Friday 18 April 2008

အသောကရဲ့ အက္ခရာများ-၁၀

ကျောက်စာတွေ ၁၀-ခု ရှိသွားပြီ။ ရှေးဟောင်းသုတေသနက ဆရာတွေကတော့ ဘယ်လိုနေလဲ မသိဘူး။ ဘီစီ ၃ရာစုက သဘောတရားတွေကို ခံစားရတာ နည်းနည်း မောတယ်။ ဒီကျောက်စာတွေ ဖတ်ရတာ ဖုန်တထောင်းထောင်းနဲ့ တောလမ်းမှာ လှည်းကြမ်း ဒုန်းစိုင်းမောင်းနေရတာနဲ့ မတူဘူး။ F1 ပြိုင်ပွဲက twist-turnများတဲ့ trackမှာ Ferrariကို ultra-speedနဲ့ မောင်းနေရသလိုပဲ။

ဒေဝါနံ ပိယော ပိယဒသိ ရာဇာ ယသော ဝါ ကိတိ ဝါ န မဟာထာ’ ဝဟံ မနတိ၊ အညတြ ယံ ပိ ယသော ဝါ ကိတိ ဝါ ဣဆတိ, တဒတွာယေ အာယတိကေ စ မေ ဇနော ဓံမ-သုသူသံ သုသူသတု မေ’တိ, ဓံမ၀တံ ဝါ အနုဝိဓိယတု မေ’တိ, ဧတကာယေ ဒေဝါနံ ပိယော ပိယဒသိ ရာဇာ ယသော ဝါ ကိတိ ဝါ ဣဆတိ၊ ယံ သ ကိံစိ ပလာကမတိ ဒေဝါနံ ပိယော ပိယဒသိ ရာဇာ, တံ သဝံ ပါလတြိကာယ ဝါ, ကိံတိ သကလေ အပပလိသဝေ ဟုဝေယာ’တိ၊ ဧသ တု ပလိသဝေ, ယံ အပုံနံ၊ ဒုကလံ စ ခေါ ဧတံ ခုဒကေန ဝါ ဇနေန, ဥသဋေန ဝါ အဉ တြ အဂေန ပလာကမေန၊ ဧဝံ စ ပလိစဇိတွာ ဧတံ စ ခေါ ခုဒကေန ဝါ ဥသဋေန ဝါ ဒုကလံ။


မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် (အလှူဒါန စသည်အတွက် ရအပ်သည့်) အခြွေအရွေကိုဖြစ်စေ, အကျော်အစောကိုဖြစ်စေ, မြင့်မြတ်ထူးကဲသော အကျိုးကြီးဖြစ်သည်ဟု ထင်မြင်စွဲးယူချက် နှစ်လုံးထားရှိတော် မမူ၊ ထိုဆိုခဲ့သည့် အခြံအရံ အကျော်အစောများကို လိုလားတောင့်တခြင်းမှ ကင်းစင်ရှောင်ရှားကာသာ, စင်စစ်လျှင် ဤပစ္စက္ခဘဝ၌ နောင်အခါ ငါ၏့ တိုင်းသားပြည်သူအပေါင်းသည် တရားနည်းလမ်းကျ လိုက်နာ ကျင့်ဆောင်ကြစေသောဟု၎င်း, ငါမင်းတရား၏့ တရားနှင့် ညီသော အကျင့်ကောင်းကို နောက်ထပ် လိုက်နာပြုလုပ်ကြစေသော ဟု၎င်း, ဤမျှ အကျိုးသွားကို တောင့်တမျှောလင့်၍့သာ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် အခြွေအရံကို၎င်း, အကျော်အစောကို၎င်း လိုလားတော်မူရချေ၏။
စင်စစ်သော်ကား မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်သည် (ဒါနရေး သီလရေးဆိုင်ရာ) အရပ်ရပ် ပြုလုပ်အားစိုက်သမျှ အားလုံးသည် မည်သို့သော နည်းဖြင့် ဤလောက ငြစ်ကြေးဘေးရန် ဥပဒ္ဒဝေါအားလုံး ကင်းစင်ခြင်း ဖြစ်နိုင်ရာသနည်းဟု ဤလောက ၃ပါးကို လွန်မြောက်၍့ ဘဝငြိမ်းအေးရာ နိဗ္ဗာန်ကမ်းသို့ ဆိုက်ရောက်ရန်သာ ဖြစ်ပေ၏။ စိစစ် ဆိုပြပြန်သော်, ဒါန သီလ စသော ကောင်းမှုမှတပါး ဒုစရိုက်-ဒုရာဇီ၀ အလုပ်များသည် ဧကန် အားဖြင့် နိဗ္ဗာန်၏့ အနှောင့်အရှက် သံသရာတွင်း နက်ကြောင်း ဘေးဥပဒ်များ ဖြစ်လေသည်။ အမှန်ဆိုလျှင် ဤဒုစရိုက်မှ ကြည်ရှောင်ခြင်း, သုစရိုက်ကို ပွားစီးစေခြင်းသည် သေးသိမ် ယုတ်ကျသူ့အတွက် ဖြစ်စေ, ကြီးကျယ်မြင့်မြတ်သူ့အတွက်ဖြစ်စေ ဤသို့ စွန့်စား ပြုလုပ်ရန် ထက်သန်သော လုံ့လနှင့် ကင်း၍ ခဲးယဉ်းစွာ ဖြစ်ချေ၏။ မှန်လှ၏။ ယင်းသို့ ဒုစရိုက်မှ ကြည်ရှောင်၍့ သုစရိုက်ကို ပြုကျင့်ခြင်းသည် ယုတ်နိမ့်သူ ဖြစ်စေ, ကြီးကျယ်မြင့်မြတ်သူဖြစ်စေ ခဲးလှသည်သာတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


