Monday 2 April 2007

နတ္ထိရဲ့ မိဘ ( ၃ )

နတ္ထိ မာတာ၊ နတ္ထိ ပိတာ။

အမေအပေါ် ကောင်းမွန်စွာ ပြုမူခြင်း, ယုတ်မာစွာ ပြုကျင့်ခြင်းတို့၏
အကျိုးရလာဒ် မရှိ။
အဖေအပေါ် ကောင်းမွန်စွာ ပြုမူခြင်း, ယုတ်မာစွာ ပြုကျင့်ခြင်းတို့၏
အကျိုးရလာဒ် မရှိ။

မှတ်ချက်။ ။ မိစ္ဆာဒိဋ္ဌိ(မှားယွင်းသော အယူအဆ) ဟု ဆို၏။
ပြင်းသော အဆိပ်ရှိသော မြွေဆိုးသဖွယ်ပင် ဖြစ်၏။

၈-၄-၀၇ မွေးနေ့ အမှတ်တရ

3 comments:

  1. အဲဒါကို နားမလည်ဘူးရှင့် .. အချိန်ရရင် ရှင်းပြပေးပါလား ..
    ကျေးဇူးတင်ပါတယ်။

    ReplyDelete
  2. အတိတ်ကို ပြန်သွားရပါမယ်။ ဗုဒ္ဓလက်ထက်တော်က ဗုဒ္ဓနဲ့ ခေတ်ပြိုင် ဆရာကြီး(၆)ယောက် ရှိခဲ့တယ်( ဒီထဲမှာ “နိဂဏ္ဌ နာဋပုတ္တ”ကို အခုခေတ်မှာ မဟာဝီရ(ဂျိန်း)ဘုရား လို့ လူသိ များတယ်)။ နောက်တစ်ယောက်က “အဇိတ ကေသကမ္ဗလ”တဲ့။ အခု…နတ္ထိကဝါဒ( “မရှိ” အယူအဆ)ဟာ သူ့ရဲ့ ဝါဒပါ။
    လှူဒါန်းပေးကမ်းခြင်းတို့၏ အကျိုးရလာဒ် မရှိ။ ကုသိုလ်ကံ အကုသိုလ်ကံတို့၏ အကျိုးရလာဒ် မရှိ။ အမေကို ကောင်းမွန်စွာ ပြုစုခြင်းစသည်တို့၏ ကောင်းကျိုး, ယုတ်မာစွာ ပြစ်မှားခြင်းစသည်တို့၏ ဆိုးပြစ် မရှိ။ အဖေကို ကောင်းမွန်စွာ ပြုစုခြင်းစသည်တို့၏ ကောင်းကျိုး, ယုတ်မာစွာ ပြစ်မှားခြင်းစသည်တို့၏ ဆိုးပြစ် မရှိ။ စသည် စသည်…နတ္ထိက အယူဝါဒပါ။

    ReplyDelete
  3. ရှင်းပြပေးတာ ကျေးဇူးပါရှင့်။

    ReplyDelete