Monday 21 April 2008

အသောကရဲ့ အက္ခရာများ-၁၂ (အပိုင်း-၁)

ဣဒံ မူလံ, ၀စော ဂုတိ။
နှုတ်စောင့်စည်းပါ၊ ဒါ…လိုရင်းပဲ။
အသောကဘုရင်ရဲ့ အမိန့်ပြန်တမ်းတွေက တခါတလေ ပြတ်ပြတ်ပဲ။

ဒေဝါနံ ပိယော ပိယဒသိ ရာဇာ သ၀ရ ပါသံဍာနိ ပ၀ရဇိတာနိ စ ဂဟဌာနိ စ ပူဇာယတိ ဒါနေန, ဝိဝိဓာယ စ ပူဇာယ၊ န တု တထာ ဒါနံ ဝါ ပူဇံ ဝါ ဒေဝါနံ ပိယော မံဉ တိ၊ ‘အထာ ကိံတိ သာရ၀ဎိ သိယာ’တိ၊ သ ၀ရပါသံဍာနံ သာရ၀ဎိ ဗဟုဝိကာ၊ တဿ တု ဣဒံ မူလံ, ၀စော ဂုတိ၊ ကိံတိ? အတပါသံဍေ ပူဇာ စ ပရပါသံဍေ ဂရဟာ စ နော သိယာ, အပကရဏမှိ လဟုကာ ဝါ သိယာ၊ တမှိ တမှိ ပကရဏေ ပူဇေတ ဝိယ တု ပရပါသံဍာနံ တေန တေန ပကရဏေန အတပါသံဍံ ဗာဠံ စ ၀ဎီယတိ, ပရပါသံဍသ ပိ ဝါ ဥပကရောတိ၊ တ‘ဒံဉ ထာ ကရောတော အတ-ပါသံဍံ ပူဇယတိ, ပရပါသံဍံ ဝါ ဂရဟတိ, သ ဝေ အတပါသံဍ ဘတိ ယာ ဝါ ကိံတိ အတပါသံဍံ ဒီပယေမ ဣတိ၊ သော စ ပုန တထာ ကရံတံ အတပါသံဍံ ဗာဠတရံ ဥပဟံတိ။
အတ-ပါသံဍသိ သမဝါယော ဧ၀ သာဓု, ကိံတိ အံဉ -မဉသ ဓံမံ သုဏေယု စ သုသူသေယု စာ’တိ၊ ဧဝံ ဟိ ဒေဝါနံ ပိယသ ဣဆာ,--ကိံတိ သရ၀ပါသံဍာ ဗဟုသုတာ စ အသု, ကလာဏ ဂမာ စ အသု’တိ၊ ယေ စ တတြ တတြ ပသံနာ, တေ ဟိ ၀ဋဝိယံ၊ ဒေဝါနံ ပိယော နော တထာ ဒါနံ ဝါ ပူဇံ ဝါ မံနတိ, ယထာ ကိံတိ သာရ၀ဎိ သိယာ’တိ၊ သ၀ရပါသံဍာနံ ဗဟုကာ စ ဧတာ‘ယာထာယ ဝိယာပဋာ, ဓံမ မဟာမာတာ စ ဣထာ’ ဓိယခ--မဟာမာတာ စ ၀စဘူမိကာ စ အံနေ စ နိကာယာ၊ ဣဒံ စ ဧတသ ဖလံ, ယံ အတ-ပါသံဍ၀ဎိ စ ဟောတိ, ဓံမသ စ ဒီပနာ။

မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် အားလုံး အယူ ရှိ-ရှိသမျှ အိမ်ယာမထောင် ရဟန်းဘောင်တွင် နေထိုင်သူတို့ကို ဖြစ်စေ, အိမ်ယာတည်ထောင် လူတို့ဘောင်တွင် နေထိုင်သူတို့ကို ဖြစ်စေ ပေးကမ်းလှူဒါန်းခြင်းဖြင့်၎င်း, အထူးထူး အထွေထွေသော ပူဇော်ခြင်းဖြင့်၎င်း လှူဒါန်းပူဇော်တော်မူသည်၊ ထိုကဲ့သို့ အယူ ဘာသာဝင် အစားစားတို့ကို လှူဒါန်းပူဇော်တော်မူခြင်းကို တမလွန် နတ်ရွာနိဗ္ဗာန်အတွက် ရည်ညွှန်သော လှူဒါန်း ပူဇော်ခြင်းဖြစ်၏ဟု မင်းတကာတို့ ချစ်ကြည် လေးစားအပ်သည့် မင်းတြားကြီး အောက်မေ့မှတ်ထားတော် မမူချေ။ သို့ဖြစ်ခဲ့သော်, ၎င်းတို့အား လှူဒါန်းပူဇော်ခြင်းဖြင့် အဘယ်သို့သော ကောင်းကျိုး,ကောင်းနှစ် ပွားစီးရာသနည်း’ဟု မေးခဲ့ရာ၏၊ အယူဝါဒခြားများစွာတို့အား ပေးလှူပူဇော်ခြင်း၌ ကောင်းကျိုးဂုဏ်ကျေးဇူး အနှစ်သာရပေါင်း မြောက်မြားစွာ ဖြစ်နှုိုင်၏၊ ဤဂုဏ်နှစ်ကျေးဇူးများစွာအနက် လိုရင်းအချက်တခုမှာ ငါမင်းတြား အပေါ်၌ မတော်မတရား မကဲ့ရဲ့ပဲး, စကားစောင့်စည်းရာခြင်း ဖြစ်၏။
အဘယ်သို့ ဖြစ်ရာသနည်း? အသောကမင်းတြားကြီးသည် အများ၏့ အရှင်ဖြစ်လျက် မိမိအယူဝင်တို့ကိုသာ ပူဇော်ခြီးမြှောက်သည်, သူူူတပါးတို့ အယူဝင်တို့ကိုကား ရှုတ်ချကဲ့ရဲ့လေသည်ဟု ငါမင်းတြား အပေါ်၌ မသင့် စိတ်ငဲ့ ကဲ့ရဲ့ ရှုတ်ချခြင်း မဖြစ်ပေရာ၊ ထို့ပြင်, ထိုသို့ ကဲ့ရဲ့ခြင်းကြောင့်ဖြစ်သော ကျေးဇူးမဲ့ ပြုလုပ်ခြင်းမျိုးလည်း ပေါ့လျော့ ပျောက်ပျက်လေရာ၏၊ စင်စစ် လိုက်နာရန်မှာ ထိုထို အရေးအရာ ဟူသမျှ၌ သူတပါးတို့ ကြိုက်နှစ်သက်သည့် အယူနှင့် အယူဘာသာဝင်ကို ပူဇော်ချီးကျူးခဲ့ပါမူ, ထိုထို အရေးအရာ ဟူသမျှဖက်မှပင် မိမိတို့ အယူဘာသာဝင်တို့မှာ ပွင့်လင်းစည်ကားစွာ တိုးတက် ပွားစီးနိုင်လေသည်၊ ထို့ပြင်, သူတပါး အယူဘာသာကိုလည်း ကျေးဇူးတိုးတက်စေလေသည်၊ ထိုသို့မဟုတ်မူ၍့ မိိမိဘာသာဝင်တို့ကိုသာ ချီးကျူးခြင်း, သူ့တပါး ဘာသာဝင်ကို ရှုတ်ချခြင်းကိုသာ ပြုလုပ်ခဲ့လျှင်, မိမိတို့ ဘာသာဝင်တို့ကိုပင် ရှုတ်ချ ပျက်စီးကြောင်း ပြုရာရောက်၍့, သူမျာ့း ဘာသာဝင်တို့ကိုလည်း အကျိုးမဲ့ ပြုလုပ်ခြင်း ဖြစ်လေသည်။
ထင်ရှားစွာ ဆိုရသော်, အကြင် တစုံတယောက်သည် မိမိ ရိုးကိုးရာ ဘာသာဝင်တို့ကိုသာ ချီးကျူးပူဇော်၍့, သူတပါးတို့၏့ ဘာသာဝင်ကိုမူ ကဲ့ရဲ့ ရှုတ်ချလေအံ့၊ သို့မဟုတ် ထိုသူသည် မည်သို့လျှင် ငါ့အယူဘာသာ ထင်ရှားပေါ်လွင်လေမည်နည်း?ဟု မိမိဘာသာဝင် ပုဂ္ဂိုလ်တိုိ့ကိုသာ ဧကန် ချီးကျူးလေအံ့၊ ထိုသို့အားဖြင့် မိိမိ ဘာသာကို ပေါ်လွင်စေရန် အဖန်ဖန် ပြုလုပ်သော ထိုသူသည်ပင် မိမိအယူဝါဒကို အကြီးအကျယ် ပုထ်ခတ်ဖျက်ဆီးလေသည်၊ စင်စစ်လိုက်နာဖွယ်မှာ, မည်သို့လျှင် အယူဝါဒရှင်တို့ အချင်းချင်း တဦးသည် တဦး၏ တရားကို ကြားနာသိရှိကုန်ရာမည်နည်း, မည်သို့လျှင် နားထောင်လိုက်နာခြင်း ဖြစ်ကုန်ရာမည်နည်းဟု မိမိအယူဘာသာဝင် အချင်းချင်း မျှတညီညွတ်ရန် ကျင့်ဆောင်ခြင်းသည်သာ ကောင်းမွန်လေသတည်း။
မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောက မင်းတရား၏ အလိုမှာ မည်သို့လျှင် အားလုံး အယူဝါဒအသီးသီး ရှိသူတို့မှာ တဦးသည် တဦး၏ အယူဘာသာ၌ အကြားအမြင်များကြ၍, ကောင်းစားဖွယ် ဖြစ်ပွားကုန်ရာမည်နည်း’ဟူသော သဘောထားသာ ဖြစ်ချေ၏၊ အမှန်ကား မိမိတို့ နှစ်သက်ကြည်ညိုသည့် ဘာသာအယူဝါဒကိုသာ လိုက်နာကျင့်ဆောင်စေခွင့်ရှိ၏၊ မင်းတကာတို့ ချစ်ကြည် လေးစားအပ်သော အသောက မင်းတရားမြတ်သည် အယူဘာသာခြားတို့အား ပေးကမ်းစွန့်ကြဲးမှု ပူဇော်ခြီးမြှင့်မှုကို ပြုခြင်းသည် နတ်ရွာနိဗ္ဗာန်အကျိုးငှာဟူ၍ မထင်မှတ်ချေ၊ စင်စစ်ကား ထိုဘာသာခြားပုဂ္ဂိုလ်တို့၏့ ဂုဏ်နှင့်အင်အား တိုးပွားခြင်း ဖြစ်ရာ၏ဟု ထင်မှတ်၍့သာ လှူဒါန်းပူဇော်တော်မူ၏၊ ထိုအယူဝါဒခြားတို့၏့ ဂုဏ်နှင့်အင်အားတိုးပွားရန်အတွက် ထိုသူတို့အတွင်း၌ များစွာကုန်သော တရားကြီးကြပ်အမတ်ကြီးတို့ကို၎င်း, မိန်းမအထိန်း-အကြပ်အမတ်ကြီးတို့ကို၎င်း စကားမူလ-အခြေခံ သံတော်ဆင့်တို့ကို၎င်း, ထိုမှတပါး အခြားဂိုဏ်းအဖွဲ့များစွာတို့ကို၎င်း, ငါမင်းမြတ် အပြန့်အနှံ့ ခွဲးခန့်ထားတော်မူအပ်ကုန်ပြီ၊ ဤသည်လျှင် ဤသို့ ပြုလုပ်ရခြင်းအတွက် မိမိအယူဝါဒ၏့ တိုးပွားခြင်း, တရားတော်၏့ ပေါ်လွင်ခြင်းအကျိုး ဖြစ်သတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)


နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီးသည် ခပ်သိမ်းသော အယူဝါဒဂိုဏ်းသား ရသေ့ ရဟန်းတို့နှင့် အိမ်ရာထောင်သူတို့အား လှူဖွယ်တို့ဖြင့်၎င်း ပူဇော်ဖွယ်အမျိုးမျိုးတို့ဖြင့်၎င်း ချီးမြှင့်ပူဇော်တော်မူ၏။ သို့ရာတွင် ဤသို့ လှူဒါန်းပူဇော်ခြင်းတို့သည် တရား၏ အနှစ်သာရ တိုးပွားခြင်းလောက် ခပ်သိမ်းသော ဝါဒီဂိုဏ်းသားတို့အဖို့ အကျိုးမများဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ယူဆတော်မူ၏။
တရား၏ အနှစ်သာရတိုးပွားခြင်းဆိုသည်မှာလည်း အမျိုးမျိုးရှိ၏။ ထိုတွင် နှုတ်လျှာကို စောင့်ထိ်န်းခြင်းသည် အရင်းခံ ဖြစ်၏။ အဘယ်သို့ နှုတ််လျှာကို စောင့်ထိန်းရမည်နည်းဆိုသော် မိမိဂိုဏ်းကို ချီးကျူး၍ တပါးဂိုဏ်းတို့အား ကဲ့ရဲ့ခြင်း ချုပ်ချယ်ခြင်း ရှုတ်ချခြင်း မပြုရာ။
အခါအခါနှင့်လျော်စွာ တပါးဂိုဏ်းသားတို့အားလည်း လျောက်ပတ်စွာ ပူဇော်အပ်၏။ ဤသို့ပြုသည်ရှိသော် မိမိဂိုဏ်းကို အလွန် ချီးမြှင့်၍ တပါးဂိုဏ်းအားလည်း ကျေးဇူးပြုသည် မည်၏။ ဤသို့ မပြုသည်ရှိသော် မိ်မိ်ဂိုဏ်းကို ဖျက်ဆီး၍ တပါးဂိုဏ်းအား အကျိုးမဲ့ ပြုသည်မည်၏။
အကြင်သူသည် မိ်မိဂိုဏ်းကို ကြည်ညိုသောအားဖြင့် မိမိဂိုဏ်းကို ထင်ပေါ်စိမ့်သောငှာ တပါးဂိုဏ်းအား ကဲ့ရဲ့ရှုှုှုံ့ချ၍ မိမိဂိုဏ်းအား ချီးကျူး၏။ ထိုသူသည် ဤသို့ ချီးကျူးခြင်းဖြင့် မိမိ ဂိုဏ်းကို လွန်ကဲစွာ ဖျက်ဆီးပိ၏။
တဂိုဏ်းနှင့်တဂိုဏ်း အညီအညွတ်ရှိခြင်းသည် ကောင်း၏။ သို့မှသာ တဂိုဏ်း၏တရားကို အခြားတဂိုဏ်းက ကြားနာရ၍ ရိုသေလေးစားပေအ့ံ့။
ခပ်သိမ်းသော ဂိုဏ်းသားတို့သည် အကြားအမြင်နှင့် ပြည့်စုံ၍ ကောင်းမြတ်သော ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်သည်ကို နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး အလိုရှိတော်မူ၏။
မည်သည့် ဂိုဏ်း၌မဆို ကြည်ညိုကိုးကွယ်သူတို့သည် ဤသို့ ဟောပြောရာ၏။
လှူဒါန်းပူဇော်ခြင်းတို့သည် ခပ်သိမ်းသော ဂိုဏ်းတို့၌ တရား၏ အနှစ်သာရတိုးပွားခြင်းလောက် အကျိုးမများဟု နတ်တို့ ချစ်မြတ်နိုးသော မင်းကြီး ထင်မှတ်တော်မူ၏။ ဤအကျိုးငှာ များစွာသော တရားအမတ်ကြီးများ မိန်းမများအား အထူးစောင့်ရှောက်သည့် အမတ်ကြီးများ ကလေးများအား သွန်သင်သည့် အရာရှိများနှင့် အခြားအမှုထမ်းများသည် ဆောင်ရွက်လျက် ရှိကြကုန်၏။
ဤသို့ ဆောင်ရွက်ခြင်း၏ အကျိုးသည်ကား မိမိဂိုဏ်းလျှင် တိုးတက်ကြီးပွားခြင်းနှင့် တရားတော် ထွန်းလင်းတောက်ပခြင်းဖြစ်၏။
(အသောကကျောက်စာများ-ဦးဖိုးလတ်)


