Sunday 8 April 2007

နတ္ထိရဲ့ မွေးနေ့



(၁) နတ္ထိရဲ့ “န”

မာတာ ဟိ ပုတ္တဿ ဗဟူပကာရာ၊
တသ္မာ ဂဝေသိ ံ ဣဓ ဧ၀ရူပံ။
တဿာယ ဆာယာပိ မယာ န ဒိဋ္ဌာ။
သာ ဂစိ ္ဆ မေ စက္ခုပထံ ဇဟိတွာ။

အမေဆိုတာ သားအပေါ် အလွန် ကျေးဇူးများတာပါ။
ဒါကြောင့့် လောကကြီးထဲမှာ အမေ့ကို လိုက်လံရှာဖွေခဲ့တယ်။
ဟင်…..အမေ့ အရိပ်ကလေးကိုတောင် ငါ မမြင်ခဲ့ရဘူး။
အမေဟာ ငါ့မျက်စိအောက်က ပျောက်သွားခဲ့ပါပေါ့လား။


(၂) နတ္ထိရဲ့ “အတ္ထိ”

ဂါယန္တိ ဂီတံ ရုဓိရာနိ ကာယေ၊
သြက္ကန္တနိဒ္ဒေါ.မှိ တမေ၀ သုတွာ။
မာတာ ပဝတ္တေသိ သုဂီတသဒ္ဒံ၊
ပုတ္တဿ အနေ္တာဟဒယေ ၀သိတွာ။

ငါ့ကို်ယ်ထဲမှာ သွေးစက်လေးတွေ တေးသီဆိုနေကြတယ်။
အဲဒီ့ တေးသံကို နားဆင်ရင်းနဲ့ ငါ အိပ်ပျော်ရတာပါ။
အော်…အမေဟာ ငါ့ရဲ့နှလုံးသားထဲမှာ နားခိုရင်းနဲ့
သံစဉ်လှလှလေးတွေ ဖန်တီးနေလေရဲ့…။


မှတ်ချက်။ ။ “န” ဆိုတဲ့ ပါဠိဟာ မြန်မာလို “မ”နဲ့ တူပါတယ်။ “အတ္ထိ”ကတော့ “ရှိ” နဲ့ တူတယ်။ “န” နဲ့ “အတ္ထိ” တို့ ပေါင်းလိုက်ရင် “နတ္ထိ” လို့ ဖြစ်ပါတယ်။ ဒီပါဠိစာလုံးလေးတွေနဲ့ နာမည်ပေးထားတဲ့ ဒီပါဠိကဗျာလေးတွေကို အမေ့ကို မတွေ့ဖူးတဲ့, အမေ့ကို လွမ်းလျ တမ်းတနေတဲ့ သားတစ်ယောက်က ရေးဖွဲ့ ထားတာပါ။ ဟုတ်တယ်ဗျာ…အမေနဲ့ ဝေးတာ ၃၃နှစ်တောင် ရှိခဲ့ပါပြီ။ အမေရေ… သား ပြုုခဲ့သမျှ ကောင်းမှုကုသိုလ်တွေကို အမေ့အတွက် အမျှ ပေးဝေပါတယ်။ အမေ…ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာပါစေ…။

5 comments:

  1. ကိုနတ္ထိရေ ကျွန်တော်နားလည်သလောက်ပြောရရင်တော့ ကိုနတ္ထိဟာ မွေးရကျိုးနပ်သော သားတစ်ယောက် ဖြစ်မယ်ဆိုရင် အစ်ကို့အမေအတွက် ရောက်ရာဘုံဘဝကနေ ကျေနပ်နှစ်သိမ့်နေမှာပါ။ ကျွန်တော်စဉ်းစားမိတာကတော့ ရဟန်းခံခြင်းကို မိဘတွေနှစ်သက်ရတာဟာ သြော် ငါတို့သားလေးကို မွေးရတာ လူတွေကို ဒုက္ခပေးတဲ့ သားလေးမဟုတ်ဘူး။ သာသနာသုံးရပ်ပြန့်ပွားရေးအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပြီး ငါတို့အတွက်ပါ ကုသိုလ်ထူးကုသိုလ်မြတ်ရစေနိုင်တဲ့ သားလေးဆိုပြီး ဂုဏ်ယူဝမ်းမြောက်ကြတယ်လို့ ထင်ပါတယ်။ ကိုနတ္ထိကို ကြည့်ရတာ အစ်ကို့ရဲ့ မိဘတွေအတွက် ဂုဏ်ယူဝမ်းမြောက်ရမယ့် သားတစ်ယောက်ဖြစ်မယ်ထင်ပါတယ်။ အစ်ကို့ကို ရဟန်းဘုန်းကြီးတစ်ပါးလို့ ပြောတာမဟုတ်ပါဘူး။ လူတွေကို ဒုက္ခပေးမယ့်လူတစ်ယောက်မဟုတ်ပါဘူးလို့ ပြောတာပါ။ ကျွန်တော်ပြောတာ အမှားပါရင် မဆီလျော်တာပါရင်လည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ဆုံးမနိုင်ပါတယ်ခင်ဗျာ။ ဆိုနိုင်ခဲသောရဟန်းဆိုတာမျိုး ကျွန်တော်မဖြစ်ချင်ပါဘူးခင်ဗျာ။

