဖွဲ့)တို့ကို စည်းလုံးညီညွတ်စေခဲ့လေပြီ။ ဤသို့ ညီညွတ်ခြင်းသည် သားစဉ်မြေးဆက် နေလနှစ်ပါး တည်သ၍ တည်ပါစေသတည်း။ ရဟန်းယောကျင်္ားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ သံဃာကို ဂိုဏ်းခွဲသောသူအား ဝတ်ဖြူကို ဝတ်စေ၍ ရဟန်းကျောင်း မဟုတ်သည်၌ နေစေရာ၏။ သံဃာတို့၏ စည်းလုံးညီညွတ်ခြင်း အရှည်တည်မြဲစေရန် ကျွနုပ် အလိုရှိပေ၏။ (အသောကကျောက်စာများ-ဦးဖိုးလတ်)

. . . 'path is prescribed both for the monks and the nuns. As long as (my) sons and great-grandsons (shall reign and) as long as the sun and moon (shall shine), the monk or nun who shall cause divisions in the Samgha should be caused to put on white robes and to reside in a non-residence. For what is my desire? That the Samgha may be united and of long duration.' (V. A. Smith, Asoka, the Buddhist Emperor of India)

. . . (cannot) be divided. . . . the Samgha of the monks and nuns is made united as long as (my) sons and great- grandsons (shall reign and) as long as the sun and moon (shall shine). The monk or nun who shall break up the Samgha should be caused to put on white robes and reside in a non-residence. For what is my desire? That the Samgha may be united and be ever-lasting. (R.K. Mookerji, Asoka.)

No comments:

Post a Comment