Monday 27 December 2010

အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - ၅)

 အိန္ဒိယတလွှားမှာ အသောကရဲ့ ပဓာနကျောက်စာတိုင် ၆-တိုင် တွေ့ရှိထားတယ်။
(၁) Delhi-Topra,
(၂) Delhi-Meerut,
(၃) Allahabad-Kosam,
(၄) Lauriya-Araraj,
(၅) Lauriya-Nandangarh
(၆) Rampurwa ။
Delhi-Topraကျောက်စာတိုင်ကို မူလနေရာဖြစ်တဲ့ Topra, Ambala, Haryanaပြည်နယ်ကနေ Delhiကို ရွှေ့လာခဲ့တာပါ။ Delhi-Meerutကျောက်စာတိုင်လဲ Meerut, Uttar Pradeshပြည်နယ်ကနေ Delhiကို ရွှေ့ထားတာပါ။ Allahabad-Kosamကျောက်စာတိုင်လဲ Kosamကနေ Allahabad, Uttar Pradeshပြည်နယ်ကို ရွှေ့ထားတာလို့ ယူဆထားကြတယ်။ (ပဓာနကျောက်စာတိုင်တွေရဲ့ locationကို sidebarပေါ်က Major Pillar Edict ခေါင်းစဉ်နဲ့ google mapမှာ ကြည့်ပါ)

ကျောက်စာတိုင်အားလုံးမှာ Brahmi အက္ခရာနဲ့ Prakritဘာသာကို အသုံးပြုပြီး ကျောက်စာ အပိုင်း-၁ကနေ အပိုင်း-၆အထိရေးထိုးထားတယ်။ Delhi-Topraကျောက်စာတိုင်မှာတော့ ကျောက်စာ အပိုင်း-၇အထိ ရေးထိုးထားတယ် (အသောကရဲ့ အက္ခရာများ ၂၀, ၂၁, ၂၂, ၂၃, ၂၄, ၂၅, ၂၆-,)။









အသောကကျောက်စာတွေထဲမှာ ပထမဦးဆုံး Delhi-Meerutကျောက်စာတိုင်ကို ၁၇၅၀-ခုနှစ်မှာ တွေ့ရှိတာဖြစ်ပြီး Delhi-Topraကျောက်စာကိုတော့ ၁၈၃၇-ခုနှစ်မှာ အဦးဆုံး ဘာသာပြန်နိုင်တာပါ။ ဒီပထမဆုံး James Prinsepရဲ့ ဘာသာပြန်ကို ၁၈၇၇ထုတ် Alexander Cunninghamရဲ့ Inscriptions of Asokaစာအုပ်ထဲမှာ တွေ့နိုင်တယ်။ ၁၉၂၈ထုတ် R.K. Mookerjiရဲ့ Asokaစာအုပ်ထဲက ဘာသာပြန်နဲ့ ယှဉ်ကြည့်ရင်တော့ အကွာအဟတွေ အများအပြား တွေ့နိုင်မယ်။ တင်ထားတဲ့ ပိုစ့်တွေမှာ ပြန်ကြည့်နိုင်တယ်။ ဘာသာပြန်သူတွေကလဲ အများအပြားမို့ တူတာတွေလဲ ရှိ, မတူတာတွေလဲ ရှိပေါ့။ နှိုင်းယှဉ်လေ့လာလို့တော့ ကောင်းတယ်။
အသောကရဲ့ ပဓာနကျောက်စာတိုင်တွေမှာ “ဓမ္မ” ဝေါဟာရ ၄၆-ကြိမ် အသုံးပြုထားတယ်။ အပိုင်း-၇ တခုထဲမှာကိုပဲ “ဓမ္မ” ၂၉-ကြိမ်တိတိ အသုံးပြုထားတာကို တွေ့ရတာမို့ အတော် ထူးခြားတဲ့ ကျောက်စာတိုင်တွေပါ။ ဒါကြောင့်လဲ အသောက ကျောက်စာတွေဟာ “အသောကဓမ္မ”လို့ ထင်ရှားတယ်။ ဒီလို သမိုင်းစဉ်မှာ မကြုံဘူးတဲ့ သဘောတရားတွေနဲ့ လူမျိုးစုံနိုင်ငံတော်ကြီးကို အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ အသောကရဲ့ အသောကဓမ္မကို ပညာရှင်တို့က “Asoka’s Dhamma Policy”လို့လဲ အမည်တပ်တာ ဖြစ်နိုင်တယ်။ ကျောက်စာတိုင်တွေမှာ ရေးထိုးထားတဲ့ စံနမူနာယူဖွယ် အခြေခံစည်းမျဉ်းတစ်ခုနဲ့တင် အသောကဓမ္မပေါ်လစီဟာ ကန့်ကွက်စရာမရှိလောက်အောင် ပြည့်စုံနေပြီဆိုတာ ပေါ်လွင်နေပါတယ်။

ဧသာပိ ဝိဓိယာ ဣယံ ဓမေန ပါလေနာ ဓံမေန ဝ်ိဓာနေ ဓံမေန သုခိယနာ ဓံမေန ဂေါတီတိ။

တရားသဖြင့် ထိန်းသိမ်း စောင့်စည်းခြင်း၊ တရားသဖြင့် စီမံခန့်ခွဲခြင်း၊ တရားသဖြင့် ချမ်းသာကို ခံစားစေခြင်း၊ တရားသဖြင့် ကာကွယ်စောင့်ရှောက်ခြင်းတို့သည်ကား (နိုင်ငံတော်၏) ဥပဒေစည်းမျဉ်းတို့ ပေတည်း။

အပိုင်းအစများ>>>
အသောကရဲ့ အက္ခရာများ (နောက်ဆက်တွဲ - , , , )

No comments:

Post a Comment