    ReplyDelete
  2. လောကမှာ ဒီလိုလူတွေ ရှိတယ်။ “အတ္တန္တပေါ” …တစ်ချို့က ကိုယ့်ကိုကိုယ် ဒုက္ခပေးတယ်။ “ပရန္တပေါ” တစ်ချိုု့က သူတပါးကို ဒုက္ခပေးတယ်။ တစ်ချို့ကတော့ ကိုယ့်ကိုကိုယ်လဲ ဒုက္ခပေးတယ်, သူတပါးကိုလဲ ဒုက္ခပေးတယ်။ တစ်ချို့ကတော့ ကိုယ့်ကိုကိုယ်လဲ ဒုက္ခမပေးဘူး , သူတပါးကိုလဲ ဒုက္ခမပေးဘူး။ အနတ္တန္တပေါ အပရန္တပေါ ပေါ့ဗျာ။ “မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့ဘဝဟူသည် ရခဲ၏လို့ ဆိုတာနဲ့တင် လုံလောက်မယ် မထင်ပါဘူး။ အဲဒီလိုလူမျိုးတွေထဲမှာ ကိုယ်ဟာ ဘယ်လိုလူဆိုတာ သိဖို့ အတော်ခက်တယ်ဗျ။ ဘာပဲဖြစ်ဖြစ်ဗျာ…ကိုမျက်လုံးရေ …သုံးသပ်အာပေးတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ ဝေဖန်ဆုံးမစရာ ထွေထွေထူထူး မရှိပါဘူး ခင်ဗျာ။
    (“ပဗ္ဗဇိတဘာဝေါ ဒုလ္လဘော”ရဟန်းဘဝကလဲ ရခဲသတဲ့။ ဆိုနိုင်ခဲသော ရဟန်း အကြောင်း နောက်မှ ပြောကြတာပေါ့ဗျာ)

    ReplyDelete
  3. အစ်ကိုရေ..မွေးနေ့မှာပျော်ရွှင်ပါစေ။ နည်းနည်းနောက်ကျသွားပေမဲ့ဆုတောင်းပေးလိုက်ချင်လို့ပါ။ ပြီးတော့ အခုဘာညာမှာ တိုက်တိုက်ဆိုင်ဆိုင်ကို ဒီနေ့မှ မွေးတဲ့လူတွေနဲ့သိတာအများကြီးရှိပြီ။ တစ်ခုကအစ်ကို(ဘာညာရဲ့အစ်ကို) ၊ သူ့အတွက်တော့ ပိုစ့်တစ်ခုနဲ့ရေးထားတယ်။(အခုတော့ပြန်ဖြည့်စွတ်လိုက်မယ်..ကိုနတ္တိအတွက်ပါပေါ့=) နောက်တစ်ခုကသယ်ရင်းတစ်ယောက်၊ နောက်တစ်ယောက်ကတော့ ကိုနတ္တိ။ ပြီတော့အစ်ကိုသိလား..ဒီနေ့က ဂျပန်မှာ Buddha Birthday ဆိုပြီးကျင်းပကြတယ်။ တစ်ချို့ကလည်း Flower Festival လို့ခေါ်တယ်။ နောက်ဒီနေ့ကRoma လူတွေရဲ့International Day လည်းဖြစ်တယ်။ ဒါလေးတွေကို ဘာညာလက်ဆောင်ပေးချင်လို့ပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေအစ်ကို။

    ဘာညာ

    ReplyDelete
  4. ပျော်ရွှင်စရာ မွေးနေ့ပါ ကိုနတ္ထိ

    ReplyDelete
  5. ဘာညာရေ ….မွေးနေ့လက်ဆောင်အတွက် ကျေးဇူးကမ္ဘာပါ။ တစ်ခါတစ်လေ မွေးနေ့တိုက်ဆိုင်တာတွေ တွေ့ရတတ်တယ်။ ဆေးရုံတစ်ခုထဲမှာ အတူတူ မွေးပြီး ကျောင်းမှာ ပြန်တွေ့တာ ကြုံဖူးပါတယ်။ တစ်ယောက်အကြာင်းတစ်ယောက် ပြောကြတော့မှ သိတာ။ ကိုယ်တွေ့ပါ။ အင်း…ငယ်ငယ်တုန်းကတော့…ဒီလိုပါပဲဗျာ။ ကဲ…ကျေးဇူးတင်ပါတယ်..ဘာညာ။

    Ko Myo Kyaw Htunခင်ဗျာ…မွေးနေ့ဆုမွန်အတွက် ကျေးဇူးအထူး တင်ရှှိကြောင်းပါ။

    ReplyDelete