Thursday 29 March 2007

နတ္တိရဲ့ မီးလျှံ

သတ္တာဒိစ္စုပ္ပန္နေ၊ ဗဟိ ဒိဿတိ နေဝ မသိပိ လောကာနံ။
လောကာနံ အဇ္စျတ္တေ၊ အဟော န ဇာလာ ဒသုပ္ပန္နေ။

နေ ခုနှစ်စင်း အပြိုင်လင်းတဲ့အခါ
လောကဓာတ်ခွင် တပြင်လုံးမှာ
ပြာမှုန်လေးမျှ မကျန်ရစ်ပါ။
လောကသားတွေရဲ့ အဇ္ဈတ္တမှာ
မီးဆယ်စင်း လောင်မြိုက်နေတာ
မီးတောက်လေးတောင် မတွေ့ရပါလား…။

2 comments:

  1. အင်း.. အခုမှ ပြန်ဖတ်ပြီး ဒီကဗျာလေး အကြိုက်တွေ့နေတယ်

    ReplyDelete
  2. Pandora…ကိုယ်ရေးတာ ကို်ယ့်ဘာသာ ချီးမွမ်းခန်း ဖွင့်လိုက်ဦးမယ်။ ဒီဂါထာမျိုးကို ပထျာအရိယာဂါထာလို့ ခေါ်တယ်။ ဒီလိုဂါထာရေးနည်းက စည်းကမ်းတွေ များတော့ ဖွဲ့စီသီကုံးရတာ အတော် လက်ဝင်တယ်။ ဒါပေမယ့် လှတယ်။
    ဗုဒ္ဓစာပေမှာ “သတ္တသူရိယ”သုတ် ဆိုတာရှိတယ်။ “နေမင်း ခုနှစ်စင်း”ပေါ့။ ဒါကို အခြေခံပြီး ရေးထားတာ။
    ဒီကဗျာလေးကို ရေးခဲ့တာ ကြာလှပြီ။ ၁ဝနှစ်လောက်တောင် ရှိမလား မသိဘူး။ ဒါပေမယ့် ပြင်ထားတာ ခဏ ခဏပဲ။ အခုတော့ စိတ်ကြိုက်ပေါ့။
    ဒီကဗျာလေးကို အကြိုက်တွေ့တဲ့ အတွက် ဝမ်းသာမိပါရဲ့။

    ReplyDelete