Saturday 29 October 2011

ဒုက္ခ, ဒုလ္လဘနဲ့ 7 billion



၆..........၉ (ရေတွက်ဆဲ)


ဇာတိပိ ဒုက္ခါတဲ့။ ကိုယ့်ဒုက္ခ…သူ့ဒုက္ခ…။ တစ်ယောက်ထဲလား မမေးပါနဲ့…။ဇာတိပစ္စယာနဲ့အတူ မနုဿတ္တသင်္ချာတစ်ပုဒ်ရဲ့ ရလာဒ်တွေဟာ…။

သန်းသုံးထောင့်ရှစ်ရာကျော်ရဲ့ နောက်မှာ…
ကမ္ဘာမြေပေါ် လူဖြစ်လာခဲ့…။
၃၂၈, ၉၈၆ယောက် မွေးနှစ်လရက် အတူတူ… ။

မြေကမ္ဘာပေါ်မှာ ကိုယ်မမွေးခင် သန်းသုံးထောင်ကျော် ရှင်သန်ဆဲ။
ကိုယ်မွေးပြီးတော့ သန်းငါးထောင်ကျော် ဆက်မွေးဖွား။
သန်းတစ်ထောင်ကျော် သေဆုံး။
ဇီဝမျိုးစိတ်ပေါင်း ၈၅ဝ, ၂၉၇ ပျောက်ကွယ်။

အာရှတိုက်ထဲမှာဆို သန်းနှစ်ထောင်ကျော်နောက်မှာ လူဖြစ်လာခဲ့။
၂၁၁, ၅၁၈ယောက် မွေးနှစ်လရက် အတူတူ… ။

အမိမြေမှာဆို နှစ်ဆယ့်ခုနှစ်သန်းကျော်ရဲ့ နောက်မှာ လူဖြစ်လာခဲ့။

ကိုယ့်နောက်မှာ သုံးဆယ့်ကိုးသန်းကျော် ဆက်လက် မွေးဖွား။
ဆယ့်ရှစ်သန်းကျော် သေဆုံး။
ယခုလက်ရှိ လေးဆယ့်ရှစ်သန်းကျော် ရှင်သန်ဆဲ (ရေတွက်ဆဲ)
ရလာဒ်ကတော့ မပြီးသေးသော ပန်းချီကားတစ်ချပ်...။
ဇာတိနိရောဓာကတော့ မျှော်လေတိုင်း မှိုင်းရီ...။
လောကိယနဲ့ လောကုတ္တရကြားမှာ ဒုက္ခဟာ ဒုလ္လဘတစ်ခုလေလား....။
*** Ref.: http://www.7billionandme.org/

No comments:

Post a Comment