Wednesday 2 April 2008

အသောကရဲ့ အက္ခရာများ

အသောကကျောက်စာတွေကို ဖတ်ဖို့မှတ်ဖို့လေ့လာဖို့ ကြိုးစားနေရင်း ဘာသာပြန်တွေကို လက်လှမ်းမှီသမျှ စုစည်းဖြစ်တယ်။ ဘီစီ ၃ရာစုမှာ ရေးထိုးထားတဲ့ ကျောက်စာတွေ စာပေမှတ်တမ်းတင်တဲ့သူတွေရဲ့ လက်ထဲကို အေဒီ ၁၈ရာစု အလယ်လောက်မှာ စတင်ရောက်ရှိခဲ့ပြီး ၁၉ရာစု အစပိုင်းကျမှ ဖတ်လို့ရသတဲ့။ ကံကောင်းတယ်လို့ ပြောရမယ်။ အခုတော့ ရှေးပညာရှင်တွေရဲ့ ကျေးဇူးကြောင့် ဘုရင်အသောကရဲ့ အက္ခရာတွေ လက်တကမ်းမှာ ရောက်နေပါပြီ။ ဒီအထဲက တစ်ခုကို စပြီး မြည်းကြည့်ရအောင်…။

၁။ဣယံ ဓမ္မလိပိ ဒေဝါနံ ပိယေနာ ပိယဒသိနာ လေခိတာ။ ဟိဒါ နာကိဆိ ဇိဝေ အာလဘိတု ပဇောဟိတဝိယေ။
၂။ နော ပိ စာ သမာဇေ ကဋဝိယေ။ ဗဟုကာ ဟိ ဒေါသာ သမာဇသာ ဒေဝါနံ ပိယေ ပိယဒသီ လာဇာ ဒခတိ။ အထိ ပိ စာ ဧကတိယာ သမာဇ သာဓုမတာ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ။
၃။ ပုလေ မဟာနသသိ ဒေဝါနံ ပိယသာ ပိယဒသိသာ လာဇိနေ အနုဒိ၀သံ ဗဟုနိ ပါနသဟသာနိ အာလဘိယိသု သုပဌာယေ။ သေ ဣဒါနိ ယဒါ ဣယံ ဓံမလိပိ လေခိတာ တဒါ တိ ံနိ ယေဝါ ပါနာနိ အာလဘိယံတိ။
၄။ ဒုဝေ မဇုလာ ဧကေ မိဂေ။ သေ ပိ စ မိဂေ နော ဓုဝေ။ ဧတာနိ ပိ စ တိနိ ပါနာနိ နော အာလဘိယိသံတိ။


မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် ဤမည်သော တရားစာတော်ကို (ဤ ခပိ ံဂလတောင်ထက်၌) ရေးသား တည်ထား စေတော်မူအပ်သည်၊ ဤဒိုင်နယ် ဒေသ-ပတ်ဝန်းကျင်၌ တစုံ-တခုသော သား-ငှက်တိရိစ္ဆာန် သတ္တဝါကိုမျှ သတ်ဖြတ်၍ ယစ်မပူဇော်ရ၊ ထို့ပြင် (အပျော်ပွဲး, ယစ်ပူဇော်ပွဲး, နတ်ကပွဲး စသော) ပွဲးလမ်း သဘင်များကိုလည်း မခင်းကျင်းရ၊ သို့တားမြစ်ပိတ်ပင်ရကြောင်းကား, မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီးသည် တရားဉာဏ်ဖြင့် ကြည့်ရှုဆင်ခြင်၍ ့ ပွဲးလမ်းသဘင်၌ အပြစ်များးစွာ မြင်တော်မူရ၏၊ စိစစ် ခြွင်းချန်ဖွယ်ကား, မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားကြီး၏ ကောင်း၏ဟု အရေးတယူ သတ်မှတ်တော်မူအပ်သော (ဘုရားပူဇော်ပွဲး, ကျောင်းပူဇော်ပွဲး စသော) အချို့အချို့သော ပွဲးသဘင်များကား ရှိပေသေ၏။ (ထိုသို့သော ကုသို်လ်ရေး ပွဲးများကို မတားမြစ် ဟူလို၊) ဤတရားစာတော်ကို မရေးသားမီ, ရှေးအခါကာလ၌ မင်းတကာတို့ ချစ်ကြည် လေးစားအပ်၍့ ပိယဒဿီဟု ဝှဲ့ချီ-ခပ်နှိပ် အရှင်မဟာကဿပ မထေရ်မြတ်၏့ ဗျာဒိတ်တော်ကို ခံယူ-ရရှိသော အသောက မင်းတြားမြတ်ကြီး၏ စားတော်ချက်အိမ်တော်၌ ပွဲးတော် ဟင်းလျာ အလို့ငှာ ထောင်ပေါင်းများစွာသော သားငှက်သတ္တဝါတို့ နေ့စဉ်နေ့တိုင်း သတ်ဖြတ် သေကြေကြကုန်ပြီ၊ ဤယခု တရားစာတော် ရေးသားထားရှိပြီး အခါမှာကား ဦးဒေါင်းငှက် ၂ကောင်, သမင်တကောင်, ဤ၃ကောင်သော သားငှက်တို့သာ သတ်ဖြတ် သေကြရကုန်၏၊ စိစစ်ပြန်လျှင်, ထိုသတ္တဝါ ၃ကောင်တို့အနက် သားသမင်မှာ အမြဲး-မဟုတ်, ဦးဒေါင်း ၂ကောင်သာ အမြဲး ဖြစ်ကုန်သည်၊ စင်စစ်တမူကား ထိုသားငှက်တို့သည်မျှလည်း နောက်သောအခါ မသတ်ဖြတ် မသေကြေ ဖြစ်ကုန်လိမ့်သတည်း။
(အသောကမင်းတရားကြီး၏ အသောကကျောက်စာတော်-အရှင်အာဒိစ္စဝံသ)