ဖုန်းတန်ခိုး အကျော်အစောတို့သည် တမနွန်လောက၌ အကျိုးကြီးသည်ဟု နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး ထင်မှတ်တော် မမူ။
အလိုရှိအပ်သော ဖုန်းတန်ခိုး အကျော်အစောတို့သည်ကား ယခုမျက်မှောက်နှင့် နောင်အနာဂတ် ကာလတို့၌ လူတို့သည် ကြားနာအပ်သော တရားကို ကြားနာ၍ ကျင့်ဆောင်အပ်သော တရားကို လိုက်နာကျင့်ဆောင် အံ့သောငှာသာလျှင် ဖြစ်၏ ဤအလို့ငှာသာလျှင် နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ဖုန်းတန်ခိုး အကျော်အစောကို အလိုရှိ၏။
နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး အားထုတ်တော်မူသ၍ သည်ကား တမနွန်လောကအဖို့်သာလျှင်ကတည်း။ အဘယ်အလို့ငှာနည်း။ ခပ်သိမ်းသော သူတို့အား ဆုတ်ယုတ်ပျက်ဆီးခြင်းမှ ကင်းလွတ်စေရန်ဖြစ်၏။ အကုသိုလ်တို့သည်ပင် ဆုတ်ယုတ် ပျက်စီးခြင်းတို့့ပေတည်း။ ဤသို့ဆုတ်ယုတ်ပျက်စီးခြင်းမှ ကင်းလွတ်ခြင်းငှာ ဆောင်ရွက်ရန်ကား ငယ်သူတို့ အဖို့သော်၎င်း မြင့်မြတ်သူတို့ အဖို့သော်၎င်း မလွယ်လှပေ။ အကြွင့်မဲ့ စွန့်လွှတ်၍ အစွမ်းကုန် အားထုတ်ခြင်းနှင့် ကင်း၍မဖြစ်။ မြင့်မြတ်သူတို့ အဖို့ပင် ခဲယဉ်းချေ၏တကား။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


ဒေဝါနံပိယ ပိယဒသီမင်းသည် အခြံ, အရံ အကျော်အစောကို တစုံတရာ ကြီးကျယ်သည်ဟု မယူဆ။ ငါ၏ လူများသည် ယခုနှင့် နောင်အခါ ကြားနာသင့်သောတရားကို ကြားနာရ၍ ကျင့်ဆောင်သင့်သော တရားကို ကျင့်ဆောင်ရန် အတွက်သာ ဒေဝါနံပိယ ပိယဒသီမင်းသည် အခြံအရံ, အကျော်အစောကို အလိုရှိခြင်းဖြစ်၏။
ထိုမှတပါး ဒေဝါနံပိယ ပိယဒသီမင်း၏ ကြိုးပမ်းအားထုတ်မှု ဟူသမျှသည် လွတ်မြောက်ခြင်းအတွက်သာ ဖြစ်၏။ အသို့နည်း။ လူအားလုံး အပြစ်ကင်းရန်ပင်တည်း။ အပြစ်ဟူသည်မှာ မကောင်းမှုဖြစ်၏။ အလုံံးစုံကို အကုန် စွန့်လွှတ်သော်လည်း ကြိုးစားအားထုတ်မှု မရှိပါလျှင် လူငယ်ဖြစ်စေ လူကြီးဖြစ်စေ အပြစ်ကင်းရန် ခဲယဉ်း၏။ လူကြီးလူကောင်းတို့ပင် အပြစ်လွတ်ရန် ခဲယဉ်း၏။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