'His Sacred and Gracious Majesty the King does reverence to men of all sects, whether ascetics or householders, by gifts and various forms of reverence.
His Sacred Majesty, however, cares not so much for gifts or external reverence as that there should be a growth of the essence of the matter in all sects.
The growth of the essence of the matter assumes various forms, but the root of it is restraint of speech, to wit, a man must not do reverence to his own sect or disparage that of another without reason. Depreciation should be for specific reasons only, because the sects of other people all deserve reverence for one reason or another.
By thus acting a man exalts his own sect, and at the same time does service to the sects of other people. By acting contrariwise a man hurts his own sect, and does disservice to the sects of other people. For he who does reverence to his own sect while disparaging the sects of others wholly from attachment to his own. With intent to enhance the splendor of his own sect, in reality by such conduct inflicts the severest injury on his own sect.
Concord, therefore, is meritorious, to wit, hearkening and hearkening willingly to the Law of Piety as accepted by other people. For this is the desire of His Sacred Majesty that all sects should hear much teaching and hold sound doctrine.
Wherefore the adherents of all sects, whatever they may be, must be informed that His Sacred Majesty does not care so much for gifts or external reverence as that there should be growth in the essence of the matter and respect for all sects. For this very purpose are employed the Censors of the Law of Piety, the Censors of the Women, the (?) Superintendents of pastures, and other [official] bodies. And this is the fruit thereof the growth of one's own sect and the enhancement of the splendor of the Law of Piety.'
(Asoka, the Buddhist Emperor of India- V. A. Smith)


No comments:

Post a Comment