Wednesday 23 May 2007

နှစ်ဆယ့်တစ်ရာစု ဒေါင်းမဓုဋီကာ


ပုထုဇဉ်ရဲ့ နှစ်ဆယ့်တစ်ရာစုဒေါင်းဋီကာကို ဖတ်ပြီး ဒန်းစီးနေတဲ့ဒေါင်းတွေလို့ ကွန့်မန့် ရေးမိတယ်။ ဒါကို ပုထုဇဉ်က ဒီခေါင်းစဉ်နဲ့ ကဗျာရေးဖိုး ideaပေးတော့ ပန်ဒိုရာက ကဗျာတစ်ပုဒ်ရေးတယ်။ သူများရေးတာ အားကျပြီး ကိုယ်တိုင်လဲ တစ်ပုဒ်လိုက်ရေးမိတယ်။

ကိုယ်ရေးတာက နှစ်ဆယ့်တစ်ရာစုဒေါင်းမဓုဋီကာ။
.
ပါဠိစာပေမှာ အလွန် နာမည်ကြီးတဲ့ အဘိဓမ္မာပါဠိတော်ရဲ့ အဋ္ဌကထာအဖွင့်တွေကို မူလဋီကာ အနုဋီကာလို့ ခေါ်တယ်။ တစ်ခြားပါဠိတော်တွေနဲ့ ဆိုင်တာကတော့ အဋ္ဌကထာ ဋီကာလို့ပဲ ရှိတယ်။ အဘိဓမ္မာကတော့ သိမ်မွေ့နက်နဲလွန်းလို့ မူလနဲ့ မပြီးဘဲ အနု မဓု လိုက်ရတာ။ အခုလဲ ဒေါင်းနဲ့ ပတ်သက်ပြီး ဆိုင်တယ် မဆိုင်ဘူးလို့ ဘာပဲပြောပြော။ တွေးမိတွေးရာ ရေးချင်ရာရေး ဘေးမဖြစ်ပါဘူးနော။
ကဲ…မပြောမရှိနဲ့။ စပါပြီ။

ဒေါင်းဆိုမှ ဒေါင်း
ဘယ်လဲ ဘာလဲ မေးစရာမလို
မြောင်းထဲက မဟုတ်ဘူးတဲ့။
အေးမြတဲ့အခါ ကဒေါင်း
အုံကြွတဲ့အခါ ခွပ်ဒေါင်း
ကောင်းသတင်းကျော်စောခဲ့သမျှ
နှစ်ဆယ့်တစ်ရာစုမှာ ဒေါင်းတွေ ဒေါင်းတွေ
ကောင်းကျိုး အထွေထွေ မချွန်မြ
ဒေါင်းအိုးဝေ မတွန် မက
ဒေါင်းပါး၀နေပေါ့။
၀လွန်းလို့လဲ
ဒန်းစီးရင်း downကုန်ကြပြီ။

6 comments:

  1. ကလိုစေးထူး24 May 2007 at 04:03

    ကိုနတ္ထိရေ။ အကိုက ပါဠိလို အရေးများတော့ ဘာကွန်မန့်မှ မရေးဖြစ်ခဲ့တာ။ အခုလို ဒေါင်းကဗျာ ရေးလိုက်တော့ လက်စလက်န က ပေါ်လာပြီ။ :)

    ReplyDelete
  2. ကလိုဆေးထူး…အားပေးတာ အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ပါဠိစာပေထဲမှာလဲ ဒီလိုမျိုး အတွေးအမြင်တွေ ရှိပါ့ဗျာ။ အဖြစ်သနစ်ကို အကြောင်းအကျိုးနဲ့ ယုတ္တိရှိရှိ မှန်မှန်ကန်ကန် တင်ပြစရာတွေ အများကြီး။ တစ်ခုပဲ ရှိတယ်။ အချိန်နဲ့ နေရာ ကြားမှာ လူပုဂ္ဂိုလ်ရဲ့ လွန့်လူးမှုဟာ သူ့အတိုင်း သူ့အတာနဲ့ ရှိနေတာပါပဲဗျာ။

    ReplyDelete
  3. သောင်းဇမ္ဗူ့ ဒီပါ တလွှားမှာ
    ကောင်းအမှုညီညာ မကြွားရအောင်
    ဒေါင်းမဓုဋီကာ တရားကို
    (ဘလော့ဂါ အပေါင်းတို့ရေ … )
    ပေါင်းစုသီပါစို့လား … ။
    :P
    ဘာရယ်မဟုတ်ဘူး။ နဘေထပ်ကြည့်တာပါ။
    သူများဒေါင်းလို့ ကျမလည်း လိုက်ပြီး ဒေါင်းတာပေါ့။
    နက်ဖန်တော့ ဒေါင်းကဗျာတပုဒ် ကျမဘလော့မှာ တင်လိုက်ပါဦးမယ်။
    ဒါပေမဲ့ …
    အများရေးတဲ့ ဒေါင်းတော့မဟုတ်ဘူး။
    တရားအတွေးနဲ့ ဒေါင်း … ဆိုပါတော့။

    ReplyDelete
  4. မေဓာဝီ…ဥဒေတယံ ဂါထာထူးနဲ့ တွန်မြူးတဲ့ ဒေါင်းပျံများ ဖြစ်နေမလားဗျာ။
    “ဒေါင်းတို့ရဲ့ ဒိုင်ယာရီ” “ဒေါင်းဒဿန” “dyingဒေါင်း” “democratizedဒေါင်း” စတဲ့ စတဲ့ သဘောတရားတွေ ဘလော့ဂ်တွေမှာ ဖတ်ရရင် ကောင်းမယ်နော။

    ReplyDelete
  5. သေချာတာပေါ့ရှင် .. ။ ခုပဲ ရေးပြီးတင်လိုက်ပါပြီ။ ဖတ်ကြည့်ပါအုံး။
    ကျမကတော့ ရေးတတ်သလိုသာ ရေးလိုက်တာပါ။ ကိုနတ္ထိပြောတဲ့ ဒေါင်းတွေအကြောင်း ရေးဖို့ တခြားဘလော့ဂါတွေကို တိုက်တွန်းလိုက်ပါလား။

    ReplyDelete
  6. မေဓာဝီ…ဒေါင်းတရားကတော့ အကောင်းစားပါပဲဗျာ။ ဥဒေတယံထဲမှာပါတဲ့ အဓိပ္ပါယ်တွေကို အရမ်း ကြိုက်တယ်။ မောရဇာတ်တော်ထဲက စကားတွေကိုလဲ ကြိုက်တာပဲ။

    ReplyDelete