'His Sacred and Gracious Majesty the King does not believe that glory or renown brings much profit unless in both the present and the future my people obediently hearken to the Law of Piety and conform to its precepts. For that purpose only does His Sacred and Gracious Majesty the King desire glory or renown.
Whatsoever exertions His Sacred and Gracious Majesty the King makes, all are for the sake of the life hereafter, so that every one may be freed from peril, and that peril is vice.
Difficult, verily, it is to attain such freedom, whether by people of low or of high degree, save by the utmost exertion, giving up all other aims. That, however, for him of high degree is difficult.'
(Asoka, the Buddhist Emperor of India- V. A. Smith)


His Sacred and Gracious Majesty the King does not regard glory or fame as bringing much gain except that whatever glory or fame he desires, it would be only for this that the people might in the present time and in the future should practice obedience to Dharma and conform to the observances of Dharma. For this purpose does His Sacred and Gracious Majesty the King wish for glory or fame.
And what little he exerts himself, that is all for the hereafter, and in order that all may be free from confinement (or bondage). And this is bondage, viz., sin. This is, indeed, difficult of achievement by the lowly or high in rank except by strenuous preliminary effort, renouncing all. But among these (two), it is the more difficult of achievement by the person of superior rank.
(Asoka-R.K. Mookerji)


The Beloved of the Gods, the king Piyadassi, sets no great store by fame or glory, except in, that he desires fame and glory both now and in the future, in order that his people may obey Dhamma with obedience and follow the way of Dhamma. To this extent the Beloved of the Gods desires fame and glory. Whatever effort the Beloved of the Gods, the king Piyadassi makes, it is all done with a view to the after-life, that all men may escape from evil inclinations, for there can be no merit in evil inclinations. But this is difficult for men, whether humble or highly placed, without extreme effort and without renouncing everything else, and it is particularly difficult for the highly placed.
(Asoka and the decline of the Mauryas- Romila Thapar)


King Priyadarsi, the Beloved of the Gods, does not consider even glory or fame leading to any great gain except when he desire for glory, it is only for the purpose that people might in the present and in the future should render obedience to Dharma and conform to the observances of Dharma. It is for this that, king Priyadarsi, the Beloved of the Gods, desires glory or fame. Whatever efforts king Priyadarsi, the Beloved of the Gods, makes, is for the welfare of life in the other world. Why is it? that all may be free from moral degradation. Moral degradation is, of course, that which is demerit. This is, however, difficult of attainment whether by the lower or higher class of officers except through intense exertion and renouncement of other desires. But out of these two, it is comparatively difficult of performance by an officer of higher rank.
(Inscriptions of Asoka- N. P. Rastogi)

2 comments:

  1. စိုးထက် - Soe Htet !19 April 2008 at 11:27

    ကျွန်တော တွေ့တာ ... ဒါနနဲ့ သီလကိုပဲ အသောက မင်းကြီးက အားသန် တော်မူတယ် ... နတ်ရွာ စံ ခါနီးအထိ ဒါနကိုပဲ အစွမ်းကုန် ဖြည့် သွားတယ် .. ဘာ၀နာလေး များ ကူးသွား စေချင်ပါဘိ ... :)

    ReplyDelete
  2. အက္ခရ19 April 2008 at 13:10

    ဆရာစိုး…အသောကမင်းကြီးရဲ့ ဆရာတော်, ညီတော်, သားတော်, သမီးတော်, တူတော် စတဲ့ စတဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်တွေကလဲ မင်းကြီးကို လောကီကနေ လွန်မြောက်စေချင်တဲ့ ဆန္ဒတွေ ရှိခဲ့ကြမှာပါ။ အသောကဘုရင်ဟာ “ကြီးကျယ်သူ”တစ်ယောက်မျှသာ။ သူတို့လို “ငြိမ်းအေးသူ” မဖြစ်ခဲ့။ ပါရမီ အနုအရင့် မတူတဲ့သဘောလို့ ထင်မိပါရဲ့…။

    ReplyDelete