၁။ ဤတရားကဗျည်းကို နတ်တို့ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီး ရေးထိုးစေ၏။
ဤအရပ်၌ မည်သည့်အသက်ကိုမျှ သတ်၍ ယာဇ် မပူဇော်ရ။
၂။ ပွဲတို့ကိုလည်း မကျင်းပရ။ အချို့ပွဲတို့၌ အကျိုးရှိသော်လည်း နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီ မင်းကြီးသည် ပွဲတို့၌ များစွာသော အပြစ်တို့ကို မြင်၏။
၃၊၄။ ရှေး၌ နတ်တို့ ချစ်မြတ်နိုးသော ပိယဒသီမင်းကြီး၏ စဖိုအိမ်၌ နေ့စဉ် ထောင်ပေါင်းများစွာသော အသက်တို့ကို ဟင်းလျာ အလို့ငှာ သတ်ကုန်၏။ သို့ရာတွင် ယခု ဤတရားကဗျည်းကို ရေးစေပြီးနောက် ဥဒေါင်း နှစ်ကောင်နှင့် သမင် တကောင် သုံးကောင်သော သတ္တဝါတို့ကို သာလျှင် သတ်ကုန်၏။ ထိုအနက်လည်း သမင်ကို နေ့စဉ် မဟုတ်။ ဤသုံးကောင်သော သတ္တဝါတို့ကိုပင် မသတ်ကြရကုန်လတံ့။
(အသောကကျောက်စာများ-ဦးဖိုးလတ် )

ဒေဝါနံပိယ ပိယဒသီမင်းသည် ဤတရားစာကို ရေးစေ၏။ ဤအရပ်၌ မည်သည့်သတ္တဝါကိုမျှ သတ်ဖြတ်၍ ယဇ်မပူဇော်ရ။ ပွဲသဘင်လည်း မကျင်းပရ။ ဒေဝါနံပိယ ပိယဒသီမင်းသည် ပွဲသဘင်တို့၌ အပြစ်များစွာမြင်၏။ ထိုတွင် အချို့သော ပွဲသဘင်တို့ကိုကား ဒေဝါနံပိယ ပိယဒသီမင်းသည် ကောင်း၏ဟု သတ်မှတ်၏။
ရှေးအခါက ဒေဝါနံပိယ ပိယဒသီမင်း၏ စဖိုဆောင်၌ နေ့တိုင်းဟင်းလျာအတွက် သတ္တဝါထောင်ပေါင်းများစွာတို့ကို သတ်ဖြတ်ကြ၏။ ဤတရားစာကို ရေးပြီးသောအခါ ဥဒေါင်းနှစ်ကောင် သမင်တကောင် ဤသုံးကောင်ကိုသာ သတ်ရ၏။ ထိုတွင်လည်း သမင်မှာ အမြဲမဟုတ်၊ နောင်သောအခါ ထိုသုံးကောင်ကိုပင် သတ်ကြရမည် မဟုတ်။
(သိရီဓမ္မာသောကမင်းတရားကြီး၏ ကိုးတိုင်းကိုးဌာန ဗုဒ္ဓဓမ္မနိုင်ငံတော်-ဦးသော်ဇင်)

