Sunday 22 April 2007

နတ္ထိရဲ့ အချစ် ( ၃ )

ပိယာ ဆန္ဒနိဒါနာ ဆန္ဒသမုဒယော ဆန္ဒဇာတိကာ ဆန္ဒပဘဝါ။


အချစ်သည်…
အလိုဆန္ဒမှ စတင်၏။
အလိုဆန္ဒမှ ဖြစ်ပေါ်၏။
အလိုဆန္ဒမှ ပေါက်ဖွား၏။
အလိုဆန္ဒမှ မြစ်ဖျားခံ၏။

4 comments:

  1. ကိုနတ္ထိရေ။ ပင်လယ်ဆိုတာ သူ့ထဲကို ရေဘယ်လောက်ပဲ စီးဝင်ပါစေ။ တင်းတိမ်ရောင့်ရဲခြင်းမရှိ။ ပြည့်ရှင်မင်းဆိုတာ သူ့တိုင်းပြည် ဘယ်လောက်ပင် ကျယ်ဝန်းနေပါစေ။ တင်းတိမ်ရောင့်ရဲ ခြင်းမရှိ။ မျက်လုံးဆိုတာ သူ့ချစ်သူကို ဘယ်လောက်ပဲ ကြည့်နေရပါစေ။ တင်းတိမ်ရောင့်ရဲခြင်း မရှိ။ ဆိုတာလေးကြားဖူးတယ်ဗျာ။ အချစ်နဲ့ ပတ်သတ်လို့ ကြားဖူးတာလေး ရေးလိုက်တာပါ။

    ReplyDelete
  2. မှန်လိုက်လေ…ကိုမျက်လုံးရေ။ လောကနီတိကလဲ အဲဒီလို ဆိုထားပါတယ်။

    န တိတ္တိ ရာဇာ ဓနမှိ ၊
    ပဏ္ဍိတောပိ သုဘာသိတေ။
    စက္ခုံပိ ပိယဒဿနေ ၊
    ဇလေ သာဂရော န တိတ္တိ။

    ပြည့်ရှင်မင်းသည် အခွန်အတုတ်၌ တင်းတိ််မ်ရောင့်ရဲခြင်း မရှိ။
    ပညာရှိသည် ကောင်းသောစကား၌ တင်းတိ််မ်ရောင့်ရဲခြင်း မရှိ။
    မျက်လုံးသည် ချစ်သူကိုကြည့်ခြင်း၌ တင်းတိ််မ်ရောင့်ရဲခြင်း မရှိ။
    သမုဒ္ဒရာသည် စီးဝင်လာသောရေ၌ တင်းတိ််မ်ရောင့်ရဲခြင်း မရှိ။

    ReplyDelete
  3. ဂျစ်တူး - gyit_tu31 May 2007 at 18:33

    ကိုနတ္ထိရေ.. ဒါလေး သိပ်ကြိုက်လို့ ဘလောဂ့်မှာ ပြန်လည် တင်ခွင့်ပြုပါ ။

    ReplyDelete
  4. ဂျစ်တူး…ဟုတ်ကဲ့။ အကြိုက်ချင်းတူတာ ဝမ်းမြောက်မိပါတယ်။ အားပေးတဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်ဗျာ။

    ReplyDelete