Monday 2 April 2007

နတ္ထိရဲ့ မိဘ ( ၁ )

ဗဟုကာရာ မာတာပိတရော
ပုတ္တာနံ အာပါဒကာ ပေါတကာ
ဣမဿ လောကဿ ဒဿေတာရော။

မိဘတို့သည် အလွန် ကျေးဇူးကြီးသူများပင်တည်း။
သားသမီးတို့ကို စောင့်ရှောက် ကျွေးမွေး၍
ဤလောကကြီးကို မြင်အောင် ပြသသူများ ဖြစ်ကြသည်။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

2 comments:

  1. ကိုနတ္ထိ …မွေးနေ့မှာ ကိုယ်စိတ်နှစ်ပါး ရွှင်လန်း ချမ်းမြေ့ပါစေလို့ .. ကြိုတင် ဆုတောင်း လိုက်ပါတယ်။
    မိဘအကြောင်း ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဒီကနေ့ ပဋ္ဌာန်းဖတ်တော့ “နတ္ထိပစ္စည်း” ကို ဖတ်မိပြီး ကိုနတ္ထိရဲ့ ဘလော့ကို သတိရလိုက်မိသေးတယ်။
    ကျမဖတ်မိတဲ့ နတ္ထိပစ္စည်းကတော့ “မရှိသည်ဖြစ်၍ ကျေးဇူးပြုသောတရား” တဲ့။

    “မီးရောင်ငြိမ်းမှုသည် အမှောင်ဖြစ်စေရန် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ ညဉ့်ကုန်ဆုံးမှုသည် နေထွက်ရန် ကျေးဇူးပြုသကဲ့သို့ လည်းကောင်း၊ မိမိချုပ်မှုဖြင့် နောက်နောက်တရားများ ဖြစ်ပေါ်ရန် ထင်ရှားမရှိဘဲ ကျေးဇူးပြုသော သဘော …” လို့ ဖတ်ခဲ့ရပါတယ်။

    နတ္ထိ နဲ့ ပတ်သက်လို့ ဖတ်မိတာလေး ပြန်ရေးပေးလိုက်တာပါ။
    ကိုနတ္ထိကတော့ သိပြီးသားဖြစ်မှာပါပဲ။

    ReplyDelete
  2. မွေးနေ့ ဆုမွန်အတွက် ကျေးဇူးပါ။ မွေးနေ့ကာလအတွင်းမှာ မိဘတွေကို ပူဇော်ခွင့်ရတာ ကြည်နူးမိပါတယ်။ နတ္ထိ” ဆိုတဲ့ နာမည်လေးကို ဘာကြောင့် ယူထားတယ်ဆိုတာ မွေးနေ့ရောက်ရင် အမှတ်တရအနေနဲ့ postတင်မယ်လို့ စိတ်ကူးထားပါတယ်။ ပဋ္ဌာန်းထဲက နတ္ထိပစ္စည်းကတော့ သိကြတဲ့ အတိုင်းပါပဲ (ဒါနဲ့ ပတ်သက်ပြီး ဂါထာလေးတစ်ပုဒ် ရှိထားတယ်။ ကြုံရင် post တင်ပါဦးမယ်)။ မေဓာဝီဆိုတဲ့ နာမည်အကြောင်းရေးရင်တော့ ကုန်နိုင်ဖွယ် မမြင်ဘူးဗျ။

    ReplyDelete