This religious edict has been caused to be inscribed by His Sacred and Gracious Majesty.
Here not a single living creature should not be slaughtered and sacrificed. Nor should any Samaja be held. For His Sacred and Gracious Majesty sees much objection in such samaja.
But there are also certain varieties of same which are considered commendable by His Sacred and Gracious Majesty.
Formerly in the kitchen of His Sacred and Gracious Majesty, daily many hundred thousands of living creatures were slaughtered for purposes of curries. But now when this religious edict is being inscribed, only three living creatures are slaughtered, two peacocks and one deer, and the deer, too, not regularly. Even these three living creatures afterwards shall not be slaughtered.
(Asoka-R.K. Mookerji)

This religous edict has been caused to be inscribed by King Priyadarsi, the Beloved of the Gods. Here not a single living being should be killed and offered as sacrifice; nor should any Samaja be held; for King Priyadarsi, perceives many evils in such Samaja. There are, however, certain Samaja, which are regarded commendable by King Priyadarsi, the Beloved of the Gods. Formerly in the kitchen of King Priyadarsi many hundreds of thousands of living beings were everyday killed for (preparing) dishes. But now when this religious edict is being caused to be inscribed, only three living beings are killed, two peacocks and one antelope, and that antelope, too, not regularly. Even these three beings shall not be killed in future.
(Inscriptions of Asoka- N. P. Rastogi)

5 comments:

  1. စိုးထက် - Soe Htet !2 April 2008 at 18:18

    သာသနာ ဒါယကာ မင်းကြီး ရဲ့ ဒါနနဲ့ သီလတော့ တော်တော် ဖတ်ဖူး ပါတယ် ... ဘာဝန်အော့ာင်းလေးများ သိရရင် တင်ပေးပါခင်ဗျာ :D

    ReplyDelete
  2. ဟိုတလောကပဲ ဘောလိဝုဒ် က ရိုက်ပြီး မင်းသား ရှရွတ်ခန်း သရုပ်ဆောင်တဲ့ Ashoka ကိုကြည့်မိတယ်။ (ဒီမှာ ရှိတယ် http://i-filmfest-movies.blogspot.com/2008/02/asoka.html)
    သူ့ဇာတ်လမ်းကတော့ အတိအကျ မှန်ချင်မှမှန်မယ် တဲ့။ ရုပ်ရှင်ထဲပိုကြည့်ကောင်းအောင် dramatize လုပ်ထားတာပေါ့။ သာသနာ့ဒါယကာ ဖြစ်မလာခင်အထိ ဖြတ်သန်းခဲ့ရတဲ့ အကြောင်းတွေပါ။

    အက္ခရာတွေထဲမှာ ခြေရာခံရတာပေါ့။ ဆက်ရေးပါ။ အားပေးနေပါတယ်။

    ReplyDelete
  3. အက္ခရ3 April 2008 at 10:51

    ကိုစိုးထက်…အသောကမင်းကြီးရဲ့ ရာဇဝင်ကတော့ အံ့မခန်းပါပဲ။ ဒါနဲ့ တာဝန်ဆိုတာ ဘယ်လိုမျိုးကို ပြောတာလဲဗျ။

    ReplyDelete
  4. အက္ခရ3 April 2008 at 11:08

    ပန်ဒိုရာ…တစ်ခါတစ်ခါ အက္ခရာတွေနဲ့ စီကုံးထားတဲ့ သမိုင်းကို ပြောပြတဲ့အခါ အူကြောင်ကြောင် ဖြစ်တတ်တယ်။ ရှရွတ်ခန်း သရုပ်ဆောင်တဲ့ Ashokaကို ကြည့်ပြီး အသောကအကြောင်းကို သိချင်တဲ့ အအေးလေးတစ်ယောက်ကို ရှင်းပြခဲ့ဘူးတယ်။ ဒီလိုဗျ…အသောကဘုရင်ဟာ အရင်တုန်းက နိုင်ငံကို ဓားမိုးပြီး အုပ်ချုပ်ခဲ့တာ၊ နောက်ပိုင်းမှာ ဓမ္မနဲ့ တိုင်းပြည်ကို အုပ်ချုပ်တော့တယ်လို့ ပြောလိုက်တော့ သူက ပြန်ပြောတယ်။
    “ဟင်…ဘာထူးလို့လဲ၊ အရင်တုန်းက ဓား, နောက်ကျတော့ ဓားမ(ဓမ)”

    ReplyDelete
  5. စိုးထက် - Soe Htet !3 April 2008 at 18:16

    ဘာ၀နာ ရေးတာ အိပ်ငိုက်ပြီး စာလုံးပေါင်း မစစ်မိဘူး :P

    ReplyDelete